သစ်မွှေးကဏ္ဍ အမေးအဖြေ (၂)

Wai Aung Chan MyoJune 19, 20121min1362

မင်္ဂလာပါ ကိုxxရေ

အခုလိုစိတ်ဝင်တစား သစ်မွှေးအကြောင်း မေးမြန်းတဲ့ ဝမ်းသာမိပါတယ်။

အကို့ရဲ့မေးခွန်းတွေကို အစဉ်အတိုင်းဖြေရရင်…

၁။အကို့ခြံကရောင်းတဲ့ပျိုးပင်အမျိုးအစားလေးတွေရယ်ဈေးနှုန်းလေးတွေရယ်ကိုသိခွင့်ရှိပါသလား

ပျိုးပင်တွေကို ၁ပေကို ၅၀ဝနှုန်းနဲ့ ၂ပေကနေ ၄ပေကျော်အထိရှိပါတယ် ၂ပေမှ ၂ပေခွဲကို ၁၀၀ဝကျပ် ၂ပေခွဲမှ ၃ပေကြားကို ၁၃၀ဝကျပ် ၃ပေမှ ၃ပေခွဲကြားကို ၁၅၀ဝ ကျပ် ၃ပေခွဲမှ ၄ပေကြားကို ၁၈၀ဝ ကျပ် ၄ပေအထက်အပင်များကိုတော့ ၂၀၀ဝကျပ်နှုန်းပါ။ ပျိုးပင်အားလုံးက မြစ်ကြီးနားမျိုးဖြစ်တဲ့ Aquilaria Agllocha မျိုးတွေပဲဖြစ်ပါတယ် ဒီမှာ ကျနော်တခုပြောချင်တာက အများက အမှတ်မှားနေတာလေးပါ။ ယိုးဒယားမျိုးဖြစ်တဲ့ Sub-integra မျိုးကပိုကောင်းတယ်ဆိုတာလေးပါ။ အခုဆိုရင် ကိုxxလည်းသိမှာပါ။ ဘာဖြစ်ဖြစ် နိုင်ငံခြားကိုမှ အထင်ကြီးတဲ့စိတ်ဓာတ်တွေကိုပါ။ တကယ်တော့ မြန်မာပြည်ဟာ ကမ႓ာ့သစ်မွှေးဈေးကွက်ကို မထိုးဖောက်နိုင်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကတဆင့် မှောင်ခိုဈေးကွက်နဲ့ ရောင်းရတဲ့အတွက် မြန်မာ့သစ်မွှေးဟာ မျိုးကောင်းသော်လည်း လူရာမဝင်ဖြစ်ပြီး ထိုင်းဈေးကွက်ကပဲ နာမယ်ရနေတာလေးကို သတိပြုစေချင်ပါတယ်။

၂။အသက်ဘယ်လောက်ရှိတဲ့ပျိုးပင်တွေကိုရောင်းပါသလဲ

ကျနော့်ရဲ့ပျိုးပင်အားလုံး မြေချစိုက်ဖို့အသင့်တော်ဆုံးဖြစ်တဲ့ ၁နှစ်သားအရွယ်တွေပါ။ အပင်ဆိုဒ်ကွာရခြင်းဟာ ပျိုးသက်နဲ့မဆိုင်ဘဲ သူတို့ရဲ့ဗီဇ စတာတွေကြောင့်ပါ အသေးစိတ်ကိုတော့ ခြံမှာလာရောက်လေ့လာဆွေးနွေးနိုင်ပါတယ်။

၃။အသက်အမြင့်ဆုံးပျိုးပင်ရဲ့ဈေးနှုန်းကကောဘယ်လောက်ရှိပါသလဲ

ဒီမေးခွန်းကို အပေါ်မှာဖြေပြီးပြီနော်။ အခုလောလောဆယ် ၄ပေခွဲရှိနေပါတယ် (၂၀၀ဝကျပ်)။

၄။သစ်မွှေးပင်စိုက်မယ်ဆိုရင်အကိုတို့ဘက်က soil test အရင်လုပ်ပေးပါသလား

ဒါကတော့ အကိုဘယ်မှာစိုက်မယ် ဘယ်လိုရာသီဥတုစသဖြင့် သိဖို့လိုပါတယ် အများအားဖြင့်တော့ သစ်မွှေးဟာ ရေမဝပ်သော လယ်မြေ၊ ဒီရေတော၊ စတာတွေကလွဲရင် မြန်မာတပြည်လုံးနီးပါး ဖြစ်ထွန်းပါတယ်။

၅။၁ဧကမှာသစ်မွှေးပင်ဘယ်နှပင်စိုက်လို့ရပါသလဲ

တစ်ပင်နဲ့တစ်ပင် ၆ပေခြားစီစိုက်ရင် ၁၂၀ဝ ရပါတယ်။

ရပေခြားစီစိုက်ရင် ၈၈၈ ပင်

၈ပေခြားစီစိုက်ရင် ၆၈ဝ ပင်

၉ပေခြားစီစိုက်ရင် ၅၃ရ ပင်

၁ဝပေခြားစီစိုက်ရင် ၄၃၅ ပင် စီရပါတယ်။

အနဲဆုံး ၆ပေခြားကနေ ၁၂ပေခြားအထိစိုက်ကြပါတယ်။ ဝေးဝေးစိုက်ရင် အရည်အသွေးနဲနဲပိုပါတယ်။ ဒါပေမယ့်ကိုxxက ရနှစ်လောက်အထိပဲ အလွန်ဆုံးထားရင်တော့ ၆ပေခြား၊ ရပေခြားက အနေတော်ပါပဲ။

၆။၁ဧကမှာလူဘယ်နှယောက်အသုံးပြုရပါသလဲ

ပျမ်းမျှ အပင် ၂ဝစီလောက် ရေပိုက်ခေါင်းငုတ် ၁ခုစီတပ်ထားပေးရင် (တဧကလုံးကိုပေါ့နော်) တဧကခွဲကို ၁ယောက်နှုန်း အသာလေးနိုင်ပါတယ်။ ဒါကအပင် စိုက်ပြီး အချိန်မှာပေ့ါနော်။ အပင်စိုက်ချိန်တော့ labor နဲနဲခေါ်ရမှာပေါ့။

၇။သစ်မွှေးပင်၁ဧကအတွက်လစဉ်ကုန်ကျစရိတ်ကကောဘယ်လိုရှိပါသလဲ

ကျနော်ကိုယ်တိုင်ရေးထားတဲ့ သစ်မွှေးအကြောင်းနဲ့ သဘာဝစိုက်ပျိုးနည်း စာအုပ်ကို attached လုပ်ပြီးပို့လိုက်ပါတယ်။ ဲအဲ့ဒီထဲကအတိုင်းလုပ်ရင်တော့ ရွက်ဖြန်းဆေး၊ ပိုးသတ်ဆေးများအတွက် ကုန်ကျစရိတ်သက်သာပြီးထိရောက်မှုရှိပါတယ် နွားချေးကို ၁အိတ်ကို ၄၊ ၅ပင်နှုန်းနဲ့ မိုးဦးနဲ့ မိုးနှောင်း ၁နှစ်ကို ၂ကြိမ်ကျွေးရင်လုံလောက်ပါတယ်

၈။သစ်မွှေး၁ပင်ဟာအနည်းဆုံးအသက်ဘယ်လောက်မှာငွေပေါ်ပါသလဲ

အနည်းဆုံး စိုက်သက် ၃နှစ်သားမှာ ဆေးထိုးအဆီထုတ်ပြီး ရောင်းလို့ရပေမယ့် တပင်ကို ၄၊၅သိန်းလောက်ပဲရနိုင်ပြီး စောင့်နိုင်ရင်တော့ ရနှစ်သားအကောင်းဆုံးဖြစ်ပြီး တပင်ကို ပျမ်းမျှ သိန်း ၂ဝကနေ ၃ဝလောက်အထိရနိုင်ပါတယ်။

၉။သစ်မွှေး၁ဧကစိုက်မယ်ဆိုရင်ကနဦးငွေဘယ်လောက်ရင်းရပါသလဲ

အဲဒါက ကိုသီဟမှာ ၁ မြေရှိလား ၂ ရေရှိလား ၃ labor ရှိလား စတာတွေကို မူတည်ပြီးစဥ်းစားရပါမယ်။ အပင်က ဘယ်လိုအပင်ကို ဝယ်မှာလဲ ရေပေးဝေစနစ်က ဘယ်လိုသုံးမှာလဲ စတဲ့ အချက်တွေက စာနဲ့ရေးရင် များနေပါမယ်။ သိချင်တာတွေကို ဖုန်းနဲ့လှမ်းမေပြီး အကို့ဘက်ကအနေအထားတွေကို စဉ်းစားပြီးမှ ပြောလို့ရပါမယ်။

၁၀။အကိုတို့ဘက်ကဘာ Service တွေပေးပါသလဲ

Green Agarwood မှ များစွာသော ဝန်ဆောင်မှုများကို ကမ်းလှမ်းလျက်

• ပျိုးပင်များကိုဈေးနှုန်းချိုသာစွာရောင်းချပေးခြင်း။

• အဆီထွက်နှုန်းကောင်းသော ပျိုးပင်များကိုသာ ရောင်းချပေးခြင်း။

• ပျိုးပင်ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ သိလိုသည်များကို အခမဲ့ဆွေးနွေး အကြံပြုနိုင်ခြင်း။

• ပျိုးပင်များကို အထိအခိုက်၊ အပျက်အဆီး၊ ဆုံးရှုံးမှုမရှိစေရန် ခြံအရောက် ဝန်ဆောင်မှု ပေးနိုင်ခြင်း။

• ပျိုးပင်၁နှစ်သားမှ ဆေးထိုးချိန်အထိ ဖြစ်တတ်သောရောဂါလက္ခဏာများ၊ ပိုးမွှားအန္တရာယ် များနှင့်ပတ်သတ်၍ လိုအပ်သော အကြံဉာဏ်များကို အခမဲ့ အကြံပြု ဆွေးနွေးပေးခြင်း။

• တိုးတက်လာသောနည်းပညာအရ ဓာတ်မြေဩဇာ၏ ဆိုးကျိုးများကြောင့် ဩဂဲနစ် မြေဩဇာ (Organic Fertilizer)များကို အသုံးပြုလာရာ၊ ၎င်းတို့၏ဈေးကွက်မှာ မြင့်တက် လျက်ရှိခြင်းကြောင့် သဘာဝကျကျ၊ အကုန်အကျသက်သာစွာ စိုက်ပျိုးချင်သူများအတွက် သဘာဝကျကျစိုက်ပျိုးနည်းပညာများ ကို လွယ်လင့်တကူ ရယူနိုင်ခြင်း။

• မှိုဆေးထိုးချိန်၌လည်း ရင်းနှီးမြှပ်နှံမှု အနည်းအများပေါ်မူတည်၍ ကုန်ကျစရိတ် အသက်သာဆုံးဖြစ်စေရန် ကူညီဆောင်ရွက်ပေးခြင်း။

• ဆေးထိုးပြီး၁နှစ်ခွဲအကြာ အဆီခဲဖြစ်တည်နေသောအပင်များအား ပေါင်းခံအဆီထုတ်ခြင်း လုပ်ငန်းများကိုလည်း ဒေသတွင်းမှာပင် ဝန်ဆောင်မှုပေးနိုင်ခြင်း။ • ပေါင်းခံအဆီထုတ်၍ရရှိလာသော သစ်မွှေးဆီများကို ယိုးဒယား၊ တရုတ်၊ ဂျပန်နိုင်ငံများ သို့ တင်ပို့ရောင်းချနိုင်မည့် ဈေးကွက်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ခြင်း။

စသောဝန်ဆောင်မှုများကို လူကြီးမင်းတို့စိတ်တိုင်းကျ Green Agarwood မှ ဆောင်ရွက်ပေးနေပါကြောင်းနှင့် စောစောသိ၊ မြန်မြန်စိုက်၊ အချိန်တိုအတွင်း ဝင်ငွေများများ ရရှိစေရန် ရည်ရွယ်၍ စေတနာကောင်းဖြင့် သတင်းကောင်းပါးအပ်ပါသည်။ ဒါကတော့ ကျနော်တို့ ဘက်က ပေးနိုင်တာတွေပါ။

လိုအပ်တာရှိရင် ဖုန်းဆက်လိုက်နော်

ခင်မင်တဲ့ ကိုဝေအောင်

ခြံလိပ်စာ သန်လျင်-ကျောက်တန်းကားလမ်းမဘေး(ဂြိုလ်တုဆက်သွယ်ရေးဝင်းအနီး)၊ ပျဉ်ထောင်ချောင်းရွာ၊ နတ်စင်ကုန်း မှတ်တိုင် (ကျိုက်ခေါက်ဘုရားမှ ၆မှတ်တိုင်မြောက်) တွင်ဆင်း၍၊ ဆိုင်ကယ်ကယ်ရီဂိတ်တွင် သစ်မွှေးခြံကို ပို့ပေးပါဆိုရင်……

Ph:   09 49348896, 09 73070035, 09 5136753, 09 49275907.

2 comments

  • မောင်ပေ

    June 19, 2012 at 9:13 pm

    အရမ်းကောင်းမွန်တဲ့ နည်းပညာပေးပို ့စ်တစ်ခုပါ ။
    ကိုဝေအောင် ရဲ ့လိပ်စာ နဲ ့ဖုန်းနံပါတ် ကို မှတ်သွားပါတယ် ။
    အပြင်မှာ လက်တွေ ့တစ်ကယ် စိုက်မယ့် အနေအထားရောက်ခဲ့ရင် ဆက်သွယ်ပါမယ် ခင်ဗျာ

  • Wai Aung

    June 20, 2012 at 10:16 am

    ကျေးဇူးတင်ပါတယ် ကိုမောင်ပေရေ
    အခုလို လာရောက်အားပေးတာရော စိတ်ဝင်စားတာကိုပါ။
    ခြံကို လာလေ့လာဖို့ ဖိတ်ခေါ်ပါတယ်ဗျာ

    ခင်မင်တဲ့
    ကိုဝေအောင်

Leave a Reply