အလုပ်ခန် ့တဲ့ပုံစံ

phone_kyawJune 19, 20121min58518

မြန်မာနိုင်ငံမှာ ခေါင်းဆောင်နှစ်ဦးရှိတယ်။ ဦးသိန်းစိန်နဲ ့ဒေါ်အောင်ဆန်းစုကြည်။ သူတို ့နှစ်ဦးက အသက်အရွယ်လည်း သိတ်မကွာဘူး။ သူတို ့နှစ်ဦးရဲ  ့တန်ဖိုးကို လေလံပစ်တဲ့အခါမှာ ဦးသိန်းစိန်ရှုံးပြီး ဒေါ်စုနိုင်တာကို ယနေ ့ဥရောပခရီးစဉ်မှာ အထင်အရှားမြင်ရတယ်။

ဘယ်တုန်းက ဦးသိန်းစိန်ကို ဘိုနိုက ဂျက်လေယျာဉ်ပေးခဲ့ဘူးလဲ။ ဘုရင်ခံတွေနဲ ့ထမင်းအတူစားဘူးလား။ နိုဘယ်ငြိမ်းချမ်းရေးဆုမပြောနဲ ့လူ ့အခွင့်အရေးဆုတောင်ရဘူးလို ့လား။ ဒီလိုမျိုးမရှိတဲ့လူတစ်ယောက်ကို နိုင်ငံ့ခေါင်းဆောင်သမ္မတအဖြစ် ထားတဲ့လူတွေကို အရမ်းအံ့ဩမိတယ်။

ရုတ်တရက်ဦးသိန်းစိန်သေသွားရင် ဘာမှအရေးမကြီးပေမဲ့ ဒေါ်စုကတော့ စောစောသေလို ့မဖြစ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ ့လို ခေါင်းဆောင်မျိုးက နှစ်တစ်ရာမှာ တစ်ယောက်တောင်ရှိခဲ့တာမဟုတ်ဘူး။ တန်ဖိုးရှိတဲ့လူသားတစ်ယောက်ကို တန်ဖိုးကြီးတဲ့အလုပ်တွေလုပ်ဖို ့အတွက် တာဝန်ပေးတာပိုကောင်းတယ်။

ဒေါ်စုရဲ  ့နာမည်ကြီးမှု၊ မီဒီယာနဲ ့ဖေ့ဘွတ်စ်မှာ ထင်ရှားနေမှုတွေကို မနာလိုတဲ့သူ ကြည့်မရတဲ့သူတွေရှိတယ်။ ဒါကိုအပြစ်မပြောချင်ပါဘူး။ ကိုယ့်ခံစားချက်နဲ ့ကိုယ်ပဲဆိုတော့။ ဒါပေမဲ့ ဒေါ်စုလို ကလတ်တတ်တတ် ခေါင်းဆောင်တစ်ယောက်ကို ကြည့်ရရ မရရ  တိုင်းပြည်မှာ အာဏာအရှိဆုံးတာဝန်ကို ပေးသင့်တယ်လို ့မြင်တယ်။ ဒါဆိုရင် မြန်မာပြည်တိုးတက်မှု မြန်နိုင်တယ်။

အလုပ်ခေါ်တဲ့လူတိုင်း လူတွေ ့စစ်ဆေးတဲ့အခါမှာ အလုပ်ရှင်က အရည်အချင်းရှိတဲ့သူတွေကိုပဲ ရွေးချယ်ခန် ့ထားလေ့ရှိတယ်။ ဒါက တိုးတက်တဲ့နိုင်ငံတွေမှာ အလုပ်ခန် ့တဲ့ပုံစံ။ သူတို ့စဉ်းစားတာက အဓိကအရည်အချင်းပဲ။ ခံစားချက်နဲ ့ယှဉ်ပြီးမစဉ်းစားပါဘူး။ သူ ့အမျိုးမို ့လို ့လည်းမရှိဘူး။ အရည်အချင်းရှိတဲ့လူတွေကို အလုပ်ခန် ့မှ အလုပ်အောင်မြင်မှု ့ရနိုင်တယ်။ ဒါမှတိုးတက်မှာပေါ့။ အရည်အချင်းမရှိတဲ့လူတွေကို အလုပ်ခန် ့လိုက်တော့နောက်ဆုံး ကိုယ့်လုပ်ငန်းပါ ပျက်စီးရပါတော့တယ်။

မြန်မာတွေအလုပ်ခန် ့ပုံခန် ့နည်းက မှားနေတယ်။ နီးစပ်ရာကို ခန် ့တော့ ဘယ်မှာတိုးတက်မှု ရှိခဲ့လဲ။ အခုလည်းပဲ ခေါင်းဆောင်နှစ်ဦးကို ယှဉ်ပြီး ရွေးချယ်တဲ့အခါမှာ ဦးသိန်းစိန်ထက် ဒေါ်စုက အရည်အချင်းနဲ ့နိုင်ငံတကာအသိအမှတ်ပြုမှု ပိုရှိတယ်။ ဒါဆိုရင် ဒေါ်စုကိုပဲ ကျနော်က ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ ့သမ္မတဆိုတဲ့ အလုပ်ကို ပေးမှာပေါ့။ ဘာလို ့ဦးသိန်းစိန်ဆိုတဲ့ ထိတ်ပြောင်ကိုရွေးမှာလဲ။ ဒေါ်စုကိုရွေးလိုက်ရင် အလုပ်ခန် ့လိုက်ရင် ကျနော်တို ့လုပ်ငန်း (တိုင်းပြည်) ဒိထက်ပိုပြီး တိုးတက်နိုင်ပါလိမ့်မယ်။

ဒါ့ကြောင့် အတိုက်အခံ စစ်တပ် ပြည်သူစတဲ့ ဘက်ပေါင်းစုံက Stateholders တွေအနေနဲ ့ ခံစားချက်နဲ ့အလုပ်မခန် ့ပဲ ဦးနှောက်ကိုသုံးပြီး အလုပ်ခန် ့ကြပါလို ့တိုက်တွန်းချင်ပါတယ်။

 

 

18 comments

  • memeseku

    June 19, 2012 at 8:08 am

    အူးလေး … ကျနော် ဖတ် ရင်းနဲ့တောင် လည် လာ ပြီ ခင် ည …
    အရင် ပိုစ် ့ တွေမှာ က အူးလေးကို ကြီးမေ ဘက် က မဟုတ် ဝူးမ လာ… ( ကြ်ီးမေ> credit to ko inzaghi)
    ဒီတခါကျတော့လဲ ဘက်ပြောင်းသွားပြန် ပီနော် ..သိပ်မျက် စေ့ လည်အောင် လုပ် တည်…
    တော်ပြီ နီးစပ် ရာ မခန့်ေ တာ့ ဘူး အော် ဇီ က ကဖုန်းကျော် ကို ပဲ ခန့် တော့ မယ်… အူးလေး တမတ တက် လုပ် ပါ လား ဟင်… ဟီးဟီး အူလေး တမတ ဖြစ် ရင် ဟို လိုက်တူး ဒီလိုက် တူး မလုပ် နဲ့ နော်…
    သည်းခံ ပါ ခင် ည 🙂 🙂

  • MaMa

    June 19, 2012 at 8:29 am

    အလုပ်ခန့်တဲ့ ပုံစံကိုတော့ သိပါပြီ။
    ဒါပေမယ့် ကိုယ်က အလုပ်ရှင်နေရာကို ရမထားဘူး ဆိုရင်ကော……….

  • htoosan

    June 19, 2012 at 8:39 am

    ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း အဖြစ်တင်တာလား ????? 😀

  • လူ ဟား

    June 19, 2012 at 9:07 am

    Bloody ဘန်းကျော်တို့များ တင်လိုက်တဲ့ပို့စ်တိုင်းမှာ တစ်တစ်ခုတော့ ပြောချင်စရာကို ပါနေတော့တာပဲ..
    ဘာတဲ့… အောင်မာ.. ငါတို့အမေကိုများ ” ဒေါ်စုလို ကလတ်တတ်တတ် ခေါင်းဆောင်တစ်ယောက်ကို” တဲ့..
    ဟေ့လူ .. ဘဲကြီး… အဲဒါ ကလက်တာ မဟုတ်ဘူးဗျ…. သွက်လက်ဖြတ်လတ်တယ်လို့ခေါ်တယ်…။
    ဗမာဖြစ်ပြီး ဗမာစကားကို လူဟားလို တိုင်းရင်းသားလောက်တောင် မသုံးတတ်ဘူး…။
    ဒါလေးတစ်ခုကလွဲလို့… ပို့စ်တစ်ခုလုံးကို လက်မထောင်တယ်ဗျို့(ပြန်ချော့တာ….ဒက်ကလောက်… ဒက်ကလော်…)..။

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 19, 2012 at 12:21 pm

      ဝတ်ဒယ် အောက်ကဟာကို ကန့်ကွက်တယ်
      ( ဒေါ်စုလို ကလတ်တတ်တတ် ခေါင်းဆောင်တစ်ယောက်ကို ကြည့်ရရ မရရ
      တိုင်းပြည်မှာ အာဏာအရှိဆုံးတာဝန်ကို ပေးသင့်တယ်လို ့မြင်တယ်။ )
      ……………………..
      လွန်ခဲ့ဒဲ့အချိန်ဒွေဒုန်းဂဒေါ့ အဖွားဂျီးဂို စစ်အုပ်စုတွေက
      ခနဲ့တဲ့တဲ့ 😀 ပြောတတ်တဲ့ ဘာညာကွိကွ အပုတ်ချကြဒါဘဲ
      ခင်ဗျားဂ ခွီး ဒဲ့မှ ကလတ်တတ်တတ် ဒဲ့
      အေဘေးဂ ဘီကောင် 👿

  • အလုပ်ခန့်ဘို့ဆိုတာ ဝင်ဖြေအုံးမှကိုဗျ။
    ကိုယ်အုပ်ချုပ်မယ့်ခေါင်းဆောင်တစ်ယောက်ကို “သွားခေါင်းဆောင်လုပ်ချေ”လို့ပြောလို့ဘယ်ရမလဲနော်။
    သူက ခေါင်းဆောင်လုပ်မယ်လို့ပြောမှ ကျနော်တို့က သဘောတူပါတယ်ဝိုင်းပြောရမှာလေ.။
    နောင်မကြာမီကာလမှာတော့ သေချာသလောက်ပါဘဲ။
    ခင်ဗျားပြောသလိုဖြစ်လာမှာပါ
    အဲတော့ သေချာတဲ့အချိန်ထိ ကျန်းမာချမ်းသာအောင် ရှိနေဘို့ ကတော့ အလိုအပ်ဆုံးပါဘဲ။

  • kaung lay

    June 19, 2012 at 9:29 am

    အဲ့လိုအလုပ်ခန့်နည်းကို
    မြန်မာနိုင်ငံမှာအလုပ်ရှင်တွေသုံးနိုင်ပြီး
    အရည်ချင်းရှိဝန်ထမ်းတေါနေရာကောင်းမှာ
    ရနိုင်ပါစေ။

  • မွန်မွန်

    June 19, 2012 at 10:09 am

    ကိုယ်တွေက ခေါင်းဆောင်လုပ်ပါဆိုမှ သူက လုပ်မှာမဟုတ်ဘူးလား…သူက ခေါင်းဆောင်လုပ်မယ်လို့ ဘယ်ပြောမှာလဲ… စောင့်နေပါမယ် next election!!!

  • mayjuly

    June 19, 2012 at 10:28 am

    ဟမလေးနော်… ပြောလိုက်ရင်မကောင်းရှိတော့မယ်..
    တော်ပီပြောတော့ဘူး…ဟိုဘက်ကဒေါသဒီဘက်ကူးကုန်တော့မယ် …

    ၁ဝ ယူပီးပြန်တယ်…ဒါဗျဲ

  • etone

    June 19, 2012 at 1:42 pm

    အောင်မလေး ကဘုန်းကျော် …
    ဒီအကောင့်ကို လူဘယ်နှစ်ယောက်သုံးနေတာလဲဟင် … ။
    အရက်မသောက်ရလျှင် စိတ်က တမျိုး ၊ အရက်သောက်ပြီးရေးလျှင် စိတ်က တမျိုးလား … 🙄

    အရင်ကတော့ အမေစု အကျီ င်္ထည်လဲဝတ်တာက အစ ကြည့်မရဘူးဆိုပြီး မျက်မှန် စိမ်းတပ်ထားတဲ့ လူ .. အခု … စိတ်ပြန်မှန်သွားပုံရတယ် … ။ ဘာပဲဖြစ်ဖြစ်ပါ အမေကျော်ဒွေးတော်လွမ်းတဲ့ စိတ်တွေပျောက်သွားတာ ဝမ်းသာစရာပါပဲ 😉

    ကိုဘုန်းကျော်ရေ …. ။ အစိုးရအနေနဲ့ အမေစုက အဖိုးတန်လူသားမှန်း သိခဲ့လို့လည်း … အရင်ကအကြံတွေ အကုန်ဘေးဖယ်ပြီး … အခု အစိုးရအသစ်အနေနဲ့ … အမေစုနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်နေကြတာမဟုတ်ဘူးလား … ။ ဒီအတိုင်းကြီးတော့ … ဘုရင်မ ဘယ်လုပ်ခိုင်းပါ့မလဲ …. သိက္ခာတွေ၊ ဂုဏ်ထူးတွေအမောပြေနားဖို့ သူတို့အတွက် ထိုင်ခုံလေးတော့ … ရှိထားရဦးမယ်မဟုတ်လား … ။

  • myanmarcitizen

    June 19, 2012 at 2:03 pm

    အမေစု ကို ကလတ်တတ်တတ် ပြောရင် ကျန်တဲ့လူဒွေကိုကော ခင်ညားကြီး ဘယ်လိုပြောမှလဲဂျ။ ဘယ်နားမှာများ အဲ့လိုဖြစ်နေလို့လဲ

  • Ko out of...

    June 19, 2012 at 2:06 pm

    ကိုဖုန်းကျော်ရေ.. ကြိုက်သွားပြီ… နိုင်ငံတိုးတက် ဖို့ဒီလို ပြတ်ပြတ်သားမြင်တာ ကောင်းပါတယ်..

    သို့သော် သူ ဒီလိုသွားလို့ ရအောင် သဘောထားကြီးကြီးနဲ့ .. တကယ်ဘဲ သမ္မတကပေးသလား ?(သို့)

    မတတ်နိုင်လို့ ခွင့်ပေးလိုက်ရတာလားဆိုတာ ကတော့ စောင့်ကြည့် ဖို့လိုမယ်…

    စောင့်ကြည့်ရင်းနဲ့ တခုလေးတော့ မြင်မိတယ်… မြန်မာ့ အသံမှာ တခြား လွတ်တော် ကိုယ်စလှယ်တွေ

    ဘာလုပ်တယ် ဆိုတာကြတော့ ပြပြီး ဒေါ်စုကိုကျတော့ လုံးဝ မဖေါ်ပြတာ …သိန်းစိ်န်ကဘဲ မပြချင်တာလား?

    ဒေါ်စုကို မနာလိုတဲ့ လူတွေကဘဲ မဖေါ်ပြတာလား?

    အပြောနဲ့ လက်တွေ့ တစ်ထပ်တည်း မကျတာကို ကြည့်ရင်တော့ …အေး…နောက်ကွယ်မှာ များ ..တခုခု

    အမိန့်ပေးတဲ့ လူရှိနေလေဦးမလားလို့ တွေးနေမိတယ်…

  • Thel Nu Aye

    June 19, 2012 at 2:09 pm

    ဟိုဘက်မှာရပ်နေတဲ့သူတွေ ဒီဘက်ကူးလာတာလဲကောင်းပါတယ်။ နို့မို့ဟိုဘက်ကနေ အသရေဖျက်နေတာ ထက်စာရင်ဒီဘက်မှာဆိုတော့နဲနဲသက်သာတာပေါ့။ လာပါစေ။

  • kyeemite

    June 19, 2012 at 3:48 pm

    တကယ်တော့ အလုပ်ရှင်ဆိုတာ` ပြည်သူတွေပါ´
    ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် အလုပ်လုပ်ပေးမဲ့လူတွေကို
    ပြည်သူတွေက ရွေးကောက်ပွဲနဲ့ စိစစ်ရွေးချယ်ပီးခန့်ရတာပါ..
    ၂၀၁ဝ တုန်းက အန်တီစုမပါလို့ ပြည်သူတွေအောင့်သက်သက်နဲ့မခန့်လိုက်ရတာပါ..
    ၂၀၁၂မှာတော့ ပြည်သူတွေကခန့်လိုက်ပါပြီ…နဲနဲနောက်ကျသွားတော့
    အရင်ဝင်ပီးသားလူတွေက ရာထူးကြီးနေတာပေါ့…ကိစ္စမရှိပါ..
    အစိုးရခေါင်းဆောင်ထက် လူထုခေါင်းဆောင်က မိုမြင့်မြတ်ပါတယ်..
    တာဝန်လည်းပိုကြီးပါတယ်…ဒီလောက်ဆို အန်တီစုကို သဘောပေါက်မှာပါ…
    အန်တီစု ကျန်းမာပါစေx၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

  • အရီး Khin Latt

    June 19, 2012 at 5:42 pm

    ကဘုန်းကျော် ကတော့ မပြုံးဘဲ မနေနိုင်အောင် အမြဲ ရေးတတ်ပါလေ့။

    တစ်ခု ဝင် ပြောချင်ပါတယ်။
    တစ်ခြား မသိတဲ့ လူတစ်ယောက် ဆိုရင် ဝင်ပြောဖြစ်ချင်မှ ဝင်ပြောပါမယ်။
    ရှင့်ကိုတော့ ဝင်ပြီး ပြောရဲလို့ပါ။ 😉

    လူတစ်ယောက် နဲ့ တစ်ယောက် ကို အလွယ်ပြောပြီး မနှိုင်းယှဉ် သင့်ပါဘူး။
    သူကြီးပြင်းရတဲ့ ပါတ်ဝန်းကျင်၊ နေထိုင်ခဲ့ရတဲ့ အသိုင်းအဝိုင်း၊ သူ့ရဲ့ ဇီဝဗီဇ တွေ ပေါ် မူတည်ပြီး ဘဝ ရပ်တည်မှု နဲ့ စိတ်နေစိတ်ထား ကွဲလွဲကြပါတယ်။
    ဒါပေမဲ့ တစ်ခါတစ်ခါ ဘဝရပ်တည်မှု တူပေမဲ့ စိတ်နေစိတ်ထား မတူသူတွေ ရှိသလို
    ဘဝရပ်တည်မှု မတူပေမဲ့ စိတ်နေစိတ်ထား တူသူတွေ လဲ ရှိပါတယ်။

    ဒီနေရာ မှာ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဘဝရပ်တည်မှု မတူခဲ့ကြပေမဲ့ စိတ်နေစိတ်ထား တူသူတွေ လို့ ကျွန်မ ယုံကြည်ပါတယ်။
    ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကျင်လည်ခဲ့တဲ့ အသိုင်းအဝိုင်း နဲ့ ဦးသိန်းစိန် ကျင်လည်ခဲ့ရတဲ့ အသိုင်းအဝိုင်း မတူခဲ့ လို့
    ရှင်ပြောတဲ့ အချက်တွေ ပေါ်မူတည်ပြီး ဒီလိုမျိုး တော့ မနှိုင်းသင့်ပါဘူး။
    ဦးသိန်းစိန် ဟာ သူ့ရဲ့ လက်ရှိ အခြေအနေမှာ အခက်အခဲ တွေ ကြားမှာ အတော်လေး အတိုက်အခံ လုပ်ပြီး တိုင်းပြည် နဲ့ ပြည်သူတွေ ကောင်းဖို့အတွက် ရပ်တည် ပေးနေတယ်လို့ လဲ ကျွန်မ ယုံကြည်ပါတယ်။
    အခွင့်သာစဉ် ကိုယ့်အိတ်ထဲ အားပါးတရ ထည့်ပြီး တိုင်းပြည် ဘဏ္ဍာ ကိုယ့်ဟာ လုပ်နေတဲ့ အသိုင်းအဝိုင်း ကြားမှာ ထူးထူးခြားခြား ရိုးသားစွာရှိနေ ခဲ့ခြင်းကဘဲ
    သူ့အတွက် ကျွန်မတို့ ဂုဏ်ယူ ကြရပါမယ်။
    ဒီလို သမ္မတ မျိုး ကို ပိုင်ဆိုင်တဲ့ တိုင်းပြည်ကလဲ ဂုဏ်တက်ပါတယ်။
    အခုအချိန် မှာတော့ ကျွန်မ စိတ်ထဲမှာ သူတို့ နှစ်ယောက် လုံး သူ့ ဂုဏ် နဲ့ သူ တင့်တယ် နေပါတယ်။

    ကျွန်မ လဲ ထီအမြဲ ထိုးနေပါတယ်။
    သန်းထီကြီးများပေါက်ခဲ့ရင် ဘိုနို က ဒေါ်အောင်ဆန်းစုကြည်ကို လေယာဉ် ပေးသလို ကျွန်မ လဲ သမ္မတကြီး ကိုပေးဖို့ပါ။ 🙂

    ဒါနဲ့ အရင် Post က အကြောင်းကို လဲ ဒီမှာ ဆက်မန့် ချင်ပါတယ်။

    မနေ့ က ဘိုနို က ဒေါ်အောင်ဆန်း စုကြည် ကို
    ကမ္ဘ္ဘာ့ နေရာတိုင်း ဟာမင်းအိမ် ဖြစ်လာပါပြီ။
    ဒီနေ့ညနေ မှာတော့ ဒဘ်ဘလင် ဟာ မင်းရဲ့ ကမ္ဘ္ဘာ ပါဘဲ တဲ့။
    “It is one of the great ironies that by your confinement, the world has become your home.
    Dublin is your world this evening.”

    ကျွန်မ တော့ ဒေါ်အောင်ဆန်းစုကြည် ကို ကျွန်မ တို့ မြန်မာပြည် ရဲ့ ခေါင်းဆောင် အဖြစ်တင်မကဘဲ ကမ္ဘာ့ငြိမ်းချမ်းရေးခေါင်းဆောင်ပါဖြစ်ဖို့ လောဘ တက်နေပါတယ်။
    ဒါဆိုရင်တော့
    သူ အဲဒါတွေ ကိုပါ စဉ်းစား လုပ်နိုင်ဖို့ မြန်မာပြည် တိုးတက်အောင် သူ့ကို တစ်ယောက်ထဲ ပုံမထားဘဲ ကျွန်မတို့ အားလုံးလဲ သူ့ကို ဝိုင်းဝန်း ကူညီ ပံ့ပိုး ကြဖို့ လိုကြောင်း လေးလဲ ပြောချင်ပါတယ်။ 🙂

    “ကလက်တက်တက်” ဆိုတာ ကတော့ ဘာကို ရည်ရွယ်တယ် ဆိုတာ စဉ်းစားလို့ ကိုမရပါ။ 🙄
    ထက်မြက် တဲ့ မိန်းမတစ်ယောက် ဆိုရင်တော့ ကြည့်ရတာ အမြဲ ဖျတ်လတ် သွက်လက် နေမှာပါဘဲ။

    • MaMa

      June 19, 2012 at 8:35 pm

      100% ထောက်ခံပါတယ် မလတ်ရေ။
      ဗရာကျော် တင်မက
      ဘူးကျော်၊
      ငှက်ပျောကျော်၊
      ပဲကျော်…
      အကျော်စုံပါ ဗျို့……….

  • သားဦး၊မြေးဦး

    June 19, 2012 at 5:55 pm

    အချိန်အခါကို လိုက်ပြီး အပြောအဆိုတယ်လဲ ပြောင်းလွယ်တယ်နော်။
    ကဘန်းကျော်ရေ—–

  • ahnyartamar

    June 19, 2012 at 10:28 pm

    လက်ရှိအချိန်မှာတော့ သမ္မတကြီးလည်း ပြောင်းလဲချင်းတွေကို လက်ခံပြီး ကြိုးစား လုပ်ဆောင် နေတာကိုတွေ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ အစိုးရအဖွဲ့မှာ ရှေးရိုးစွဲတွေရှိနေတော့ ခရီးမတွင်ဘူးဖြစ်နေတာပါ။ အကောင်းမြင်ဝါဒလေးနဲ့ကြည့်ပြီး ၂၀၁၅ မှာကျင်းပမဲ့ အထွေထွေရွှေးကောက်ပွဲမှာ ဒေါ်စုပါတီ -NLD အနိုင်ရဖို့ အခုအချိန်ကတည်းက ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
    ဒေါ်စု၏ ဤမွေးနေ့မှသည် နောင်နှစ် ၁၀ဝ တိုင် စိတ်ရော၊ ကိုယ်ပါ ကျန်းမာ၍ ပြည်သူတွေအကျိုး ဆထက်တိုး၍ ထမ်းဆောင်နိုင်ပါစေ လို့ဆန္ဒပြုပါတယ်။

Leave a Reply