သူ့အတွက်တော့အံ့ဩစရာ

မမ အညာသူJune 19, 20121min14521

ညာနယ်ကနေတောင်ပေါ်ဒေသကိုပြန်တက်လာတဲ့နေ့တစ်နေ့ကပေါ့………..

ညာလည်းအိမ်ကနေပြန်လာရတဲ့ခရီးဆိုတော့စိတ်ထဲတစ်မျိုးကြီးလေ

ဒါနှင့်ပဲတစ်ရိပ်ရိပ်နှင့်ပြေးနေတဲ့ ထန်းတောကြီးကိုငေးကြည့်နေမိတယ်

အဲအချိန်မှာညာနှင့်မျက်စောင်းထိုးလေးခုံမှာထိုင်နေတဲ့အသက်22စ်အရွယ်အမျိုးသားတစ်ယောက်ရဲ့

အံ့ဩစရားကောင်းတဲ့အပြုအမူတွေကိုညာတွေ့လိုက်ရတယ်

သူကလေသာမန်မြင်ကွင်းလေးတွေကိုအရမ်းအံ့ဩဖို့ကောင်းတဲ့မျက်လုံးကြီးနှင့်ကြည့်နေတော့ညာအံ့ဩမိတာတော့အမှန်ပါ……

အဲအချိန်မှာသူရဲ့ဘေးကလူတစ်ယောက်ကိုမေးလိုက်တယ်…..ဖေဖေဘာလို.ဟိုသစ်ပင်တွေကနောက်မှာနေရစ်ခဲ့တာလဲဟင်….အော်သားရယ်……

ဖေဖေဟိုးးးအပေါ်ကတိမ်တိုက်တွေကရောဘာလို့သားတို့နောက်ကနေပြေးလိုက်နေရတာလဲလို့မေးလိုက်တဲ့အချိန်မှာ  အခြားခုံကလူတစ်ယောက်ကဝင်ပြောလိုက်တယ်

စိတ်မရှည်တဲ့လေသံနှင့်ပေါ့ခင်များသားကိုဆရာဝန်ကောင်းကောင်းနှင့်ပြသင့်တယ်……….

အဖေလုပ်သူကပြန်ပြောလိုက်တယ်        သူအခုပဲဆေးရုံကနေဆင်းလာတာပါ သူကမွေးရာပါမျက်စိမမြင်ပါဘူး…………

ခုတော့ညာအားလုံးကိုရှင်းသွားပါပြီ……..သူဘာကြောင့်သူမြင်ကွင်းရှေ့ကအရာတွေကိုအံ့ဩစရာမျက်လုံးဝိုင်းကြီးတွေနှင့်
လိုက်ကြည့်နေတယ်ဆိုတာကိုပေါ့

ညာမကြုံဘူးတဲ့အရာတွေကညာ့အတွက်အသစ်တွေဖြစ်နေသလို     သူ့အတွက်လဲအသစ်အသစ်တွေပေါ့

ညာပြောချင်တာကတော့-

ဘယ်သူမဆိုကိုယ်အခက်အခဲနှင့်ကိုတော့ရှိကျတာပဲလေ….ဒါကြောင့်လူသားအားလုံးကိုစာနာပေးပါ……..

အကြောင်းအရာတစ်ခုကိုဘာမှသေချာမသိပဲနှင့်အပြစ်တင်မစေားမိပါစေနှင့်လို. ညာပြောချင်ပါတယ်……..

ဂေဇက်ရွာကကိုကိုမမတွေကိုခင်မင်လျက်ပါ………….

 

 

 

21 comments

  • htet way

    June 19, 2012 at 11:26 am

    မမအညာသူရဲ့ ဆိုလိုချက်ကို သဘောပေါက်လိုက်ပါတယ်
    ဘယ်သူမဆိုကိုယ်အခက်အခဲနှင့်ကိုတော့ရှိကျတာပဲလေ….ဒါကြောင့်လူသားအားလုံးကိုစာနာပေးပါ……..
    ကောင်းပါတယ် မှတ်သားထားလိုက်ပါတယ် ရွာထဲမှာစာရေးပါ မမညာခင်ဗျား။

  • ညလေး

    June 19, 2012 at 11:36 am

    ဟုတ်ပါတယ်…မမညာရယ်……..
    လူတိုင်းကိုယ်.အပူအပင်နဲ.ကို……ကိုယ်စီရင်မှာပိုက်ပြီး ……..
    ခရီးဝေးလွန်းလှတဲ…….
    ဘဝရဲ.ပန်းတိုင်ကိုလျှောက်လှမ်းကြတာပဲလေနော်………
    အားပေးရင်းမှတ်သားသွားပါတယ်…..မမညာ

  • Nyein Nyein

    June 19, 2012 at 11:46 am

    မှန်တာပေါ့ မမညာ ရယ်။ ဒီလိုအဖြစ်တွေရှိတယ်ဆိုတာကို တစ်ချို့က မယုံကြည်ကြပါဘူး။ အခုလို ကိုယ်တွေ့လေးကို ရေးပြလိုက်တဲ့အတွက် ကောင်းပါတယ်။ အားပေးနေပါတယ် မမညာ။

  • ဘဲဥ

    June 19, 2012 at 11:55 am

    စိတ်ညစ်စရာတွေရှိရင် ဘဲဥလေးဆီကို ပြေးလာပြီး ရင်ဖွင့်လှည့်ပါ ညာညာလေးရယ်နော် :mrgreen:

  • မောင်ပေ

    June 19, 2012 at 12:24 pm

    အော်ရယ်…
    စာနာစိတ်ရှိတတ်သူ ညာလေးကို
    စာနာစိတ်ထားတတ်သူ ကိုပေက
    စာနာစွာနဲ ့၂ကျပ်ပေးရင်း အားပေးသွားတယ်နော ။

  • Wunna Aung

    June 19, 2012 at 1:14 pm

    မမအညာသူရေ ဒီပိုစ့်လေးကို မနေ့ကပဲ ဆရာသက်တန့်ချို ရဲ့ မျက်နှာစာအုပ်မှာ တွေ့လိုက်ပါတယ်……..အောက်မှာလင့်လဲပေးထားပါတယ်……ကျန်တာတော့ မပြောတတ်ဘူးခင်ဗျ….မမအညာသူကလဲ ကိုယ်တို်င်တွေ့ကြုံတာလို့ရေးထားတယ်ဆိုတော့……..အောက်က လင့်ကိုပဲ သွားကြည့်လိုက်ပါလို့ပြောချင်ပါတယ်ဗျာ……

    https://www.facebook.com/photo.php?fbid=428569320498357&set=a.358604984161458.81565.270534842968473&type=1&theater

  • myanmarcitizen

    June 19, 2012 at 1:15 pm

    အော်သနားစရာလေးပဲ ခုမှ လောကကြီးရဲ့အလှအပတွေကို စမြင်ဘူးတော့ အဆန်းဖြစ်နေတော့မပေါ့။ သေသေချာချာ မသိပဲနဲ့ ကိုယ်ထင်ရာစွတ်ပြောတပ်သူများအတွက် အကောင်းဆုံး ပေးရမယ့် ဥပမာပဲ။

  • မွန်မွန်

    June 19, 2012 at 1:23 pm

    22 နှစ်မှ လောကကို စတင်မြင်ဖူးခဲ့တဲ့သူအတွက် တကယ်ကို ခံစားမိပါတယ်။
    ညာရဲ့စာနာစိတ်ကိုလည်း လေးစားပါတယ်…

  • မမ အညာသူ

    June 19, 2012 at 1:38 pm

    ညာကရောကိုယ်တွေ့လေးပါလို.မပြောရပါလားနော်……
    အဖြစ်အပျက်လေးကိုဇာတ်လမ်းထွန်လိုက်တာလေ…….
    လူတိုင်းမှာဒီလိုလေးတွေရှိတက်တယ်ဆိုတာသိစေချင်လို.ပါ……
    ကိုယ်ချင်းစားတရားထားနိုင်ကျပါစေ……….
    ခင်တဲ့ညာ

    • myanmarcitizen

      June 19, 2012 at 3:12 pm

      ကိုယ်တွေ့လေးပါလို့စာထဲ့ရေးမထားပေမယ့်။ အဲ့သဘောဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်ကတော့ ခုမှဖတ်ဘူးတဲ့အတွက်ကျေးဇူးပါ။

  • Wunna Aung

    June 19, 2012 at 1:51 pm

    ဟုတ်ပါပြီဗျာ………

  • ahnyartamar

    June 19, 2012 at 2:23 pm

    ဟင်း…ကျတော်လည်း ဒီအကြောင်းလေးကို ဖတ်ဖူးတယ် ဒါပေမယ့် ကျတော်ဖတ်ဖူးခဲ့တာကတော့ ဲဆေးရုံကနေဆင်းလာတာတဲ့ သားအဖနှစ်ယောက်က အိမ်ကို ရထားနဲ့ ပြန်လာကျတာပါ။
    ဘာပဲပြောပြော…အရာရာကို အလျှင်စလို မဝေဖန်သင့်ပါဘူး။ အခြေအနေကို အရင် နားလည်အောင် လေ့လာသင့်ပါတယ်။

  • ဇောက် ထိုး

    June 19, 2012 at 2:40 pm

    ဟီဟိ.. တိမ်တိုက်တွေကိုကြတော့ သိပြီး.. လိုက်လာတာကိုကြတော့ မသိဘူးတဲ့။
    ခုမှမြင်တယ်လဲ ဆိုသေး ထန်းတောကြီးကိုလဲ သိနေပြီ.. ဒီအပင်ရှည်ရှည်ကြီးတွေက ဘာပင်တွေလဲ ဟင်. လို့ မမေးတော့ဘဲ… ဒီထန်းပင်ကြီးတွေက ဘာကြောင့် နေရစ်တာလဲလို့ မေးသတဲ့… ဟီဟိ..
    မမညာ .. မညာနဲ့နော်..
    ဘာမှတ်လဲ ဂေဇက်ရွာ။
    အုပ်ချုပ်တာက သူကြီးခိုင်..
    အဆဲပြိုင်မှာက ရွာသူား..
    အသောက်များသွားတာက စိန်ဗိုက်..

  • မမ အညာသူ

    June 19, 2012 at 2:44 pm

    ညာပြောချင်တဲ့အထိကအချက်ကအဲဒါမှမဟုတ်တာအန်ကယ်ဇောက်ကလဲ……….
    ညာဆိုလိုချင်ကဒီလိုလေးလေ………………………..

  • johnphyo paing

    June 19, 2012 at 2:54 pm

    ဘယ်လိုလေးလဲ…….မမညာရဲ ့သေသေချာချာပြောနော်…ဟဲဟဲ
    ဘာပဲပြောပြောကိုဇောက်ထိုးကြီးပြောတာ သဘာဝကျတယ်…..
    မမညာ….မညာနဲ ့နော်

  • marblecommet

    June 19, 2012 at 3:55 pm

    နှလုံးသားအာဟာရ
    စာစုလေး လို့ မြင်မိပါကြောင်း…

  • မမ အညာသူ

    June 19, 2012 at 3:55 pm

    အညာသူစစ်စစ်ပါနော်ရေတောင်မရောဘူး
    ဗွန်းဗွန်းရှင်းရှင်းပဲ………
    သီးချင်းထဲကလိုပေါ့…..***.ငါ့ရဲ့အားနည်းချက်ကအလိမ်အညာတွေကင်းမဲ့*****

  • silver hero

    June 19, 2012 at 4:17 pm

    ညာ…..ငါ့ကိုအမြဲပဲသူညာရေ သာများပြီးငါးမတွေ့တယ် မှားလိမ့်မယ် အညာ…
    သီချင်းပဲဆိုပြတာပါနော်။ကျနော်ဘာမှမပြောဘူးနော်။

  • mamanoyar

    June 20, 2012 at 1:51 pm

    မမညာရေ အားပေးတယ်နော်

  • koko thant

    June 21, 2012 at 11:59 am

    မမအညာသူမှာလည်း ခံစားတတ်တဲ့ နှလုံးသားရှိ သားပဲ ကိုး အနော်ကသိပါဘူး မမ့ မှာ ခံစားတတ်တဲ့နှလုံးသား မရှိဘူးလားလို့ စတာပါ မမညာ ဆက်ရေးပါ အားပေးပါတယ်နော်
    မမအညာသူကို ခင်တဲ့ ကိုကို သန့်

    • nga myo

      June 26, 2012 at 9:35 am

      ဟုတ်ပါပြီ မမညာရေ အမှန်တရားက လူတိုင်းကို အံ့ဩအောင်လုပ်နိုင်တယ်ဆိုတာကို အခုမှပဲသိတော့တယ်ဗျာ

Leave a Reply