surmi အိမ်မက်ဂရောက်ဂရက်

ေမာင္ရိုးJune 19, 20121min13128

အခုတလောရွာထဲလဲသိပ်မရောက်ဖြစ်ဖူးဗျ ။
ဘောပွဲတွေကလဲကောင်းဆိုတော ့ကြည် ့လိုက်ရှုံးလိုက်ဖြစ်နေတာ
ပေါ ့ဗျာ။ဘောဆရာ ကိုပေ ကိုလဲသတိယသဗျ ခက်တာကသူက
မရေးဘူးဖြစ်နေတယ်။ဒီတော ့ သူ ့အလစ်မှာဝင်ပြီးအိမ်မက်လေး
အကြောင်းရေးဦးမယ်။အိမ်မက်ဆိုတော ့လဲအိမ်မက်ပေါ ့ဗျာ နော ့
ဒီလိုဗျ ညကအိမ်မက်ထဲမှာ ရခိုင် ကိုရောက်သွားတယ်o
အဲ ဟိုလဲရောက်ရော ရခိုင်အရေးမှာအသက်ပေးသွားကြတဲ့
ရခိုင်လူမျိုးတစုကို ပြောင်ပြောင်လက်လက် အဆောက်အုံထဲမှာတွေ ့ရ
သဗျ ။ဒါနဲ ့ နှုတ်ဆက်ပြီး သာကြောင်းမာကြောင်းမေးပြီးတွေ ့တုန်းလေး
အကျိုးများစေဖို ့ ဘောပွဲလေးမေးခဲ ့ရတာပေါ ့ဗျာ။
သူတို ့ပြောတာကတော ့”အင်္ဂလန် ဘင်သံနဲ ့ပြန်လာမယ် ပြင်သစ်
အသွင်သစ်နဲ ့ချစ်ပစ်လိုက်”တဲ ့ ကဲကဲဒီတော ့အတိတ်ကောက်ကြစို ့။
ဒီမနက်ဈေးက အင်္ဂလန် သရေအရှုံး နီးပါး
ပြင်သစ် တစ်လုံး သရေ နီးပါး
ဘယ် ့နယ်လုပ်ရပါ ့ ။ဘယ်တတ်နိုင်မလဲ ရှိတာလေးရောင်းချ
ပေါင်နှံပြီး ပုံအောလိုက်ရုံဘဲပေါ ့။ကဲ အိမ်မက်လေးကတော ့ဒါပါဘဲဗျာ။
ကိုပေ ့လိုမရှင်းပြတတ်တာတော ့ခွင် ့လွှတ်ပါ ဆာမိကလက်သင်အဆင် ့
ပဲရှိသေးသမို ့ကိုပေ လာမှဆက်ရှင်းပြပါလိမ် ့မယ်။
ဒီတော ့ အသဲကောင်းရင် ဒီညလောင်းလိုက်ဗျာ မနက်ကျရင်အင်းစိန်

ဂုံးတံတားပေါ်က ပြုံးပြုံးကြီးစောင် ့နေမယ် မုန် ့လေးဘာလေးဝယ်ခဲ ့ပေါ ့။

ဘိုးတော် ဆာမိ

28 comments

  • marblecommet

    June 19, 2012 at 2:26 pm

    အင်္ဂလန်ဘင်သံကလည်း ကိုဆာမိရယ်…
    ပြိုင်ပွဲတစ်ပွဲလာတိုင်း အမြဲတမ်း နာမည်ကြီးတယ်
    ပြီးရင် အဲဒီဘင်သံက ကိုယ့်ကိုဆော်သွားတာချည်းပဲ.
    ……
    အသွင်သစ်နဲ့ ပြင်သစ်ကတော့
    လောလောဆယ်အိုကေနေတာပဲဗျို့
    လောရင့်ဘလန့်လက်ထက်မှာ
    (23)ပွဲတောင် ရှုံးပွဲမရှိဖြစ်ထားတယ်…
    အဲ စံချိန်ဘယ်တော့ ကျိုးသွားမလဲ
    ကြောက်နေရတာ…..
    ဒါပေမဲ့…..
    ကိုဆာမိအိပ်မက်လေး ကြားလိုက်ရတာ
    စိတ်ထဲတော့ မကောင်း……..

    • Azzurri

      June 19, 2012 at 2:35 pm

      ကန်တင်ပြေးစုပြုံလိုက် ခြေမနဲ့ထိုး ၁ဂိုး အနိုင်နိုင်သွင်းရရှာတဲ့ အသင်း ရယ်
      ပလေးမိတ်ကာ မပါလို့ ထစ်ကနဲရှိတောင်ပံထုတ်ကစားနေရတဲ့ ကြက်တံဆိပ်နဲ့အသင်းရယ် အကြောင်းပဲ ခိခိ

      • ကြောင်ဝတုတ်

        June 19, 2012 at 3:30 pm

        ဟုတ်တယ်…ဟုတ်တယ်…

        ဒီကိစ္စတော့ ဒီကောင့်ကိုထောက်ခံတယ်…
        ကျုပ်လဲ အဇူရီပဲ…

        အဇူရီ-
        ကြောင်ဝတုတ်

        • surmi

          June 19, 2012 at 4:12 pm

          ကဲ ကိုဂီနဲ ့ကြောင်ဝကြီး
          လုပ်ချင်တာလုပ် နောက်မဆုတ်နဲ ့
          အထုပ်ပိုက်ပြီး ပုလင်းလိုက်ဆက်ပေးမယ်
          နယ်စည်းမခြားအဖွဲ ့က ကိုမိုက်ပါခေါ်လိုက်ဦး ။

      • marblecommet

        June 19, 2012 at 5:34 pm

        ပြင်သစ်နဲ့ ယူကရိန်း
        အပေါ် ဟော့နေပါလား …
        ဆြာတို့.ရေ့..

    • surmi

      June 19, 2012 at 3:05 pm

      ကျုပ်လဲစိတ်မကောင်းဘူးဗျာ ၅ဝကျော်လောက် သေသွားတယ်ဆိုလို ့
      ဒါနဲ ့ဘဲစိတ်ပြေလက်ပျောက်ဘောပွဲလေးဘာလေး
      ပြီးတော ့လဲရှုံးတာပါဘဲ

      • marblecommet

        June 19, 2012 at 3:41 pm

        အာသာပြေလေး
        ရှုံးတာက အကြောင်းမဟုတ်ပါ ကိုဆာမိရယ်..
        ……ကျနော်လည်း ထိုနည်းလည်းကောင်းပါပဲ..ဟဲဟဲ.
        …….
        စိတ်မကောင်းတာကတော့ အာစိနဲ့ကျနော်တူတူပါ

        • Azzurri

          June 19, 2012 at 3:53 pm

          စကားမစပ် ..ဆွီဒင် ဒုတိယ ဂိုး ကိုပြန်ကြည့်ရင် ပြစ်ဒဏ်ဘော ကို လူကပ် ကစားတာ အားနည်းလို့ ဆွီဒင် ၃ယောက်လောက် အလွတ်ကြီး ဂိုးသမားရှေ့ မှာ တိုက်ခွင့်ရတာနော…

          ဒီနောက်တန်း နဲ့ ကတော့ မလွယ် ..မလွယ်…..
          😀

  • etone

    June 19, 2012 at 2:37 pm

    အင်းစိန် တံတားပေါ်က မနက်တိုင်းဖြတ်ပါတယ် … ။
    ပြုံးနေတဲ့ ဘိုးတော်မပြောနဲ့ …. နားနေတဲ့ ကျီးကန်းတောင် မရှိဘူး …… ခွိခွိ … ။ 😆

    ဘိုးတော်ချင့်ယုံပါရှင့် …. နာမည်ကိုက .. ချင့်ယုံနော် .. ချင့်ယုံ… တရုတ်နာမည်လေ ဟိဟိ :mrgreen:

    • surmi

      June 19, 2012 at 11:52 pm

      ဘယ်မြင်ရမလဲ
      ဘိုးတော်က ကိုယ်ဖျောက်ထားတာ
      စားစရာပါမှ ကိုယ်ယောင်ပြမှာပေါ ့

      • etone

        June 20, 2012 at 10:22 am

        ထမင်းဂျိုင့်ကြီး နေ့တိုင်းပါတာတောင် …. သောက်စရာ BE မပါလို့ မမြင်တာပဲဖြစ်ရမယ် … ဟိဟိ 😛

  • Thel Nu Aye

    June 19, 2012 at 2:37 pm

    ယူကရိန်းကို အပူလိမ်းပေးလိုက်ပြီး ဆွီဒင်ကို အပီပြင်လိုက်မယ်ဆိုရင်ကော။ ဟီဟိ ဘာမှန်းတော့မသိဘူး ကြုံတုန်း ၁ဝ ယူသွားတာ။

  • johnphyo paing

    June 19, 2012 at 2:45 pm

    လောင်းတော ့လောင်းချင်ပါတယ် ဘိုးတော်ဆာမိရယ်
    ဒါပေမဲ့မလောင်းတော ့ပါဘူး ဘိုးတော်ကိုမယုံလို ့မဟုတ်ဘူးနော်
    ကံကိုမယုံလို ့ပြီးတော ့မေမေကမှာထားတယ်
    လောင်းကစားမလုပ်နဲ ့တဲ ့ဒါကြောင် ့….
    ဒီဘဝတော ့..ဒီမျှနဲ ့ပဲ………..

  • ဆူး

    June 19, 2012 at 2:51 pm

    ဘိုးတော် စာမိ က ဘောပွဲ အကြောင်းပဲ ဟောစတမ်း ထုတ်တာလား..
    တခြား အကြောင်းတွေ ထုတ်မယ် ဆိုရင် မေးချင်လို့..
    ဘိုးတော် စာမိ ကို ဆက်ဖို့ ချိုချဉ် ၂လုံး သကြားလုံး ၂လုံး ပူရှိန်း ၂လုံး ဝယ်ခဲ့မယ်ကွယ်။
    အတိတ်ကောင်း နမိတ်ကောင်းတွေပဲ ဟောရမယ်နော်။

    • Azzurri

      June 19, 2012 at 2:57 pm

      ပြင်သစ်ကြေးကကြီးတယ်ကွယ်
      အောက်ကထိုင်အောင် ဟထားတာသိသာနေတယ်

      ဇဂါးမစပ် ဘိုးတော်စာမိကတော့ ချိုချဉ်နဲ့ရပေမယ့်
      ဘိုးတော် ဇာဂီ့ ကိုတော့ ဟိုနှစ်ချို့နေတဲ့ပုလင်းလေးဆက်မှရမယ်တဲ့ ခိခိ

      • ဆူး

        June 19, 2012 at 3:05 pm

        ငရုတ်ဆီ ၂ပုလင်းပဲ ရမယ် ဟွန့်..

    • surmi

      June 19, 2012 at 11:46 pm

      ဟောပါ ့မယ် ဒေါ်ဆူးရယ်
      ဟောခ ကတော ့သကြားလုံးနဲ ့ဘယ်ရမလဲ
      အိမ်အတွက်ပါဆယ်လေးပါထုပ်ပေးပေါ ့ ဟုတ်စ …….။

  • kyeemite

    June 19, 2012 at 3:19 pm

    သူများတွေ ဘောလုံးပွဲအကြောင်းပြောရင်ကျုပ်မှာ
    ပါးစပ်အဟောင်းသား..တစ်ခါမှလဲမကြည့် ဝါသနာကလည်းမပါ..
    ဘာဖြစ်ဖြစ် ရွာသားတွေ လောင်းကြေးနိုင်ပါစေလို့ဆုတောင်းပါတယ်..
    နိုင်ရင်..ကိုရင်ဂီ ပြောတဲ့ နှစ်ချို့လေးနဲ့ ဝိုင်းဖွဲ့ဘို့ လက်တို့လိုက်နော..
    နယ်စီးမခြား……သမဂ္ဂ အဖွဲ့ဝင်..
    ကြိုက်မီး။

  • surmi

    June 19, 2012 at 3:30 pm

    @ ဒေါ်အိတုန် ဒေါ်သဲနု ဒေါ်ဆူး
    ဘိုးတော်ကိုယ်တိုင်လဲနေလို ့ မ မည် ့သူစောင် ့နေပါကြောင်း

  • surmi

    June 19, 2012 at 3:34 pm

    ကိုမိုက် ကိုဂီ ကိုဂျွန်ဖြိုး
    ဒီညတော ့ ဘော်ဒီအားလုံးအပေါ်လို ့ထင်တာဘဲ
    ကြေးက အောက်ခေါ်သလိုဖြစ်နေလို ့

  • surmi

    June 19, 2012 at 3:34 pm

    ကိုမိုက် ကိုဂီ ကိုဂျွန်ဖြိုး
    ဒီညတော ့ ဘော်ဒီအားလုံးအပေါ်လို ့ထင်တာဘဲ
    ကြေးက အောက်ခေါ်သလိုဖြစ်နေလို ့

  • Ma Ei

    June 19, 2012 at 4:27 pm

    ဘောလုံးပွဲ အကြောင်းတော့
    ဘောလုံးကို လူနှစ်ဖွဲ့ ဟိုဘက်ကန် ဒီဘက်ကန်
    ဒီဘက် ဂိုးပေါက်ထဲဝင်ရင် ဟိုဘက်ကနိုင်တယ်…
    ဟိုဘက်ဂိုးပေါက်ထဲဝင်ရင် ဒီဘက်ကနိုင်တယ်…
    ဒါဘဲသိတာ…

  • မောင်ပေ

    June 19, 2012 at 8:58 pm

    အင်ဂလန် ၊ ပြင်သစ် ၊ ယူကရိန်း နဲ ့ဆွီဒင် တို ့ပါတဲ့ အုပ်စု ဒီမှာ
    ဆွီဒင်က ၃ မှတ် နဲ ့ကျန်သုံးသင်းက ၄ မှတ်စီ
    အင်ဂလန် နဲ ့ယူကရိန်းတွေ ့ဆုံမှုမှာ ၊ အင်ဂလန် က ၁မှတ်ရတယ်ဆိုရင်ဘဲ နောက်တစ်ဆင့်ကို တက်မှာဖြစ်ပါတယ် ။
    ပြင်သစ်ဟာ ဆွီဒင် ကို ရှုံးခဲ့ပြီး ယူကရိန်းက အင်ဂလန် ကို နိုင်ခဲ့မယ်ဆိုရင် ပြင်သစ် ထွက်ရပါမယ် ။
    ဒီနေ ့ဈေးအနေအထားအရ
    အာရှမှာ ပြင်သစ် တစ်လုံး၅ဝ အနိုင် ကို ဒီမှာ တစ်လုံး၆ဝအနိုင် ဖွင့်လာပါတယ် ။
    ဂိုးဈေးက ၂ဂိုး၅ဝအရှုံး အနေအထားကို ၂ဂိုး၇ဝအရှုံး ဖွင့်လာပါတယ် ။
    အင်ဂလန် က သရေရှုံး အနေအထား ကို သရေ ၈ဝ အရှုံးဖွင့်လာပါတယ် ။
    ဂိုးဈေးက ၂ပြတ်အနေအထားကို ၂လုံး ၈၅ အရှုံးအနေအထားကို ဖွင့်လာပါတယ် ။
    “““ ဈေးအနေအထားအရ နေမယ်ဆိုရင် …. ”””
    “““ ဆွီဒင် ”””
    “““ ဆွီဒင် ဂိုးအပေါ် ”””
    “““ ယူကရိန်း ”””
    “““ ယူကရိန်း ဂိုးအောက် ””” နေသင့်ပါတယ် ။
    ကိုဆာမိ ရေ ၊ မရေးဘူးဆိုလို ့… ကွန်မင့်နဲ ့ရေးလိုက်ပြီဗျို ့။
    ပွဲချိန်မှီ ဖတ်ဖြစ်ကြပါစေဗျာ

    • surmi

      June 19, 2012 at 11:40 pm

      ဒီလိုရေးစေချင်လို ့ စ ပေးလိုက်တာဗျ။
      ကျေးဇူးပဲ ကိုပေရေ
      ကွာတားလာတော ့မယ်နော်ကို ့ဆရာ မျှော်နေမယ်ဗျို ့။

    • Azzurri

      June 20, 2012 at 7:08 am

      အဲ့ဒါကျောလာပေါ့ …
      ဒို့ ဘောဆြာ ပေ ပြန်လာဘီ ….
      😀

      ဗယာကြော်…

      ချက်-ပေါ်တူဂီ
      ဂျာမနီ-ဂရိ
      စပိန်-ပြင်သစ်
      အင်္ဂလန်-အီတလီ
      ကွာတားလမ်းကြောင်းလေး ရေးစေချင်တယ်ဗျို့ ….

  • marblecommet

    June 19, 2012 at 10:14 pm

    ယူကရိန်းဂိုးအောက်တော့
    ခပ်လန့်လန့်ကိုယ့်ဆြာ..
    အင်္ဂလန်နဲ့ ယူကရိန်း
    ပေါက်ကရ
    ကျောက်ထခါမှ
    ဂိုးတွေ ပိုးစိုးပက်စက်များကုန်မလား
    တွေးမိနေတယ်..

  • Crystalline

    June 20, 2012 at 11:50 am

    ဘွားတော်ရဲ့ အိပ်မက်အရတော့..အင်္ဂလန်ဖက်က ရဲရဲနေလိုက်ပါ..
    ပြင်သစ်ဖက်ကနေ မရဲတရဲနေလိုက်ပါ..
    ဖိုင်နယ်ကျရင်တော့ စပိန်ဖက်က ရဲရဲသာလောင်းလိုက်ပါ.. ဟေ…ဟေ့..

Leave a Reply