သူ့ ကိုတော့ သိမယ် ထင်ပါတယ်…

ချဉ်လည်း ချဉ်ကြမယ် ထင်တယ်…

အဟိ….

 

ပီယာလို

 

ချဉ်ဇယာ ပါအေ …ရုပ်ကိုက ကြည့်ပါလား …မျက်ကျောစင်း နဲ့ …

အလုံး အဖန်ကိုလည်း ကြည့်ဦး … ဒါလား ဘောသမား …

အရပ် လည်း မမြင့် ဗလ လည်း မတောင့် … တာကွီလာ ၄ပက်လောက် ဂင်ထားတဲ့အခွက်နဲ့…

 

ဘယ်လိုလုပ် ကစားသမားကောင်း ဖြစ်တော့မလဲဗျာ …

 

အဲ ..ဖြစ်တယ်ဗျ ..ဖြစ်တယ် …ဖြစ်တာမှ အကောင်းဆုံးသော ကစားသမား တယောက်ကိုဖြစ်နေတော့တာ

မမေ့သေးဘူးထင်တယ်..၂၀၀၆ ကမာ္ဘ့ဖလား မယ်ပေါ့ … ဟို အဘိုးဂျီး ၂ယောက် ဇက်ဒန်း..

(ဘိုလို ပီသူများ ဇီဒိန်းလို့ ..ရွတ်သည်) နဲ့ ကနာဗားရိုး တို့ ရွှေဘောလုံးနဲ့ အကောင်းဆုံး

ဘောသမားဆု ကို ၁ယောက်၁ဆု ခွဲယူကြတယ်လေ… အဟတ်. .. မေ့လို့ပါ… ပွဲစဉ်အလိုက်

၁ပွဲချင်း အကောင်းဆုံးဆု အများဆုံး ရခဲ့တာ သူပါ…။

 

အဆိုပါ ကမာ္ဘ့ဖလား ရဲ့ ဂိုးထောက်ကူ အပြုဆုံး ကစားသမားကလည်း သူပဲ …ကိုယ်တိုင်

၂ဂိုး သွင်းခဲ့တဲ့ အပြင်ပေါ့ …ညင်းညင်း … ။

 

ပြောရင်လည်း မောင်ဂီ့ လွန်ရာ ကျမယ် … အနှီပွဲကြီးမှာ ဇက်ဒန်း ဂျီး ကောင်းဆို …

ဟုတ်ကဲ့ ကောင်းတယ် …ဒါပေသိ …ကြေးဘောလုံးဆုပဲရတဲ့ ပီယာလို က ပိုကောင်းတယ် ခည ….

 

၂၀၀၈ ယူရိုမှာ သူ ဒဏ်ရာကြောင့် ဘေးထွက်ထိုင်နေရတယ်ဗျ …အဟဲ… အဲ့ဒါတောင်

သူပြန်ပါလာတော့ တိုက်စစ် ကောင်းလှပါတယ် ဆိုတဲ့ ချန်ပလုံ ဖြစ်သွားတဲ့ စပိန်အသင်း က

ဂိုးမသွင်းနိုင်လို့ ပယ်နယ်တီ ကန်ပီး တက်သွားရ ရှာတာပါအေ ….။

 

ပီယာလို ကို …ကွင်းလယ်ဗိုလ်ချုပ် လို့ ခေါ်တယ်. ..ကျနော့် အမြင်တော့ သူက

ခံစစ်သန် ကွင်းလယ် လူ တစ်ဦးပဲ … ခုတော့ အိုရှာပီဖြစ်တဲ့ ဂတ်တူဆိုကြီး (ကိုဆူး မဟုတ်ပါ)

ခေတ်ကောင်းစဉ်က သူနဲ့ သိပ် အတွဲညီ သပေါ့ဗျာ … ဂတ်တူဆို ဆိုတာ ဇောစိတ်နဲ့ မောင်းနှင်တဲ့

နွားသိုး တစ်ကောင်လို ခွေးဘီလူးတစ်ကောင်လို ကစားသမားမျိုး..။ ပွဲမစခင် ပါးစပ်ထဲ ငရုပ်ကောင်း

ပက်လေ့ ရှိသတဲ့ …(လန့်ထှာအေ..) မန်ယူကို အေစီ က အိမ်အဝေး ၁-ဝစီ တီးခဲ့တုန်းက ပေါ့ ….။

ထားပါတော့ ပြောချင်တာ … ဂတ်တူဆိုဟာ ball-winner အနေနဲ့ တကွင်းလုံး လှည့်ပတ် လု တယ်

ဖျက်တယ်… အဲ … ဘောလုံးရလာရင် ပီယာလို ဆီပို့ပြီး အကွက်ဆင်ခိုင်းတယ်ပေါ့ …။ ခုနောက်ပိုင်း

သူမရှိတော့ လက်ရွေးစဉ်အသင်းမှာ ဒီနေရာကို ဒီရော့စီ ဝင်ကစားတယ်….။ ပိုငယ်ပြီး စကေးလ်ပိုင်း

ပိုကောင်းတဲ့ ဒီရော့စီက ဖြည့်စွမ်းပေးနိုင်ခဲ့တယ်ပြောရမှာပဲ …။ ပီယာလို ကို ခံစစ်သန် ကွင်းလည်

လို့ပြောတယ်…ဟုတ်ကဲ့ …. သူက လုယူတာ ကျွမ်းကျင်လွန်းသူ မဟုတ်ဘူး ..ဒါပေသိ

နေရာယူမှု ကောင်းမွန်ပြီး အထူးသဖြင့် တောင်ပံ တိုက်စစ်သမားတွေ ဆက်ပြေးဆွဲမသွားနိုင်အောင်

တောင်ပံခံစစ်တွေက ပိတ်ဆို့တဲ့အခါ အလယ်ကို ပြန်ချိုးပီး ချိတ်ဆက် ကစားတာမျိုး ကို ပိတ်ဆို့တဲ့နေရာ

မှာ အလွန်ထူးချွန်တာပါပဲ …။ ဒါကိုစပိန်ပွဲမှာ အတိအကျ တွေ့ရတယ်..။

 

အူးလေး တို့ကို ယုံပီးသား

 

ရှေ့ ၂ပွဲမှာ …အီတာလျံတွေ မြန်မာအသင်း နှစ်ပေါင်းများစွာ ကစားလာတဲ့ ၃-၅-၂ နဲ့ ပွဲထွက်လာတော့

..ကျနော်လည်း အတော် မင်သက်မိတယ် … ဟာ .. ဘယ့်နှယ့် …ဘောက်စ်ဒီဖန့် ၃ယောက် …

(အဲ့လို နောက်တန်း၃ယောက် ကစားကောင်းလို့ အာဂျင်တီးနား လိုအသင်းမျိုးတောင် ခနခန

အိမ်ပြန်စောရတော့ ပူတာပေါ့ …) အဲ …ဒါပေမယ့် ကွင်းလည် ၅ယောက်တန်း ရဲ့ အစွန်တွေဟာ

နောက်တန်း တောင်ပံကစားသမားတွေ ဖြစ်နေတာ တွေ့ရ တော့ ဒါကို မပူတော့ဘူး ဆိုပါတော့ ….

၃-၅-၂ ဟာ ခံစစ်ဆို ၅-၃-၂ ဖြစ်သွားတာကိုး …

တချိန်တည်းမှာ ခံစစ် ၃ယောက်ရဲ့ ဗဟိုက ဒီရော့စီ ဆိုတော့ နည်းနည်းကြောင်သွားသေးတယ်…

ဟ ..ဘာလုပ်တာလဲပေါ့ … တကယ်တော့ ဖြစ်ပုံက သည်လို …ချီယေလီနီ နဲ့ အတွဲညီတဲ့

ခံစစ်အတွင်းလူ နောက်တယောက်ဖြစ်တဲ့ ဘဇာဂလီ နာနေတယ်..(အပေါ့စားပါ. ..အိုင်ယာလန်နဲ့

ပွဲ ပြန်ပါလာတယ်..) ခရိုအက်တွေနဲ့ ပွဲမှာ တွေ့လိုက်ရတာက …ပီယာလိုနဲ့ ရှေ့က ကာဆာနို

 

အလွန် လွတ်လွတ်လပ်လပ် ရွေ့လျား ကစားနေပြီး ကွင်းလယ် က နောက်ပြန်ပေးတဲ့ ဘောလုံး

တွေကို ပြန် ဖြန့်တဲ့ အလုပ် ကို နောက်က တက်လာတဲ့ ဒီရော့စီ လုပ်ပေးနေတာ တွေ့ရတယ်…

သည်တော့ ၃-၅-၂ ဟာ တိုက်စစ်ဖွင့်ကစားတဲ့အခါ(ရှေ့တန်း ၂ယောက် + ပီယာလို + တောင်ပံ၂ယောက်)

ဆိုတော့.. ၅-၂-၃ ဖြစ်သွားပြန်တယ်…

 

ဒီနေရာမှာ ပီယာလို ကစားပုံ အကြောင်း ပြောမှ ပေါ်လွင်မယ်ထင်တယ်…. ။

အီတလီဘောလုံးဟာ အတို ပေး ပေးတာတွေ အလွန်မြန်တယ် ပြင်းတယ်…။ လိုအပ်ရင်

အမြင့်ဘောလည်း သုံးတယ်…။ သော့ချက်က ဘောလုံး ထိန်းတာ သေသပ်တာပဲ …။

အင်္ဂလိကန်ဘောလုံးမှာ ပေါစခိုလ်း လို ကစားသမားမျိုးတောင် ဂိုးကန်သွင်းသလို အရှိန်နဲ့

အနီးပေးမျိုး ဖမ်းထိန်းတဲ့အခါ .တလံလောက် ရှေ့ထွက်ထွက်ကျတတ်သေးရဲ့ ……။

ပီယာလိုမှာ အဲ့သည့် အချက် အလွန်သေသပ်တဲ့ စကေးရှိတာတွေ့ရတယ်…။ ရှေ့လူ

တောင်ပံလူတွေ မနိုင်မနင်း ဖြစ်တဲ့အခါ …မသေချာတာ မရုန်းဘဲ …သူ့ပြန်ပေး..သူက

ခြားနားတဲ့ လမ်းကြောင်းရှာ … သည်လို ကစားတဲ့ နည်း … ဆိုတော့ …

ဖမ်းယူတာသေသပ်ရမယ် လိုအပ်ရင် ၁ယောက်-၂ယောက်လောက် လိမ်နိုင် ခေါက်နိုင်ရမယ်…

အဲ … စူးရှတဲ့အမြင် ရှိပြီး နေရာလွတ်တဲ့ ဆီ အခွင့်အလမ်း ပိုကောင်းတဲ့ဆီကို ပေးပို့ပြီး

ကိုယ်တိုင်လည်း စီးမျောရမယ်…။ ဟုတ်တယ် ဒါမျိုးတွေ သူ့ဆီမှာ ရှိတယ်…

ဒါဟာ ရှာဗီ မှာလည်း ထပ်တူ ရှိတဲ့ အချက်ပဲ … ကွာတာက .. ရှာဗီ က ..ဂဏန်းတွေအရ

ပိုမို တိကျတဲ့ အဝေးဘောလုံ းပိုပေးနိုင်ပြီး ပီယာလိုက ပိုမို creative ဖြစ်တဲ့ ဘောလုံး ပေးနိုင်တာဖြစ်တယ်။

ဒါမျိုး နီးနီးစပ်စပ် ကစားနိုင်တာ ကတော့ (စိတ်မကောင်းပါဘူး မှန်တာပြောပါမယ်) လမ်းပတ် လို့မြင်မိတယ်

 

နောက်ထပ် ပြောပြချင်တာကတော့ မေ့ထားလို့ မရတဲ့ သူ့ စကေးလ် တခုပဲ …

ခြုံကြည့်လို့ … သူ့ကို ကမာ္ဘ့ အကောင်းဆုံး ကစားသမားတွေထဲက တယောက်လို့ ပြောနိုင်တဲ့

အချက်ထဲက တချက် …အဲ့ဒါကတော့ …သူက ကမာ္ဘ့ အကောင်းဆုံး ဖရီးကစ် ကန်သွင်းသူ မို့လို့ပါပဲ..

ဘာလဲ ..ဒေးဗစ် ဖားကန့် လို့ ငြင်းမလို့လား ..နိုး နိုး ….. ရာဇဝင်ထဲက ရော်ဘက်တို ကားလိုစ့်ကို

ဆွဲထုတ်ပြမလို့လား ..ဟဲဟဲ ..မဟုတ်သေးဘူးထင်တယ်နော… ဒါဆို ဂျူနင်ဟိုလား …စီအာရ်ဆဲဗင်းလား

ဟုတ်ကဲ့ အားလုံး ကောင်းကြပါတယ်… ဒါပေမယ့် ပီယာလိုက ပိုကောင်းတယ်…။

 

၁၉၉၈ ကမာ္ဘ့ဖလား မတိုင်ခင် ပြင်သစ်၊အင်္ဂလန်၊ အီတလီ၊ ဘရာဇီး ၄နိုင်ငံ ဖိတ်ခေါ်ပွဲကန်တော့

ကမာ္ဘကျော်တဲ့ ရော်ဘက်တိုကားလိုစ့် ဖရီးကစ် ကို မှတ်မိကြဦးမယ် ထင်ပါတယ်…။

ဒီနေ့ထိ ကမာ္ဘ့ အလှဆုံး ဖရီးကစ် လို့ ခုထိအောင်..အများစု သတ်မှတ်ထားတာပါ…

ဒါပေမယ့် သူ ဒါမျိုး များများ မလုပ်နိုင်ခဲ့ပါဘူး …။ ပြင်းအား ရော ဝေ့ဝိုက်မှု ပါ အလွန်

ပါဖက် ဖြစ်တယ်ပေါ့ဗျာ.. သူ့ ကိုဆက်ခံသူ မပြောနိုင်ပေမယ့် ဒိုင်းကနဲ နွားရိုင်းဝှေ့သကို

ကန်တတ်တာတော့ စီအာရ်ဆဲဗင်း ပါ…။ ကျနော့် ပါဆင်နယ် အမြင်အရတော့ သူတို့ထက်စာရင်

ခေတ်ပြိုင် ဂျူနင်ဟို ကို ပို သဘောတွေ့မိပါတယ်…(ဖရီးကစ် သက်သက်သာ)

ဒေးဗစ်ဖားကန့် ရဲ့ ဖရီးကစ် ကတော့ ဝိုက်တာ က ပြောစရာပါ… တိကျတယ် ဝိုက်တယ်…။

မြန်နှုန်း ကောင်းမွန်တယ် ….။ ဖားကန့် ကို မှန်ထောင်ကြည့်သလို (ဘယ်နဲ့) တပုံစံတည်း

အတိအကျ ကန်တတ်သူကတော့ နာကာမူရာပါ…။ ဟုတ်ကဲ့ ထားပါ…။

ဒါဆို ပီယာလို ကို သူတို့ထက် သာတယ် လို့ ဘာလို့ လူတွေ သတ်မှတ်ကြ သလဲ …။

 

ဟုတ်ကဲ့ … ကားလိုစ့် လောက် မပြင်းဘူ း…။ ဖားကန့် လောက် မဝေ့ဘူ း…အဲ …ဘယ်ညာ

ဝေ့တာ အပြင် အပေါ်အောက်ပါ ဝေ့တတ်သေးတာ တခုပိုတယ်… ။ ပြောရရင် စိုက် ကျတယ်ပေါ့…။

အလွန်လျင်မြန်တဲ့ အပြင် ဝိုက်လည်း ဝိုက် စိုက်လည်း စိုက် ကျတော့ … ဂိုးသမားတွေ

ချိန်သား မကိုက်တော့ဘဲ သူ့ ဂိုးတွေကို ခွင့်ပြုနေရတာ ခုချိန်ထိ …။ ဟိုနေ့က ခရိုအက်တွေကိုလည်း

၁လုံး ကန်ပြသွားသေးတယ်…။ ကျုပ်တို့ဟာ ဖရီးကစ် ဆိုရင် အပ္ပါးနိုင်တိ လို့ခေါ်တဲ့ ဆယ်ပြားစေ့

ထောင့်ထဲ တန်းကနဲ ဝင်သွားမှ လှတာ လို့ သတ်မှတ်ရင်တော့ …သူ့ ကန်ချက်တွေကို သဘောတွေ့မယ်

မဟုတ်ဘူး … ဂိုးသမားတယောက်ရဲ့ အားနည်းချက်ဟာ အပေါ်ထောင့်မှာမှ မဟုတ်ဘူး ဆိုတာ

လက်ခံရင်တော့ တခါတခါ မြင့်ချင်မြင့်မယ် တခါတလေလည်း ခါးဖြတ်လောက် ကဖြစ်ချင်ဖြစ်မယ်…

တခါတလေ …မြေထောက်မယ်… ဒီအချက်ကပဲ …သူ့ကို အကောင်းဆုံး ဖြစ်လာစေတယ် မှတ်ပါတယ်..။

 

စပိန်နဲ့ ပွဲမှာလည်း …အနိမ့် ကန်သွင်းသွားသေးတယ်… မီလန်နဲ့ တုန်းက မကြာခန အတီးခံရတဲ့

 

ရီးရယ် ဂိုးသမား သည်တကြိမ်တော့ ပါးပါးနပ်နပ် ကာကွယ်သွားနိုင်လို့သာ ချန်ပလုံတွေ ရေတိမ်မနစ်တာ

လို့ မြင်မိပါတယ်… (အဟိ…. အရသာရှိထှာ..)

၁၉၉ဝပြည့်လွန်နှစ်တွေ အေစီမီလန် ကွင်းလယ်ဗိုလ်ချုပ်တယောက် ပေါ်ဖူးတယ်…

အယ်လ်ဘာတီနီ လို့ ခေါ်တယ်…ခုချိန်တော့ လူတွေက မက်ဒေါနား ရိသဲ့သဲ့လုပ်ခံထိဖူးတဲ့

ရော်ဘက်တိုဘက်ဂီယို ရယ်… စတားလုံး နဲ့ အလွန်တူတဲ့ ဂိုးသမား ပက်ဂလွီကာ ရယ်ကိုပဲ

အမှတ်ရတော့မှာ ဖြစ်ပေမယ့် … ကျနော်ကတော့ တိတိကျကျ သတိရနေမိတယ်…

အဲ့သည့်ခေတ် ကနေ ဇက်ဒန်း-နက်ဗက် ခေတ်လွန်တဲ့အထိ ..ကွင်းလယ်ဗိုလ်ချုပ် ဆိုတဲ့ ပြဌာန်းချက်ဟာ

AM (Attacking Midfield) တွေကို ရည်ညွှန်းတာဖြစ်လို့ နည်းစနစ်ပိုင်းအရ ချဉ်းကပ်သူတွေသာ

ဘယ်သူက star player ဘယ်သူက band master ဆိုတာ ခွဲကြည့်လို့ပါ….။

အယ်လ်ဘာတီနီဟာ သည်လို ကစားသမားပါ…။

စီးရီးအေ ဖလား ၅လုံး နဲ့ ချန်ပီယံလိဂ် ၃လုံး အောင်ပွဲခံ ကစားသမား သူဟာ

နည်းစနစ်ပိုင်း အလွန်ထူးချွန်သူပါ…။

 

သည်လို အတိအကျ ပြောနိုင်တာ အကြောင်း တခုရှိပါတယ်…။

ဘာလို့လဲဆို ၂၀၀၅ ခုနှစ်မှာပေါ့ ..အသက် ၃ရနှစ်ဖြစ်နေပြီ ဖြစ်တဲ့ သူ့ကို သည်ဘက်ခေတ်

ထိပ်တန်းအသင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းက ခေါ်ခဲ့လို့ပါပဲ…၁နှစ်လုံးနေလို့ ၅ပွဲပဲ ကစားပေးခဲ့ပြီး

အနားယူသွားတဲ့ ကစားသမားပါ…. ဟုတ်ကဲ့ ..ပွဲကစားဖို့ ဆိုတာထက် ..ဘာကာ က သူ့ဆီက

တခြား အရာတွေ ဝယ်ယူသွားတယ် လို့ မြင်မိပါတယ်.. ဇာဗီ နဲ့ အင်နီယေစတာ ဟာ

သူ့ဆီက ဘာတွေ သင်ယူနိုင်ခဲ့ပါသလဲ….။ ဒါဆို သူတို့ထက် အရင် အေစီမှာ ပီယာလိုဟာ

ဘာကြောင့်များ အယ်လ်ဘာတီနီနဲ့ တထပ်တည်းနီးပါး တူညီတဲ့ ကစားသမား ဖြစ်ရတာပါလဲ….။

ဒဲလ်ဘော့စကေး ဟာ ဇာဗီ ရှိလျက်နဲ့ ..ပီယာလို ကို စိုးထိတ်မိတယ် ပြောခဲ့တာပါပဲ …။

 

အဖြေက ရှင်းပါတယ်…။အင်္ဂလိပ် ဘောလုံးဟာ စပိ ဖြစ်ရင် စပိန်ဘောလုံးဟာ စကေးလ်ပေါ့…။

ဂျာမန်ဘောလုံးဟာ ဒစ်စပလင် ဖြစ်မယ် ဆိုရင်… အီတာလီယာတွေဟာ တက္ကတစ်စ် ဆိုတာ

နားလည်လက်ခံမယ်လို့ ယူဆပါတယ်…။

 

ကန်-တင်-ပြေး- စု-ပြုံ-လိုက်-ခြေမနဲ့ထိုး ၁ဂိုး..အနိုင်နိုင်သွင်းနေရတဲ့

ဟို အသင်း ငယ်လေး တက်လာရင် ဘယ်လို တီးမယ် ဆိုတာ စောင့်ကြည့်

နေပါမယ်လေ…

 

အိုဘယ့် Forza Italia

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011