change we do

minnetkhaJune 24, 20101min863

ကျွှန်တော်တို ့လူသားတွေအားလုံးဟာ ခေတ်တစ်ခေတ်ကိုအမြဲဖြတ်သန်းနေကြရတာပါပဲ။ အဲလိုဖြတ်သန်းနေတဲ့လူတွေအားလုံးကပဲ ဒီခေတ်ရဲ့အခြေအနေ၊ကောင်းသည်ဆိုးသည်တို့ကိုသူ့နေရာနဲ့သူပုံဖော်ဖန်တီးနေကြတာမဟုတ်လား…
စိတ်မကောင်းစရာက သမိုင်းတစ်လျောက်လုံးနာကျင်လာတဲ့ ဇတ်လမ်းတစ်ချို ့ကို အခုထိသယ်ဆောင်လာရတဲ့ ကမ္ဘာကြီးရဲ့ခြေလှမ်းတွေပါပဲ…. ခါးသီးစရာစ်ပွဲများ…အစာရေစာမလုံလောက်မူ…တွေကြားမှာအခုသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသနာတွေကလည်းဆိုးသထက်ဆိုးလို ့နေတယ်…ဒါတွေက ဘယ်သူ့ကြောင့်ဘယ်အကြောင်းကြောင့် တစ်ယောက်နဲ့တစ်ယောက် လက်ညျိးထိုးပြောဆိုနေတဲ့ အသံတွေကိုသာကြားနေရာတယ်.. ကောင်းမွန်တဲ့ဖြေရှင်းမူတွေဟာ စကားဝိုင်းပေါင်းမြောက်များစွာကိုစောင့်ဆိုင်းနေရတယ် သဘောတူညီမူများစွာကိုစောင့်ဆိုင်းနေရပါတယ်… ဒီကနေ့ကမ္ဘာ့သတင်းတွေကိုကြည့်ကြည့်ပါ… အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးပြသနာ၊ နယူကလီယားထိမ်းချုပ်ရေးပြသနာ၊အစွန်းရောက်စစ်သွေးကြွများအရေး
နဲ့သဘာဝပတ်ဝန်ကျင်းပျက်စီးမူတွေအတွက် စိတ်သောကပူပန်မူဖြစ်နေကြရတာလဲ ကျွှန်တော်တို့လူသားတွေပဲမဟုတ်လား ၊ကိုယ့်ကိုယ်ကျိုးအတွက်သာကြည့်တက်သူများကတော့ဆိုးရိမ်ပူပန်မူနည်းရင်နည်း
နေပါလိမ့်မယ်ဒါပေမယ့် ကမ္ဘာကြီးမှာဖြစ်ပေါ်လာသမျှအကြိုးဆက်တွေဟာ… ကမ္ဘာ့လူသားအားလုံးကိုသက်ရောက်မူ ရှိတယ်ဆိုတာလည်းကမ္ဘာကြီးက သက်သေပြနေပါတယ်။ အခုစဉ်းစားနေတာက ဒီအဖြစ်ပျက်ဆိုးတွေကိုပြောင်းလဲဖို ့နောက်ကျနေပြီလားဆိုတာပါပဲ….နောက်မကျပါဘူးလို့ပဲပြောပါရစေ ဒီအဖြစ်အပျက်တွေကျော်လွန်ဖို ့အတွက်တောင်းဆိုနေလို့မရဘူး၊ လိုချင်နေတယ်လို့ ဆန္ဒရှိနေယုံနဲ့တော့မဖြစ်နိုင်တော့ပါဘူး… ကျွှန်တော်တို့အားလုံးကိုယ်လိုချင်နေတဲ့အရာများအတွက် ကိုယ်တိုင်လုပ်ဆောင်ရမယ့်အချိန်ကိုရောက်နေပါပြီ…

3 comments

  • yannaingech

    June 25, 2010 at 6:02 am

    နျူကလီးယားမပြန့်ပွားအောင် တောင်းဆိုမှုတွေလုပ်မနေဘဲ လက်တွေ့လုပ်ယူတဲ့အနေနဲ့ ဝင်တိုက်ပြီး ဓာတ်ပေါင်းဖိုတွေဖျက်ဆီးတဲ့နည်းမျိုးနဲ့တော့ မရဘူးနော်။

  • minnetkha

    June 25, 2010 at 9:09 am

    ဟုတ်ကဲ့ဆရာ ကျွှန်တော့်ပထမဆုံးရေးတဲ့စာမျက်နှာမှာ comment ရေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ဆရာပြောတာကိုလက်ခံပါတယ်။သဘာဝပတ်ဝန်ကျင်ဆိုင်ရာကိစ္စမျိုးကတော့တစ်ယောက်ချင်းနဲ့ပိုပြီးသက်ဆိုင်မယ်လို ့တွေးမိပါတယ်

  • snow

    June 26, 2010 at 5:16 am

    ကိုယ်ကျိူးရှာတဲ့သူတွေကြောင့်ပတ်ဝန်းကျင်ကပျက်စီးနေတာ
    အကျိုးအမြတ်တော့ရပါတယ်
    ဆိုးကျိုးကတော့အကုန်ခံစားရမှာပဲ
    သူလဲခံစားရမှာပဲလေ
    ကို်ယ့်ပတ်ဝန်းကျင်ကိုကိယ်မှမထိမ်းသိမ်းရင်
    ဘယ်သူထိမ်းသိမ်းမှာလဲ
    အားလုံးသိတတ်ကြပါစေ

Leave a Reply