စဉ်းစားစရာလေးများ (၆)…

Ko out of...June 19, 20121min1062

(၁) တိုးတက်မှုဟူသမျှသည် မေးမြန်းစုံးစမ်းခြင်းမှ ပေါက်ဖွားလာ
သည်။ သံသယရှိခြင်းသည် ယုံကြည်မှု လွန်ကဲခြင်းထက် ပိုကောင်းသည်။ အဘယ့်ကြောင်းဆိုသော် သံသယကြောင့်
မေးမြန်းစုံစမ်းခြင်း ပေါ်လာ၏။ မေးမြန်းစုံစမ်းခြင်း
ကြောင့် ဆန်းသစ်တီထွင်မှု ပေါ်လာ၏။

ဟဇ်ဆန်မက်ဆင်
ဓါတုဗေဒပညာရှင်

(၂) သူများတွေ ဘာတွေးတယ်ဆိုတာ မေ့ထားလိုက်၊ အရေးကြီးတာ ခင်ဗျာဘာကိုတွေးတယ် ဆိုတဲ့ အချက်ဘဲ၊ခင်ဗျာ
ကိုယ့်ကိုယ်ကို ခင်ဗျား ယုံကြည်ဖို့ဘဲ။

နီကိုလတ် ဘက်ဖယ်

(၃) လူ့ဘဝသည် စိုင်ကော်လို့ ချုံပေါ်ရောက် လာရသည့် ဖြစ်စဉ်မျိုးမဟုတ်။ကိုယ့်ကိုယ်ကို အားကိုးပြီး
ကိုယ့်ဘဝကောင်းမွန်အောင် ကိုယ့်အားကိုယ်ကိုး
လုပ်ယူရသော ဖြစ်စဉ် ကြီးသာ ဖြစ်၏၊

” အတ္တာဟိ အတ္တနော နာထော ”
( မိမိကိုယ်သာ အားကိုးရာ)
– Buddha

(၄) လူအများစုသည် ကိုယ်စွမ်းကိုယ်စကို မဖေါ်ထုတ်ကြဘဲ လူ့ဘဝမှာ လုပ်တိုင်းဖြစ်တာမဟုတ်ဘူး။ လူတိုင်းလူတိုင်း သူ့ကံနဲ့သူ လာကြသူတွေပါလို့တွေးနေကြတာအတော်ဝမ်းနည်းစရာကောင်းတယ်။
သူတို့က လူ့ဘဝဆိုတာ….
သူဖြစ်ချင်သလို သူဖြစ်လာမှာပါ ဟုခံယူကြ၏…
သူတို့ခံယူသလို သူ့ဟာသူ ဖြစ်လာမယ်ဆိုရင် လောကမှာ
ပင်ပန်းခံပြီး ဘာလုပ်နေစရာ လိုတော့မလဲ?…

(၅) ကလေးတွေဟာ ငါတို့ကို မွေးပေးပါလို့ မပြောပါဘူး.. မိဘတွေက မွေးပေးလို့ ကလေးတွေဖြစ်လာရတာပါ..

– ဒေါ်အောင်ဆန်းစုကြည်

(၆) Blind faith ဆိုတာ မျက်စိစုံ ပိတ်ပြီးယုံကြည်ခြင်းဖြစ်တယ်.. ယုံကြည်ချက်ဆိုတာ လက်တွေကျကျ ဓမ္မဓိဋ္ဌာန်ကျကျ ရှိမှ၊မြင်နိုင်မှ ယုံကြည်ချက်ဆိုတာ အဓိပါယ်ရှိတယ် သို့မဟုတ်ရင် ဘာမှမမြင်ဘဲနဲ့ ယုံကြည်တာမျိုးဟာ ဘာမှ အဓိပါယ် မရှိဘူး အဲဒါထင်မြင်ချက်ပါ…ယုံကြည်ချက်ဆိုတာ ပကတိ အခြေအနေကို ရင်ဆို်င်နိုင်ရဲ ရမယ်…ရင်ဆိုင်ပြီးတော့မှ ယုံကြည်ချက်နဲ့ ဆက်လုပ်မှ ဒါစစ်မှန်တဲ့ယုံကြည်ချက်လို့ ပြောလို့ရတယ်..

– ဒေါ်အောင်ဆန်းစုကြည်
နော်ဝေး အင်တာဗြူးမှ

(၇) စိတ်ကူးသစ်၊ ခြေလှမ်းသစ် တွေနဲ့ သမာရိုးကျ လုပ်နည်းလုပ်ဟန်ကနေ လမ်းခွဲထွက်ချင်တဲ့ လူတိုင်း အတားအဆီးတွေ ဝေဖန်ကန့်ကွက်သံတွေနဲ့ ရင်ဆိုင်ရမှာဘဲ။
ဒါတွေကိုမလွန်ဆန်နိုင်လို့ကတော့ ဖြစ်စရာရှိတာ ဖြစ်လာမှာ
မဟုတ်ဘူး။
– ဖောစ့်ဘာရီ

(၈) သစ္စာဆိုတာ စိတ္တဇရဲ့ ဆန့်ကျင်ဘက်..တန်ခိုးဟာ စိတ္တဇဘဲ..
ဒါကြောင့် သစ္စာဟာ တန်ခိုးရဲ့ ဆန့်ကျင်ဘက်… တန်ခိုးမပြဖို့ပြော
တာစိတ္တဇ မဖြစ်နဲ့ လို့ပြောတာ… စိတ္တဇ ဖြစ်လိုက်တာနဲ့ သစ္စာ ကွယ်ပြီပေါ့…

(၉) သဘာဝ ဒုက္ခကို ဖြေရှင်းဖို့ ဘုရားက တာဝန်မယူဘူး..
သဘာဝဒုက္ခကလွတ်ဖို့ လူ/ရုပ်နာမ် မရှိမှ လွတ်မြောက်မယ် လို့
ဘုရားမဟောဘူး.. ဒီလိုမျိုး ဒုက္ခခံစားနေရတာကိုလည်း အရင်ဘဝ
ကဝဋ်ကြွေးလို့ ဘုရားမဟောခဲ့ဘူး…ဒါဘုရားရဲ့ တရားခွင် မဟုတ်
ဘူး..ဘုရားဟာ လူကိုယ်ပေါ်မှာ လာစွဲနေတဲ့ အစွဲကိုသာ ဒုက္ခလို့ပြောတာပါ…

(အရိယာသစ္စာ ထွန်းကားစေလိုသူ တစ်ဦး)

2 comments

  • ahnyartamar

    June 19, 2012 at 1:44 pm

    လူအများစုသည် ကိုယ်စွမ်းကိုယ်စကို မဖေါ်ထုတ်ကြဘဲ လူ့ဘဝမှာ လုပ်တိုင်းဖြစ်တာမဟုတ်ဘူး။ လူတိုင်းလူတိုင်း သူ့ကံနဲ့သူ လာကြသူတွေပါလို့တွေးနေကြတာအတော်ဝမ်းနည်းစရာကောင်းတယ်။
    သူတို့က လူ့ဘဝဆိုတာ….
    သူဖြစ်ချင်သလို သူဖြစ်လာမှာပါ ဟုခံယူကြ၏…
    သူတို့ခံယူသလို သူ့ဟာသူ ဖြစ်လာမယ်ဆိုရင် လောကမှာ
    ပင်ပန်းခံပြီး ဘာလုပ်နေစရာ လိုတော့မလဲ?…

    အာလုံးအမှန်တရားတွေပါ။ ဒီနေ့ ဖြစ်ပျက်ခဲ့တာနဲ့ တိုက်ဆိုင်နေတော့ ဒီတခုကို ပိုသဘောကျပါ၏။

Leave a Reply