3သိန်းတန်ပေါင်မုန့်နဲ့ သရက်သီး

NovyJune 19, 20121min27438

မှတ်မှတ်ရရ ဇွန်1ရက်နေ့ ည တီဗွီကြည့်ရင်းနဲ့ ည11နာ်ရီကျော်လာတော့ ဗိုက်ကစားလာတယ်

ခေါက်ဆွဲပြုတ်စားရမှာလဲပျင်းတော့ ရေခဲသေတ္တာကိုဖွင့်မိတယ် အလွယ်စားလို့ရတာဘာရှိလဲပေါ့

ဟော… တွေ့ပါပြီ ပေါင်းမုန့် 4ချပ်

ထပ်ရှာလိုက်တော့ စိန်တစ်လုံးသရက်သီးအမှည့်တွေ

ဒါဆိုရင်တော့ အစဉ်ပြေသွားပြီပေါ့

သရက်သီးတစ်လုံးကိုယူ ခွဲပြီးပုဂံထည်ကိုထဲ့

ပေါင်းမုန့်4ချပ်ယူပြီး တီဗွီရှေ့ကို ပြန်လာ ကြည့်ရင်နဲ့ စားမယ်ပေါ့

ပေါင်မုန့်နဲ့ သရက်သီး တွဲပြီးစားလိုက်တာပေါ့

စားနေရင်းနဲ့ ပါးစပ်ထည်မှာ ေရေနံဆီ အနံ့လိုရတယ် အိမ်မှာလဲ ရေနံ့ဆီ

မရှိပါဘူး သရက်သီးကလားလို့ရှုကြည့်လိုက်တော့ မဟုတ်ဘူး

ပေါင်မုန့်ကအနံ့ရသလိုပဲ

ပေါင်မုန့်မှိုတက်နေလားလို့ ကြည့်တော့လည်း မှိုမတွေဘူး

သေချာအောင်နောက်တစ်ချပ်နဲ့ သရက်သီးဆက်စားလိုက်တယ်

အနံ့ကို သုသေတနပြုရင်းနဲ့ 3ချပ်ကုန်သွားတယ်

သေချာသွားပြီ ပေါင်မုန့်က ရတဲ့ အနံ့ ပါးစပ်မှာတောင်စွဲနေတယ်

ကျန်နေတဲ့ပေါင်မုန့် 1ချပ်ကို အမှိုက်ပုံထည်ထဲ့

အနံ့ပျောက်သွားအောင် သွားတိုက်မျက်နှာသစ် အလုပ်များသွားတယ်

တီဗွီကြည့်ချင်စိတ်ပါပျောက်သွားတယ် အချိန်ကြည့်လိုက်တော့ 12နာရီထိုးနေပြီ

နောက်နေ့လည်း နေ့တစ်ဝက် ရုံးတက်ရအုံးမှာဆိုတော့ အိပ်ယာထည်ပဲဝင်လိုက်တော့တယ်

2း30 လောက်ကျတော့ ဗိုက်အရမ်းနာလို့ လန့်နိုးလာတယ်

ပြီးတော့ ရင်ထဲမှာလည်း အော်ဂလီဆန်ပြီး အန်ချင်သလိုကြီးဖြစ်လာတယ်

ဝမ်းလဲသွားချင် အန်လဲအန်ချင် ဘာကို အရင်လုပ်ရမှန်းတောင်မသိတော့ဘူး

ဒါနဲပဲ အန်ချင်တာကိုအောင့်ထားပြီး အိမ်သာအရင်တက် ပြီတာနဲ့အန်

ရေငတ်တော့ ရေသောက် အခန်းထဲတောင်ပြန်မရောက်ဘူး ဝမ်ထက်သွား

ပြီးတော့အန် အန်တိုင်းမှာလဲ ရေနံ့ဆီလို အနံ့ကြီးကပြန်ရနေ

ငါးခေါက်လောက်အန်တာနဲ့ ဝမ်းသွားပြီးတော့ မဖြစ်တော့ဘူးဆိုပြီ ဆေးဘီဒိုထဲမှာ ဓာတ်ဆားထုပ်ရှာ

သီစုံပဲရှိတယ် ရှိတာပဲဖျော်သောက်

ဖြစ်ချင်တော့ အိမ်မှာလဲ ခါးနာနေလို့ တရုပ်အပ်စိုက်ပြီး

အိပ်ယာထည်မှာ မထနိုင်တဲ့ အမေပဲရှိတယ် ကိုယ့်ကို လုပ်ပေးမဲ့သူ ဘယ်သူမှမရှိ ဘူး

သွေးပေါင်ချိန်စက်ရှာ သွေးပေါင်ချိန်ကြည့်တော့ 100/60 ရှိသေးတယ်

အရမ်းမဆိုသေးဘူးပေါ့ အသွား နဲ့ အန်တာကတော့ မရပ်သေးဘူး

ဦးအေးမြင့်သွေးဆေးလျှတ်စား ဖျော်သောက်

သောက်ပြီးတာနဲ့အန်တာနဲ့ ဝမ်းသွားတာ ဆက်တိုက် ဗိုက်ကလည်း အရမ်းအောက်

အချိန်ကြည့်လိုက်တော့ 4း30ကျော်နေပြီ လူလည် ပျော့နေပြီ ခြေတွေလက်တွေတောင်ကျင်နေပြီ အမေကလည်း သူ့ခန်းထည်ကနေ

စိတ်မကောင်းဖြစ်နေတယ် သူလည်းကျမကို ဘာမှ မလုပ်ပေးနိုင်လို့တဲ့

ကျမကလည်း သူများတွေ အကူအညီတောင်ဘို့ စောနေသေးတော့ အားနာ

5နာရီ ထိုးတော့ အောက်ထက်ကအခန်းကို ဖုံးဆက် ဆေးရုံလိုက်ပေးဖို့ ပေါ့

သူတို့ကလည်း လိုက်ပို့ပေးပါ့မယ်ပေါ့ နောက်ကြည့်မြင်တိုင်က သူငယ်ချင်းကို သတိရပြီး

သူတို့ဆီကို ဖုံးဆက် သူတို့ကလည်း သူတို့ကားနဲ့ ထွက်ခဲ့မယ်တဲ့

အားတော့ နည်းနည်းရှိသွားတာပေါ့ ဆေးရုံရောက်ရင်တော့ မသေနိုင်တော့ဘူး

ပိုက်ဆံအိတ် ထဲကို ပိုက်ဆံနဲ့ တစ်ခြားလိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေထဲ့

အဝတ်အိတ် တစ်လုံးထဲကို အဝတ်အစားတွေနဲ့ စောင်တွေကို ထဲ့

ဗိုက်နာတာကို အံကြိတ်ခံပြီး လုပ်နေရတယ် 2နာရီ အတွင်းမှာ အန်တာနဲ့ သွားတာ

10ကြိမ်မကတော့ဘူး တိုက်ပေါ်ကနေဆင်းဖို့လုပ်တော့ ပိုက်ဆံအိတ်ကလွဲပြီးဘာမှ

မသယ်နိုင်တော့ဘူး တိုက်အောက်ကို ရောက်အောင်တောင် မနည်းဆင်းခဲ့ရတယ်

အောက်ရောက်တော့ သူငယ်ချင်းကားရောက်လာတယ် နီးနီးနားနား မဟာမြိုင်ဆေးခန်းပဲ

ပို့ပေးလို့ပြောလိုက်တယ် ဆေးခန်းရောက်တော့ ဆေးရုံတက်ရမယ်တဲ့

တစ်ရက် ထည်မှာ ဝမ်းအခါ20လောက်သွားတာကော အစိမ်းရောင် ဝမ်းသွားတာကော

ကြုံဘူးလိုက်တယ်

အတိုချုပ်လိုက်ရင်တော့ ဆေးရုံမှာ 3ညအိပ် 4ရက်နေလိုက်ရတယ် နေပြန်ကောင်းတဲ့ အထိ ဆေးဖိုး နဲထွေထွေ 3သိန်းလောက်ကုန်သွားပါတယ်

ဒါတောင် ရုံးက ခွင့်7ရက်စာ $100 ထဲ့မပေါင်းရသေးဘူး

အော်…. အစားမတော့ တစ်လုပ်ပါလား..

နိုဗွီစားခဲ့မိတဲ့ 3သိန်းတန်ပေါင်မုန့်နဲ့ သရက်သီး ရယ် အတော်လည်းကြေးကြီးပါလာနော်

 

 

38 comments

  • weiwei

    June 19, 2012 at 3:35 pm

    ပေါင်မုန့်က ဘာတံဆိပ်လဲဟင် …

    • Novy

      June 19, 2012 at 4:09 pm

      မဝေရေ..
      ပေါင်မုန့်ကတော့ အခါတိုင်းလဲစားနေကျတံဆိပ်ပါ
      အင်္ဂလိပ် နံမည်နဲ့
      ရက်လွန်သွားလို့လဲဖြစ်နိုင်တယ်
      အဲဒီ့ဆိုင်က အဲဒီ့တံဆိပ်ကို ထက်ဝယ်ပြီး
      စမ်းသပ်ပြီးမှပဲ တံဆိပ်ပြောတော့မယ်

      • Azzurri

        June 19, 2012 at 4:12 pm

        ဂျာ … ထပ်ဝယ် စမ်းသပ်ဦးမယ်…
        ဖယား ဖယား..

        • Novy

          June 19, 2012 at 4:18 pm

          ကိုကိုဖားရယ် မလန့်ပါနဲ့
          ဒီတစ်တော့ ရက်လွန်အောင်ထားပြီး
          အနံ့နဲ့ပဲ စမ်းသပ်မှာပါ
          မစားတော့ပါဘူး ပေါင်းမုန့်ဆိုရင် ကြောက်လွန်းလို့

  • cum min

    June 19, 2012 at 3:54 pm

    ဘာ…3သိန်း…ဟုတ်လာ…….3သိန်းမပြောနဲ့…သှးဂျီးဆီက1ဆယ်တောင်မနဲတောင်းနေရတယ်…..ဟ

  • marblecommet

    June 19, 2012 at 4:01 pm

    မနိုရယ်….
    ရေနံဆီနံ့နံနေတာတောင်
    တတိယမြောက် ပေါင်မုန့်ကို
    ကုန်အောင်တွယ်လိုက်ရသေးတယ်လို့..
    တော်ပါသေးရဲ့..စတုတ္တမြောက်ပေါင်မုန့်ကိုသာ
    အမှိုက်ပုံးထဲ မထည့်ဘဲ ထပ်တွယ်မယ်ဆိုရင်
    လေးသိန်းထွေထွေလား……
    ဘာလား..ညာလား…
    စိုးရိမ်ဈာဂျီးဗျာ……

    • Novy

      June 19, 2012 at 4:13 pm

      ပြောပါတော့ ကိုကမ်းရယ်
      ဖြစ်ချင်လွန်းလို့ ကျမ္မာငင်တာလေ
      မနိုလောက်အစားဂျီးများတဲ့ လူက အဲဒီ့ပေါင်မုန့်ကို အရုံခံရင်းနဲ့ စားလိုက်မိတယ်

      • marblecommet

        June 19, 2012 at 5:17 pm

        ပေါင်မုန့်ထောပတ်သုတ်နေရာမှာ
        မနိုက ပေါင်မုန့် စိန်တလုံး ညှပ် ဆိုတဲ့ ဖုဒ်တစ်ခု
        တီထွင်တာ တော်တော်ရင်းလိုက်ရသကိုး….

  • Nyein Nyein

    June 19, 2012 at 4:12 pm

    မနိုရယ် တော်သေးတာပေါ့ အကုန်မစားလိုက်တာ။ ပေါင်မုန့်နဲ့ သရက်သီးက မတည့်လို့လားဟင်။ ဒါမှမဟုတ် အဲဒီ့မတိုင်ခင် စားထားတာတွေနဲ့ မတည့်တာများလားမသိဘူးနော်။ ဘာပဲပြောပြော အချိန်မီကုလိုက်ရလို့တော်သေးတာပေါ့။ ကျန်းမာရေးကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    • Novy

      June 19, 2012 at 4:22 pm

      ငြိမ်းငြိမ်းရေ
      ပုံမှန်ဆိုရင်တော့ သရက်သီးနဲ့ ပေါင်မုန့်က မတည့်စရာတော့ မရှိပါဘူး
      ဆုတောင်းပေးလို့လည်းကျေးဇူးပါ ၊

  • Ma Ei

    June 19, 2012 at 4:20 pm

    နိုဗွီရေ…
    တီဗွီကြည့်ရင်းစားတာမို့ သတိကောင်းကောင်းမထားလိုက်မိတာဖြစ်မယ်…
    ကံကောင်းလို့ပါလားနော်…အစားမတော် 3 ချပ်ဖြစ်သွားပြီ…
    ဆေးရုံမှာ 3ညအိပ် 4ရက်နေလိုက်ရတယ် ဆိုတော့
    အမေ့အတွက်လဲ စိတ်ပူမိပါတယ်…

  • Shwe Tike Soe

    June 19, 2012 at 4:29 pm

    အော်မနို ပျောက်နေပါတယ်အောက်မေ့တယ် ပန်းကမာ္ဘထဲ မှာ အဝဲလယ်လယ်ဖြစ်နေတာကိုး……. အော်သရက်သီးနဲ. ဈေးကြီးလိုက်ထာနော်…….. ၃သိန်းတောင်……
    ဒါများအစ်မရယ် ဖုန်းဆက်ပေါ့လို. လာကူညီမှာပေါ့ဗျာ……. တော်သေးတာပေါ့ ဖုပွိုင်ဇင် မဖြစ်လို.
    အခုတော့ ပို.စ်တင်နိုင်သွားပီပေါ့နော်………….

    သိပ်ချစ်သွားပြီး နောင်းဟောင်းရယ် မဟုတ်တော့ဘူး…. မနိုဗွီက သိပ်ချစ်သွားပြီး သရက်သီးရယ်…….. ပေါ့နော်……… 😀
    ဒီပို.စ်ကလဲ သုံးသိန်းတန်တာပေါ့နော်………. သူကြီးဆီတောင်း…
    အခုတော့ လာထား ၁ဝ ရော့မနို ၂ကျပ်…. ခစ်ခစ်ခစ်

  • etone

    June 19, 2012 at 4:31 pm

    ဖြစ်မှဖြစ်ရလေ မနိုဗွီရယ် … ။ ကြားရတာ စိတ်မကောင်းလိုက်တာ …
    တော်သေးတာပေါ့ ……ဒီလောက်ပဲဖြစ်ပြီး ပြန်ကောင်းလာလို့ … ။
    ဝမ်းသွားတာက အရမ်းအားယုတ်တာ …။ အန်တာနဲ့ ဝမ်းသွားနေတာက ..အစာအိမ်ခြေနေကြောင့် ဆက်စပ်နေလို့ … တပြိုင်နက်ဖြစ်တဲ့အခါ .. အရမ်း ခံရခက်ပါတယ် … ။
    အိမ်မှာ လူမရှိတဲ့အခါ ပိုလို့တောင် ဒုက္ခရောက်သေးတယ် … ။ ဒီလောက်ပဲဖြစ်သွားတာ … ကံကောင်းတယ်လို့ပဲ မှတ်ရတော့မယ် အစ်မရေ … ။ပေါင်မုန့်ကြောင့်လည်း ဖြစ်နိုင်သလို … သရက်သီးကြောင့်လည်း ဖြစ် နိုင်တယ်ထင်တယ် … ။ ပေါင်မုန့်ကလည်း ကြာရှည်ခံအောင် ဆေးတွေ သုံးထားမယ် …. သရက်သီးကလည်း အမှည့်လွယ်အောင် ဆေးတို့ထားမယ်ဆိုလျှင် နှစ်ခုပေါင်းလို့ ဒြပ်ပြုမိတဲ့အခါ … ဒီလိုများဖြစ်တတ်သလားပဲ … ။ သေချာတော့ မသိပါဘူး မှန်း ကြည့်တာပါ …. ။

    သူငယ်ချင်းတယောက်ရဲ့ အဒေါ်ဆို … တညလုံး ဝမ်းသွားတာ အခါ သုံးဆယ်နီးပါးတဲ့ … သူ့ခမျာ အိမ်သာထဲမှာတောင် ခုံယူပြီး ထိုင်နေရတဲ့ အဖြစ်ဆိုပဲ … ။ သူကတော့ အန်တာ တခါ နှစ်ခါလောက်ပဲ အန်တယ် … ။ နောက်နေ့ကျတော့ လူကမျော့ပြီး ဆရာဝန်အိမ်ပင့်ပြီး ဆေးသွင်းလိုက်ရတော့တယ်တဲ့ … ။ အခုလို မိုးရာသီမှာ အစားသောက်ကတော့ အတော်လေး ဂရုစိုက်ရတော့မယ်နော် ….။ သတိထားပြီးမှတ်သားစရာ ကိုယ်တွေ့ ပို့စ်လေးမို့ လက်မထောင်ပြီး အားပေးပါတယ် ။ 🙂

  • mocho

    June 19, 2012 at 4:35 pm

    မနိုရေ
    မနို ကိုယ် တိုင် မို့ လို့ တော် သေးတယ် ပြောရ မှာပေါ့။ လူကြီးဖြစ်တဲ့ အမေနဲ့ ကလေးဖြစ်တဲ့ သမီး လေး သာဆို ပို ခံ ရလိမ့် မယ်။ ပြောသာပြော ပါ ၊ ကျမလည်း အစားမတော် တလုပ် ဆိုတဲ့ အတိုင်း သေလုနီးပါး ကြုံ ဖူးတယ်။

    • Novy

      June 20, 2012 at 11:07 am

      Ma Ei @
      မနို့မေမေကို စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါ
      နောက်နေ့ ရောက်တော့ မနိုအကိုကြီးနဲ့ ညီမဝမ်းကွဲတွေက
      မေမေ့ကို တိုင်းရင်းဆေးရုံတင်ပေးပါတယ်

      တိုက်တိုက်@
      မနိုထင်တာတော့ ပေါင်မုန့်က ဈေးကြီးတယ်ထင်တာပဲ
      ကူညီမယ်ပြောလို့ အားရှိမိပါရဲ့ရှင်

      အိတုံ@
      အိမ်မှာ လူမရှိတဲ့ကြားထဲ အချိန်ကလည်း ညဘက်ဖြစ်တော့
      အတော်လေးကို ဒုက္ခရောက်ရပါတယ်
      ရွာသူားတွေလည်း အစားအသောက် စဉ်ချင်ရအောင် လို့ပါ

      မိုချို@
      သမီးအိမ်မှာရှိရင် ပေါင်မုန့်က သူစားနေကျ
      အိမ်မှာ သူမရှိတာပဲကျေးဇူးတင်ရမယ်

  • အောင်မယ်လေးလေး
    မသေလု့ိပြန်တွေ့ရသေး
    အစားမက်တဲ့ မနိုဗွီလေးရေ။
    ကျနော်တို့လဲခံရဘူးတယ်။
    တစ်ခုသောနှစ်သစ်ကူးနေ့။
    ဟောင်ကောင်ကလက်ဆောင် ပေးလိုက်တဲ့ကြက်သားသုတ်ဘူးကို
    ဘီဘီ ရယ် ဝီရယ်တွဲမြည်းလိုက်ကြတာ
    ပန်းကိုကို တွေဖြစ်လို့ဆေးခန်းပြေးရတော့တာပေါ့။
    ကြာပြီဆိုတော့ ဘယ်လောက်ကုန်ခဲ့တာ မမှတ်မိတော့ဘူး။

  • pan pan

    June 19, 2012 at 4:36 pm

    ဂရုစိုက်ပါအစ်မရေ့
    ဗိုက်ဆာနေတော့လည်း ခက်သားကလား
    ရေနံဆီနံ့ရလည်း ဆာတော့စားဝင်သွားတာကိုး
    ပြီးတော့ သရက်သီးပါတွဲလိုက်တော့ ဘာပြောကောင်းမလဲ 😀
    အစ်မနိုဗွီဖြစ်ခဲ့တာ အစာအဆိပ်သင့်တာနဲ့တူတယ်
    ပန်ပန်တို့ရုံးက ဂျာကြီးဖြစ်တာနဲ့ ကွက်တိပဲ
    သူဆိုဝမ်းစိမ်းစိမ်းတွေသွားတာ ၂ရက်ဆက်တိုက်
    လူကဝဝမို့သာတော်တော့တယ်
    နို့ ပရုပ်လုံးဖြစ်ပြီး ပိစိလေးဖြစ်တာကြာလှပေ့ါ :mrgreen:

  • Khin Kha

    June 19, 2012 at 4:46 pm

    မနိုဗွီရဲ့ ၃ညအိပ် ၄ရက်ခရီးက အကုန်အကျများသလိုဘဲနော်။
    အခြားစားခဲ့တာတွေနဲ့လည်း ရောသမမွှေသွားတာလည်းဖြစ်နိုင်မလား မသိဘူးနော်။
    ထပ်တော့မစမ်းလိုက်ပါနဲ့ နောက်တခါလာပြန်ချီသေး ဖြစ်နေမှ ဟုတ်ပေ့နေအုံးမယ်။

  • နွယ်ပင်

    June 19, 2012 at 4:53 pm

    မနိုရေ ဒါတောင် (3) ချပ်ပဲ စားလိုက်မိလို့နော်
    (4) ချပ်လုံးအကုန်သာစားလိုက်ရင်တော့ ပိုဆိုးမလားပဲ …
    ပေါင်မုန့်ကို စမ်းသပ်ပြီးရင်လည်း တံဆိပ်ပြောပြဦးနော် ……..

  • ကြောင်ဝတုတ်

    June 19, 2012 at 5:01 pm

    အဲဒါပဲ… အစားမတော်တစ်လုပ်ဆိုတာ…
    ဒါပေမယ့်အစ်မရယ်… တစ်လုပ် (၃)သိန်းဆိုတာတော့ လွန်လွန်းအားကြီးပါတယ်…
    နောက်ဆို အစားကိုသတိထားစားမှဖြစ်တော့မယ်…အစ်မရေ…
    နေကောင်းကျန်းမာပြီး… စာတွေများများပြန်ရေးနိုင်ပါစေနော်…

    အစားအသောက်ကြိုက်သူ
    ကြောင်ဝတုတ်

  • ဆူး

    June 19, 2012 at 5:04 pm

    ၃သိန်းတန် ပေါင်မုန့် ဆိုလို့ စိတ်ဝင်တစား ဖြစ်မိသွားလို့ ဝင်လာကြည့်တာ.. အစားမတော် တလုပ်ဖြစ်နေတာပဲ.. အဲဒီ ပေါင်မုန့် နောက်ဆုံး တချပ် ကို ဓါတ်ခွဲခန်းပို့ပြီး စစ်သင့်တယ်။

  • မွန်မွန်

    June 19, 2012 at 5:36 pm

    ကံကောင်းလို့ပေါ့ Novy ရယ်။ ညဘက်ကြီး တစ်ယောက်တည်း ဒီလောက်ဖြစ်ခဲ့တာ…ပေါင်မုန့်နဲ့ သရက်သီးနဲ့က မတည့်တာလား…အစာအဆိပ်သင့်တာကလည်း ကြောက်ဖို့ကောင်းတယ်နော်…

  • အရီး Khin Latt

    June 19, 2012 at 5:54 pm

    မနိုရယ် ဖြစ်မှဖြစ်ရလေတယ်။

    ဘာဘဲဖြစ်ဖြစ် ကံကောင်းလို့ ရက်တိုတို လေးနဲ့ ပြန်ကောင်း သွားတယ် လို့ တွေးလိုက်ပါတော့။
    အခုရော နေလို့ လုံးလုံးကောင်း သွားပြီလား။
    အမြန်ဆုံးပြန်ပြီး ကျန်းမာပါစေ လို့ ဆုတောင်းပါတယ်။

    တောက်စ် (မူရင်း – ဂဂ)
    ကင်မ်ချိ တွေ ကြားရင်တော့ ထိုင်ငို ကြတော့ မှာဘဲ။ 😛

  • သားဦး၊မြေးဦး

    June 19, 2012 at 6:06 pm

    တော်သေးတာပေါ့ဗျာ။အစားအစာတွေထဲမှာ ရက်လွန်လို ့ဒီအနံ ့ထွက်တာ အတော်
    ဆန်းသဗျ။ငွေကုန်တာ ပြန်ရှာလို ့ရပါတယ်ဗျာ။တော်သေး၏။

  • htoosan

    June 19, 2012 at 6:36 pm

    ဝိုင်းအားပေးတဲ့ သူတွေကိုပြန်ဖြေဖို့ အားကော ပြန်ပြည့်ပြီလားဟင် … 😀
    ပြန်ဖြေနေရတာနဲ့ အားပြန်လျော့တော့မယ်ထင်တယ် :mrgreen:

  • မောင်ပေ

    June 19, 2012 at 8:38 pm

    မနိုရယ်
    အစ် ဖရွန် အစ် အဲ ဂျင်ဂျာ … ဗျာ
    ကိုပေ စိတ်မချမ်းသာပါဘိ။
    သို ့ပေသည့် ပိုက်ဆံဆိုတာ လူကလုပ်တာမို ့..
    ကျန်းမာရေးအတွက် ကုန်ခဲ့တာတွေကို မေ့လိုက်ပါတော့နော..။
    မနို ကို လက်ဆောင်ပေးမယ်ဆိုရင်တော့ သရက်သီး နဲ ့ပေါင်မုန် ့ရှောင်ရမယ် ဆိုတာ မှတ်လိုက်ပါဘီ။

  • ကိုရင်စည်သူ

    June 19, 2012 at 8:58 pm

    မနိုရေ… ကျနော်လည်း အဲ့လိုဖြစ်ဖူးပါတယ်….
    ပျောက်မလား ပျောက်မလားနဲ့ တစ်ညလုံး အထက်လှန်
    အောက်လျှောဖြစ်ပြီး ကျိတ်ခံနေရင်း မခံနိုင်လို့
    ၂၄ နာရီ ဖွင့်တဲ့ အပြင်ဆေးခန်းကို ပြေးခဲ့ရပါတယ်..
    တော်တော်လေးလည်း ပိုက်ပိုက်ကြွသွားပါတယ်…
    ဆရာဝန်ကတော့
    အစာအဆိပ်သင့်တာတဲ့…
    တိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့မနက်ဆို ကျိုက်ထီးရိုးသွားရမှာပါ။
    ခရီးစဉ်မဖျက်ပဲနဲ့ အံကျိတ်ခံရင်း ဘုရားအရောက်သွားခဲ့ပါတယ်…
    (ဘဝမှာ အမှတ်တရပါ။) တစ်လမ်းလုံး ဘာမှမစားရပါဘူး
    ဓါတ်ဆားရေပဲ သောက်သွားရပါတယ်…
    ဘာလို့ အစာဆိပ်သင့်လဲဆိုတော့… ပေါင်မုန့်ရယ် သရယ်သီးရယ်ကြောင်မဟုတ်ပါဘူး…
    ဘဲဥ.. ရက်လွန်ဘဲဥနဲ့ တခြားအစာနဲ့ရောပြီး အဆိပ်ပေါက်သွားတာပါ….
    ဒါကြောင့် အဲ့နေကစပြီး..
    ဥဆို မုန်းတယ်… ဥဆိုမုန်းတယ်… ဥဆို ဘာဥမှကို မကြည့်ချင်တော့တာ… 🙁 🙁

  • Thel Nu Aye

    June 19, 2012 at 10:02 pm

    မနိုရေကံကောင်းလို့ပါလား။ သရက်သီးကများရော်နေလို့လား။ ကျွန်မအမေလဲ သရက်သီးရက်လွန်စားလိုက် တာဆေးရုံရောက်သွားရောပဲ။ အဲဒီလိုဖြစ်တာတော်တော်ဆိုးပါတယ်။ ရှေးလူကြီးတွေများတယ်မှန်နော်။ အသွားမတော်တလှန်း၊ အစားမတော်တလုပ်တဲ့။ ကံသီပေလို့ပေါ့။

  • မြတ်ကျော်သူ

    June 19, 2012 at 10:24 pm

    တွဲဖက် မစားသင့်သော အစားအစာ စာရင်းထဲမှာ စာရင်း အသစ်တိုးတာပေါ့….

  • ရဲစည်

    June 20, 2012 at 12:33 am

    အဲ့ဒါဂို တယားသဘောနဲ့ ကြည့်ယင် မကောင်းဗူး
    ဘာဖစ်လို့လဲ ဆိုဒေါ့ တချို့ဂ စုတောင်းဒယ်လေ နိတ်ဘန်ကို ယက်တိုတိုနဲ့ ယောက်ယပါဆေ စိုလါး 🙂

    နောက်တာပါ အမရေ ကျနော်လဲ ဖြစ်ဖူးတယ် ကို့ဖာသာကို စပ်ဆော့တာ ဒူးရင်းသီးနဲ့ အာမီရမ် ဘာဖြစ်လဲ မမေးနဲ့ ငရဲပြည်ကို ရက်တိုတိုနဲ့ ရောက်မသွားတာ ကံကောင်း…. ဟေ ဟေ့ 🙁

  • ကြောင်ကြီး

    June 20, 2012 at 8:02 am

    အကြောင်းကြောင့် အကျိုးမဖြစ်သကွဲ့ နိုဗွီသမီးဂလေးရဲ့ ဦးကြောင်ပေါပမယ်နားထောင်…။ အတိတ်ဘဝတခုမှာဒုံးက နိုဗွီဂလေး မန်ကျီးဖျော်ရည်ရောင်းပီး စီးပွားရှာခဲ့လို့ ပျံခန်ရဒါ။ အဂုဒေါ့ အဲဒီအကြွေးကျေသွားဂဲ့ဗီ။ အသေးစိတ်သိဂျင်ရင် aကြာင်ကြီးနဲ့ အပွိုင့်မန့်ယူဗာ။ သနားဂရုဏှာသက်စွာဖြင့် ဗူးကြောင်ကြီး 😎

  • မနိုရေ ပေါင်မုန့်ကြောင့်လို့ပြောလိုက်
    စိန်တစ်လုံးတော့ နာမယ်အပျက်ခံလို့မဖြစ်ဘူးနော်။
    ကျနော်အရမ်းကြုိုက်တဲ့အသီးမို့လို့………………

  • mihninlay

    June 20, 2012 at 10:42 am

    ၃ချပ်သုံးသိန်း နောက်တစ်ချပ်ထပ်စားရင်လေးသိန်းဖြစ်သွားနိုင်တယ်

  • Novy

    June 20, 2012 at 11:26 am

    လေးပေါက်@
    မသေလို့တွေရပေါ့ လေးပေါက်ရယ်
    စိန်တလုံးသရက်သီး က ကြိုက်လွန်းလို့ နေပြည်တော်ကတောင်
    ဘူးလိုက်မှာစားတာ သူ့ကိုလည်း အပြစ်မပြောရက်ပါဘူးရှင်

    ပန်ပန်@
    အစာအဆိပ်သင့်တာဖြစ်နိုင်တယ်
    ဝမ်းစိမ်းသွားတာ ဒီအရွယ်ရောက်နေပြီ
    အခုမှ မြင်ဘူးကြုံဘူတော့တယ်

    ခင်ခ@
    တစ်ခြားအစာတွေကတော့ ပုံမုန်စာနေတဲ့ အတိုင်းပါပဲ
    ပေါင်မုန့်ကြောင့် ဖြစ်နိုင်ချေများတယ်

    နွယ်ပင်@
    ပေါင်မုန့်ကို ရေခဲသေတ္တာထဲ ထဲ့ပြီး စမ်းထားတယ်
    ပြီးရင် ပြောမယ်

    ကြောင်ဝတုတ်@
    အစားမတော် တစ်လုပ်နော်

    ှဆူး@
    စပြီးစမ်းသပ်နေပြီဆူးရေ.

  • Novy

    June 20, 2012 at 11:51 am

    မွန်မွန်@
    သရက်သီးနဲ့ ရက်လွန်ပေါင်မုန့် က
    အစာအဆိပ်ဖြစ်စေတယ်ထင်တယ်

    အရီးလတ်@
    ဆုတောင်းပေးလို့ ကျေးဇူးပါ

    ဦး ဦး @
    ထူးဆန်းမှု့ကို ရှာဖွေနေပါတယ်

    ထူဆန်း@
    အခုတော့ ရှိတဲ့အားလေးနဲ့ဖြေနေပါတယ်

    ကပေ@
    စိန်တလုံးတော့ ပို့လို့ရတယ်နော် 🙂

    ကိုရင်စည်သူ@
    ဇွဲကောင်းလို့ ချီးကျူးပါတယ်
    Dr. P နဲ့ သွားတာလား း-)

    Thel Nu Aye@
    သရက်သီးကတော့ မရော်ဘူး
    ပေါင်မုန့်ကတော့ ရက်လွန်နေတယ်

    မြတ်ကျော်သူ / ရဲစည် @
    တွဲဖက် မစားသင့်သော အစားအစာ
    1. သရက်သီး နဲ့ ရက်လွန်ပေါင်မုန့်
    2. ဒူးရင်းသီးနဲ့ အာမီရမ်
    3.ဟောင်ကောင် ကြက်သားသုတ် နဲ့
    ဘီဘီ ရယ် ဝီရယ်

    ကြောင်ကြီး@
    အပွိုင့်မန့်တော့ မယူပါရစေနဲ့

    mihninlay@
    4သိန်းတော့ မဖြစ်ချင်တော့ပါဘူး

  • Mလုလင်

    June 20, 2012 at 8:41 pm

    ကိုယ်ရေစစ် သွားတာ ပေါ့နော့ ..တီတီ နိုဗီ

Leave a Reply