လက်ဖက်ရည်ကြမ်း(အစိမ်း)အကျိုး

ခင္ခJune 19, 20121min1034

လက်ဖက်ရည်ကြမ်း(အစိမ်း)ကို လူအတော်များများ သောက်ကြပါတယ်။

လက်ဖက်ရည်ဆိုင်ထိုင်းရင်း ရေနွေးကြမ်းခေါ်တဲ့ လက်ဖက်ရည်ကြမ်းကို စကားပြောရင်းသောက်ကြသလို၊ အိမ်တွေမှာလည်း သောက်ကြပါတယ်၊ ကျွန်တော်တို့အညာဖက်မှာတော့ အိမ်ရှေ့ခြံဝင်းထိုင်ရင်း စကားပြောရင်းသောက်ကြတာပေါ့။ လက်ဖက်ရည်ကြမ်းက ဘာတွေအကျိုးပြုလဲ လေ့လာကြည့်တော့ လက်ဖက်ရည်ကြမ်းထဲမှာ တန်နင်း(Tannin)ဆိုတဲ့ ဓာတ်ပါပြီးတော့ ဒီဓာတ်က ကင်ဆာရောဂါကိုကာကွယ်ပေးတယ်တဲ့။ တစ်ရက်ကို လက်ဖက်ရေကြမ်း(၄)ခွက် သောက်ပေးရင် ဒီကင်ဆာဆဲလ်တွေ ဆပွားမှု့မရှိနိုင် တော့ဘူးတဲ့။ ပြီးတော့ လက်ဖက်ရည်ကြမ်းမှာ ဖလိုရင်းပါပါတယ်။ဒီဖလိုရင်းက သွားတွေကို ကြံ့ခိုင်စေပြီး သွားပိုးတွေကိုနှိမ်နင်းနိုင်ပါတယ်။ဒါကြောင့် သွားဆေးခန်းတွေက လက်ဖက်ရည်ကြမ်းနဲ့ ပလုပ်ကျင်းဖို့တိုက်တွန်းကြပါတယ်။ ပြီးတော့ လက်ဖက်ရည်ကြမ်းမှာ ပိုလီဖိနှော(Polyhenol) ပါ ပါတယ်။ဒီဓာတ်က သွေးကြောတွေရဲ့ ကြံ့ခိုင်မှု့အားကို တိုးပွားစေလို့ သွေးကြောမပေါက်ကွဲလွယ်ဘူးပေါ့။ဒါကြောင်မို့ ဦးနှောက်သွေးကြောပေါက်တဲ့ ရောဂါကကင်းဝေးနိုင်ပါတယ်။တစ်ချို့က လက်ဖက်ရည်ကြမ်းသောက်လို့ အိပ်မပျော်တာ ရှိရင်တော့ အိပ်ခါနီးရှောင်သောက်ပါ။

ဒါကြောင့်လက်ဖက်ရည်ကြမ်းသောက်ရင်(၁)ကင်ဆာရောဂါကာကွယ်နိုင်တယ်၊ (၂)သွားတွေကြံ့ခိုင်နိုင်တယ်၊ (၃)ဦးနှေင့်သွေးကြောမပေါက်လွယ်ဘူး လို့တွေ့ရပါတယ်။

ကျွန်တော် သဘာဝရေ နဲ့ သောက်ရေသန့် အကြောင်းရေးခဲ့ဘူးပါတယ်။အဲဒီတော့ တစ်ချို့က ရေနွေးကြမ်း(လက်ဖက်ရည်ကြမ်း)သောက်ရင်ကောလို့ မေးလာကြလို့ လေ့လာဖတ်ပြီး မျှဝေလိုက်တာပါ။ အထက်ပါဖော်ပြချက်ကို ပေကျင်းက သမားတော် ပါမောက္ခ ဟုန်ကျောက်ကွမ်းရဲ့  အကောင်းဆုံးသောက်စရာ စာစုထဲကကောက်နုတ်တင်ပြတာပါ။

ကျန်းမာကြပါစေ။

ကိုခင်ခ။

4 comments

  • သားဦး၊မြေးဦး

    June 19, 2012 at 6:53 pm

    မှားတတ်လွန်း၍ ကိုခင်ခဟု ဖော်ပြထားရလေ၏။
    လက်ဖက် ကောင်းကျိုးတွေက ပြော၍မကုန်ပါ၊
    သို ့သော် စံပယ်၊ကောက်ညှင်းရနံ ့ထည့်သွင်းထား
    သော လက်ဖက်များ မကောင်း ပါ။

  • မောင်ပေ

    June 19, 2012 at 9:06 pm

    ဘီယာမသောက်ဖြစ်တဲ့ ၊ ဘီယာရှောင်တဲ့ နေ ့တွေမှာဆို
    လဘက်ခြောက် /အဖန်ခြောက် ခတ်ထားတဲ့ ရေနွေးကရားတစ်အိုးရယ်
    ဆေးပေါ့လိပ်တစ်လိပ်ရယ် နဲ ့
    ရာသီပေါ် အမြည်းလေးတွေ က ၊ အကောင်းဆုံး စိတ်ကူးယဉ်စရာ အထောက်အပံ့တွေ သာပ။

  • Thel Nu Aye

    June 19, 2012 at 9:28 pm

    အပန်းမကြီးပဲ အကျိုးများနိုင်တာမို့ သေချာမှတ်သားသွားပါတယ်။ ကျေးဇူးပါ။

  • may flowers

    June 19, 2012 at 9:51 pm

    ခက်တာက ခုဈေးကွက်မှာရောင်းတန်းလက်ဖက်ခြောက်တွေ တော်တော်များများက မှိုတွေကပ်နေတာမို့ ကောင်းကျိုးထက်

    ဆိုးကျိုးတွေလည်းရှိနိုင်တာမို့ သန့်ရှင်းလတ်ဆတ်တဲ့လက်ဖက်ခြောက်တွေကို ရွေးချယ်သောက်သုံးနိုင်ရင် ပိုကောင်းပါတယ်

    ဆရာလုပ်တာဟုတ်ဘူးနော်………စေတနာနဲ့ပါ။

Leave a Reply