MP3 သုံး၍ သီချင်းတစ်နာရီ နားထောင်ရုံဖြင့် အကြားအာရုံပျက်စီးနိုင်

khinmintatthuJune 24, 20101min810

MP3 ဖြင့် တစ်နာရီ (သို့မဟုတ်) တစ်နာရီထက်ကျော်ပြီး သီချင်းနားထောင်ရုံဖြင့် ရေရှည်တွင် အကြားအာရုံပျက်စီးနိုင်ကြောင်း ဘယ်လ်ဂျီယံရှိ Ghent တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာမှုတစ်ရပ်အရ သိရသည်။
MP3 ဖြင့် သီချင်းနားထောင်ခြင်းသည် ရေရှည်တွင် အကြားအာရုံပျက်စီးစေကြောင်း၊ အချိန်တိုအတွင်း အသံပြောင်းလဲမှုကြောင့် နားထဲရှိ အမွေးအမှင်ဆဲလ်များအတွင်း လှုံ့ဆော်မှု
အလွန်အကျွံဖြစ်ပေါ်ကြောင်း လေ့လာမှုတွင် ဖော်ပြခဲ့သည်။MP3 ကို နားကြပ်တပ်ပြီး
အသံကျယ်ကျယ်နားထောင်ခြင်းသည် အကြားအာရုံပျက်စီးနိုင်သည်ဟု သုတေသနပညာရှင်များ၏
သတိပေးချက်ထုတ် ပြန်ခဲ့ပြီးနောက် အသက် ၁၉ နှစ်မှ ၂၈ နှစ်အကြား လူငယ် ၆ဝ ကို
လေ့လာခဲ့ခြင်းဖြစ်သည်။ MP3 ဖြင့် ပေါ့ပ်နှင့်ရော့ခ်ဂီတများကို တစ်နာရီခန့်
နားထောင်စေပြီး အသံအတိုးအကျယ် ပြုလုပ်ကာ သီချင်းနားမထောင်မီနှင့်
နားထောင်ပြီးနောက်ပိုင်း အကြားအာရုံများကို စစ်ဆေးခဲ့သည်။

သုတေသနအဖွဲ့ခေါင်းဆောင် ဟန်နာကမ်ပလာက”
လွန်ကဲတဲ့အသံ ဆူညံမှုတွေဟာ အကြားအာရုံ ဆုံးရှုံးနိုင်တယ်ဆိုတာ ကောင်းကောင်းသိလောက်ပါပြီ။
သယ်ရလွယ်တဲ့ မီဒီယာပလေယာတွေ နားထောင်ပြီးတဲ့နောက်ပိုင်း အကြားအာရုံယိုယွင်းမှုတွေ ဖြစ်လာတယ်”ဟု
ပြောကြားခဲ့သည်။ ဥရောပနိုင်ငံများနှင့် အမေရိကန်မှ လူငယ် ၉ဝ ရာခိုင်နှုန်းသည် MP3 ဖြင့်
အမြင့်ဆုံးအသံနှုန်းဖြင့် တစ်နေ့လျှင် နာရီပေါင်းများစွာ သီချင်းနားထောင်ကြောင်း သိရသည်

မှတ်ချက်။    ။မေးလ်ထဲမှ မျှဝေလိုက်သည်။။