လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏အိုင်ယာလန်ခရီးစဉ်…

Ambassador of Conscience Award 2009 ကိုလက်ခံရယူနေစဉ်..

 

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အိုင်ယာလန်သမ္မတ Michael D.Haggins

 

အိုင်ယာလန်နိုင်ငံ Dublin မြို့ရဲ့ လွတ်မြောက်ရေးဂုဏ်ထူးဆောင်ဘွဲ့လက်ခံရယူပြီးစဉ်...

 

မွေးနေ့ကိတ်ကိုင်ဆောင်ထားသော အမေစု...

 

အမေစု (၆၇)နှစ်မြောက်မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင် ကျမ်းမာ ပျော်ရွှင်နိုင်ပါစေ...

အမေစုရဲ့ (၆၇)နှစ်မြောက်မွေးနေ့ဟာ အင်မတန်ထူးခြားပြီး၊အင်မတန်စိတ်ချမ်းမြေ့ ကြည်နူးစရာအလွန်ကောင်းပါပေတယ်…အမေ့ရဲ့ လွတ်လပ်ပေါ့ပါးနေတဲ့ အပြုံးတွေက လောကကြီးတစ်ခုလုံးကို ပို၍ပင်အေးမြစေတယ်လို့ထင်မှတ်မိပါတယ်…

ကျနော်တို့အားလုံးရဲ့ လွတ်မြောက်ရေးမိခင်ကြီး အသက်ရာကျော်ရှည်ပါစေ…

ဓါတ်ပုံ…ဒီမိုဝေယံ မှ ပြန်လည်မျှဝေပါသည်။

အားလုံးကိုအစဉ်အမြဲလေးစားခင်မြင်တတ်သော..

အညတရ(မောင်သုည)…

 

5 comments

  • MaMa

    June 20, 2012 at 8:01 am

    စိတ်ရွှင်လန်းတက်ကြွစေတဲ့ ပုံလေးတွေမျှဝေပေးတဲ့ မောင်သုညကို ကျေးဇူးအများကြီးတင်ပါတယ်။
    မောင်သုညတင်တဲ့ ပိုစ့်တွေကို ကြည့်ခြင်းအားဖြင့် သုညရဲ့ တန်ဖိုး ကြီးမားတာကို တွေ့မြင်ရပါတယ်။
    မောင်သုညလည်း ကောင်းကျိုးချမ်းသာများနှင့် ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 🙂
    (ဒါပေမယ့် ဒီဆုတောင်းကို သဂျီးမမြင်စေနဲ့။
    ဒီမိုသဂျီးက ဆုတောင်းဆုယူ သုံးကိုယ်ခွဲ လက်မခံဘူး) 😛

  • Thel Nu Aye

    June 20, 2012 at 9:52 am

    ်တကမ္ဘာလုံးရဲ့မေတ္တ္တာတွေ အလေးထားမှု့တွေ အမေ့ကိုတန်ဖိုးထားမှု့တွေမြင်တွေ့ရတဲ့အခါမှာတော့ အမေက ဘုရားပေးတဲ့လက်ဆောင်ဆိုတာ သေချာသွားပါတယ်။ မြန်မာဖြစ်ရတာလဲ အမေ့ကြောင့်ဂုဏ် တက်ရပါတယ်။ ပုံလေးတွေအတွက်လဲကျေးဇူးပါ။

  • etone

    June 20, 2012 at 10:41 am

    ဘယ်အချိန်ပဲ ကြည့်ကြည့် ကျက်သရေ ရှိနေတဲ့ သူမပုံတွေကို မြင်ခွင့်ရတာ ကျေးဇူးပါတော် … ။

  • စိန်ဗိုက်ဗိုက်

    June 20, 2012 at 12:10 pm

    ကမာ္ဘကျော် U2 အဆိုတော် ဘိုနိုမှ သူ၏ ကိုယ်ပိုင်ဂျက်လေယာဉ်အား ဒေါ်အောင်ဆန်းစုကြည် အိုင်ယာလန်နို်င်ငံ ဒပ်ဗလင်မြို့ သို့ သွားရန်အတွက်ပေးအပ်လိုက်ပါတယ်တဲ့။

    http://1.bp.blogspot.com/-Cpd6tmmV1so/T977HrS21eI/AAAAAAAADEs/-TOzzWfbXCs/s400/8005_3788601047503_746567900_n.jpg
    သတင်း၊ ဓာတ်ပုံ- Augn Pan’s facebook

    ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာ လူအခွင့်အရေးဆုပေးအပ်ပွဲနှင့် U2 အဖွဲ့အပါအဝင် ကမ္ဘာကျော် အဆိုတော်များ၊ သရုပ်ဆောင်များမှ ဂုဏ်ပြု တင်ဆက်မည့် Electric Burma အမည်ရှိ ဂီတပွဲတော် သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ပါတယ်။

    အပြည့်ဖတ်ချင်ရင်….http://blog.irrawaddy.org/2012/06/blog-post_6341.html

  • မောင်သုည

    June 20, 2012 at 11:09 pm

    ကျနော့်အား ပြန်လည်၍ ဆုတောင်းပေးသော မမ ကိုကျေးဇူးတင်ပါတယ်…ဆုတောင်းပေးတယ်ဆိုတာ အခြေခံအားဖြင့် မေတ္တာဖြင့်တုန့်ပြန်ခြင်းလို့ယူဆမိပါတယ်။။။အမှန်က ကျနော်သုံးကိုယ်မခွဲရသေးပါဘူး…
    ကျနော်တို့သူကြီးကတော့ ဆုတောင်းတာ၊ဆုယူတာ သိပ်သဘောမတွေ့လှဘူးခင်ဗျ…လာဘ်တောင်း၊လာဘ်ယူလောက်သဘောတွေ့တာခင်ဗျ…

Leave a Reply