ငါ့အတွက် ငိုပေးမယ့်သူ ရှိပါ့မလား

အာဂJune 19, 20121min29321

ကျွန်တော်က
စိတ်ကူူးက တောင်ပေါ်
လက်တွေ့က မြေပြန့်နဲ့
အဓိပ္ပာယ်မရှိတဲ့ ကောင်

ဖြစ်နိုင်ရင်
ချစ်သူလောင်းရိပ်အောက်မှာပဲ
ရှင်သန်နေချင်သူ

မီးဆိုတာ ဒီလိုမြန်မြန်လောင်မယ်လို့
မထင်ပေမဲ့
ကျွမ်းလောင်မှန်းသိရတဲ့အခါ
ရလာတာက ပြာ တွေပဲလေ..။

ကျွန်တော်ပိုင်ဆိုင်တာက
နာကျင်တယ်ဆိုတဲ့
ခံစားမှုတစ်ခုပဲ..။

ကျွန်တော်အဝေးက ကြယ်တွေ
ကြွေတုန်းက ဟားတိုက်ရယ်နိုင်ပေမဲ့
အခု ကျွန်တော် နှလုံးသား ကြွေတဲ့အခါ
ဘယ်သူများ ရယ်ကြမလဲလို့
စိုးထိတ်

21 comments

  • marblecommet

    June 19, 2012 at 5:31 pm

    မြေကြီးဆန်လွန်းတဲ့
    အာဂရယ်
    မစိုးရိမ်ပါနဲ့ကွယ်…..
    ဦဇင်းလထွက်အတွက်
    ကျုပ်တို့လို မြေကြီးဆန်တဲ့
    လူတွေ ရှိပါသေးဒယ်
    အနည်းဆုံး …
    ဦးဇင်းရဲ့
    ှဆဋ္ဌမနံရိုးလေးတော့
    ရှိပါသေးတယ်ကွယ်….
    ငှဲငှဲ…..

  • ကိုရင်စည်သူ

    June 19, 2012 at 5:38 pm

    အမငီး.. ကိုအာဂလို ကားပိုင်ရှင်ရှိတဲ့လူတောင်
    ပူလောင်တယ်… ညဉ်းနေတော့…
    ကိုရင်တို့လို ကက တောင်မရှိတဲ့လူတွေက
    ဘယ်လိုများ ရယ်ကြမလဲ၊ စိုးထိတ်နေရမလဲပေါ့နော်… 😀 😀
    ပူလောင်မှုတွေ လျော့သွားအောင်.. အူးဗိုက်ဆီသွားပြီး
    ဘီအီး တစ်ပိုင်းလောက် သွားကစ်ကြမလား….
    အူးလေးအာဂ 😀 😀 😀

  • ညလေး

    June 19, 2012 at 5:41 pm

    ကြယ်ကြွှေတာကို……..မြင်လို.ဟားရတာပါ…..
    လူတွေရဲ.နှလုံးသား………ကြွှေတာကိုတော့…..အရိပ်မထင်အကောင်မမြင်ရတော့…….
    ငိုပေးချင်ရက်……..

  • marblecommet

    June 19, 2012 at 5:50 pm

    ဒို့လည်း လိုက်မယ်
    ချန်မထားနဲ့ ကရင်စည်……

  • water-melon

    June 19, 2012 at 6:01 pm

    အူးလေးတို့လို အကုန်ပြည့်စုံနေတဲ့သူကညီးတော့
    တားတားတို့လို့ 109 110 တွေဆို
    ဘယ်လိုလုပ်မလဲ
    အဟင့်

  • ကြောင်ဝတုတ်

    June 19, 2012 at 6:04 pm

    ငိုမယ့်လူရှိမရှိတော့မသိ
    ငိုသံပါကြီးနဲ့ ဖုန်းဆက်မယ့်သူတော့ မင်းမှာရှိတယ်
    မယုံမရှိ ကိုယ်တွေ့

    ငိုမဲ့မဲ့အသံကြားဖူးသူ
    ကြောင်ဝတုတ်

  • မောင်ပေ

    June 19, 2012 at 7:57 pm

    နှလုံးသားကြွေ
    ဖုံးထားလေ
    အပြုံးများစေ
    ကြုံးဝါးနေ
    လုံးထားငပေ ။

  • မိုး မင်းသား

    June 19, 2012 at 9:05 pm

    အာဂရေ…..

    ရင်အပူဘယ်သူကူူူူူလို ့ငြိမ်းပါ ့မယ်…….ပေါ ့လေ….

    အာဂလေးရေကြိုးစားထားဟေ ့…….ကောင်းလိုက်တာကွာ……

    ဖရဲကပြောတယ်….၁၀၉….၁၁ဝမို ့အားငယ်နေသတဲ ့…..

    အားမငယ်ပါနဲ ့ကွာ…..

    ကိုယ်တို ့လည်းရှိပါသေးတယ်နော်……

  • ahnyartamar

    June 19, 2012 at 9:47 pm

    အာဂ ရေ…ခပ်ပြင်းပြင်းအရက်တခွက်ကိုသာ ရေမရောပဲ ကစ်ပစ်လိုက်…ကြွေတဲ့နှလုံးသားပိုကြွေသွားအောင်။

  • ကြောင်ကြီး

    June 20, 2012 at 7:48 am

    မီးလောင်တာ
    အသိနောက်ကျသူမို့
    ထီးပေါင်ကာ
    အမြန်ရောက်လာခဲ့
    ဆီးဟောင်သဗျာ
    အိမ်ရှေ့ကခွေးစုတ်
    အမြီးထောင်ခါ
    ဟန်ကိုယ်ဖို့ဆိုပေမဲ့
    ခွီးညောင်ကာ
    ပြန်ရတော့ဒယ်
    တောကြောင်ကြီး
    လက်ခမောင်း
    မခတ်နိုင်ခဲ့..။ 🙁

  • etone

    June 20, 2012 at 9:46 am

    အဲ့လို တော်ဂီတွေ ဖုတ်ဖုတ်ပြီး
    အိမ်ရှင်မကို … အာလူးကျွေးနေတာ …
    မာယာနော် .. မာယာ .. ယောကျာ်း မာယာ … 😉

    • Azzurri

      June 20, 2012 at 9:48 am

      တိန်…
      ဘယ့်နှယ့် ဂီ က ပါရတာတုန်း…
      ဂီ မပါဘူး ..ဂီမပါဘူး..
      😀

    • နွယ်ပင်

      June 20, 2012 at 11:10 am

      အာလူးတွေရော တော်ကီတွေရော အားရပါးရ သုံးဆောင်နေပါကြောင်း 😀

  • hein latt

    June 20, 2012 at 11:06 am

    ဟိုက်(စ်)……ဖစ်ပြန်ဘီ…..

  • အလင်းဆက်

    June 20, 2012 at 11:43 am

    ကျွန်တော်အဝေးက ကြယ်တွေ
    ကြွေတုန်းက ဟားတိုက်ရယ်နိုင်ပေမဲ့
    အခု ကျွန်တော် နှလုံးသား ကြွေတဲ့အခါ
    ဘယ်သူများ ရယ်ကြမလဲလို့

    ကောင်းလိုက်တဲ ့စာသားလေး.တွေ..
    ရင်ထဲအထိ တိုးဝင်လာတယ်…။

  • ကြွေတဲ့ကြယ်
    ပင်လယ်က ရယ်နေမလား…………….
    အာဂက အလွမ်းတွေသယ်
    နွယ်ပင်က ရယ်နေမလား……………………..
    (ဟုတ်လဲဟုတ်ပဲနဲ့ဆိုပြီး)

  • R Ga

    June 20, 2012 at 4:51 pm

    ကိုကမ်း>ဦးဇင်းထွက်တော့လည်းလူပဲလေ..။အဟီး နောက်တာ ကဗျာကရေးထားတာကြာပြီအဆက်ပြတ်မှာဆိုးလို့တင်လိုက်မိတာ အာဒံရဲ့ နံရိုးနဲ့ အာဂရဲ့ နံရိုး တူချင်မှတူမယ်ထင်တယ်ဗျ.။
    ကိုရင်စည်သူ> ကားပိုင်ရှင်လည်း ကားရှိတဲ့အလျောက် ပူပန်ရတာပဲလေ..။ မဟုတ်ဘူးလား…။ အခွန်ခတို့၊လိုင်စင်ကျေးတို့ ၊ဆီဖိုးတို့ပေါ့ဗျာ..။
    ညလေး> ညလေးပြောတော့လည်း စဉ်းစားစရာပါပဲ။ ဒါပေမဲ့ လူတွေနှလုံးသားတွေကြွေကျတာ ပိုမြင်နိုင်သလားလို့လေ..။
    မိုးမင်းသား> ရှဲရှဲနိ…။ ကျေးဇူးပဲခင်ဗျ..။ ဖရဲမ က ၁၀၉။၁၁ဝ ဆိုပေမဲ့ မိဘဆီက လခထုတ်သုံးနေတော့ အဆင်ပြေမှာပါ။
    ahnyartamar> အခုအသက်အရွယ်အထိ ကျွန်တော်အကြိုက်ဆုံး စကားကို ပြောပါ ဆိုရင် ကျွန်တော့်ကို ahnyartamar အခုပြောတဲ့ စကားကိုပဲရွေးမိမှာဂျ။
    ဦးကြောင်> ဦးလေးရဲ့ ကွန်မန့်မှာပါသမျှကဗျာအားလုံးကို လေးလေးနက်နက်ဖတ်သားပါကြောင်း..။
    ကိုပေ>….ကဗျာကောင်းလေးပဲဗျ..။
    ကိုဖက်ကပ်> တူများ လှိူ့ဝှက်ချက်တွေကိုနော်..လျောက်ပြောရဘူး။
    သားဦး၊မြေးဦး > ပေးတဲ့ဆုနဲ့ ပြည်ပါစေဗျာ..။
    အလင်းဆက် > ကဗျာဆရာချင်း နှလုံးခြင်းနီးမယ်ထင်တယ်ဗျ..။ကျေးဇူး။
    ဖရဲမ> အိမ်ကလခတွေညာညာထုတ်နေပြီ ဘာ လည်း ၁၀၉။၁၁ဝ ဆိုပြီး လူသနားအောင်လုပ်နေသလဲ..။
    အီးတုံး> လျောက်ကျောနဲ့လေ..ရှူးးးးးးးးးး တိုးတိုး…။ ကျားမာယာဆိုတာ တစ်နှစ်လောက်မှ တစ်ခါပစ်တဲ့ လက်နက်ဗျ..။ အဟိ။
    လေးပေါက်> လေးပေါက်ရော…အန်တီပေါက် အတွက် အခုလို အလွမ်းများသယ်ဖူးလားနော့။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 12:10 pm

    ကဗျာလေးက ကောင်းတယ်ဗျာ…
    ခံစားချက်တွေပွင့်ထွက်…
    စာသားအဖြစ်ချရေး….
    ကဗျာအဖြစ် ပြောင်းလဲ…
    အချစ်တစ်ခု ဖြစ်ဖူးခဲ့ပြီလေ….။

  • cum min

    June 27, 2012 at 12:46 pm

    မိုက်မိုက်က ခံစားချက်လာညိငေနေပြီးနော်..သတိထာ…မောင်တင်းပြီး..လွတ်လိုက်တော

Leave a Reply