၁ကျပ် ဘယ်ရောက်သွားတာလဲ???

အဖြစ်ကတော့ ဒီလိုပါခင်ဗျာ…

တစ်နေ့ မှာ ရန်ကုန်သားလူရိုးလေး ကို ဖွေးဖွေး နဲ့ မိုးယုစံ တို့က Sedona မှာသွားစားကြမယ် (မုန့်ကိုပြောတာနော်…) ဆိုပြီး အတင်းလာခေါ်လို့ အားနာနာ နဲ့ လိုက်သွားခဲ့ရပါတယ်။  စားပြီးလို့ ပိုက်ဆံရှင်းတော့ ၇၅ကျပ်(FEC နော်) ကျပါတယ်။ အဲဒီမှာ ဖွေးဖွေး နဲ့ မိုးယုစံ က ရန်ကုန်သားလူရိုးလေး ကို သူကျွေးမယ် ငါကျွေးမယ်ဆိုပြီး (ရှင်းရပြန်ပြီ…မုန့်နော်…မုန့်…) ငြင်းနေကြတာ နဲ့ တစ်ယောက် ၂၅ကျပ် စီ သုံးယောက် အတူတူ ရှင်းမယ်လို့  ရန်ကုန်သားလေးက ဆုံးဖြတ်ပေးလိုက် ပါတယ်။ သိပ်မကျေနပ် ပေမဲ့လည်း ရန်ကုန်သားလေး ရဲ့ စကားကို မလွန်ဆန်နိုင်ကြတာကြောင့် (သည်းခံဖတ်ပေါ့ဗျာ…ဟဲ…ဟဲ…)  ပိုက်ဆံကို ၂၅ကျပ် စီ သုံးယောက် အတူတူ ရှင်းလိုက်ကြပါတယ်။ ပြသနာကအဲဒီမှစဒါဘဲ။ Promotion  ကာလမို့လို့ ဟော်တယ်က ၅ကျပ်လျော့ပေးပါတယ်။ စားပွဲထိုးလေးက ပိုက်ဆံပြန်လာပေးတော့ ၅ကျပ်ဆို သုံးယောက်ခွဲလို့မရလို့ စားပွဲထိုးလေးကို ၂ကျပ်ပေးလိုက်ပြီး တစ်ယောက် ၁ကျပ်စီ ခွဲယူလိုက်ကြပါတယ်။ အဲဒီတော့တစ်ယောက်ကို ၂၄ကျပ်ကျပါတယ်။ ဆိုင်ကိုပေးလိုက်တာ စုစုပေါင်း ၇၅ကျပ်ပါ။ တစ်ယောက်ကို ၂၄ကျပ်ကျတော့ သုံးယောက်ဆိုတော့  ၂၄x၃=၇၂ ကျပ်  ကျပါတယ်။ စားပွဲထိုးလေးဆီက ၂ကျပ်နဲ့ပေါင်းရင် ၇၄ကျပ်ပါ။   ဆိုတော့ကာ ၁ကျပ်ဘယ်ရောက်သွားပါသလဲခင်ဗျာ…

16 comments

  • water-melon

    June 19, 2012 at 6:05 pm

    ဟဲ့ ဟဲ့ နာယူတာမဟုတ်ဘူး
    ဗိုက်ကလေးမေးကြည့်
    ဘီအီးဖိုးမရှိလို့ ကစ်သွားတယ်ထင်တယ်

  • သားဦး၊မြေးဦး

    June 19, 2012 at 6:56 pm

    ဗားရှင်းပြောင်းပြီး ရန်ကုန်သား သားယူထားတာပေါ့။
    တစ်ကျပ်က ဘယ်သူယူသလဲဆိုတော့.
    ကျနော် ယူသွားတာ။အိမ်က ကလေးတွေကို ပြမလို ့။
    ဟီးးးးးးးးး

  • ko win

    June 19, 2012 at 7:14 pm

    ရန်ကုန်သား လူလိမ် အဲလေ လူလည်၊ လူလည်ရန်ကုန်သား။ စုစုပေါင်းပေးငွေ ၇၂ကျပ်ဘဲကျတာကိုများ ရှုပ်အောင်လျှောက်ရေးထားတယ်။ ဒါဂျောင့်ပြောပါတယ်။ ရန်ကုန်သားဆို ဝေးဝေးရှောင်ပါလို့။

  • Atom

    June 19, 2012 at 7:56 pm

    70/3= 23.33 ထို ့ကြောင့် 23.33*3 =69.99 ထို ့ကြောင့် 69.99+3+2= 74.99 ထို ့ကြောင့် တစ်ပြားပဲ လျော့တာပါ

  • ster

    June 19, 2012 at 8:07 pm

    ၅ကျပ် လျှော.ပေးပါတယ် ဆိုမှ စားပွဲထိုး ၂ ကျပ်ပေးမှ ၇၂ကျပ်ပဲ ကျမှာပေါ.။ အင်တာနက်ဥယျာဉ် မှာဝင်ဖြေဖူးတယ် ထင်တယ်။

  • အရီး Khin Latt

    June 19, 2012 at 8:11 pm

    အရင်တုန်း က သဘောကျခဲ့ ဘူး တဲ့ quiz လေးမို့ ဖြေပါမယ်။

    အမှန်က စာပွဲထိုး ကို ပေးတဲ့ ၂ကျပ် က ထပ်တိုးပေးတဲ့ ပိုက်ဆံ မဟုတ်ပါ။
    နဂိုထဲ က သူတို့ ပေးပြီးသား မို့ စာရင်းထဲကို ထပ်ပေါင်း ရမှာ မဟုတ်ပါ။
    စာရင်းထဲ ပါပြီးသားပါ။
    ဒီတော့ စာရင်းထဲက နှုတ်ပစ် ရမှာပါ။
    ၂၄ ကျပ် x ၃ = ၇၂ -၂ = ၇ဝ

    သူတို့ ပြန်ရတာ ၁ကျပ် စီ ၁ x ၃ = ၃ ကျပ်

    စာပွဲထိုးပေး = ၂ ကျပ်
    ၇ဝ + ၃ + ၂ = ၇၅ (နဂို စုပေါင်းငွေ)

    လောက မှာ ပေါင်းရမဲ့ ဟာကို နှုတ်ပစ်
    နှုတ်ရမဲ့ ဟာကို ပေါင်းပစ် နဲ့
    လွဲလွဲ လေးတွေ နဲ့ ပျော်ပျော်ကြီး စခန်းသွား နေကြတာ။

    ဒါကြောင့် ပြောတာ နှုတ်သင့် ဖြုတ်သင့်တာ ကို မနှုတ် မဖြုတ် ဘဲ ပေါင်းထည့် နေလို့ ကတော့ တစ်ကျပ် လို နိုင်ငံကြီး ဆက်ဖြစ်နေဦးမှာဘဲ။

    ဒီ အရီးလတ် က ဘာတွေ လျှောက်ပြောနေတယ်မသိ။
    ကျပ်မှပြည့်ရဲ့လား။ 😀

  • မောင်ပေ

    June 19, 2012 at 8:19 pm

    ၁ကျပ် လိုက်ရှာမနေနဲ ့တော့
    ရော့..အင့်…အခု ၂ကျပ်ပေးလိုက်ပြီ
    ကျုပ်က ၁ဝ ရတယ်
    လစ်ဘီ။

    • pan pan

      June 19, 2012 at 9:20 pm

      အဟမ်း
      ကပေ့ပေးတဲ့၂ကျပ်ထဲ နည်းနေမှာစိုးလို့
      နောက်ထပ်၂ကျပ်လာပေးတာ

      (သဂျီးတော့ အိတ်ကပ်ထဲကပိုက်ပိုက်တွေ ၂ကျပ်မကထွက်ကုန်ဗြီ) :mrgreen:

  • မိုး မင်းသား

    June 19, 2012 at 9:21 pm

    ပိုနေတဲ ့၈ကျပ်ကို………

    ကိုဗိုက်လေးကိုပေးလိုက်ပါ…ကိုပေ

    ဘီယာဝယ်သောက်ပါစေ……

    ဟိ..ဟိ

  • ahnyartamar

    June 19, 2012 at 9:58 pm

    ၁ကျပ် မို့အဖြေမပြောတော့ပါဘူး- ၂ပေါင်ဆိုတော်သေး…(ကြက်ပေါင်ကိုပြောတာနော်)

  • ko khin Kha

    June 19, 2012 at 10:57 pm

    ရန်ကုန်သားရဲ့ ၁ကျပ် ဖွေးဖွေးနဲ့တွေ့မှ မေးကြည့်ပေးမယ်နော်။

  • မမ အညာသူ

    June 20, 2012 at 9:41 am

    အောက်ပြည်အောက်ရွာဆိုတာလူညာတွေပေမဲ့မကြုံဘူးတော့မယုံးဘူးမောင်ရေ****
    သီချင်းဆိုတာနော်……….
    ခုတော့ယုံသွားပြီနော်…………….ဟဲဟဲ

    • ရန်ကုန်သား

      June 22, 2012 at 11:54 am

      ကျွန်တော့် ကို တော့ မျက်စိ မှိတ်ပြီး ယုံ လိုက်ပါ မမညာရယ်…
      ရန်ကုန်သား လူရိုးလေးပါ ဗျာ…

  • mayjuly

    June 20, 2012 at 11:06 am

    ဖြေဖူးပါတယ်ခင်ည..
    မေးခွန်းအမှားကို မှန်အောင်ဖြေခိုင်နေတော့..ဟိဟိ
    အရီးလတ်ပြောသလိုပဲ တစ်ကျပ်လိုနိုင်ငံကြီးတော့ လုပ်ပါနဲ့အေ …

Leave a Reply