ရှေးပုဂံခေတ်ကထဲက စတင်ခဲ့တဲ့ ၀တ်ဆင်ရန် ပုဆိုး၊ဘောင်းဘီ၊ထဘီ စသော အ၀တ်အစားများ ၀ယ်ခြင်းကို မြန်မာလဆန်း၊လဆုတ် ဘယ်နေ့တွေမှာဝယ်ရင် ကောင်းကျိုးဖြစ်မယ်၊ ဘယ်နေ့တွေ မှာဝယ်ရင် ကောင်ကျိုးမရနိုင်ဘူး စတဲ့အကျိုးအပြစ်တွေကြည့်ပြီး အ၀တ်အစားဝယ်လေ့ရှိတယ်လို့ သိရပါတယ်။အဲဒီတော့ ဘယ်နေ့တွေမှာအ၀တ်ဝယ်ခြင်းဖြင့် ကောင်းကျိုးဘယ်လိုရမလဲဆိုတာ သိရအောင် မြန်မာလဆန်း၊လဆုတ်ရက်တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

မြန်မာလဆန်းရက်များ

၁ရက် – အထူးကောင်းကျိုးပေးသည်။ကောင်းခြင်းလာဘ်နှင့်ပြည့်စုံသည်။

၂ရက် – ပီယကောင်းခြင်း၊မျက်နှာပွင့်ခြင်းဖြစ်စေသည်။

၃ရက် – အလိုပြည့်သောဓာတ်ခိုအောင်းအံ့။

၎ရက် – ဘေးဥပါဒ် အန္တရယ်ကြီးစွာတွေ့စေ၏

၅ရက် – စုတ်၊လာဘ်နှစ်ပါးကောင်းသောဓာတ်ဝင်၏

၆ရက် – နာဖျားသောဓာတ် ခိုအောင်းနေ၏

၇ရက် – စိတ်သောကရောက်စေ၏

၈ရက် – ဘေးဒုက္ခရောက်စေ၏

၉ရက် – ရန်ဖြစ်သည့်ဓာတ်ဝင်အံ့။

၁၀ရက် – စိတ်မချမ်းမြေ့ဖွယ်ရာ သတင်းဆိုးကြားအံ့။

၁၁ရက် – အပူသောကဖြစ်စေအံ့။

၁၂ရက် – ရွှေငွေရတနာပြည့်စုံစေအံ့

၁၃ရက် – ဥစ္စာစီးပွားတိုးပွားစေအံ့

၁၄ရက် – ကောင်းသောသတင်းစကား ကြားစေအံ့

၁၅ရက် – ဓနဥစ္စာပေါကြွယ်ဝသောဓာတ်ခိုအောင်းနေမည်။

မြန်မာလဆုတ်ရက်များ

၁ရက် – ဘေးဥပါဒ်အန္တရာယ်ဖြစ်စေမည်။

၂ရက် – အလွန်ဆိုးသောသတင်း ကြားရတတ်သည်။

၃ရက် – ရန်ဖြစ်ရတတ်သည်။ရန်ငြိုးပြုခံရတတ်သည်

၎ရက် – မျက်နှာပွင့်ခြင်း၊ချစ်ခင်ခံရခြင်းရှိမည်။

၅ရက် – ရတနာဥစ္စာပေါများခြင်း၊လာဘ်ပွင့်စေခြင်း

၆ရက် – ရန်အနှောင့်အယှက်များစေသည်၊ပြသနာများစေသည်

၇ရက် – ဆွေမျိုးများနှင့်ပြေလည်စေသည်။ငွေကြေးကောင်းစေသည်။

၈ရက် – အခြွေအရံနည်းစေပြီးလူမုန်းများစေသည်။

၉ရက် – ဥစ္စဓနဖွံ့ဖြိုးမည်၊လာဘ်ပွင့်စေသည်

၁၀ရက် – မတော်တဆထိခိုက်မှု့ဖြစ်စေသည်။

၁၁ရက် – စီးပွားပျက်စေမည်။

၁၂ရက် – အကြွေးတောင်းရန်ကောင်းသည်၊ငွေကြေးကံကောင်းမည်။

၁၃ရက် – စီပွားတတ်၊လာဘ်ပွင့်စေမည်

၁၄ရက် – ဥစ္စာတိုးစေမည်၊ကံမြင့်စေမည်

၁၅ရက် – ချမ်းသာကြွယ်ဝခြင်း၊ လာဘ်ပွင့်စေခြင်းရှိမည်။

မြန်မာလဆန်း၊လဆုတ်ရက်များအား မြန်မာပြက္ခဒိန်တွင်ကြည့်နိုင်ပြီး လက်ခံသုံးစွဲပါလို့ မဆိုလိုပေမဲ့ ဗဟုသုတရစေရန် မျှဝေလိုက်တာပါ။ အ၀တ်အထည် လက်ဆောင်ရတယ် ဆိုရင်လည်း ရတဲ့နေ့ကိုဝယ်သည့်နေ့ဟု မှတ်ယူနိုင်ပါသည်။

မှတ်တမ်းမှတ်ရာသမိုင်းကြောင်းအရ ပုဂံမင်းဆက်၏တတိယမြောက်မင်းဖြစ်သော ရန်အပေါင်းကိုအောင်နိုင်သော ပျူစောထီးမင်းအသုံးပြုသော နည်းပညာအနက်မှ ကောက်နှုတ်တင်ပြတာဖြစ်ပြီး၊ ပျူစောထီးမင်းသည် သူ၏ဆရာဖြစ်သော ရသေ့ကြောင်ကို ဒုတိယပုဂံမင်းဆက်အဖြစ် နန်းစံစေပြီးမှ သက္ကရာဇ် ၆၂ တွင် ထီနန်းလက်ခံရယူခြင်းဖြစ်သည်။ ရသေ့ကြောင်မင်းသည် အတိတ်နမိတ်ဗေဒင် ပညာတတ်မြောက်သူဖြစ်ကြောင်းနှင့် သူ၏အတတ်မှတဆင့် လဆန်း၊လဆုတ်ရက်များကိုကြည့်ပြီး အသုံးပြုသော ပညာရပ်တစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..