မြန်မာရေလုပ်သားတို့ရဲ့အသနားခံစား အသိအမှတ်ပြုပေးစေလို

cum minJune 19, 20121min834

ပန်းတနော်မြိ ုုု့နယ်၊ မိမ္မပြေးကျေးရွာအုပ်စု ၊အေးရွာကျေးရွာ အနောက်ဘက်ရှိကွင်းအမှတ်(၆၆၂.၈)တွင်

ရှေးနှစ်ပေါင်းများစွာကတည်က အေးရွာကျေးရွာမှ ရေလုပ်သားများသည် ၎င်းကွင်းအတွင်း ရေပေါ်ရေလျှံရှာဖွေးစားသောက်နေခဲ့ကြသူတွေဖြစ်ပါတယ်။

ယင်းကျေးရွာရေလုပ်သားများသည် ရေလုပ်ငန်းတခုကိုသာလုပ်ကိုင်စားသောက်ခဲ့ကြရပြီး မြေမဲ့ယာမဲ့ဒေသခံပြည်သူများဖြစ်ပါသည်။

၎င်းကွင်အမှတ်(၆၆၂.၈) သည် ရှေးယခင် အင်းဂရံထဲတွင်မပါဝင်ခဲပါ လူထုစားအင်း(ဘေးမဲ့) အဖြစ် လုပ်ကိုင်စားသောက်ခဲကြသည်မှာ ခေတ်အဆက်ဆက် ပင်ဖြစ်ပါသည်။

လွန်ခဲသောနှစ်ပေါင်း(၂၀) ခန့်ကမှစပြီး အင်းသားကြီးများနှု့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ အင်းဂရံထဲဆွဲသွင်းပြီးဒေသခံများရှာဖွေစားသောက်နေသည်ကို လိုက်လံဖမ်းဆီးခြင်း၊ ပစ္စည်းသိမ်းဒဏ်ငွေရိုက်ခြင်းတိုကို ပြုလုပ်နေပါတယ်. ဒေသခံပြည်သူများ အတွက်စားဝတ်နေရေး အခက်အခဲအမျိုးမျိုး နှင့် ရင်ဆိုင်တွေ့ကြုံ နေရပါသည်။

နိုင်င်ငံတော်ကချမှတ်ထားသော ဆင်ရဲမှုလျော့ချရေး စီမံ ချက်များအတိုင်ကျွန်တော်တို့ကျေးရွာမှပြည်သူများအတွက် စားဝတ်နေရေး ချောင်လည်စေရန် လူထုစားအင်း(ဘေးမဲ့အင်း) များကို ရှာဖွေစားသုံးခွင့်ပြု ပါရန် အသနားခံတင်ပြ အပ်ပါသည်၊………၂၇.၉.၂၀၁၁ နေကတည်က တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံးကိုစာတင်ထားတာ ထိနေထိ ဆောင်ရွက်ပေးခြင်းမရှိလို့ ပြည်သူတွေ စားဝတ်နေရေးဒုက္ခရောက်နေ ပါသည်။

 

4 comments

  • သားဦး၊မြေးဦး

    June 19, 2012 at 6:51 pm

    ပန်းတနော် ကအင်းလေလံ ကိစ္စ သမ္မတကြီး ဆီရောက်ပါစေဗျား။
    အသနားခံစား ဖြစ်နေတယ်နော် ကိုကမ်းမင်းရေ။

  • Thel Nu Aye

    June 19, 2012 at 9:44 pm

    သက်ဆိုင်သူများသိရှိကာ အလျှင်အမြန်ဆောင်ရွက်အဆင်ပြေနိုင်ပါစေ။

  • ကိုရင်စည်သူ

    June 19, 2012 at 9:50 pm

    မှန်ကန် သင့်မြတ်လှကြောင်းပါ……… ဖလာ့….. 🙂

  • cum min

    June 20, 2012 at 2:06 pm

    ဟုတ်တယ် သူတို့ကအသနားခံစာတင်ထားတာ တဲံ

Leave a Reply