ဟိုအူးလေးဒွေ ကန်တဲ့ ဘော

ムラカミJune 19, 20121min30029

သူ့ ကိုတော့ သိမယ် ထင်ပါတယ်…

ချဉ်လည်း ချဉ်ကြမယ် ထင်တယ်…

အဟိ….

 

ပီယာလို

 

ချဉ်ဇယာ ပါအေ …ရုပ်ကိုက ကြည့်ပါလား …မျက်ကျောစင်း နဲ့ …

အလုံး အဖန်ကိုလည်း ကြည့်ဦး … ဒါလား ဘောသမား …

အရပ် လည်း မမြင့် ဗလ လည်း မတောင့် … တာကွီလာ ၄ပက်လောက် ဂင်ထားတဲ့အခွက်နဲ့…

 

ဘယ်လိုလုပ် ကစားသမားကောင်း ဖြစ်တော့မလဲဗျာ …

 

အဲ ..ဖြစ်တယ်ဗျ ..ဖြစ်တယ် …ဖြစ်တာမှ အကောင်းဆုံးသော ကစားသမား တယောက်ကိုဖြစ်နေတော့တာ

မမေ့သေးဘူးထင်တယ်..၂၀၀၆ ကမာ္ဘ့ဖလား မယ်ပေါ့ … ဟို အဘိုးဂျီး ၂ယောက် ဇက်ဒန်း..

(ဘိုလို ပီသူများ ဇီဒိန်းလို့ ..ရွတ်သည်) နဲ့ ကနာဗားရိုး တို့ ရွှေဘောလုံးနဲ့ အကောင်းဆုံး

ဘောသမားဆု ကို ၁ယောက်၁ဆု ခွဲယူကြတယ်လေ… အဟတ်. .. မေ့လို့ပါ… ပွဲစဉ်အလိုက်

၁ပွဲချင်း အကောင်းဆုံးဆု အများဆုံး ရခဲ့တာ သူပါ…။

 

အဆိုပါ ကမာ္ဘ့ဖလား ရဲ့ ဂိုးထောက်ကူ အပြုဆုံး ကစားသမားကလည်း သူပဲ …ကိုယ်တိုင်

၂ဂိုး သွင်းခဲ့တဲ့ အပြင်ပေါ့ …ညင်းညင်း … ။

 

ပြောရင်လည်း မောင်ဂီ့ လွန်ရာ ကျမယ် … အနှီပွဲကြီးမှာ ဇက်ဒန်း ဂျီး ကောင်းဆို …

ဟုတ်ကဲ့ ကောင်းတယ် …ဒါပေသိ …ကြေးဘောလုံးဆုပဲရတဲ့ ပီယာလို က ပိုကောင်းတယ် ခည ….

 

၂၀၀၈ ယူရိုမှာ သူ ဒဏ်ရာကြောင့် ဘေးထွက်ထိုင်နေရတယ်ဗျ …အဟဲ… အဲ့ဒါတောင်

သူပြန်ပါလာတော့ တိုက်စစ် ကောင်းလှပါတယ် ဆိုတဲ့ ချန်ပလုံ ဖြစ်သွားတဲ့ စပိန်အသင်း က

ဂိုးမသွင်းနိုင်လို့ ပယ်နယ်တီ ကန်ပီး တက်သွားရ ရှာတာပါအေ ….။

 

ပီယာလို ကို …ကွင်းလယ်ဗိုလ်ချုပ် လို့ ခေါ်တယ်. ..ကျနော့် အမြင်တော့ သူက

ခံစစ်သန် ကွင်းလယ် လူ တစ်ဦးပဲ … ခုတော့ အိုရှာပီဖြစ်တဲ့ ဂတ်တူဆိုကြီး (ကိုဆူး မဟုတ်ပါ)

ခေတ်ကောင်းစဉ်က သူနဲ့ သိပ် အတွဲညီ သပေါ့ဗျာ … ဂတ်တူဆို ဆိုတာ ဇောစိတ်နဲ့ မောင်းနှင်တဲ့

နွားသိုး တစ်ကောင်လို ခွေးဘီလူးတစ်ကောင်လို ကစားသမားမျိုး..။ ပွဲမစခင် ပါးစပ်ထဲ ငရုပ်ကောင်း

ပက်လေ့ ရှိသတဲ့ …(လန့်ထှာအေ..) မန်ယူကို အေစီ က အိမ်အဝေး ၁-ဝစီ တီးခဲ့တုန်းက ပေါ့ ….။

ထားပါတော့ ပြောချင်တာ … ဂတ်တူဆိုဟာ ball-winner အနေနဲ့ တကွင်းလုံး လှည့်ပတ် လု တယ်

ဖျက်တယ်… အဲ … ဘောလုံးရလာရင် ပီယာလို ဆီပို့ပြီး အကွက်ဆင်ခိုင်းတယ်ပေါ့ …။ ခုနောက်ပိုင်း

သူမရှိတော့ လက်ရွေးစဉ်အသင်းမှာ ဒီနေရာကို ဒီရော့စီ ဝင်ကစားတယ်….။ ပိုငယ်ပြီး စကေးလ်ပိုင်း

ပိုကောင်းတဲ့ ဒီရော့စီက ဖြည့်စွမ်းပေးနိုင်ခဲ့တယ်ပြောရမှာပဲ …။ ပီယာလို ကို ခံစစ်သန် ကွင်းလည်

လို့ပြောတယ်…ဟုတ်ကဲ့ …. သူက လုယူတာ ကျွမ်းကျင်လွန်းသူ မဟုတ်ဘူး ..ဒါပေသိ

နေရာယူမှု ကောင်းမွန်ပြီး အထူးသဖြင့် တောင်ပံ တိုက်စစ်သမားတွေ ဆက်ပြေးဆွဲမသွားနိုင်အောင်

တောင်ပံခံစစ်တွေက ပိတ်ဆို့တဲ့အခါ အလယ်ကို ပြန်ချိုးပီး ချိတ်ဆက် ကစားတာမျိုး ကို ပိတ်ဆို့တဲ့နေရာ

မှာ အလွန်ထူးချွန်တာပါပဲ …။ ဒါကိုစပိန်ပွဲမှာ အတိအကျ တွေ့ရတယ်..။

 

အူးလေး တို့ကို ယုံပီးသား

 

ရှေ့ ၂ပွဲမှာ …အီတာလျံတွေ မြန်မာအသင်း နှစ်ပေါင်းများစွာ ကစားလာတဲ့ ၃-၅-၂ နဲ့ ပွဲထွက်လာတော့

..ကျနော်လည်း အတော် မင်သက်မိတယ် … ဟာ .. ဘယ့်နှယ့် …ဘောက်စ်ဒီဖန့် ၃ယောက် …

(အဲ့လို နောက်တန်း၃ယောက် ကစားကောင်းလို့ အာဂျင်တီးနား လိုအသင်းမျိုးတောင် ခနခန

အိမ်ပြန်စောရတော့ ပူတာပေါ့ …) အဲ …ဒါပေမယ့် ကွင်းလည် ၅ယောက်တန်း ရဲ့ အစွန်တွေဟာ

နောက်တန်း တောင်ပံကစားသမားတွေ ဖြစ်နေတာ တွေ့ရ တော့ ဒါကို မပူတော့ဘူး ဆိုပါတော့ ….

၃-၅-၂ ဟာ ခံစစ်ဆို ၅-၃-၂ ဖြစ်သွားတာကိုး …

တချိန်တည်းမှာ ခံစစ် ၃ယောက်ရဲ့ ဗဟိုက ဒီရော့စီ ဆိုတော့ နည်းနည်းကြောင်သွားသေးတယ်…

ဟ ..ဘာလုပ်တာလဲပေါ့ … တကယ်တော့ ဖြစ်ပုံက သည်လို …ချီယေလီနီ နဲ့ အတွဲညီတဲ့

ခံစစ်အတွင်းလူ နောက်တယောက်ဖြစ်တဲ့ ဘဇာဂလီ နာနေတယ်..(အပေါ့စားပါ. ..အိုင်ယာလန်နဲ့

ပွဲ ပြန်ပါလာတယ်..) ခရိုအက်တွေနဲ့ ပွဲမှာ တွေ့လိုက်ရတာက …ပီယာလိုနဲ့ ရှေ့က ကာဆာနို

 

အလွန် လွတ်လွတ်လပ်လပ် ရွေ့လျား ကစားနေပြီး ကွင်းလယ် က နောက်ပြန်ပေးတဲ့ ဘောလုံး

တွေကို ပြန် ဖြန့်တဲ့ အလုပ် ကို နောက်က တက်လာတဲ့ ဒီရော့စီ လုပ်ပေးနေတာ တွေ့ရတယ်…

သည်တော့ ၃-၅-၂ ဟာ တိုက်စစ်ဖွင့်ကစားတဲ့အခါ(ရှေ့တန်း ၂ယောက် + ပီယာလို + တောင်ပံ၂ယောက်)

ဆိုတော့.. ၅-၂-၃ ဖြစ်သွားပြန်တယ်…

 

ဒီနေရာမှာ ပီယာလို ကစားပုံ အကြောင်း ပြောမှ ပေါ်လွင်မယ်ထင်တယ်…. ။

အီတလီဘောလုံးဟာ အတို ပေး ပေးတာတွေ အလွန်မြန်တယ် ပြင်းတယ်…။ လိုအပ်ရင်

အမြင့်ဘောလည်း သုံးတယ်…။ သော့ချက်က ဘောလုံး ထိန်းတာ သေသပ်တာပဲ …။

အင်္ဂလိကန်ဘောလုံးမှာ ပေါစခိုလ်း လို ကစားသမားမျိုးတောင် ဂိုးကန်သွင်းသလို အရှိန်နဲ့

အနီးပေးမျိုး ဖမ်းထိန်းတဲ့အခါ .တလံလောက် ရှေ့ထွက်ထွက်ကျတတ်သေးရဲ့ ……။

ပီယာလိုမှာ အဲ့သည့် အချက် အလွန်သေသပ်တဲ့ စကေးရှိတာတွေ့ရတယ်…။ ရှေ့လူ

တောင်ပံလူတွေ မနိုင်မနင်း ဖြစ်တဲ့အခါ …မသေချာတာ မရုန်းဘဲ …သူ့ပြန်ပေး..သူက

ခြားနားတဲ့ လမ်းကြောင်းရှာ … သည်လို ကစားတဲ့ နည်း … ဆိုတော့ …

ဖမ်းယူတာသေသပ်ရမယ် လိုအပ်ရင် ၁ယောက်-၂ယောက်လောက် လိမ်နိုင် ခေါက်နိုင်ရမယ်…

အဲ … စူးရှတဲ့အမြင် ရှိပြီး နေရာလွတ်တဲ့ ဆီ အခွင့်အလမ်း ပိုကောင်းတဲ့ဆီကို ပေးပို့ပြီး

ကိုယ်တိုင်လည်း စီးမျောရမယ်…။ ဟုတ်တယ် ဒါမျိုးတွေ သူ့ဆီမှာ ရှိတယ်…

ဒါဟာ ရှာဗီ မှာလည်း ထပ်တူ ရှိတဲ့ အချက်ပဲ … ကွာတာက .. ရှာဗီ က ..ဂဏန်းတွေအရ

ပိုမို တိကျတဲ့ အဝေးဘောလုံ းပိုပေးနိုင်ပြီး ပီယာလိုက ပိုမို creative ဖြစ်တဲ့ ဘောလုံး ပေးနိုင်တာဖြစ်တယ်။

ဒါမျိုး နီးနီးစပ်စပ် ကစားနိုင်တာ ကတော့ (စိတ်မကောင်းပါဘူး မှန်တာပြောပါမယ်) လမ်းပတ် လို့မြင်မိတယ်

 

နောက်ထပ် ပြောပြချင်တာကတော့ မေ့ထားလို့ မရတဲ့ သူ့ စကေးလ် တခုပဲ …

ခြုံကြည့်လို့ … သူ့ကို ကမာ္ဘ့ အကောင်းဆုံး ကစားသမားတွေထဲက တယောက်လို့ ပြောနိုင်တဲ့

အချက်ထဲက တချက် …အဲ့ဒါကတော့ …သူက ကမာ္ဘ့ အကောင်းဆုံး ဖရီးကစ် ကန်သွင်းသူ မို့လို့ပါပဲ..

ဘာလဲ ..ဒေးဗစ် ဖားကန့် လို့ ငြင်းမလို့လား ..နိုး နိုး ….. ရာဇဝင်ထဲက ရော်ဘက်တို ကားလိုစ့်ကို

ဆွဲထုတ်ပြမလို့လား ..ဟဲဟဲ ..မဟုတ်သေးဘူးထင်တယ်နော… ဒါဆို ဂျူနင်ဟိုလား …စီအာရ်ဆဲဗင်းလား

ဟုတ်ကဲ့ အားလုံး ကောင်းကြပါတယ်… ဒါပေမယ့် ပီယာလိုက ပိုကောင်းတယ်…။

 

၁၉၉၈ ကမာ္ဘ့ဖလား မတိုင်ခင် ပြင်သစ်၊အင်္ဂလန်၊ အီတလီ၊ ဘရာဇီး ၄နိုင်ငံ ဖိတ်ခေါ်ပွဲကန်တော့

ကမာ္ဘကျော်တဲ့ ရော်ဘက်တိုကားလိုစ့် ဖရီးကစ် ကို မှတ်မိကြဦးမယ် ထင်ပါတယ်…။

ဒီနေ့ထိ ကမာ္ဘ့ အလှဆုံး ဖရီးကစ် လို့ ခုထိအောင်..အများစု သတ်မှတ်ထားတာပါ…

ဒါပေမယ့် သူ ဒါမျိုး များများ မလုပ်နိုင်ခဲ့ပါဘူး …။ ပြင်းအား ရော ဝေ့ဝိုက်မှု ပါ အလွန်

ပါဖက် ဖြစ်တယ်ပေါ့ဗျာ.. သူ့ ကိုဆက်ခံသူ မပြောနိုင်ပေမယ့် ဒိုင်းကနဲ နွားရိုင်းဝှေ့သကို

ကန်တတ်တာတော့ စီအာရ်ဆဲဗင်း ပါ…။ ကျနော့် ပါဆင်နယ် အမြင်အရတော့ သူတို့ထက်စာရင်

ခေတ်ပြိုင် ဂျူနင်ဟို ကို ပို သဘောတွေ့မိပါတယ်…(ဖရီးကစ် သက်သက်သာ)

ဒေးဗစ်ဖားကန့် ရဲ့ ဖရီးကစ် ကတော့ ဝိုက်တာ က ပြောစရာပါ… တိကျတယ် ဝိုက်တယ်…။

မြန်နှုန်း ကောင်းမွန်တယ် ….။ ဖားကန့် ကို မှန်ထောင်ကြည့်သလို (ဘယ်နဲ့) တပုံစံတည်း

အတိအကျ ကန်တတ်သူကတော့ နာကာမူရာပါ…။ ဟုတ်ကဲ့ ထားပါ…။

ဒါဆို ပီယာလို ကို သူတို့ထက် သာတယ် လို့ ဘာလို့ လူတွေ သတ်မှတ်ကြ သလဲ …။

 

ဟုတ်ကဲ့ … ကားလိုစ့် လောက် မပြင်းဘူ း…။ ဖားကန့် လောက် မဝေ့ဘူ း…အဲ …ဘယ်ညာ

ဝေ့တာ အပြင် အပေါ်အောက်ပါ ဝေ့တတ်သေးတာ တခုပိုတယ်… ။ ပြောရရင် စိုက် ကျတယ်ပေါ့…။

အလွန်လျင်မြန်တဲ့ အပြင် ဝိုက်လည်း ဝိုက် စိုက်လည်း စိုက် ကျတော့ … ဂိုးသမားတွေ

ချိန်သား မကိုက်တော့ဘဲ သူ့ ဂိုးတွေကို ခွင့်ပြုနေရတာ ခုချိန်ထိ …။ ဟိုနေ့က ခရိုအက်တွေကိုလည်း

၁လုံး ကန်ပြသွားသေးတယ်…။ ကျုပ်တို့ဟာ ဖရီးကစ် ဆိုရင် အပ္ပါးနိုင်တိ လို့ခေါ်တဲ့ ဆယ်ပြားစေ့

ထောင့်ထဲ တန်းကနဲ ဝင်သွားမှ လှတာ လို့ သတ်မှတ်ရင်တော့ …သူ့ ကန်ချက်တွေကို သဘောတွေ့မယ်

မဟုတ်ဘူး … ဂိုးသမားတယောက်ရဲ့ အားနည်းချက်ဟာ အပေါ်ထောင့်မှာမှ မဟုတ်ဘူး ဆိုတာ

လက်ခံရင်တော့ တခါတခါ မြင့်ချင်မြင့်မယ် တခါတလေလည်း ခါးဖြတ်လောက် ကဖြစ်ချင်ဖြစ်မယ်…

တခါတလေ …မြေထောက်မယ်… ဒီအချက်ကပဲ …သူ့ကို အကောင်းဆုံး ဖြစ်လာစေတယ် မှတ်ပါတယ်..။

 

စပိန်နဲ့ ပွဲမှာလည်း …အနိမ့် ကန်သွင်းသွားသေးတယ်… မီလန်နဲ့ တုန်းက မကြာခန အတီးခံရတဲ့

 

ရီးရယ် ဂိုးသမား သည်တကြိမ်တော့ ပါးပါးနပ်နပ် ကာကွယ်သွားနိုင်လို့သာ ချန်ပလုံတွေ ရေတိမ်မနစ်တာ

လို့ မြင်မိပါတယ်… (အဟိ…. အရသာရှိထှာ..)

၁၉၉ဝပြည့်လွန်နှစ်တွေ အေစီမီလန် ကွင်းလယ်ဗိုလ်ချုပ်တယောက် ပေါ်ဖူးတယ်…

အယ်လ်ဘာတီနီ လို့ ခေါ်တယ်…ခုချိန်တော့ လူတွေက မက်ဒေါနား ရိသဲ့သဲ့လုပ်ခံထိဖူးတဲ့

ရော်ဘက်တိုဘက်ဂီယို ရယ်… စတားလုံး နဲ့ အလွန်တူတဲ့ ဂိုးသမား ပက်ဂလွီကာ ရယ်ကိုပဲ

အမှတ်ရတော့မှာ ဖြစ်ပေမယ့် … ကျနော်ကတော့ တိတိကျကျ သတိရနေမိတယ်…

အဲ့သည့်ခေတ် ကနေ ဇက်ဒန်း-နက်ဗက် ခေတ်လွန်တဲ့အထိ ..ကွင်းလယ်ဗိုလ်ချုပ် ဆိုတဲ့ ပြဌာန်းချက်ဟာ

AM (Attacking Midfield) တွေကို ရည်ညွှန်းတာဖြစ်လို့ နည်းစနစ်ပိုင်းအရ ချဉ်းကပ်သူတွေသာ

ဘယ်သူက star player ဘယ်သူက band master ဆိုတာ ခွဲကြည့်လို့ပါ….။

အယ်လ်ဘာတီနီဟာ သည်လို ကစားသမားပါ…။

စီးရီးအေ ဖလား ၅လုံး နဲ့ ချန်ပီယံလိဂ် ၃လုံး အောင်ပွဲခံ ကစားသမား သူဟာ

နည်းစနစ်ပိုင်း အလွန်ထူးချွန်သူပါ…။

 

သည်လို အတိအကျ ပြောနိုင်တာ အကြောင်း တခုရှိပါတယ်…။

ဘာလို့လဲဆို ၂၀၀၅ ခုနှစ်မှာပေါ့ ..အသက် ၃ရနှစ်ဖြစ်နေပြီ ဖြစ်တဲ့ သူ့ကို သည်ဘက်ခေတ်

ထိပ်တန်းအသင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းက ခေါ်ခဲ့လို့ပါပဲ…၁နှစ်လုံးနေလို့ ၅ပွဲပဲ ကစားပေးခဲ့ပြီး

အနားယူသွားတဲ့ ကစားသမားပါ…. ဟုတ်ကဲ့ ..ပွဲကစားဖို့ ဆိုတာထက် ..ဘာကာ က သူ့ဆီက

တခြား အရာတွေ ဝယ်ယူသွားတယ် လို့ မြင်မိပါတယ်.. ဇာဗီ နဲ့ အင်နီယေစတာ ဟာ

သူ့ဆီက ဘာတွေ သင်ယူနိုင်ခဲ့ပါသလဲ….။ ဒါဆို သူတို့ထက် အရင် အေစီမှာ ပီယာလိုဟာ

ဘာကြောင့်များ အယ်လ်ဘာတီနီနဲ့ တထပ်တည်းနီးပါး တူညီတဲ့ ကစားသမား ဖြစ်ရတာပါလဲ….။

ဒဲလ်ဘော့စကေး ဟာ ဇာဗီ ရှိလျက်နဲ့ ..ပီယာလို ကို စိုးထိတ်မိတယ် ပြောခဲ့တာပါပဲ …။

 

အဖြေက ရှင်းပါတယ်…။အင်္ဂလိပ် ဘောလုံးဟာ စပိ ဖြစ်ရင် စပိန်ဘောလုံးဟာ စကေးလ်ပေါ့…။

ဂျာမန်ဘောလုံးဟာ ဒစ်စပလင် ဖြစ်မယ် ဆိုရင်… အီတာလီယာတွေဟာ တက္ကတစ်စ် ဆိုတာ

နားလည်လက်ခံမယ်လို့ ယူဆပါတယ်…။

 

ကန်-တင်-ပြေး- စု-ပြုံ-လိုက်-ခြေမနဲ့ထိုး ၁ဂိုး..အနိုင်နိုင်သွင်းနေရတဲ့

ဟို အသင်း ငယ်လေး တက်လာရင် ဘယ်လို တီးမယ် ဆိုတာ စောင့်ကြည့်

နေပါမယ်လေ…

 

အိုဘယ့် Forza Italia

29 comments

  • amatmin

    June 19, 2012 at 10:15 am

    အဟက်..
    ကိုယ့်ငါးချဉ်မို့ ချဉ်နေလိုက်တာ လို့မပြောတော့ပါဘူးဗျာ..
    အီတလီမှာ ဘတ်ဖွန်ပီးရင် ရီဝေယစ်မူးမျက်နှာထားနဲ့
    ဖရီးကစ်ဆော်တတ်တဲ့ ဒင်းကိုတော့..
    နဲနဲကြိုက်မိသမို့..အချဉ်ကောင်းလို့ပဲ မှတ်လိုက်ပါတယ်.. 🙂

  • surmi

    June 19, 2012 at 10:38 am

    ကဲကဲ ဘောဆောင်းပါးသာပြောင်းရေးပါတော ့
    အကြိုက်ချင်းလဲတူပါတယ်
    ဒါပေသိ အီတလီအောက်ရိုက်မိလို ့ပိုက်ပိုက်တော ့ပါသွားပြီ။

  • marblecommet

    June 19, 2012 at 2:19 pm

    ဟို ကျွဲသတ်သမားဒွေနဲ့
    ပွဲတုန်းက
    ကာဆီးလက်စ်ကို ဖရီးကစ်နဲ့
    ဂင်သွားတာတော့ တော်တော်အရသာ ရှိတယ်..
    အဲ အူးလေးကို အခုလို လက်ရွေးစင်မှာ
    ပြန်မြင်ခွင့်ရတာ ဂျူဗီကြောင့်ဗျ
    နောက် ပရန်ဒယ်လီကြောင့်ပေါ့
    ဒီနှစ် ဂျူပီရှုံးပွဲမရှိတာရော အောင်မြင်မှုရတာရော
    ဒင်းအကူအညီအများကြီးပါတာပေါ့..
    ဒို့..
    အေစီမလန်းများဗျာ….ဒင်းကို ရောင်းထုတ်ပစ်ရတယ်လို့
    ငြုတ်ကောင်းစားတဲ့ နွားသိုးရယ်.ဒီအူးလေးရယ်ကြောင့်
    အေစီမလန်ကိုကြိုက်တာ..
    ခုတော့…လူလည်းရှိတော့ပါဘူးအေ….
    ဟို ဘဝင်မြင့် မိုဗစ်တစ်ကောင်လည်း
    စကေး ဘလောက်ကောင်းကောင်း သိပ်ကြည့်မရပေါင်
    ဟိုသောက်ကလေး ဘရာဇီးသားကလေးကလည်း.
    ဒဏ်ရာရချင်ယောင်ဆောင်ပြီး ဘာဘာရာ ဘာလူစကိုနီနားပဲ
    ခွေ့ခွေ့နေတော့ ရှိရင်းစွဲ ခြေစွမ်းပါ လစ်ကုန်ပြီထင်ပါ့
    ညစ်ထှာအေ.

  • ကြောင်ဝတုတ်

    June 19, 2012 at 3:24 pm

    ကဲ…အဇူရီတို့ရေ…
    အုပ်စုပွဲကနေတော့ တက်သွားပြီကွယ်…
    ရာဇဝင်ပြိုင်ဘက်ဟောင်း ပြင်သစ်နဲ့တွေ့မလား…
    အရီးလတ်တို့ အင်္ဂလန်နဲ့တွေ့မလား…
    ရင်ခုန်ကြရအောင်ဗျား….

    အခုတော့ ဂီဂီက အဇူရီတို့ရဲ့ဟီရိုးတွေကို ထုတ်ပြနေပြီ… အင်္ဂလန်နဲ့ ပြင်သစ်ကြီးတို့ရေ…
    ပြောသာပြောရတာ…ရင်တော့ခပ်တုန်တုန်ပဲ…

    အဇူရီပရိတ်သတ်-
    ကြောင်ဝတုတ်

  • awra-cho

    June 19, 2012 at 5:05 pm

    သများက တက္ကနစ်တွေ ဘာတွေ ကြည့်ပါဘူးအေ။ ကန် ဂိုုးသွားရင်ကြိုက်တာပဲ။ အဝေးကြီးရောက်အောင် ကန်နိုင်ရင် ပိုကြိုက်သေး ဟေးဟေး

  • ကိုရင်စည်သူ

    June 19, 2012 at 5:13 pm

    အမငီး.. ဂီ့တို့များ ကိုယ့်ငါးချဉ် ကိုယ်ပြန်ချဉ်နေလိုက်တာ..
    ကိုယ်ပေါင်ကို ကိုယ်ပြန်လှန်ပြီး တက်တူးတွေ ထိုးနေလိုက်တာများ…
    ဒီည ကိုယ်တွေ အင်္ဂလန်ကို ကြည့်လိုက် ရူးနီ နဲ့ ဂျာရစ်
    ဘယ်လိုမျိုးကစ်တွေနဲ့ ယူကရိန်းကို သိပ်မလဲဆိုတာ….
    တကယ်လို့ ဒီည ယူကရိန်းကို ဂိုးပြတ်နိုင်ရင်
    ဂီ့လိုမျိုး အင်္ဂလန် ကစားသမား ဂုဏ်ပြုဆောင်းပါးတစ်ပုဒ်ရေးမယ်…
    ဘယ်ရိုရဲ… 😀 😀

    • Azzurri

      June 19, 2012 at 7:09 pm

      အင်္ဂလိကန် အသင်း အုပ်စု ပထမရရင် ဂုဏ်ပြုမယ်ဗျား ….
      ဒါမှ သိပ်လို့ရမှာ ကို း… အာဟိ..
      😀

      • အရီး Khin Latt

        June 19, 2012 at 8:30 pm

        ဘာလဲ မင်းက နောက်တာလား။ ပြောင်တာလား။
        ဒီလောက် ခြေကောင်း တဲ့ အသင်းကို။

        ခြေကောင်းလွန်းလို့ ဒီည အိမ်ပြန်ကြမလားတောင် မသိ။ 😀

        • ကိုရင်စည်သူ

          June 19, 2012 at 8:45 pm

          အရီးနော်.. အရီး… ဟွန်း… သစ်ချာမဖောက်ရဘူး…
          ကိုယ်နေနေတဲ့ နိုင်ငံအသင်းကို… 😳 😳
          ဗိုလ်လုပွဲမှာ စပိန်ကို ငပိန်ဖြစ်အောင် လုပ်မှာဂျ….
          အဟီး… မျှော်လင့်ချက်ပါ..လေ… လေ… 😛 😛

      • အရီး Khin Latt

        June 20, 2012 at 3:03 am

        အင်း
        ဒါကြောင့် ဒီနေ့ နေချစ်ချစ်တောက် ပူနေတာ။
        နိုင်တော့ မလား။
        ထင်ရတာဘဲ။ 😀

  • we R one

    June 19, 2012 at 6:25 pm

    ကင်နာဗာရို မရှိရင် ခံစားလို့ မရဘူး အီတလီကို…

    • Azzurri

      June 19, 2012 at 11:30 pm

      ကျုပ်လည်း သိပ်နှစ်သက်သပေါ့ ….
      ဒါပေသိ ..ချွင်းချက်ရှိတဲ့ ကစားသများဗျ …
      အလွန် သေသပ်တယ်… အလွန် ပိရိတယ် …ဒါပေမယ် ့.. သူ့အရပ်အမောင်းက
      သူ့ တွဲဖက် ကစားသမား အရပ်မြင့်သူ တယောက် ကို အမြဲတောင်းဆိုနေတယ်လေ…
      အလက်ဂျန်ဒရို နက်စတာ ဟာ အလွန်ကောင်းတဲ့ အစပ်အဟပ်ကောင်းဆိုပါတော့်…
      သူမပါနိုင်ရင် …မိုက်မဲသော မာကို မက်တာရာဇီ ကို ထည့်ထည့်ကစားရတာလည်း..
      မှတ်မိလိမ့်မယ်ထင်တယ်…

      ၂၀၀၆ ကမာ္ဘ့ ဖလား ကာလမှာ ဗဟို ခံစစ်ကစားသမား ၅ယောက်ပါသွားတယ်ဗျ
      ကတ်ပီတတ်ဖြစ်တဲ့ ကန်နာဗားရိုး .. သူ့သွေးသောက် နက်စတာ ..ကတော့ပွဲထွက်တွေပေါ့
      အဲ… နက်စတာ ကျန်းမာရေးချူချာတုန်း ….အရပ်ပုတဲ့ ဘဇာဂလီ အစား ဒေါင်းတိမောင်းတိရှိတဲ့
      ဇက်ကာဒို ကို သုံးတယ်ဗျ … နည်းပြရဲ့ဗျူဟာ မမှားပါဘူး … နောက်ခံအတွင်းလူ၂ယောက်မှာ
      ၁ယောက်တော့ ရှည်သင့်တာကိုး နော… အဲ့သည့်မှာပဲ ..အမေဒစ်ကင်န်နဲ့ပွဲမှာ
      ဇက်ကာဒို အုန်းဂိုးသွင်းတယ်..
      သည်တော့ နောက်ပွဲတွေ မိုက်မဲတတ်တဲ့ မက်တာရာဇီကို စွန့်စား သုံးရတာပါပဲ ….

      ပြောရရင် ..အဲ့သည့် ၅ယောက်မှာ အရပ်ပုလို့ …ကန်နာဗားရိုး အရန် လိုဖြစ် …
      ကိတ်ပီတန် ကန်နာဗားရိုး ကျန်းမာရေးကောင်းနေလို့ လုံးဝဆိုမှ လုံးဝ
      ဝင်မကန်လိုက်ရတဲ့ ကစားသမား နာမည်က ဘဇာဂလီ လို့ခေါ်တယ်….
      သူရယ် ကိုယ့်ဂိုးကိုယ်ထည့်မိတဲ့ ဇက်ကာဒို ရယ် ဂျာမနီကို ခနသွားကန်တယ်ဗျ
      (ကြုံမှ ရေးပါမယ် ..အီတာလီယာ ကစားသမား ဂျာမန်တွေ ဝယ်တာရှားရဲ့)

      ထားတော့ဗျာ .. ဆိုလိုချင်တာ အခု ဘဇာဂလီပြန်လာပြီ … ဂျူဗင်းတပ်စ်မှာ …
      ကန်နာဗားရိုး ၂.ဝ ဆိုလိုတာပါ …
      သူနာနေလို့ သူ့နေရာ ဒီရော့စီ ဝင်ဆော့နေတာဗျ …
      ပြောရရင် …နက်စတာနဲ့ မက်တာရာဇီ စပ်ကျထားတဲ့ ကြံ့ခိုင်မှုမျိုး ရှိတဲ့ကစားသမား ဆိုပါတော့…
      ဘဇာဂလီကတော့ အရပ်မမြင့်ပေမယ့် တိကျသေချာပြီး စည်းကမ်းအတွင်း ကနေ ..ဖျက်ထုတ်နိုင်တဲ့
      stopper ကောင်းတယောက်ဖြစ်တယ်ဗျ…

      ကန်နာဗားရိုးမပါလို့ အီတာလီယာကိုစိတ်မလာဘူးဆိုရင် ၁ဝနှစ်လောက်မေ့ထားဗျ…
      နောက်ဆယ်နှစ်ဆိုရင်တော့ နည်းပြမဟုတ်တောင် နည်းစနစ်အကြံပေးအနေနဲ့ပြန်လာပေမပေါ့ဗျာ…

      ကျုပ်လည်း သည် ဘဲဂျီးကို လွမ်းပါတယ်. ..

      ဖတ်ဖူးသလောက် ရှာဖူးသလောက်လေး ရှဲလိုက်ပါတယ်နော..

      ခင်တဲ့
      ဂီ

  • သားဦး၊မြေးဦး

    June 19, 2012 at 6:58 pm

    တက်ကီလာ ကို ဆားring လေးနဲ ့သောက်၍ ရင်ပူသွားပါကြောင်း။
    ယနေ ့ည အင်္ဂလန်ပွဲကြည့်ပါမည်။

  • အရီး Khin Latt

    June 20, 2012 at 3:10 am

    နိုင်တွားပြီ။
    နိုင်တွားပြီ။
    နိုင်တွားပြီ။

    ဖစ်မှဖစ်ရလေ။
    အင်္ဂလန် ရှုံးရင် အားပေးမဲ့ အီတလီ နဲ့ အင်္ဂင်္လန် နဲ့ တွေ့ပါပေါ့လား။
    ဒီတော့လဲ
    “စတီဗင် ဂျရတ်” ရေ “စတီဗင် ခင်လတ်” အားပေးနေတယ်။ 😉
    GO ENGLAND! GO!!!!
    YOU CAN DO IT. 😛

    • Azzurri

      June 20, 2012 at 7:12 am

      မှန်းထားတာလေးဒွေ ဖြစ်လာဘီ…
      ညင်းညင်း…
      တွေ့ဂျသေးဒါပေါ့ …အင်ဂလိကန် ရယ်…

      shots on target 3-3
      shots off target 6-12
      possession 43-57
      corner kicks 6-10

      အဲ…
      ဂိုး ကျမှ 0-1 တဲ့ …

      ဗျို့ ကကြောင်ဝတုတ် …
      စူပါမာရီယို ကိုတော့ အင်ဂလိကန်တွေ
      မုန်းကြတော့မယ်ဗျာ …..

      မုန်းဆို ..သူ့ဗော်လီ နဲ့ ဝဲလ်ဘတ် ဗော်လီ
      ကွာဂျင်တိုင်းကွာတာကိုး…
      ခိခိခု….

      • ကြောင်ဝတုတ်

        June 20, 2012 at 9:12 am

        အမှန်အတိုင်းဝန်ခံရရင်… အဇူရီကို ပြင်သစ်နဲ့အရင်ဆုံးမတွေ့စေချင်တာပဲ…
        ဘာပဲဖြစ်ဖြစ် အိပ်မက်ဆိုးတွေရှိနေတုန်းဆိုပါတော့…
        နောက်တစ်ခုက ပြင်သစ်တွေနဲ့အလုပ်လုပ်နေရတော့ အီတလီနဲ့ ပြင်သစ်တွေ့တိုင်းမျက်နှာငယ်ရတယ်လေ…
        အဇူရီကြောင်ဝတုတ်ဘဝက…

        အခုတော့ဖြင့် ကိုယ့်ရဲ့အရီးအရင်းခေါက်ခေါက်ရဲ့အသင်းဖြစ်တဲ့ အင်္ဂလန်အသင်းကိုး
        အရီးရေ… အင်္ဂလန်နဲ့ အီတလီ မျက်နှာချင်းဆိုင်မတွေ့တာ တော်တော်ကိုကြာနေပါပြီ…
        ဒါပေသည့် အီတလီအသင်းက အင်္ဂလန်ရဲ့ရှေ့တန်းကို ကောင်းကောင်းကိုင်တွယ်ထိန်းသိမ်းဖို့
        လုံလောက်တဲ့ခိုင်မာတဲ့ နောက်တန်းရှိတယ်ဆိုတာကိုတော့ ကောင်းကောင်းယုံကြည်ထားတယ်ဆိုတာတော့…

        အဇူရီ-
        ကြောင်ဝတုတ်

        • Azzurri

          June 20, 2012 at 9:20 am

          အတင်းဇဂါးစပ် …
          ဟိုနေ့က တို့ကြီးမေ အိုင်ယာလန်သွားတော့ …
          ဆုံဖူးဂျင်ရှာတယ် ထင်ပါတယ် …အိုင်ယာလန် အသင်းသားတွေ
          အိမ်ပြန်ပြေးကြတာ မီးခိုးကို အူလို့ …..

          အာ ..ဟိ …
          ကိုဖက်ကတ် ..ကြီးမေ အခု ဘယ်ဆက်သွားလဲဗျ …????

          ခိခုခိခု

  • အရီး Khin Latt

    June 20, 2012 at 3:23 am

    တောက်(စ်) – (မူရင်း ဂဂ)
    ဟိုးအရင် ဂျာမဏီ နဲ့ ကန်တုန်းက အင်္ဂလန်က ဂိုးဝင် ပေမဲ့ မရလိုက်တဲ့ ဂိုး ရဲ့ အကြွေးကို ဒီမှာပြန်ရပြီ။ 😉
    ယူကရိမ်း တွေခမျာ ဂိုးဝင်ရက် နဲ့ မရခဲ့ရှာဘူး။
    အမှန်က ကြည့်ရင် အရှင်းကြီး။
    ဒိုင်က မမြင်တာ။ 👿
    သူ အဲဒီဂိုး ရရင် ပြင်သစ် ပြုတ်ပြီ။

    • ကြောင်ကြီး

      June 20, 2012 at 8:53 am

      ဟုတ်တယ်ဗျို့..ဂိုးဝင်တာ အသိသာကြီး..။ ဒိုင်လူဂျီးဃ ကြေးမုံဂျီးအမျိုးထင်တဲ့.. ခေါက်ဆွဲစားဒယ်..။ 🙁 ယူကရိန်းမလေးတွေ သနား…ပါဒယ်..။ ချစ်ခြာလေးတွေ ငိုဂျဗာနဲ့ကွယ်… ဦးကြောင်ကြီးခြစ်ပါ့မယ်..။

  • ကြောင်ဝတုတ်

    June 20, 2012 at 9:42 am

    ဂီဂီရေ….
    အမေစုက အင်္ဂလန်မှာထင်တယ်… အာဟိ
    အင်္ဂလန်အသင်းသားတွေလဲ အမေစုကို အမီပြန်ကြည့်ကြဦးမလားပြောတတ်…
    ရူးနီက အမေစုနဲ့ ဓာတ်ပုံတွဲရိုက်ချင်တယ်လို့လဲကြားသလိုပဲ… သူအိမ်မြန်မြန်ပြန်မှဖြစ်မယ်ထင်တယ်…

    အမေစုအတွက်ဂုဏ်ယူနေသူ-
    ကြောင်ဝတုတ်

    • Azzurri

      June 20, 2012 at 1:19 pm

      ခုလေးတင် ဖီဖာ စတက်တစ်စတစ် သွားတူးပီး ပြန်ဆင်းလာတာ …
      အဟမ်း …အင်္ဂလိကန် အသင်း ၁လုံးတည်းသော ကမာ္ဘ့ဖလား ရတဲ့၁၉၆၆
      နောက်ပိုင်း ၁၉၇ဝ ကနေ စလို့ ..အီတာလီယာ နဲ့ ရင်ဆိုင်ရာမှာ …
      အင်ဂလိကန် နိုင်ပွဲ – ၃ ပွဲ
      အီတာလီယာ နိုင်ပွဲ – ၉ ပွဲ တိတိ ရှိကြောင်း..
      ဟတ်တူဟတ် အပြတ်အသတ် သာကြောင်း ..သိရပါတယ်ဗျို့ …

      လက်ရှိခြေ အရလည်း လုံးဝ ပူစရာ အကြောင်း မရှိ ပါကြောင်းနဲ့..
      ဆီမီးမှာ ဂျာမေးနီးယား ကို နှိပ်ဖို့ .. သေချာပါကြောင်း …

      အုပ်စု နောက်ဆုံးပွဲ ခြေစွမ်း အနေနဲ့ ကလည်း

      အီတာလီယာ 2-0 အိုင်ယာလန်
      shots on target 6-2
      shots off target 11-5
      possession 59-41
      corner kicks 12-5

      အင်္ဂလိကန် 1-0 ယူကရိန်း
      shots on target 3-3
      shots off target 6-12
      possession 43-57
      corner kicks 6-10

      ဖြစ်ပါဂျောင်း…

      အချက်အလက်ပိုင်း အားဖြည့်လိုက်ရပါတယ်။

      တော်သေးဘီ ။
      ခင်တဲ့
      ဂီ

  • ကြောင်ဝတုတ်

    June 20, 2012 at 4:31 pm

    အင်္ဂလန်ရဲ့ကိုအမတ်မင်း အမတ်မင်းနဲ့ အဇူရီကြောင်ဝတုတ်

    အင်္ဂလန်-အီတလီ
    မိနစ်(၉၀)မှာ အနိုင်အရှုံး
    တစ်သောင်းကြေးလောင်းရင်း အဇူရီကို ဂုဏ်ပြုလိုက်သည်…
    ဂီဂီ စိတ်ဝင်စားရင်… ရှယ်ယာထည့်လို့ရတယ်နော်….

    အဇူရီကြောင်ဝတုတ်

    • Azzurri

      June 20, 2012 at 5:23 pm

      ၂ယောက်၁ယောက် ဖြစ်နေတယ် ဗျာ
      အရီးစိတ်ပါမယ်ဆိုရင် တူးဘိုင်တူး ဆွဲတာပေါ့

      အာဟိ

      • MaMa

        June 20, 2012 at 6:27 pm

        ဒီမှာလည်း အပြိုင်ကန်နေကြပါလား။ 😀

      • ကြောင်ဝတုတ်

        June 21, 2012 at 9:47 am

        အရီးပါမယ်ဆိုရင်ဖြင့် ဆယ်ဒေါ်လာကြေးဗျို့…

        အော်… ဒါနဲ့… အမေစုအင်္ဂလန်ရောက်နေတယ်နော်…
        အင်္ဂလန်အသင်းသားတွေ တွေ့ချင်ရော့မယ်…

        အဇူရီကြောင်ဝတုတ်

    • amatmin

      June 21, 2012 at 9:40 am

      ကိုကြောင်ဝတုတ်ရေ..
      ကျနော်ကအင်္ဂလန်ကို အယုံကြည်လွန်တာတော့ မဟုတ်ပေမဲ့..
      နောက်ထပ်လောင်းကြေးထပ်တိုးရမယ်ဆိုရင်ဖြင့်
      အင်္ဂလန်များမိနစ် ၉ဝ အတွင်း ရှုံးနိမ့်ခဲ့ရင် ..
      ဒီရွာထဲကနေ ကျနော်ထွက်သွားလိုက်ပါ့မယ်..

      • ကြောင်ဝတုတ်

        June 21, 2012 at 9:51 am

        အဲဒီလိုတော့မလုပ်ပါနဲ့ ကိုအမတ်ကြီးရယ်…
        အင်္ဂလန်ကို အဲဒီလောက်အထိ ရင်းပြီးတော့မလောင်းပါနဲ့ဗျာ…
        မတော်လို့ အီတလီက မိနစ်(၉၀)အတွင်းနိုင်သွားခဲ့ရင်ဖြင့်…
        ကျွန်တော်မပျော်နိုင်ပဲရှိပါဦးမယ်ဗျာ…

        ဟေ့လူကြီး… အဲဒီလောင်းကြေးကို ကျုပ်လက်မခံဘူးနော်…

        အဇူရီကြောင်ဝတုတ်

  • ဒိုးစနစ်

    June 20, 2012 at 4:35 pm

    အဲဒီပွဲမှာ အင်္ဂလန်ထက် အီတလီကို ပိုကြိုက်မိပါတယ်။

  • ကြက်အူလှည့်

    June 14, 2013 at 11:13 pm

    အော်. နက်ဖန်ကွန်ဖက်ဒရေးရှင်း ကပ်ပ် စကန်မယ်ခည. သတိရလို့ပါရယ်.

Leave a Reply