ဂျိန်းသာသာနာ ထွန်းကားနေတာ သိကြပါ။

KotrueJune 19, 20121min31418

ဂျိန်းဒဿနဆိုတာ – မမွေးခင်ကပြုထားတဲ့ ကံတွေကြောင့် ဒီဘဝဖြစ်ရတယ်။
– ဒီဘဝမှာပြုတဲ့ကံတွေကြောင့် သေပြီးရင် နောင်ဘဝဖြစ်မယ်။
– ပန်းတိုင်က အဲဒီကံတွေ ကုန်သွားအောင်၊ သေပြီးနောင်ဘဝမဖြစ်အောင်
ယောဂအကျင့်တွေကျင့်ပြီး ကံတွေကိုပွန်းအောင် နောက်ဆုံး ကုန်သွားအောင် လုပ်တဲ့နည်းပဲ..။

ဂျိန်းတွေမှာ အဲဒီတုန်းက အခုခေတ်မြန်မာပြည်လိုပဲ တရားစခန်းရိပ်သာတွေရှိတယ်..
ဂေါတမဗုဒ္ဓမြတ်စွာရဲ့ အရိယသစ္စာမဂ္ဂင် ၈ ပါးနည်းလမ်းလို မဟုတ်ဘဲ အချိန်ပေးပြီး စခန်းသွင်းလေ့ကျင့်ရတယ်..။

တစ်ရက်မှာ

ဂေါတမဗုဒ္ဓမြတ်စွာဟာ တစ်နေ့မှာ ဂျိန်းတွေရဲ့တရားစခန်းရှိတဲ့ တောင်ခြေကိုကြွသွားတယ်..။
ဂျိန်းတွေကတော့ အပြင်းအထန်လေ့ကျင့်နေကြတယ်..။

အဲဒါနဲ့ ဗုဒ္ဓက –
“ငါ့ရှင်တို့၊ ဘာရည်ရွယ်ချက်နဲ့ ဘာကြောင့် ဒီလိုအပင်ပန်းခံ ကျင့်နေတာလဲ”မေးတယ်..။

(ဒီနေရာမှာ ဖြတ်ပြောချင်တာက ဗုဒ္ဓရဲ့သဘောထားပဲ..။ ကိုယ်ကျင့်နေတာကို ဘာရည်ရွယ်ချက်နဲ့ကျင့်သလဲ၊ ဘယ်လိုပန်းတိုင်ရှိသလဲ သိသင့်တယ်..။ အဲဒါတွေ စဉ်းစားနေတာ
တရားတက်ဖို့နှေးလိမ့်မယ်ဆိုတဲ့ ဩဝါဒတွေဟာ ဗုဒ္ဓတပည့်တွေ မဖြစ်ထိုက်ဘူး..။)

အဲဒီမှာ ဂျိန်း (နိဂန္တ) တွေက – သူတို့ဆရာကြီး (ဂျိန်းဘုရား)က အလုံးစုံကိုသိတဲ့ သဗ္ဗညုတဖြစ်တယ်၊ ဆရာကြီးကပြောလို့ ရှေးဘဝတွေကလုပ်ထားတဲ့ ကံတွေကုန်ပြီး နောင်ဘဝမဖြစ်အောင်၊ သို့မဟုတ် ကံတွေကျန်ရင်လည်း
ကောင်းကောင်းလေးဖြစ်အောင် လေ့ကျင့်နေတယ်လို့ ပြန်ဖြေတယ်..။

ဗုဒ္ဓက – “ဒါဆိုရင် မင်းတို့ကျင့်နေတာလည်း ကြာနေပြီ၊ ဆိုတော့ အရင်မမွေးခင်ဘဝတွေက ကံတွေဘယ်လောက်ကုန်သွားပြီလဲ၊” မေးတယ်..။

အဲဒီမှာ ဂျိန်း (နိဂန္တ) တွေက – “မသိပါဘူး အရှင်ဂေါတမ” ပဲပြောရတော့တာပေါ့..။

နောက်ထပ်ပြီး “ကံတွေက နောက်ထပ် သေပြီး ဘယ်နှစ်ဘဝလောက်အတွက် ကျန်သေးသလဲ“ဟု ဗုဒ္ဓက မေးတယ်။
နိဂန္တတွေက – “မသိပါဘူး အရှင်ဂေါတမ”လို့ ဖြေကြပါတယ်။

ဒါဆိုရင် သင်တို့ကို ပြပေးနေတဲ့ ဂျိန်းဘုန်းကြီး ရိပ်သာဆရာတော်တွေကော သေပြီး မေမွေးခင် ဘဝတွေက ကံတွေ ဘယ်လောက်ကုန်သွားပြီ၊ သေပြီး ဘယ်နှစ်ဘဝကျန်သေလဲဆိုတာတွေ သိသလား” ဟု ဗုဒ္ဓက ထပ်မေးတော့

နိဂန္တတွေက – “ဒါလည်း သူတို့ မသိကြပါဘူး အရှင်ဂေါတမ”လို့ ဖြေကြပါတယ်။

နောက်ထပ် မေးခွန်းတွေကိုလဲ မသိဘူးလို့ချည်းဖြေတဲ့အတွက်

ဗုဒ္ဓက – “အသင်တို့တတွေဟာ မသိတဲ့သူတွေ လမ်းပြတဲ့ နောက်ကို အကန်းလမ်းလျှောက်သလို လိုက်နေကြတဲ့ အလွန်မိုက်မဲတဲ့ (stupid) သူတွေပဲ..” ဆိုပြီးရှုတ်ချပါတယ်။

(သေပြီးနောက်ဘဝတွေ ချုပ်ငြိမ်းဖို့အတွက် အသေအလဲကျင့်နေကြသော အခုခေတ်ရိပ်သာစခန်းများ ဆင်ခြင်စရာ)

18 comments

  • ဇောက် ထိုး

    June 20, 2012 at 6:44 am

    (ဒီနေရာမှာ ဖြတ်ပြောချင်တာက ဗုဒ္ဓရဲ့သဘောထားပဲ..။ ကိုယ်ကျင့်နေတာကို ဘာရည်ရွယ်ချက်နဲ့ကျင့်သလဲ၊ ဘယ်လိုပန်းတိုင်ရှိသလဲ သိသင့်တယ်..။ အဲဒါတွေ စဉ်းစားနေတာ
    တရားတက်ဖို့နှေးလိမ့်မယ်ဆိုတဲ့ ဩဝါဒတွေဟာ ဗုဒ္ဓတပည့်တွေ မဖြစ်ထိုက်ဘူး..။)

  • Ko out of...

    June 20, 2012 at 7:25 am

    Ko true ရေ…

    ကျွန်တော့ ကတော့ ယနေ့မြန်မာပြည်မှာ စခန်းသွင်းပြီး လူတွေကို သဘာဝ ခံစားချက်ဝေဒနာ ဖြစ်တဲ့ ထုံကျင်ကိုက်ခဲတဲ့ ခံစားချက်ကို ကြည့်ခိုင်း၊ ရုပ်နာမ် ဖြစ်ပျက်ကို ရှု့မှတ်ခိုင်း ပြီးတော့ ဒီဘဝမှာ တရားရရင် နောက်ဘဝ ဆိုတာ မရှိ ..ဒီဘဝမှာတရား မရရင် နောက်ဘဝဆိုတာ ရှိဆိုတာ.. အခုဂျိန်းတွေ အားထုတ်တဲ့ ကံကိုကုန်အောင် အားထုတ်နိုင်ရင် ဒီဘဝမှာ ကံလက်ကျန်မရှိတော့ဘူး..ကုန်အောင် အားမထုတ်နိုင်ရင် နောက်ဘဝမှာ ကံကုန်အောင် ဆက်လက်အား ထုတ်တာဟာ စကားလုံးသာ ကွဲတာပါ …ဒါကြောင့် ကျွန်တော့် အဖြေကတော့…..

    ယခုလက်ရှိမြန်မာပြည်ရှိ တရားစခန်း = ယခု အိနိ္ဒယမှာ ရှိနေတဲ့ ဂျိန်း၏ တရားစခန်း ….

    အဲဒီအဖြေကို ရပါကြောင်း…..

    • first last

      June 20, 2012 at 1:33 pm

      How stupid comment you are commenting, Ko out of….

      Buddha become after ကျင့် . He never blame the ကျင့် .

      Jainism = Every living being has a soul.

      May be jainism have the ကျင့်.
      but jainism ကျင့် and busshism ကျင့် different like oil and water.

      In buddha’ gohndaw 9 pars, there is one gohndaw ” waitzar sarana than pan naw “the lord, who the meaning is knowing the true and ကျင့်ing “.

      i am sorry for my english and i don’t know how to type in myanmar language. somebody teach me how to write in myanmr language.” personally i don’t like zawgyi because of they don’t follow unicode standard. they use some spaces which are standard for tine yin thar languageS.

      • Ko out of...

        June 21, 2012 at 7:01 am

        Mingalaba first last..

        different like oil and water. ဆိုတာ ကို စဉ်းစားလို့ရအောင်…

        ကျွန်တော်ထင်တာ ဂျိန်းကျင့်စဉ်နဲ့ ယနေ့ရိုးရာ ဗုဒဘာသာတွေရဲ့ ကျင့်စဉ် ဘာဖြစ်လို့ တူတယ်

        လို့ပြောရလဲဆိုတာ ကံလက်ခံ ပုံခြင်းကလည်းတူ….တရားကျင့်တဲ့ အခါမှာလည်း အတိတ်ဘဝက ကုသိုလ်ကံ အကုသိုလ်ကံ အကြီးအသေးပေါ်မူတည်ပြီး မမြင်ရတဲ့ အရင်ဘဝက လုပ်ခဲ့တဲ့ကံကို ကြည့်ပြီး သုခပဋိပဒါ ပုဂိုလ်၊ ဒုက္ခပဋိပဒါပုဂိုလ်ဆိုပြီး
        ခွဲခြားပြန်တယ်..

        တရားအားထုတ်တဲ့အခါ တချို့များ ကိုယ့်ကိုယ်ကို တဖြန်းဖြန်းနဲ့ ပြန်ရိုက်တာတို့၊ ဝေဒနာကို

        အလူးအလှဲခံစား ရတာတို့ဆိုတာ အရင်ဘဝက ဝဋ်ကြွေးဆို ပြီး ဒီအကြွေးတွေကို အောင့်

        အီးသီးခံလိုက် ဒါမှ နှင့် အကြွေးကြေမယ်..ဆိုတာတွေဟာ သဘောတရားခြင်း အတူတူပါ..

        အတိတ်ကိုနဲနဲ ပြန်သွားကြည့်မယ်…

        သီရိဓမ္မသောက မင်းလက်ထက် အမြင်မတူတဲ့ ဘုန်းကြီးတွေကို နှင်ထုတ်တဲ့ အချိန်မှာ..

        တချို့ဘုန်းကြီးတွေဟာ ဂျိန်းကျောင်းတွေမှာ ခိုးအောင်းရတယ်…

        ထင်ဒါ..အဲဒီ အချိန်ကတည်းကများ ဂျိန်းအယူအဆတွေများ..ကူးဆက်လာ သလားပေါ့နော..

        ဂျိန်းနဲ့တူတာ တင်မကပါဘူး.. ဟိနူ အယူအဆတွေ နဲ့လည်း အများကြီး ဆက်စပ်နေတာ တွေရတယ်..

        ဥပမာ..ဟိနူတွေဟာ လူသေရင် အတ္တမာ လေးက လူ့ကိုယ်ခနာ ကိုယ်ကနေ ထွက်သွား

        တယ်ဆိုတာ.. ဗုဒဘာသာတွေ လက်ခံတဲ့ စိတ်ဝိဉာည်သတိ္တနဲ့ သိပ်မကွာလှဘူး..

        ဘုရားမပွင့်ခင် ဒီအယူအဆတွေကရှိနေပြီးသားဆိုတော… ဒီသဘောတရားပြန် မလွမ်းမိုးလာ

        နိုင်ဘူးဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး…

        ဥပမာ ပေါင်းပင် ထူထပ်နေတဲ့ ခြံ တခြံကို ဘုရားကရှင်းပုံ ရှင်းနည်းပေးတော့ တချို့တော့ရှင်း

        သွားပေမဲ့ ဘုရားပွင့်တဲ့ အချိန်ကလည်း အင်မတန်တိုတောင်းတယ် (၄၅)ဝါ ဘဲဆိုတော့.. ဒီခြံကို ပေါင်းပင်တွေ ပြန်မထနိုင်ဘူး လို့ မပြောနိုင်သလို…

        ဒီဂျိန်းယဉ်ကျေးမှု၊ ဟိနူယဉ်ကျေးမှု ပေါင်းပင် ပြန်မလွမ်းမိုးနိုင်ဘူးလို့ ပြောလို့ ဘယ်ရမလဲ?..

        • kai

          June 21, 2012 at 7:55 am

          ကျုပ်ကတော့.. ဂျိန်းနဲ့စာရင်. ဟိန္ဒူသာသနာနဲ့ပိုနီးစပ်တယ်ထင်မိတယ်..
          မြန်မာထေရဝါဒမှာ.. နတ်တွေ..ဘိုးတော်တွေ.. ဂမ္ဘီရတွေရောပါနေတဲ့အပြင်… အမဲသားမစားရဆိုတာကပါ.. သိသိသာသာ..တိုးဝင်နေတာကိုး..။

          ဆိုတော့…
          ဆရာဓမ္မာစရိယဦးဌေးလှိုင်နဲ့.. စကားပြောဖြစ်တုံးက.. သူပြော/ရေးတာမှာ.. ဟိန္ဒုပုရာမ်ကျမ်းတခုထဲပါတာက.. ဟိန္ဒူဘာသာဝင်တယောက်က.. သူ့နောက်ကဆင်ရိုင်းလိုက်လာလို့.. ပြေးလာပြီး.. ရှေ့မှာ.. ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းရှိလို့.. ဝင်ပြေးလိုက်ရင်.. အသက်လွတ်မယ်ဆိုရင်တောင်.. ဝင်မပြေးပဲ.. အသက်အသေခံရမယ်ဆိုထားပါတယ်..တဲ့..။
          အဲဒီလောက်.. အခြေခံကွဲပြားမုန်းတီးပေမဲ့..
          ဒီခေတ်အခါမှာတော့.. ဟိန္ဒုဘုရားကျောင်းထဲ.. ဂေါတမဗုဒ္ဓဆင်းတုပါ.. ထုလုပ်ပူဇော်ပြီး.. သူတို့ရဲ့.. လူသားဘုရားအဖြစ်ပါထည့်ထားလိုက်ပြီဆိုတော့ကာ…

          နောက်တခုက.. ဝိပဿနာကို.. ကမ္ဘာကို..မိတ်ဆက်ပြန့်ပွားအောင်လုပ်ခဲ့သူက… ဟိန္ဒူမျိုးရိုး.. ဟိန္ဒုကြီးတဖြစ်လဲ..ဦးဂိုအင်ဂါဖြစ်နေတော့ကာ…

          နောက်တခုက.. အာသောကမင်းနောက်.. အိန္ဒိယတိုက်ငယ်က.. အင်ပါယာအကြိးဆုံးမင်းတွေဟာ.. အရှေ့တောင်အာရှလွမ်းမိုးခဲ့ပြီး…သူတို့တွေဟာ.. ဟိန္ဒူမင်းတွေဖြစ်တော့ကာ..

          နောက်တခုက.. ပထမမြန်မာနိုင်ငံထောင်တဲ့.. ပုဂံခေတ်မှာ.. ဟိန္ဒုဘုရားကျောင်းရှိနေပြီး.. ကျန်တဲ့ပုထိုးတွေကလည်း.. ဟိန္ဒူပုထိုးတွေပုံစံဖြစ်နေတော့ကာ…

          နောက်တခုက.. မဟာယာနဘုန်းကြီးဖြစ်ဟန်ရှိတဲ့.. အရည်းကြီးရဟန်းတွေကို.. ခေါင်းစဉ်ကွဲတတ်ပြီး… သိက္ခာချနှိမ်နင်းခဲ့တော့ကာ..

          တော့ကာ…
          တော့ကာ… :mrgreen:

          ဟိန္ဒူဘာသာ..သာသနာကို.. စော်ကားလိုစိတ်မရှိကြောင်း..
          ကြိုက်နှစ်သက်တာတွေရှိလို့.. အခုထိ..ယောဂကျင့်တရားထိုင်ပါကြောင်း..
          အင်းအိုင်.ခလှဲ့..လက်ဖွဲ့.. . ဥုံ..ဩောင်းတွေလည်း.. ကြိုက်တာမို့.. လက်တွေ့လည်းလုပ်… ဒီဇိုင်းအသစ်စတစ်ကာဆွဲပြီး.. ကားမှာ..စတစ်ကာလုပ်.. ကပ်ဖို့လည်း.. လုပ်နေကြောင်း..
          ကြောင်း.
          ကြောင်း.. :mrgreen:

  • maungmoenyo

    June 20, 2012 at 7:32 am

    ဗုဒ္ဓရဲ့ ဝါဒဟာ ကျင့်စဉ်ပါလို့လက်ခံပြီးမှ၊ ဆင်းရဲပင်ပမ်းကြီးလှတဲ့ ခန္ဓာဝန်ကို ထမ်းထားရတဲ့ “ငါ”ဆိုတဲ့ ဝါဒီသမားတွေ က သံသရာပြတ်ရေး တလွဲပညတ်တွေကို ခဝါချနိုင်ပါလိမ့်မယ်။ ဘုရားစာရွတ်ယုံ၊ တရားထိုင်ယုံနဲ့တော့ ဒီရုပ်ခန္ဓာအပေါ်တပ်မက်မှုကို အမြစ်ဖြတ်နိုင်အုံးမယ်မဟုတ်ပါဘူး။ ဗုဒ္ဓက ဖန်တီးပြီးဟောခဲ့တဲ့တရား လုံးဝမရှိခဲ့ပါဘူး။ ဩကာသလောကကြီးရဲ့ ဖြစ်ပျက်မှုကိုသာ၊ (၄၅)ဝါစလုံး သက်သေထူခဲ့ပါတယ်။

  • kai

    June 20, 2012 at 7:47 am

    http://en.wikipedia.org/wiki/Jainism
    Core beliefs

    Every living being has a soul.[23]
    Every soul is potentially divine, with innate qualities of infinite knowledge, perception, power, and bliss (masked by its karmas).
    Therefore regard every living being as you do yourself, harming no one and being kind to all living beings.
    Every soul is born as a heavenly being, human, sub-human or hellish being according to its own karma.
    Every soul is the architect of its own life, here or hereafter.[24]
    When a soul is freed from karmas, it becomes free and attains divine consciousness, experiencing infinite knowledge, perception, power, and bliss (Moksha).[25]
    The triple gems of Jainism (“Right View, Right Knowledge and Right Conduct”) provide the way to this realisation.[26] There is no supreme divine creator, owner, preserver, or destroyer. The universe is self-regulated, and every soul has the potential to achieve divine consciousness (siddha) through its own efforts.
    Non-violence (to be in soul consciousness rather than body consciousness) is the foundation of right view, the condition of right knowledge and the kernel of right conduct. It leads to a state of being unattached to worldly things and being non-judgmental and non-violent; this includes compassion and forgiveness in thoughts, words and actions toward all living beings and respecting views of others (non-absolutism).
    Jainism stresses the importance of controlling the senses including the mind, as they can drag one far away from true nature of the soul.
    Limit possessions and lead a life that is useful to yourself and others. Owning an object by itself is not possessiveness; however, attachment to an object is possessiveness.[27] Non-possessiveness is the balancing of needs and desires while staying detached from our possessions.
    Enjoy the company of the holy and better-qualified, be merciful to afflicted souls, and tolerate the perversely inclined.[28]
    Four things are difficult for a soul to attain: 1. human birth, 2. knowledge of the laws governing the souls, 3. absolute conviction in the philosophy of non-violence, and 4. practicing this knowledge with conviction in everyday life activities.
    It is, therefore, important not to waste human life in evil ways. Rather, strive to rise on the ladder of spiritual evolution.
    The goal of Jainism is liberation of the soul from the negative effects of unenlightened thoughts, speech, and action. This goal is achieved through clearance of karmic obstructions by following the triple gems of Jainism.
    Namokar Mantra is the fundamental prayer in Jainism and can be recited at any time of the day. Praying by reciting this mantra, the devotee bows in respect to liberated souls still in human form (arihants), fully liberated souls forever free from rebirth (siddhas), spiritual leaders (Acharyas), teachers, and all the monks and nuns.[29] By saluting them saying “namo namaha”, Jains receive inspiration from them to follow their path to achieve true bliss and total freedom from the karmas binding their souls. In this main prayer, Jains do not ask for any favours or material benefits. This mantra serves as a simple gesture of deep respect toward beings that are more spiritually advanced. The mantra also reminds followers of the ultimate goal of reaching nirvana or moksha.[30]
    Jains worship the icons of jinas, arihants and Tirthankaras, who have conquered their inner passions and attained divine consciousness, and study the Scriptures of these liberated beings.
    Jainism acknowledges the existence of powerful heavenly souls that look after the well-being of Tirthankaras. Usually they are found in pairs around the icons as male (yaksha) and female (yakshini) guardian deities. Even though they have supernatural powers, these deities are also souls wandering through the cycles of births and deaths just like most other souls. Over time, people began worshiping these deities as well.[31]

  • ဦးဦးပါလေရာ

    June 20, 2012 at 9:18 am

    ဒီပိုစ့်ကတော့ ထေရဝါဒဗုဒ္ဓဘာသာကို လုံးလုံးမတူတဲ့ ဂျိန်းဘာသာနဲ့ အတင်းကြီး ထပ်တူပြု စွပ်စွဲထားတာပေါ့..။

    မိုးပြာတို့ရဲ့ ထုံးစံအတိုင်း

    တယောက်ကတိုင် တယောက်ကဖေါက်နဲ့

    ပြဇတ် က ကြတယ် ပေါ့…။

    မိုးပြာဂိုဏ်းသားတွေရဲ့ပြဿနာက ထေရဝါဒဗုဒ္ဓဘာသာကိုလဲ သွေးကြွေးဆပ်ချင်ဇောနဲ့ အတင်းကြီးတိုက်ခိုက်ဖို့လုပ်တယ်…

    ဒါပေမယ့် ထေရဝါဒဗုဒ္ဓဘာသာ ရဲ့အကြောင်းကို ဘာမှလဲသေသေချာချာနားမလည်ဘူး…။

    ဒီတော့ ထေရဝါဒဗုဒ္ဓဘာသာ ဝင်တွေရဲ့ တချို့ အချိုးမကျတာတွေကို အကုန်လုံးရဲ့အချိုးမကျမှု့အဖြစ် သိမ်းကြုံးအပြစ်ရှာမယ်..

    ထေရဝါဒဗုဒ္ဓဘာသာ ပိဋကတ်သုံးပုံထဲက ကာလာမသုတ်လို့ခေါ်တဲ့
    အတွေးအကြံများတဲ့ ယုံမှားသံသယများတဲ့ ကာလာမတိုင်းသားတွေကို သူတို့စရိုက်နဲ့လိုက်အောင်ကိုက်အောင် ဟောထားတဲ့
    သုတ္တန်လေးတခုကိုပဲ ဆွဲထုတ်ပြီး (သူတို့ကိုယ်သူတို့ကာကွယ်ဘို့) ကိုယ်လိုရာဆွဲ အဓိပ္ပါယ်ဖွင့် မယ်…

    ကျန်တဲ့ သုတ်သုံးကျမ်း၊ ဝိနည်းငါးကျမ်း၊ အဘိဓမ္မာခုနှစ်ကျမ်းရှိတဲ့ ပိဋကတ် သုံးပုံကိုတော့ ဘုရားဟောမဟုတ်ဘူးလို့ ငြင်းမယ်…

    ကျုပ်တို့ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ သိတဲ့ လက်ခံတဲ့ ဘုရားဆိုတာက သုတ်၊ ဝိနည်း ၊ အဘိဓမ္မာတွေကို ဟောခဲ့တဲ့ ဘုရားပဲ…။ ကျုပ်တို့ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ သိတဲ့ လက်ခံတဲ့ တရားဆိုတာက သုတ်၊ ဝိနည်း ၊ အဘိဓမ္မာတွေပဲ။

    ဘုရားဆိုတာ ဘယ်လိုပဲစဉ်းစားရမယ်၊ ဘယ်တရားပဲဟောခဲ့ရမယ်၊ သီလဆိုတာ ဘယ်လိုပဲဖြစ်သင့်တယ်၊ စသည်စသည်ဖြင့် – ကိုယ့်ဟာကိုယ်စိတ်ကူးပြီးပြောချင်တဲ့သူတွေဟာ-
    ကိုယ်ကိုယ်တိုင် ဘုရားလုပ်ပြီး ကိုယ့်တရားပဲ ကိုယ့်နာမည်တပ်ပြီး ကိုယ်ဟောသင့်တယ်..။ ကိုယ့်အယူဝါဒကို ကိုယ်စိတ်ချရင် ကိုယ့်နာမည်နဲ့ ဘာသာအသစ် တီထွင်သင့်တယ်…။

    • Kotrue

      June 21, 2012 at 9:58 am

      ဗုဒ္ဓမြတ်စွာသည် သေပြီးနောက် ဖြစ်သည်၊ မဖြစ်သည်တို့ကို မယူပါ။ (“သေပြီးနောက် အကြောင်း ဗုဒ္ဓဘုရား မဟောကြားခဲ့ပုံ” သုတ္တံတရားများ
      http://myanmargazette.net/95668)

      ဂျိန်းသည် သေပြီးနောက် ဖြစ်သည်ယူပြီး၊ ဂျိန်းနိဗ္ဗာန်သည် သေပြီးနောက် မဖြစ်ခြင်းကို ယူထားသည်။ (“ဂျိန်းကံ နှင့် ဗုဒ္ဓကံ” http://www.ariyathitsa.org/html/ebooks.html)

      ဒါဆိုရင် အခု မြန်မာပြည် ရိပ်သာစခန်းများ၏ အကျင့်နှင့် ဒဿနများသည်
      ဗုဒ္ဓ အကျင့်နှင့် ဒဿနလော၊
      ဂျိန်း ဒဿနလော။
      ကိုယ်တိုင် အဖြေထုတ်ကြည့်ပါ ဦးဦးပါလေရာ။

  • ကိုပါကြီး

    June 20, 2012 at 9:34 am

    မြန်မာနိုင်ငံမှ အခုခေတ်ရိပ်သာစခန်းများနှင့် တူညီနေမှုကို အဝတ်မဝတ်ခြင်း၊ အဝတ်ဝတ်ခြင်းနဲ့ တိုင်းရမှာလား? (ဒါမှ မဟုတ်)

    တရားဒဿန၊ အကျင့် တူ၊ မတူနဲ့ တိုင်းရမှာလား?

    ယနေ့ရိပ်သာစခန်းတွေနဲ့ကတော့ အဝတ်ဝတ်ခြင်း၊ မဝတ်ခြင်းပဲကွာပါတယ်။ အကျင့်နဲ့ ဒဿနကတော့ ဂျိန်းနဲ့ အမွှာ (the same) လိုပါပဲ။

    • mggwa

      June 21, 2012 at 4:37 pm

      အမှန်တကယ် ပြောခွင့် အဲ ရေးခွင့် ရရင် . . .
      ဗုဒ္ဓယောင်ဆောင်ထားသော ဂျိန်းပါ။

  • သားဦး၊မြေးဦး

    June 20, 2012 at 7:03 pm

    တလောက ဗီဒီယိုဖိုင်တစ်ခုုတော့
    ကြည့်လိုက်ရသဗျာ။အဲ့တုန်းက တပါးထဲ
    ဗျာ။ခု အများသားပါလား။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 20, 2012 at 7:38 pm

    ကျုပ်မလဲ ဒီသဂျီး 👿 မြှောက်ပေးတိုင်း သူများနဲ့မတူအောင်လိုက်တွေးရဒါ အတော်နေရာကျလာဘီ 😀
    ဒါ့ကြောင့် သူများနဲ့မတူတဲ့အတွေးတွေ မထွက်လာရင် မမန်းပါဘူး
    ခုထွက်လာဘာဘီ အတွေးဒွေ 😀
    သူ့အလိုတော်တိုင်းဘဲ သူများနဲ့မတူအောင် ပြန်တွေးပါမယ်
    ကျုပ်ကတော့ ဒီလိုပြန်တွေးပါတယ်ခင်ဗျ
    ပြဿနာလို့ဆိုရမလား ဒီအကြောင်းကို အုပ်စုခွဲကြည့်ပါမယ်
    ခုကိစ္စဟာ မမြင်ဘူးတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဓမ္မ တရားတော်မြတ်တွေကို ငြင်းခုန်နေကြတယ်လို့
    ပြောဘို့ရာမှာ
    ဗုဒ္ဓမြတ်စွာဘုရားဆိုတာကို ယုံကြည်ကြပါသလား။ ဒီနေရာမှာ ဓမ္မ ဟာသတ်သတ်ပါ
    ဓမ္မ ပေါ်မှာ သဘောကွဲတာနဲ့မဆိုင်ပါဘူး ယုံကြည်သူနဲ့ မယုံကြည်သူကို အုပ်စု ခွဲဒါဘာ
    ဗုဒ္ဓ ကိုယုံကြည်ပါတယ် ဓမ္မကိုငြင်းခုန်နေကြတာပါ ( ဒါဆိုရင် ခင်ဗျားတို့ဟာ အမျိုးစပ်လို့ရသေးတယ် )
    ဒီလောက်ဆိုရင် ခင်ဗျားတို့လို ဆြာ့ဆြာ ကြီးတွေ နားလည်ပါးလယ် ရှိနိုင်မယ်ထင်ပါတယ်
    ဆိုလိုတာက
    ခင်ဗျားတို့ပြောနေတာကို ဖတ်နေတဲ့သူတွေစိဘာဒယ်
    ခုဟာက ဘယ်သတ္တဝါက ဘုရားမယုံ နတ်မယုံတာလား ဗုဒ္ဓကိုယုံကြည်သူလား
    မယုံကြည်သူလား
    ဘာဖြစ်လို့လည်းဆိုတော့ ပိဋကတ်တွေကို အခြေခံပြီးပြောနေကြတာ အုတ်ရောကျောက်ရောဖြစ်နေတယ်
    ရှင်းရှင်းပြောရရင် သောက်မြင်ကပ်ဒယ် 👿
    ဘာဘဲဖြစ်ဖြစ် မမြင်ဘူးတဲ့ ဗုဒ္ဓကိုယုံကြည်တယ် ဓမ္မမှာကွဲတယ်ဖြစ်တဲ့အတွက်
    ခင်ဗျားတို့ဟာ ရပ်ကွက်လူဂျီးဝင်အရွေးခံနေဒဲ့လူဒေနဲ့ဒေါ့ အတော်တူဒါဘဲ
    ( ဗုဒ္ဓကိုယုံကြည်တယ် ဓမ္မကွဲတယ်။ မှားတဲ့သူသေရင် ဘာဖြစ်မှာလဲ )
    ဒါဂဒေါ့ ပညာကုန်သုံးပြီး ကြပ်ပေးခြင်းသာဖြစ်ဘာဂျောင်း
    ပြေးဘီ ကိန်ကိန်ကိန်

  • realman

    June 21, 2012 at 10:18 am

    ဗုဒ္ဓသာသာနာထဲကို ဂျိန်းအယူ ဒဿနတွေနဲ့ တရားအကျင့်တွေက အသောကခေတ်လောက်မှာ ဝင်ရောနှောလာတယ်လို့ သမိုင်းတချို့မှာဖော်ပြထားတာတွေ့ရပါတယ်။

    ဒါဟာ ဘာသာရေးသပ်ရှိုမှုပါပဲ။

    ဒါ့ကြောင့် သေပြီးနောက်ဇာတ်လမ်းတွေနဲ့ ပရမတ်တရားအကျင့်တွေဟာ ယနေ့ဗုဒ္ဓဘာသာမှာလွှမ်းမိုးသွားပြီး
    ဂျိန်းနဲ့ အဝတ်မဝတ်တာမှ လွဲ၍ ခွဲမရအောင်တူသွားတာဟာ အသောကရဲ့ လုပ်ချက်တွေပါပဲ။

    (အသောကရဲ့ လုပ်ချက်များကို သီးသန့် ပိုစ့်တစ်ခု ရေးပါဦးမည်။)

  • ashinariya

    June 21, 2012 at 5:18 pm

    အဲဒီ အကြောင်းတွေကို “သေပြီးနောက် ဖြစ်၊ မဖြစ်” myanmargazette.net/46317 မှာ ဖော်ပြထားပါသေးတယ်။

  • R Ga

    June 21, 2012 at 5:47 pm

    ဂျိန်း တွေ ဂျုံး တွေ ဂျိုင်းတွေ ဘာတွေတော့ မသိဘူး…။

    သစ္စာလေးပါး တရားကို အထူးသိမြင်တော်မူတဲ့ ဂေါတမ မြတ်စွာဘုရားကိုပဲ အထူးကိုးကွယ် ပူဇော်မိတယ်။

    ဒါဗြဲ။

    • mggwa

      June 22, 2012 at 3:38 pm

      တရားကို သိမှ ဘုရားကိုသိ၏။
      ဂျိန်းတရားကို လိုက်စားမိနေရင် ဂျိန သရဏံ ဂစ္ဆာမိ ပဲ။

      ဗုဒ္ဓတရားအစစ်ကိ်ု သိပြီး လိုက်စားမှ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပါ အသင် R Ga . . ။

      ကျုပ်ကတော့ အခုလောလောဆယ် အလှူတွေမှာ လိုက်စားနေတယ်။
      လိုက်ဦးမလား . . . ဘော်ဘော် ။

Leave a Reply