• ငါ။      ။ နင်အနိုင်ရပါတယ် နင်ငါ့ကို လူကြားထဲ အော်လိုက်ရလို့ ကျေနပ်တယ်မဟုတ်လား။ နင်မှတ်ထားပါ ငါလူတစ်ယောက်ကို သေလောက်အောင်ချစ်ပါစေ မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်တော့မှ သူ့ကိုပြောမှာ မဟုတ်ဘူး။ အခုလဲ ငါ့အချစ်တွေနင်မမြင်ခင် နင်နဲ့ဝေးရာကို ငါအမြန်ဆုံးသွားမှာပါ နင်စိတ်ချလိုက် နင်ငါ့ကို အချိန်ကြာထိ ထပ်တွေ့ရတော့မှာမဟုတ်ဘူး။ နင်သိပ်ချစ်တဲ့ပိုးနဲ့ ပျော်အောင်နေခဲ့ပါ ငါနှုတ်ဆက်တယ်။
  • ငါ။      ။ ငါစိတ်တွေဘာဖြစ်တာလဲဟာ ဒီကျောင်းမှာ ငါမပျော်ဘူးသိလား။ ဒါပေမယ့် ငါနေတတ်ပါတယ် အဘွားကလဲ သူအရမ်းချစ်တဲ့ငါရောက်လာလို့ အရမ်းကိုပျော်နေတယ်လေ။ ငါ့အတွက် အစစအရာရာပြည့်စုံ နေပေမယ့် နင်မပါတဲ့ လမ်းမှာ နင်မရှိတဲ့ကျောင်းမှာ ငါမပျော်ပါဘူးဟာ။ နင်အရမ်းဖြစ်စေချင်တဲ့ မိန်းကလေး ပီသဖို့  ငါကြိုးစားနေပါတယ်။ နင့်ကိုစိတ်နာတယ်ဆိုပေမယ့် ငါ့ရဲ့မသိစိတ်က နင့်အလိုကိုတော့ ဖြည့်စည်းပေးဖို့ ငါဒီကျောင်းကိုရွှေးချယ်ခဲ့တယ်။ နင်သိနိုင်မလား???????????
  • ငါ။      ။ ငါအရမ်းချစ်ရတဲ့ သူငယ်ချင်းရေ နှစ်တွေကြာအောင် အားလုံးကို အဆက်အသွယ်ဖြတ် နေခဲ့ရတာ တစ်ခါတစ်လေ အထီးကျန်နေမိတယ်။ အခုတော့ နင်ဖြစ်စေချင်တဲ့ မိန်းကလေးပီပီ ယဉ်ကျေးအောင်နေတတ်ခဲ့ပါပြီ နင်သိရင် ငါ့ကို ဘယ်လိုပြောမလဲ ငါသိချင်နေမိတယ်။ ငါကျောင်းမှာ ကလေးတွေကို စာပြရင်း ပျော်ပျော်လဲနေတတ်လာခဲ့ပါပြီ။
  • ငါ။      ။ စိတ်မရှည်တတ်တဲ့ငါ့ကို သူတို့လေးတွေ ကြားထဲမှာ စိတ်ရှည်အောင်လဲ သူတို့ကသင်ပေးပြန်တယ်။ တစ်ချိန်လုံး နင့်အပေါ် ဘုတိုက်ရန်ကျတတ်တဲ့ငါ ကလေးတွေရဲ့ ဂျစ်ကန်ကန်အပြုအမှုအတွက် ချော့နည်းသိနေပြန်တယ်။ ဒီအချိန်မှာသာ နင်ရှိရင် မှတ်ပြီလားးးးးးးးးးးးးးးးးး ဆိုပြီး ငါ့ကိုလှောင်နေမလား။ ဒါမှမဟုတ် နင်…..
  • ငါ။      ။ ဒီကျောင်းကို စရောက်ကတည်းက အားလုံးအပေါ်မှာ စေတနာလည်းထား ငါ့ထက်စောပြီး ဒီကျောင်းကို ရောက်နေတဲ့ တစ်ရွာလုံးက ချစ်စနိုးနဲ့ခေါ် တဲ့ ဆရာလေးဆိုသူနဲ့ ခင်မင်ခွင့်ရတယ်။ ငါ့အပေါ်မှာလည်း အရမ်းစေတနာထားတယ် ငါ့ခံစားချက်ကိုလည်း နားလည်တယ်။ ငါကံကောင်းတယ်လို့ ယူဆတယ်။
  • ငါ။      ။ ငါအားငယ်နေရင် နှစ်သိမ့်ပေးသလို ဘယ်အခက်အခဲမဆို ဦးဆောင်ဖြေရှင်းပေးခဲ့တဲ့သူ့ကို ငါအသိအမှတ်မပြုပဲ မနေနိုင်ခဲ့ပါဘူး။ ရုပ်ရည်အတင့်အသင့်နဲ့ စိတ်ထားကောင်းတဲ့သူ့ကို ငါအားလည်းကိုး မိတယ်။ နင်နဲ့ပါတ်သတ်ပြီး ငါခံစားခဲ့ရတာတွေကိုလည်း သူ့ကိုဖွင့်ပြောမိတယ်။
  • နင်။     ။ နင်ဘယ်ရောက်နေလဲ?  အန်တီတို့ကလည်း နင်ငါ့အတွက်ချန်ခဲ့တဲ့ စာလေးနဲ့ နင်နင့်အဘွားဆီမှာ ကျောင်းသွားတက်တယ် ဆိုတာကလွဲရင် ငါဘာမှမသိခဲ့ရပါဘူး။ ဒါလဲနင့်အကြံအစည်ပဲဆိုတာ ငါသိနေပါတယ်။ နင်ငါ့ကိုဘာလို့ ဒီလောက်ရက်စက်ရတာလဲ?
  • နင်။     ။ နင်နဲ့ဝေးနေရတာ ငါ့အတွက်ငရဲကျသလို ခံစားနေရတယ်။ နင်မရှိတဲ့နောက်ပိုင်း နင့်ရဲ့ ငါ့အပေါ်ဂရုစိုက်မှုတွေ နောက်ပြီး နင်ငါ့အပေါ်ဆိုးခဲ့တာတွေ ငါပြန်လိုချင်နေမိတယ်။
  • နင်။     ။ နင်ပေးခဲ့တဲ့စာတိုလေး ထဲက အတိုင်း ငါနဲ့ပိုးနဲ့ ပျော်နေမယ်လို့ထင်နေမှာပဲ။ ဒါပေမယ့် အချိန်တွေကြာ လာတာနဲ့ အမျှ ငါပိုးအပေါ်မှာ တာဝန်မကျေခဲ့ဘူး။ ငါလည်း တစ်ချိန်ကနင့်လိုပဲထင်ခဲ့ဘူးတယ်။ ပိုးရှိနေရင် ငါ့ဘဝပြည့်စုံပြီလို့လေ အခုတော့ ပိုးရှေ့မှာ မလွတ်လပ်သလို ခံစားနေရတယ်။ ငါ့အခန်းထဲမှာပဲ တစ်စုံတစ်ယောက်အကြောင်းတွေးရင်း ဝမ်းနည်းနေရတာက ငါ့အတွက် ပြည့်စုံနေတာလား????????
  • နင်။     ။အခုရက်ပိုင်း ပိုးကငါ့ကိုမကျေနပ်သလို ငါလဲပိုးနဲ့တွေ့ဖို့ ရှောင်နေမိပြန်တယ် စိတ်တွေလဲ လေးနေသလိုပဲ ငါနင့်ကိုအချိန်တိုင်းလိုလို သတိရနေမိတယ်။ နင်ဘယ်မှာလဲဟာ ဖြစ်နိုင်ရင် ငါ့ဆီကို အမြန်ပြန်လာခဲ့ပါ ငါ့အမှားတွေအတွက် နင်ကျေနပ်တဲ့အထိ ငါတောင်းပန်ပါတယ်။
  • နင်။     ။ နင်မပါတဲ့ကျောင်းမှာ ငါ့အတွက် အထီးကျန်သလို ခံစားနေရတယ်။ နင်ငါ့အနားမှာ ရှိခဲ့ချိန်က နင့်ကို ပြန်ဂရုမစိုက်နိုင်ခဲ့တဲ့ ငါ့ကိုငါ မုန်းတယ်။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ ငါနင့်ကိုတွေ့အောင် ပြန်ရှာမယ်။

About mamanoyar

mama noyar has written 25 post in this Website..