သစ်ပင်ကဖြစ်တဲ့ကျောက်………………..

16 ခရုခွံလေးတွေကို ဆိုင်ထဲမှာတန်းစီပြထားပါတယ်
17 ချစ်စရာ ကအခွံလေးတွေ
18 အနုပညာမြောက်တဲ့အခင်းအကျင်းလေး
19 ဒီလိုပြင်ထားတော့လည်းလှတပတ
20 အမြင်ဆန်းဆန်း
22 လမ်းဘေးချထားတဲ့ဧရာမကျောက်တုံး
23 အရောင်တွေစုံနေပြီး မပြုပြင်ရသေးတဲ့ကျောက်တုံး
24 ကျောက်တုံးလေးတွေတန်းစီ……………………………
25 မတ်မတ်ရပ်နေတဲ့ အင်ကြင်းကျောက်တိုင်တွေ
26 အနီးကပ် ကျောက်သစ်ပင်
27 သူတို့ကကြိုက်ဈေးရရင်ရောင်းမှာတဲ့
28 ညောင်းလို့လှည်းနေတယ်ထင်တာဘဲ
29 ကျောက်ထိုင်ခုံလေးတွေ
30 မြင်ဘူးသမျှထဲမှာအရှည်ဆုံး အင်ကြင်းကျောက်ပင်
31 ဘေးဆိုက်အမြင်
32 ဒါနဲ့ယှဉ်မှ ဟိုဟာကြီးက အရမ်းရှည်တာ ပိုသိသာလာတယ်

 

“သစ်ပင်ကဖြစ်တဲ့ကျောက်”

 

 

ကျနော်ဓါတ်ပုံရိုက်ခဲ့တဲ့ဆိုင်ပိုင်ရှင်ကအတော်လေးသဘောကောင်းပါတယ်။

သူ့ဆိုင်ထဲမှာလဲခင်းကျင်းထားတဲ့ ပစ္စည်းတွေက လှလဲလှ အနုပညာလည်းမြောက်လှပါတယ်။

ကနုမာခွံလေးတွေဆိုရင်လဲ လှလှပပဖြူဖြူဖွေးဖွေး။

အင်ကြင်းကျောက်များကလဲ အချောက်ိုင်ထားတော့ဝင်းဝင်လက်လက်။

ကျနော်အကြိုက်ဆုံးကတော့ ကျွဲချိုနဲ့ ကနုကမာတွဲထားတဲ့အလှပစ္စည်းလေးပါဘဲ။

ဆိုင်ထဲမှာရော ဆိုင်အပြင်ဘက်မှာပါ အရောင်အသွေးစုံလှတဲ့ကျောက်တုံးတွေအများကြီးပါဘဲ။

ပုံစံဆန်းဆန်းတွေလဲပါရဲ့။

သူဆိုင်အဝင်ဝမှာ အချောမကိုင်ရသေးတဲ့ အင်ကြင်းပင်အရိုင်းကြီးကလှဲထားပါတယ်။

အဲဒီအပင်မြင်မှ ကျောက်မျက်ပြခန်းအဝင်နားမှာ ချထားတဲ့အင်ကြင်းကျောက်ကြီးကို သတိရသွားပါတယ်။

အပင်ကြီးကို (7)ပိုင်း တိတိပိုင်းထားပါတယ်။

အောက်မှာဒလိမ့်တုံးတွေခံလိုပေါ့။

လုံးပါတ်ကလဲ လက်တစ်ဖက်စာမက။

ဘယ်ကနေရောက်လာတယ်တော့မသိတတ်ပါဘူး။

 

အဲဒီအပင်ကြီးနဲ့မျက်နှာချင်းဆိုင်မှာတော့ ပုံစံအမျိုးမျိုး အရွယ်အစားအမျိုးမျိုးနဲ့ချထားတာကိုတွေ့ရပါတယ်။

အားလုံးကအချောကိုင်ပြီးရင်ရောင်းဘို့ပါဘဲ။

သူတို့နားဘေးမှာတော့ မတ်မတ်ရပ်ရပ်နေတဲ့ ကျောက်တိုင်တွေ။

ဒီကျောက်တိုင်တွေက အကြမ်းထည်အဆင့်မှာဘဲရှိပါတယ်။

သူနဲ့မလှမ်းမကမ်းမှာကျောက်စားပွဲခုံတစ်စုံ။

ကျနော်ရောက်သမျှနေရာတော်တော်များများမှာ ကျောက်စားပွဲခုံလေးတွေ ့ ကို တွေ့ရပါတယ်။

အဲဒီကနေပြန်လာတော့ မတ်မတ်ရပ်နေတဲ့ သစ်ညီနောင်။

အကြမ်းထည်အဆင့်။

ရွှေလီတံတားဘက်ကိုသွားမယ့်အဝိုင်းပါတ်မှာတော့ဆိုင်လေးတစ်ဆိုင်ထဲမှာ

တွေ့ရတာကတော့လှပလွန်းတဲ့  အချောကိုင်ထားတဲ့သစ်မြစ်ကြီး။

ဒီရွှေလီဘက်က အင်ကြင်းကျောက်တွေ သစ်မြစ်တွေမြင်တိုင်း

စိုင်းထီးဆိုင်သီချင်းလေးကို သတိရမိပါတယ်။

သူ့သီချင်းကတော့ ဘီးနံပါတ် ok 0122L သီချင်းထဲကစာသားလေးပါ။

“ငါတို့ဘီးလား အပြေးအလွှားကြည့်မိတယ်”တဲ့။

ကျနော်စိတ်ထဲမှာတော့

“ကျနော်တို့ပစ္စည်းလားလို့ အပြေးအလွှားတွေးမိတယ်”ပါဘဲ။

အော် အတ္တလား ဘာလားတော့ မခွဲခြားနို်င်ပေမယ့် စိတ်ထဲမှာတော့

ဘာကို နှမျောလု့ိ နှမျောမှန်းမသိဘဲ နှမျောနေမိတာပါ၊

 

ကိုပေါက်လမ်းသလားနေသည်

(20-6-2012)

 

 

22 comments

  • မောင်ပေ

    June 22, 2012 at 9:20 am

    ပြောမရဘူးနော…ကျောက်စိမ်းကိုပြောခဲ့သလို
    အင်ကြင်းကျောက်တွေကိုလဲ သူ့နိုင်ငံက ထွက်တဲ့ဟာလို့ ကြွားပြီးနေလောက်ပြီ။

  • တစ်ခုချီးကျုးစရာကောင်းတာက သူတို့က သဘာဝက အလိုလိုဖြစ်လာတဲ့ပစ္စည်းတွေကို တန်ဖိုးထားပြီး
    အသုံးဝင်အောင် အသုံးချတတ်တာကိုပါ။

  • ko khin kha

    June 22, 2012 at 10:43 am

    သူတို့က တန်ဖိုးထားချင်စိတ်ရှိအောင်၊ စိတ်ဝင်လာအောင်လည်း လုပ်တတ်တယ်လေ။
    နည်းပညာအကျိုးပေါ့ ကိုပေါက်ရယ်။
    မန္တလေးမှာ အခုနောက်ပိုင်းပေါ်ထွန်းလာတဲ့ ကိတ်မုန့်ဆိုင်တွေဘဲကြည့်လေ။
    အရင်မင်းသီဟကိတ်တို့နဲ့များ ကွာခြားလာတာတွေ၊ ဈေးကလည်း ကွာခြားလာပါတယ်။

  • water-melon

    June 22, 2012 at 11:17 am

    တလုပ်တွေက ကျောက်တွေကို တန်ဖိုးမြတ်နိုးပါကြောင်း
    နှမြောလိုက်တာ
    ဒီကနေဝယ်တော့ ဈေးတွေကအောက်ကြေး
    သူတို့ဆီကသွားဝယ်ရင်တော့ ပြောတော့ဘူး

  • Thel Nu Aye

    June 22, 2012 at 11:33 am

    အင်းကိုယ့်တိုင်းပြည်ကအဖိုးတန်တွေထွက် သူများတိုင်းပြည်ကအလေးထား။ လူ၊ သဘာဝတွင်းထွက် အားလုံးပဲ။ ရင်တောင်နာတယ်လေးပေါက်ရယ်။ အခုတလောရင်နာစရာတွေများနေတယ်။

  • Khaing Khaing

    June 22, 2012 at 11:51 am

    လေးပေါက်ရေ ရွာပြန်အဝင် မျက်စိကြည်စိတ်ကြည်စေတဲ့ပို့စ်လေးတွေ ရွေးဖတ်သွားပါတယ်

  • Ma Ei

    June 22, 2012 at 12:00 pm

    ကိုပေါက်ရေ…
    ကျမတို့ ဆီမှာ တန်ဘိုးမရ တန်ဘိုးထားမခံရ တဲ့ပစ္စည်း
    သူများဧည့်ခန်းမှာ အမြတ်တနိုး တန်ဘိုးထား တန်ဘိုးရှိနေတာကိုဘဲ
    ဂုဏ်ယူနေလိုက်ပါမယ်…

  • ကျနော်တို့ဆီမှာတော့ကျောက်တောင်တွေကို ခွဲလို့ ကျောက်စရစ်လုပ်ပြီးရောင်းစားနေတာက
    အလုပ်တွေဖြစ်နေပါတယ်။

  • mocho

    June 22, 2012 at 3:08 pm

    လေးပေါက်ရေ
    အင်ကြင်း ကျောက် အစစ်က ရှားတယ် ဆို၊ သူတို့ ဟာ တကယ့် အစစ်တွေ ဆို ဈေး နည်းမှာ မဟုတ် ဘူး ရယ်။ ဒါပေမယ့် စီ လုပ် တွေ က အင် ထုတာတော် တော့ အင်္ဂဒေ နဲ့ ပုံ လောင်း ထားတာတော့ မဟုတ် လောက် ပါဘူးနော်။

  • မိုချိုရေ ကျနော်မြင်ခဲ့ရသလောက်က အစစ်တွေပါ။
    မို့ချုိုပြောတာလဲ သေချာပေါက်ရှိနိုင်ပါတယ်။

    • သားဦး၊မြေးဦး

      June 22, 2012 at 8:00 pm

      ဖြစ်နိုင် ကိုပေါက်ရေ ဒါတွေက ကျနော်တို ့မြန်မာ့ပိုင်တွေ
      ဘဲဖြစ်ရမယ်ဗျ

  • pooch

    June 22, 2012 at 6:46 pm

    လေးပေါက် အဲ့ဒါနွားထိုးကြီးဘက်က အင်ကြင်းကျောက်တွေ ။ ဒီမှာ အဲ့လို ဆိုင်နဲ့ ဈေးကွက်မရှိဘူး။ သူတို့ဆီပဲ ရောင်းကြတာ အကြမ်းလိုက်။ ကိုယ့်လူတွေ ညံ့ပုံများ။ အနော့်သူငယ်ချင်း အသိဆိုင်ရှိတယ်။ ဒီကို ဆင်းဆင်းဝယ်တာ။

  • kai

    June 23, 2012 at 4:41 am

    ကျုပ်သာ မြန်မာအာဏာပိုင်တွေကို ..တိုင်ရိုက်အကြံပေးခွင့်ရမယ်ဆိုရင်တော့.. အဲဒီဆိုင်ပိုင်ရှင်ကို.. မြန်မာနိုင်ငံသားခံယူပေးဖို့.. တောင်းဆိုဖို့.. အကြံပေးတယ်..
    အရင်ကပြောဖူးတဲ့ ထုံးစံအတိုင်း..မြန်မာပြည်မှာ ဒေါ်လာ ၂သိန်းတော့.. ရင်နှီးမြုတ်နှံရမယ်ပေါ့..
    ပြီးရင်. အမြဲတန်းနေခွင့်..နောက်မှ.. နိုင်ငံသား..စသဖြင့်ပါ..

    နယ်စပ်ကပ်ရက်မြို့(မြန်မာဖက်ခြမ်းမှာ) ချိုင်းနားနဲ့တန်းတူ.. အထူးအခွင့်အရေးတွေလည်း.. ပေးပြီး..စီးပွားရေးလုပ်ခိုင်းမှာပေါ့..

    လူတွေ..လူတွေ.. အင်မတန်အရေးကြီးပါတယ်..။ 🙂

  • ကိုခိုင်ရေ
    တစ်ချို့တွေက မြန်မာပြည်ပေါက်တွေ။
    အဲဒီမှာသွားဆိုင်ဖွင့်တဲ့သူလဲရှိတယ်။
    တဈို့ကတော့ လက်မှတ်နှစ်ခုကိုင်ထားတယ်။
    ဟိုနေ့ကရှေ့မီနောက်မီ တရုပ်အဖိုးကြီးတစ်ယောက်နဲ့စကားပြောဖြစ်တယ်။
    သူမှတ်မိသလောက်လေးပြောပြတာပေါ့။
    သူတို့ ဘိုးဘေးတွေမြန်မာပြည်ထဲကိုဘယ်လိုရောက်လာသလဲဆိုတာလေးကို ။
    ပြန်တွေးကြည့်တော့ နိုင်ငံအတော်များများ မှာ တရုပ်တန်းဆိုတာရှိတာကို တွေ့ရပြန်တယ်။
    သူတို့မြန်မာပြည်မှာတော့ စားသောက်ဆိုင် ကုန်စုန်ဆိုင် အပေါင်ဆိုင်ဖွင့်တယ်။
    ဒီလိုရွှေ့လျားလာတဲ့သူတွေကို ကျနော်သိဘူးတာလေးနဲ့ဆက်စပ်ပြီးရေးအုံးမယ်ဗျာ။

  • snow white

    June 23, 2012 at 2:44 pm

    တကယ် မမြင်ဖူးတဲ့ ပုံလေးတွေပါ မန်းဂေဇက်ကို မန်ဘာ ဝင်မိတာမှန်တယ်လို့ထင်မိပါတယ် မန်ဂေဇက်တည်ထောင်သူကော မန်းဂေဇက်ရွာသူ/သားတွေအားလုံးကို ကျေးဇူးတင်လျှက်ပါ မသိတဲ့သတင်းတွေ မသိသေးတဲ့ဗဟုသုတတွေ မမြင်ဖူးတဲ့ဓာတ်ပုံတွေ အတက်ပညာတွေလည်း ရရှိပါတယ်။

  • စိန်ဗိုက်ဗိုက်

    June 23, 2012 at 4:06 pm

    အုပေါက်ရေ..
    ဒိလို သစ်ကျောက်တွေ အုပေါက်ပြမှ မြင်ရတော့တယ်ဗျာ..

  • ညလေး

    June 23, 2012 at 4:24 pm

    လှလှပပလေးတန်းစီနေတဲ…..
    .ကျောက်သစ်ပင်………မော်ဒယ်လေးတွေကို………….
    .ငေးသွားပါတယ်လေးပေါက်ရယ်…..

Leave a Reply