မုန်း စ ရာ ကောင်း သည့် ဦး- အ ပိုင်း ( ၆ )

aye.kkJune 19, 20121min18112

စ နေ နေ ့မ နက် ပိုင်း ၊ ကိုး နာ ရီ လောက် မှာ ၊ ကျ မ နေ ထိုင် သည့် နေ ရာ သို ့၊ ဦး တ ယောက် ရောက် ချ လာ ပါ သည် ။
ဒီ နေ ့ တော့ ထ မင်း လိုက် ကျွေး မည် ဟု ပြော ပြီး ၊ သ္မီး အား ပြော ထား သည့် ကိ စ္စ က ဦး မ ပြန် ခင် သိ ချင် သည် ဟု ကျ မ အား ဆို ပါ သည် ။

ကောင် လေး နှင့် သိ ခွင့် ရ ချင် သည် ….
စ ကား ပြော ဆို ချင် သည်…..
သ င်္ဘော တက် မည့် နောက် ဆုံး ရက် မ တိုင် ခင် တွေ ့ချင် သည် ဟု ပြော ပြီး ၊ ဒီ နေ ့ တော့ သ္မီး ကို နေ ရာ စုံ လိုက် ပို ့ မည် ။ အ ခြား ဘာ ကိ စ္စ မှ ခေါင်း ထဲ မှာ မ တွေး ပဲ ၊ အေး ဆေး လည် မည် ဟု ပြော ပါ သည် ။ ကား ဖြင့် ဦး က လာ ခေါ် ပါ သည် ။ ကန် တော် ကြီး က ရ ဝိတ် ဟို တယ် မှာ သ္မီး ငယ် ငယ် က ကြိုက် သည့် ရေ ခဲ မုန် ့၊ ဟန် ဘာ ဂါ ၊ မော နင်း စာ အ နေ ဖြင့် (break fast) ကျွေး မည် ။ နေ ့ ခင်း တ နာ ရီ လောက် တွင် ကန် တော် ကြီး ဟို တယ် မှာ နေ ့ လည် စာ သုံး ဆောင် ကြ မည် ပြော ပါ သည် ။ ပြန် လာ လျှင် ရွှေ တိ ဂုံ ၊ ဆူး လေ ဘု ရား ပို ့ပေး မည်။ သ္မီး နေ ထိုင် သည့် နေ ရာ သို့ ပြန် ပို့ ပေး မည် ဟု ဦး က ပြော ပါ တော့ သည် ။

မ နက် အိပ် ရာ က နိုး နိုး ခြင်း အ စီ စဉ် ဆွဲ ထား ပြီး သား ၊ အ စီ စဉ် ကို ည ထဲ က ပင် စဉ်း စား ထား သည် သ္မီး နှင့် တွေ ့ ချင် သည့် ဆန္ဒ ပြင်း ပြ လွန်း သ ဖြင့် ၊ အိပ် ၍ ပင် မ ပျော် ။ အ ခြား စိတ် ညစ် စ ရာ ကိ စ္စတွေ ကို ခေါင်း ထဲ မ ထည့် ထား ပဲ ၊ သ္မီး ကို ငယ် ငယ် က လို မျိုး ပေါ့ ပေါ့ ပါး ပါး လေး လိုက် ပို ့ပေး ချင် သည် ။
ဦး ရင် ထဲ က ဆန္ဒ အ မှန် သာ ဖြစ် သည် ။ သ္မီး လည်း ငြင်း ဆန် ၍ ဆင် ခြေ ပေး စ ရာ မ လို အ ရံ သင့် လိုက် ခဲ့ ယုံ သာ ဖြစ် သည် ဟု ပြော ဆို လျှင် ၊ ကျ မ မှ မ ငြင်း သာ တော့ ပါ ၊ ဦး နှင့် လိုက် လာ ခဲ့ မိ ပါ သည်။
အစ် မ ကြီး ကျယ် တုံး က ဆင် ခြေ ဆင် လက် အ မျိုး မျိုး ပေး ခါ ၊ အ ကြောင်း အ မျိုး မျိုး ပြ ငြင်း ဆန် မှာ ကို ၊ ဦး က စဉ်း စား ထား မိ ဟန် တူ ပါ သည် ။

ဦး ၏ စေ တ နာ ကို ၊ သ္မီး လက် မ ခံ နိုင် စ ရာ အ ကြောင်း မ ရှိ ပါ ဟု ပြော ပါ သည် ။
ကျ မ က လည်း ….
ဪ …ဦး က တတ် လည်း တတ် နိုင် ပါ ပေ့ ၊ လာ ခေါ် လျှင် မ လိုက် ရန် ငြင်း ဆန် ဖို ့ အ တွက် သ္မီး က လည်း ည ထဲ က စဉ်း စား ထား ပါ တယ် ။ ဉာဏ် နီ ဉာဏ် နက် သုံး ရ တော့ မှာ လေ , ဒါ ကို ဦး က သိ နေ ပြီး သား ဖြစ် နေ တာ အံ့ ရော ၊ ဦး က မ လိုက် ချင် တဲ့ သူ ကို လိုက် ချင် အောင် ချည် ပြီး တုတ် ပီး လာ ခေါ် တော့ တာ ပေါ့ နော် ။
ဦး က တ ကယ် မုံး စ ရာ ကောင်း သည့် ဦး ဟု ဆို ခါ ပြော မိ လျှင် ၊ ဦး က ကဲ အ ခု ဦး သ ဘော ထား က ရိုး ရိုး ရှင်း ရှင်း လေး ပဲ ၊ သ္မီး မ လိုက် ချင် ယင် ၊ ကား ပြန် ကွေ ့ ပြီး သ္မီး နေ တဲ့ နေ ရာ ဆီ ပြန် မောင်း ပို ့ပေး မည် တ ကယ် ဟု ဦး က ပြော ပါ တော့ သည် ။

ဦး က တ ကယ် ဆို လည်း ၊ အ ခု ပဲ ပြန် ပို ့ဟု ပြော မိ လျှင် …..
ဦး က မျက် စိ မျက် နှာ ပျက် ခါ ၊ မျက် နှာ ကြီး နီ ရဲ တက် သွား ပါ သည် ။ ကား စ တီ ယာ ရင် ကို ချိုး ကွေ ့ လျှက် ပြန် မောင်း လာ ပြီး ၊ ဆယ့် ငါး မိ နစ် ခန့် လောက် ကြာ အောင် ၊ တ လမ်း ဝင် တ လမ်း ထွက် မောင်း ပြီး မှ ၊ လူ ပြတ် သည့် လမ်း ကြား တစ် နေ ရာ တွင် ထိုး မောင်း ပြီး ဘ ရိတ် အုပ် ခါ ရပ် လိုက် ပါ သည် ။ ဦး က ပြန် ပို ့ မယ် ပြော ပြီး ၊ “ဘာ လုပ် တာ လည်း ဟင်” …….၊ ဟု အ လန် ့ တ ကြား ပြော ဆို မိ ပါ သည် ။

ကျ မ အ နေ ဖြင့် လမ်း ကြား တခု ဆို တာ ပဲ သိ သည် ။ ဘယ် နေ ရာ မှန်း မ သိ သ ဖြင့် ကြောက် စိတ် ပို လျှက် ၊ ဒေါ သ ထွက် ခါ အ သား များ တုန် လာ ပြီး ငို ချ မိ ပါ သည် ။ ဦး က အ တန် ကြာ စိတ် မ ကောင်း ဖြစ် လျှက် က ၊ ဦး ကို သ္မီး က မ ယုံ ကြည် တာ လား ဦး ဒေါ သ အ ရမ်း ထွက် နေ မိ လို ့ စိတ် ငြိမ် အောင် ထိန်း ပြီး ခ ဏ နေ ချင် လို ့လမ်း ကြား ရှင်း တဲ့ နေ ရာ ရှာ ပြီး လိုက် မောင်း နေ မိ တာ ဟု ပြော ဆို ပါ သည် ။ သ္မီး ကို လက် ဖျား နဲ ့ပင် မ ထိ ဟု ပြော ပါ သည် ။

ဦး က ကား စ တီ ယာ ရင် ပေါ် လက် တင် ပြီး ခေါင်း အပ် ခါ ခ ဏ ငြိမ် သက် စွာ နေ ပြီး ၊ သ္မီး ပြော တဲ ့ စ ကား က ဘယ် အ ဓိ ပ္ပါယ် သက် ရောက် နေ ပြီ လည်း ဦး ရဲ ့ဂုဏ် သိ က္ခာ တွေ ထည့် မ စဉ်း စား တော့ ဘူး လား ဟု ဆို ပါ သည်။ ဦး စေ တ နာ ကို ဝေ ဒ နာ ဖြစ် အောင် သ္မီး လုပ် တယ် ဟု ဆို ပါ သည် ။
ပြီး လျှင် ဦး က သူ ၏ စိတ် အား ပြေ လျှော့ ထား လျှက် က ၊ သ္မီး အ ခု နေ တဲ့ နေ ရာ ကို ပြန် မှာ လား ဟု ပြော လျှင် ၊ ကျ မ မှ စိတ် မ ကောင်း ဖြစ် ပြီး မောင်း ချင် တဲ့ နေ ရာ မောင်း ပါ ဟု ပြော မိ ပါ သည် ။

စ ကား နှစ် ခွ နဲ ့ မြွေ ဟောက် မ လေး လုပ် ဦး မ လို ့လား ဟု ပြော ပါ သည် ။ အိမ် ပြန် မှာ လား ဦး ပို ့မယ့် နေ ရာ ကို သွား မှာ လား ကြိုက် တာ ကို ရွေး ဟု ပြော ပါ သည် ။ ကျ မ မှ မ ရွေး တော့ ဘူး ဟု ပြော လိုက် မှ ပင် ဦး ၏ မျက် နှာ က ပြန် လန်း လာ ခါ ၊ က ရ ဝိတ် ဟို တယ် ဖက် သို ့မောင်း ပို ့ပါ သည် ။

စိတ် အ နှောက် အ ယှက် ဖြစ် သွား ခဲ့ ကြ ရ သ ဖြင့် ၊ တ လမ်း လုံး ငြိ်မ် သက် တိတ် ဆိပ် စွာ ဖြင့် စ ကား မ ပြော ကြ ပဲ က ရ ဝိတ် ဟို တယ် သို ့ရောက် လာ ခဲ့ ကြ ပါ သည် ။ ဦး က ဟန် ဘာ ဂါ အား ဆိတ် သား ညှပ် ဖြင့် စား မှာ လား ဟု မေး ပါ သည် ။

ကျ မ က လည်း ….
“အင်း ”ဟု ပြော ပါ သည် ။ ဦး က တော့ မြန် မာ ဘီ ယာ သောက် ချင် သည် ဟု ဆို ခါ ၊ အာ လူး အ ချောင်း ကြော် တစ် ပွဲ နှင့် ဘီ ယာ မှာ ယူ ပြီး ၊ ဘီ ယာ ကို တ ငုံ ချင်း သောက် နေ ပါ သည် ။ ကျ မ အား စေ့ စေ့ ကြည့် ယင်း ၊ စ ကား မ ပြော ပဲ တေ မိ လုပ် နေ ဦး မှာ လား ဟု လည်း ပြော ပါ သည် ။

ထို အ ခါ မှ သာ……..
ကျ မ က ဦး က ဘာ လို ့ဘီ ယာ သောက် နေ တာ လည်း ဟု ၊ ကျ မ မှ စ ကား ဆို မိ ပါ သည် ။
စင်္ကာ ပူ မှာ မြန် မာ ဘီ ယာ သောက် ချင် ရင် ဈေး ကြီး ပေး သောက် ရ တယ် ။ က ရ ဝိတ် မှာ သောက် ရ တာ ဈေး သက် သာ သည် ။ ဘီ ယာ က ဆီး ကောင်း သည် ၊ မူး မှ မ မူး တာ ဟု ပြော ပါ သည် ။ နိုင် ငံ ခြား က မိန်း ခ လေး များ ဆို လျှင် ဘီ ယာ ကို ရေ လို ပဲ သောက် ကြ သည် ဟု ဆို ပါ သည် ။ သ္မီး သောက် ကြည့် ပါ လား ဟု ပြော ပါ သည် ။ သူ ရာ ရေ ကို တော့ လျှာ ဖျား နှင့် ပင် မ တင် ပါ ဟု ဦး ကို ပြော မိ ပါ သည် ။

ခ ဏ ကြာ တော့ ရေ ခဲ မုန် ့ မှာ ယူ ကာ ဦး က ကျွေး ပါ သည် ။ ငယ် ငယ် က တော့ ဒီ မှာ လာ ကျွေး ရင် ဗိုက် မ ဝ မ ချင်း စား နိုင် သည် ။ ခု ရော ဟု ပြော လျှင် ,
အ ယင် လို ခ လေး မှ မ ဟုတ် တာ …..
မ စား တော့ ပါ ဘူး ဟု ပြန် ပြော မိ ပါ သည် ။
ဦး က….
မော နင်း စာ က ၊ နေ ့ လည် စာ နှင့် အ ရမ်း ကပ် သွား ပြီ ကန် တော် ကြီး ဟော် တယ် ဖက် သွား ယင်း ၊ အေး ဆေး ထ မင်း မှာ စား ကြ မည် ။ တ ရုတ် အ စား စာ မှာ စား လား ၊ ဘာ မှာ စား မ လည်း ၊ ကြိုက် တာ ပြော
စဉ်း စား ထား ဟု ၊ ဦး က အ ရင် မေး ထား ပါ သည် ။

ဟို ရောက် မှ စဉ်း စား ရင် အ ချိန် ကုန် တယ် ၊ မှာ ရ တာ တ အား ကြာ မြင့် သည် ။ ရှူ ခင်း ကောင်း သ ဖြင့် နိုင် ငံ ခြား သား များ လာ စား ကြ တာ များ တယ် ဟု ဦး က ပြော ပြ ပါ သည် ။ က ရ ဝိတ် ဟို တယ် မှာ ဦး က သူ ့ မိတ် ဆွေ များ နှင့် ဆုံ ရာ တွင် ကျ မ အား ဘာ တော် သ လည်း ဟု ဦး ၏ မိတ် ဆွေ များ က (အ င်္ဂ လိတ် လို စ ကား ညှပ် ) ခါ မေး မြန်း ကြ ပါ သည် ။ ဦး က ကိုယ် နှင့် မ ညား ဖြစ် သည့် ခယ် မ လောင်း လေး ဟု (အ င်္ဂ လိပ် လို စ ကား ညှပ်) ပြီး ပြန် ပြော ပါ သည် ။
ဦး ဘာ လို ့ အဲ ဒီ လို ပြော ရ တာ လည်း ၊ ရှက် စ ရာ ကြီး ဟု ပြော လျှင် အစ် မ ကြီး ကျယ် ကိ စ္စ က ဦး ရဲ ့ ဘော် ဒါ ရင်း တွေ မှန် သ မျှ အား လုံး သိ ကြ သည် ၊ ညာ ၍ မ ရ ဟု ပြော ပါသည် ။ ဒီ မှာ မ ထိုင် ချင် တော့ ဘူး ဟု ပြော လျှင် ၊ ဦး က………ဘယ် သွား သွား လွတ် မှာ မ ဟု တ် ဘူး ၊ ကန် တော် ကြီး ဟို တယ် မှာ လည်း ဦး ရဲ ့ ဆွေ မျိုး တွေ နဲ ့ ကင်း လို ့လွတ် နိုင် မှာ မ ဟု တ် ဘူး ဟု ဆို ပါ သည် ။

အ ပြင် မှာ ထိုင် ယင်း မှာ စား ကြ မယ် ၊ သ္မီး ကို တော့ မြင် ရင် လည်း မှတ် မိ နိုင် မှာ မှ မ ဟုတ် တာ ဟု ဆို ပါ သည် ။ ဘယ် သွား သွား မ လွတ် မယ့် အ တူ တူ ရွေး စ ရာ လမ်း မှ မ ရှိ တာ ၊ ဦး ရဲ ့ဆွေ မျိုး တွေ က လည်း ၊ ရန် ကုန် တ မြို ့ လုံး ပဲ လား ဟု ကျ မ မှ ပြော မိ ပါ တော့ သည် ။
ဒါ တောင် ဦး က ကျ မ ကို လက် ထပ် ချင် သေး တယ် ။ ဦး ဆွေ မျိုး တွေ က ဘာ ပြော ကြ မ လည်း သေ သေ ချာ ချာ စဉ်း စား ကြည့် ပါ ဦး ဟု မေး ခွန်း ထုတ် မိ ပါ တော့ သည် ။
ဖြစ် နိုင် ပါ့ ဦး မ လား အ ဖေ က စီး ပွား ရေး မှ မ လုပ် နိုင် တော့ တာ ၊ အ ခြေ အ နေ က အ ရမ်း ကွာ ဟ သွား ပြီ တူ မှ မ တူ နိုင် တော့ တာ ။ ဘယ် နည်း နဲ ့မှ မ ဖြစ် နိုင် တာ ၊ ဦး နဲ ့လက် ထပ် ဖို ့ဆို တာ က လည်း
က မ္ဘာ အ ဝေး ကြီး ပဲ ဟု ပြော မိ လိုက် ပါ သည်။
ကျ မ အ နေ နဲ ့က….
ဦး ကို သံ ယော ဇဉ် ဖြစ် မိ တာ မ ငြင်း ပါ ဘူး…..။
ဦး ကို လွမ်း မိ တာ လည်း ညာ စ ရာ မ လို ပါ ဘူး….။
လက် ထပ် ဖို ့ ဆို တာ က တော့ မ ဖြစ် နိုင် ပါ ဘူး……။
ဦး ရယ် ဟု ကျ မ က ဆို မိ ခဲ့ ပါ သည် ။
ဦး က……
ထို စ ကား အား ကြား ရ လျှင် ၊ မ ဖြစ် နိုင် တာ က ဦး မ ဟုတ် ဘူး ၊ သ္မီး က သာ ဗြောင်း ပြန် ပြော နေ တာ ..
သ္မီး မိ ဘ တွေ ဘယ် လောက် ချမ်း သာ ခဲ့ သ လည်း ၊ ဆို တာ ကို ဦး က မ သိ ခဲ့ တာ မှ ၊ မ ဟုတ် တာ ပဲ
ဟု ပြော ပါ သည် ။။

12 comments

  • မောင်ပေ

    June 19, 2012 at 10:04 pm

    ကျုပ်သာ ဦးနေရာ ရောက်ခဲ့မယ်ဆိုရင် ၊ ကားပေါ်တက်ကတဲက ပြန်ပို ့ဖို ့စဉ်းစားမိမှာကို မဟုတ်ဘူး ။
    တစ်ကယ်ပါ။

    • အရီး Khin Latt

      June 20, 2012 at 2:51 am

      ဒါကြောင့် မင်း ကားပေါ် မှာ ဘယ်သူမှ တက်မလိုက် ရဲကြတာကိုး။
      ဘယ်သူ တက်တက် ခိုးပြေး မဲ့ ပုံ။ 😀
      joking ပါ။
      စိတ်ထိခိုက်တွားနဲ့။ 🙂

  • may flowers

    June 19, 2012 at 10:57 pm

    အော်….ကိုပေ..ကိုပေ ဉာဏ်များတဲ့ကိုပေပေါ့လေ……….ဒါဆို။

    မုန်းစရာကောင်းသည့်ဦးကတော့ တော်တော်လေးဇာတ်ရည်လယ်လာပြီမို့

    ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါပြီ

    ဆက်ပြီး စောင့်ဖတ်နေပါ့မယ်ရှင့်။

  • အရီး Khin Latt

    June 20, 2012 at 2:48 am

    အစ်မအေး ရယ်
    အဲဒီလူကြီး အဖြစ်က
    ကလေး မုန့်ပေးကြိုက် လို့ပြောရမလား။
    အစ်မကို လဲ အသေကြိုက် ပြီးတော့ ညီမ ကိုလဲ အတင်းကပ်။
    ငယ်သံယောဇဉ် ဆိုလဲ ဒီကလေးလေးကို ဖြူဖြူစင်စင် လေး ဘဲ အရိပ်ကြည့် ချစ်နေသင့်သလား။
    အပြစ်တော့ မတင်ရက်ပါဘူး။
    အဆုံးမှာတော့ ဝမ်းနည်းစရာ ဖြစ်နေမှာ သိနေသလိုဘဲ။

  • ဇောက် ထိုး

    June 20, 2012 at 6:38 am

    မိန်ကလေးရဲ့ စိတ်လေးကို ဦးရဲ့ကိုင်သွယ်ပုံကတော့ လှတယ်လို့ခံစားရပါတယ်။
    မိန်းကလေးကလဲ ခံစားမှုနဲ့ အသိ လွန်ဆွဲနေသလိုပဲ။

  • ကြောင်ကြီး

    June 20, 2012 at 7:20 am

    အဲဒီ့ဦးဆိုဓါ ဦးကြောင်ကြီးပဲကွ…ဗူး..ထွားထွား…ထွားထွား…ကြေးမုံဂျီးကို ကားတင်ပြေးမယ်…။ ကပေရေ ကန်တော်ကြီးစောင်းက တင့်ကားထဲ ဓါတ်ဆီသွားထည့်ထားကွာ..မနက်စောစော ပန်းခြံစောင့် ငိုက်နေတုန်း အဲဒီတင့်ကားနဲ့ ကြေးမုံဂျီးကိုသွားခေါ်မယ်။ ကားတင်ပီးရင် အောင်ပွဲခံအထိမ်းအမှတ်အဖြစ် လမ်းမှာတွေ့တဲ့ တရုတ်သံရုံးကို အမြောက်နဲ့ပစ်မယ်။။ နို့မို့ရင် ဒင်းတို့လိုက်လာနေအုံးမယ်…။ 👿

    • Azzurri

      June 20, 2012 at 7:25 am

      အလာကောင်းပေမယ့် အခါနှောင်းသွားဘီ ကိုကိုကြောင်…
      အဲ့ တင့်ကား က နှစ်၃ဝ ကျော်သွားလို့ ဒို့ဘဂျီး စိန် ကျို ပလိုက်ပီ…
      ခိခုခိခု…

      😛

    • MaMa

      June 20, 2012 at 9:23 am

      ကြောင်ကြီးနဲ့ ကြေးမုံလေး ကြားထဲမှာ မောင်ပေ လူဆိုးဖြစ်ရပါကောလား :mrgreen:

  • etone

    June 20, 2012 at 8:39 am

    အန်တီအေးရေ .. သမီးတော့ ဒီဝတ္တုကို ဖတ်ရင်း အသည်းယားလာပြီ … ။

    ကောင်မလေးက ရယ်ဒီမိတ်ဘဲကြီးကို သံယောဇဉ်ဖြစ်နေရဲ့သားနဲ့ .. လက်မထပ်နိုင်ဘူးလို့ထင်ပြန်တယ် …။ အရင်ခေတ်က အသက် ဆယ့်သုံးနှစ်လောက် ကွာတဲ့အထိ ပေးစားလို့ ယူကြတာတွေလည်း တွေ့ဖူးတော့ အသက်ကြီးသူကို ယူတာ … အဲ့ခေတ်နဲ့ ဆို ပြသနာ မရှိလောက်ပါဘူး .. လူသိပ်ပြောခံရမှာ မဟုတ်လောက်ဘူး …။

    ဟိုလူကြီးကလည်း … ယောကျာ်းမာယာနဲ့ နွဲ ့တယ် … ။ မြွေပါလည်း ဆုံး ၊ သားလည်းဆုံးဖြစ်မှာ စိုးလို့ …. မူယာမာယာများပြီး … သိက္ခာတွေဘာတွေရှိယောင်ဆောင်တယ် …. ။ တကယ်တမ်းသာ သူ့မှာ သိက္ခာနဲ့ မာနရှိလျှင် .. ကိုယ့်ကို ငြင်းလိုက်တဲ့ သူရဲ့ ညီမကို ဘယ်လိုမှ ချိန်ရွယ်ဖြစ်မှာ မဟုတ်ဘူး … ။ အစ်မလိုလို ညီမလိုလိုနဲ့ တားဂတ်ပြောင်းလိုက်ကတည်းက … သူ့မှာ မာနရော ၊ သိက္ခာရော ပွန်းပဲ့သွားပြီလို့ ထင်မိပါတယ် … ။

    (အန်တီရေ … ဝတ္တုထဲက ဇာတ်ကောင်ကို စာဖတ်သူ အမြင်နဲ့ ဝေဖန်ကြည့်တာပါနော် … အမှားပါက ခွင့်လွှတ်ပါ )

  • ကြောင်ဝတုတ်

    June 20, 2012 at 9:23 am

    မုန်းစရာကောင်းတာဦးမဟုတ်ပဲ…သမီးဖြစ်နေပြီနော်…

  • နွယ်ပင်

    June 20, 2012 at 9:42 am

    အဲ ဦးရဲ့ မြှားကတည့်တည့်ကို ချိန်နေပါရောလားနော် ……….

  • ဆူး

    June 21, 2012 at 9:45 am

    အခုတော့ ကရဝိတ်က ရေခဲမုန့် ရသေးလားတောင် မသိတော့ဘူး။
    ငယ်ငယ်ကတော့ ရေခဲမုန့် စားချင်ရင် အဲဒီ ကို သွားစားရတယ်။
    အဲဒီ ခေတ်တုန်းကတော့ လေးဘီးတောင် ရှိပါ့အုန်းမလား။
    ပြည်သူ့မုန့်တိုက် တို့ ဘာတို့ ဆိုတာ နာမည်သာ ကြားဖူးတာ တခါမှ မရောက်ဘူးခဲ့သလိုပဲ..
    အခု Ruby Mart ရှိတဲ့ နေရာ ထင်တယ်။

Leave a Reply