မှတ်မှတ်ရရ ဇွန်1ရက်နေ့ ည တီဗွီကြည့်ရင်းနဲ့ ည11နာ်ရီကျော်လာတော့ ဗိုက်ကစားလာတယ်

ခေါက်ဆွဲပြုတ်စားရမှာလဲပျင်းတော့ ရေခဲသေတ္တာကိုဖွင့်မိတယ် အလွယ်စားလို့ရတာဘာရှိလဲပေါ့

ဟော… တွေ့ပါပြီ ပေါင်းမုန့် 4ချပ်

ထပ်ရှာလိုက်တော့ စိန်တစ်လုံးသရက်သီးအမှည့်တွေ

ဒါဆိုရင်တော့ အစဉ်ပြေသွားပြီပေါ့

သရက်သီးတစ်လုံးကိုယူ ခွဲပြီးပုဂံထည်ကိုထဲ့

ပေါင်းမုန့်4ချပ်ယူပြီး တီဗွီရှေ့ကို ပြန်လာ ကြည့်ရင်နဲ့ စားမယ်ပေါ့

ပေါင်မုန့်နဲ့ သရက်သီး တွဲပြီးစားလိုက်တာပေါ့

စားနေရင်းနဲ့ ပါးစပ်ထည်မှာ ေရေနံဆီ အနံ့လိုရတယ် အိမ်မှာလဲ ရေနံ့ဆီ

မရှိပါဘူး သရက်သီးကလားလို့ရှုကြည့်လိုက်တော့ မဟုတ်ဘူး

ပေါင်မုန့်ကအနံ့ရသလိုပဲ

ပေါင်မုန့်မှိုတက်နေလားလို့ ကြည့်တော့လည်း မှိုမတွေဘူး

သေချာအောင်နောက်တစ်ချပ်နဲ့ သရက်သီးဆက်စားလိုက်တယ်

အနံ့ကို သုသေတနပြုရင်းနဲ့ 3ချပ်ကုန်သွားတယ်

သေချာသွားပြီ ပေါင်မုန့်က ရတဲ့ အနံ့ ပါးစပ်မှာတောင်စွဲနေတယ်

ကျန်နေတဲ့ပေါင်မုန့် 1ချပ်ကို အမှိုက်ပုံထည်ထဲ့

အနံ့ပျောက်သွားအောင် သွားတိုက်မျက်နှာသစ် အလုပ်များသွားတယ်

တီဗွီကြည့်ချင်စိတ်ပါပျောက်သွားတယ် အချိန်ကြည့်လိုက်တော့ 12နာရီထိုးနေပြီ

နောက်နေ့လည်း နေ့တစ်ဝက် ရုံးတက်ရအုံးမှာဆိုတော့ အိပ်ယာထည်ပဲဝင်လိုက်တော့တယ်

2း30 လောက်ကျတော့ ဗိုက်အရမ်းနာလို့ လန့်နိုးလာတယ်

ပြီးတော့ ရင်ထဲမှာလည်း အော်ဂလီဆန်ပြီး အန်ချင်သလိုကြီးဖြစ်လာတယ်

ဝမ်းလဲသွားချင် အန်လဲအန်ချင် ဘာကို အရင်လုပ်ရမှန်းတောင်မသိတော့ဘူး

ဒါနဲပဲ အန်ချင်တာကိုအောင့်ထားပြီး အိမ်သာအရင်တက် ပြီတာနဲ့အန်

ရေငတ်တော့ ရေသောက် အခန်းထဲတောင်ပြန်မရောက်ဘူး ဝမ်ထက်သွား

ပြီးတော့အန် အန်တိုင်းမှာလဲ ရေနံ့ဆီလို အနံ့ကြီးကပြန်ရနေ

ငါးခေါက်လောက်အန်တာနဲ့ ဝမ်းသွားပြီးတော့ မဖြစ်တော့ဘူးဆိုပြီ ဆေးဘီဒိုထဲမှာ ဓာတ်ဆားထုပ်ရှာ

သီစုံပဲရှိတယ် ရှိတာပဲဖျော်သောက်

ဖြစ်ချင်တော့ အိမ်မှာလဲ ခါးနာနေလို့ တရုပ်အပ်စိုက်ပြီး

အိပ်ယာထည်မှာ မထနိုင်တဲ့ အမေပဲရှိတယ် ကိုယ့်ကို လုပ်ပေးမဲ့သူ ဘယ်သူမှမရှိ ဘူး

သွေးပေါင်ချိန်စက်ရှာ သွေးပေါင်ချိန်ကြည့်တော့ 100/60 ရှိသေးတယ်

အရမ်းမဆိုသေးဘူးပေါ့ အသွား နဲ့ အန်တာကတော့ မရပ်သေးဘူး

ဦးအေးမြင့်သွေးဆေးလျှတ်စား ဖျော်သောက်

သောက်ပြီးတာနဲ့အန်တာနဲ့ ဝမ်းသွားတာ ဆက်တိုက် ဗိုက်ကလည်း အရမ်းအောက်

အချိန်ကြည့်လိုက်တော့ 4း30ကျော်နေပြီ လူလည် ပျော့နေပြီ ခြေတွေလက်တွေတောင်ကျင်နေပြီ အမေကလည်း သူ့ခန်းထည်ကနေ

စိတ်မကောင်းဖြစ်နေတယ် သူလည်းကျမကို ဘာမှ မလုပ်ပေးနိုင်လို့တဲ့

ကျမကလည်း သူများတွေ အကူအညီတောင်ဘို့ စောနေသေးတော့ အားနာ

5နာရီ ထိုးတော့ အောက်ထက်ကအခန်းကို ဖုံးဆက် ဆေးရုံလိုက်ပေးဖို့ ပေါ့

သူတို့ကလည်း လိုက်ပို့ပေးပါ့မယ်ပေါ့ နောက်ကြည့်မြင်တိုင်က သူငယ်ချင်းကို သတိရပြီး

သူတို့ဆီကို ဖုံးဆက် သူတို့ကလည်း သူတို့ကားနဲ့ ထွက်ခဲ့မယ်တဲ့

အားတော့ နည်းနည်းရှိသွားတာပေါ့ ဆေးရုံရောက်ရင်တော့ မသေနိုင်တော့ဘူး

ပိုက်ဆံအိတ် ထဲကို ပိုက်ဆံနဲ့ တစ်ခြားလိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေထဲ့

အဝတ်အိတ် တစ်လုံးထဲကို အဝတ်အစားတွေနဲ့ စောင်တွေကို ထဲ့

ဗိုက်နာတာကို အံကြိတ်ခံပြီး လုပ်နေရတယ် 2နာရီ အတွင်းမှာ အန်တာနဲ့ သွားတာ

10ကြိမ်မကတော့ဘူး တိုက်ပေါ်ကနေဆင်းဖို့လုပ်တော့ ပိုက်ဆံအိတ်ကလွဲပြီးဘာမှ

မသယ်နိုင်တော့ဘူး တိုက်အောက်ကို ရောက်အောင်တောင် မနည်းဆင်းခဲ့ရတယ်

အောက်ရောက်တော့ သူငယ်ချင်းကားရောက်လာတယ် နီးနီးနားနား မဟာမြိုင်ဆေးခန်းပဲ

ပို့ပေးလို့ပြောလိုက်တယ် ဆေးခန်းရောက်တော့ ဆေးရုံတက်ရမယ်တဲ့

တစ်ရက် ထည်မှာ ဝမ်းအခါ20လောက်သွားတာကော အစိမ်းရောင် ဝမ်းသွားတာကော

ကြုံဘူးလိုက်တယ်

အတိုချုပ်လိုက်ရင်တော့ ဆေးရုံမှာ 3ညအိပ် 4ရက်နေလိုက်ရတယ် နေပြန်ကောင်းတဲ့ အထိ ဆေးဖိုး နဲထွေထွေ 3သိန်းလောက်ကုန်သွားပါတယ်

ဒါတောင် ရုံးက ခွင့်7ရက်စာ $100 ထဲ့မပေါင်းရသေးဘူး

အော်…. အစားမတော့ တစ်လုပ်ပါလား..

နိုဗွီစားခဲ့မိတဲ့ 3သိန်းတန်ပေါင်မုန့်နဲ့ သရက်သီး ရယ် အတော်လည်းကြေးကြီးပါလာနော်

 

 

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011