ညာနယ်ကနေတောင်ပေါ်ဒေသကိုပြန်တက်လာတဲ့နေ့တစ်နေ့ကပေါ့………..

ညာလည်းအိမ်ကနေပြန်လာရတဲ့ခရီးဆိုတော့စိတ်ထဲတစ်မျိုးကြီးလေ

ဒါနှင့်ပဲတစ်ရိပ်ရိပ်နှင့်ပြေးနေတဲ့ ထန်းတောကြီးကိုငေးကြည့်နေမိတယ်

အဲအချိန်မှာညာနှင့်မျက်စောင်းထိုးလေးခုံမှာထိုင်နေတဲ့အသက်22စ်အရွယ်အမျိုးသားတစ်ယောက်ရဲ့

အံ့ဩစရားကောင်းတဲ့အပြုအမူတွေကိုညာတွေ့လိုက်ရတယ်

သူကလေသာမန်မြင်ကွင်းလေးတွေကိုအရမ်းအံ့ဩဖို့ကောင်းတဲ့မျက်လုံးကြီးနှင့်ကြည့်နေတော့ညာအံ့ဩမိတာတော့အမှန်ပါ……

အဲအချိန်မှာသူရဲ့ဘေးကလူတစ်ယောက်ကိုမေးလိုက်တယ်…..ဖေဖေဘာလို.ဟိုသစ်ပင်တွေကနောက်မှာနေရစ်ခဲ့တာလဲဟင်….အော်သားရယ်……

ဖေဖေဟိုးးးအပေါ်ကတိမ်တိုက်တွေကရောဘာလို့သားတို့နောက်ကနေပြေးလိုက်နေရတာလဲလို့မေးလိုက်တဲ့အချိန်မှာ  အခြားခုံကလူတစ်ယောက်ကဝင်ပြောလိုက်တယ်

စိတ်မရှည်တဲ့လေသံနှင့်ပေါ့ခင်များသားကိုဆရာဝန်ကောင်းကောင်းနှင့်ပြသင့်တယ်……….

အဖေလုပ်သူကပြန်ပြောလိုက်တယ်        သူအခုပဲဆေးရုံကနေဆင်းလာတာပါ သူကမွေးရာပါမျက်စိမမြင်ပါဘူး…………

ခုတော့ညာအားလုံးကိုရှင်းသွားပါပြီ……..သူဘာကြောင့်သူမြင်ကွင်းရှေ့ကအရာတွေကိုအံ့ဩစရာမျက်လုံးဝိုင်းကြီးတွေနှင့်
လိုက်ကြည့်နေတယ်ဆိုတာကိုပေါ့

ညာမကြုံဘူးတဲ့အရာတွေကညာ့အတွက်အသစ်တွေဖြစ်နေသလို     သူ့အတွက်လဲအသစ်အသစ်တွေပေါ့

ညာပြောချင်တာကတော့-

ဘယ်သူမဆိုကိုယ်အခက်အခဲနှင့်ကိုတော့ရှိကျတာပဲလေ….ဒါကြောင့်လူသားအားလုံးကိုစာနာပေးပါ……..

အကြောင်းအရာတစ်ခုကိုဘာမှသေချာမသိပဲနှင့်အပြစ်တင်မစေားမိပါစေနှင့်လို. ညာပြောချင်ပါတယ်……..

ဂေဇက်ရွာကကိုကိုမမတွေကိုခင်မင်လျက်ပါ………….

 

 

 

About မမ အညာသူ

မမ အညာသူ has written 12 post in this Website..