အာဆင်နယ်၊ အာစင်ဝင်းဂါးနှင့် ရော်ဘင် ဗင်ပါစီ

ဒိုးစနစ္June 20, 20121min853

ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီ ၂၀၁၁/၁၂ ကြီးပြီးသွားလို့ ဖလားရတဲ့ အသင်းတွေလည်းရ
တန်းဆင်း တန်းတက်အသင်းတွေ။ အပြောင်းအရွှေ ့ဇာတ်လမ်းနဲ့ ယူရို ၂၀၁၂ကြီးလည်း ကျင်းပနေပြီ။
ဒါပေမယ့် အပြောင်းအရွှေ ့ဇာတ်လမ်းထဲမှာ ပုံပြင်တစ်ပုဒ်က ပျံလွှင့်နေတယ်။ အဲဒါက ယခုနှစ် ပရီးမီးယားလိဂ်
ဘောလုံးရာသီမှာ ရာသီစအကြောင်းမလှခဲ့တဲ့ ၂၀၀၃/၀၄ ချန်ပီယံဟောင်း အာဆင်နယ်ကို ယခုနှစ်ရာသီသိမ်းတော့
အဆင့်သုံးရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ယခုနှစ်ရာသီ သူရဲကောင်း အာဆင်နယ် အသင်းခေါင်းဆောင် ရော်ဘင် ဗင်ပါစီပါပဲ။
သူ့ ကို ဒီနှစ် အပြောင်းအရွှေ ့မှာ ယခုနှစ်ပရီးမီးယား ချန်ပီယံ မန်ချက်စတာစီးတီး။ ယခုနှစ် ရှုံးပွဲမရှိ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ် နှင့် ရုရှားသူဌေးကလပ် အန်ဇီး စတဲ့ အသင်းတွေက အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။
အသက် ၂၈နှစ်အရွယ်ရှိ ဒက်ချ်ကစားသမားဟာ ၂၀၀၄ခုနှစ်မှာ ဖီယင်နုကလပ်ကနေ အာဆင်နယ်ကို ပြောင်းရွှေ ့လာပြီး ၁၉၄ပွဲကစားကာ ၁၃၂ဂိုးသွင်းပေးထားပါတယ်။
နိုင်ငံအသင်းအတွက်လည်း ၆၈ပွဲကစားပြီး ၂၉ဂိုးသွင်းပေးထားခဲ့တယ်။
သူဟာ ယခုနှစ်ရာသီမှာ ခြေစွမ်းပြပြီး အာဆင်နယ်မှာ ကစားပေးခဲ့နိုင်တာကြောင့် အာဆင်နယ်နည်းပြကြီး အာစင်ဝင်းဂါးက သူ့ပြောင်းရွှေ ့ကြေးကို သန်း၃ဝ အထိမျှော်မှန်းခဲ့တယ်။
ဒီနေရာမှာ အာစင်ဝင်းဂါးအကြောင်း နည်းနည်းပြောချင်ပါတယ်။
၂၀၀၅ခုနှစ်ကစလို့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလား မရခဲ့ပေမယ့်လည်း အသင်းဟာ အရှုံးမပေါ်ခဲ့ပါဘူး။
ဘာလို့လဲဆိုတော့ အာစင်ဝင်းဂါးကြောင့်ပါပဲ။သူရဲ ့ နည်းဗျူဟာ တစ်ခုပေါ့ဗျာ။အဲဒါဘာလဲဆိုတော့ တစ်ရာသီမှာ ကစားသမားကောင်း တစ်ယောက်ကို ကောင်းကောင်းမွန်မွန်ဖြစ်မြောက်အောင် သူလုပ်ဆောင်နိုင်ခဲ့တယ်။
ဝါရင့် ကစားသမားကြီး ဟင်နရီ ကစလို့ ကလစ်ချီ။ ဆေးလ်ဗား။ ဂါးလက်စ်။ အဒီဘာယော။ အာရှာဗင်။ ဒီနယ်လ်ဆင်။ ဖာဘရီဂက်စ်။ နာဆရီ စတဲ့ ကစားသမားတွေကို ရာသီကုန်တိုင်း အသင်းတိုင်း ဈေးကြီးပေးဝယ် စိတ်ဝင်စားအောင် တစ်ရာသီလုံးကို ဒေါက်တိုင်သဖွယ် အားကိုးခဲ့တာကို မြင်ရမှာပါ။
အသက် ၆၂နှစ်ရှိပြီဖြစ်တဲ့ ပြင်သစ်သားကြီး အာစင်ဝင်းဂါးဟာ ၁၉၉၆ခုနှစ်က စလို့ အာဆင်နယ်မှာ နည်းပြရာထူးတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး မန်ယူက ဖာဂူဆန်ပြီးရင် ပရီးမီးယားရဲ ့ ဒုတိယသက်တော်ရှည်ကြီးပါ။
သူ့ နည်းဗျူဟာက အစတုန်းကတော့ သတိမထားမိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ စာရေးသူကိုယ်တိုင်ကလည်း အာဆင်နယ်ကို မကြိုက်ခဲ့လို့ပါ။ မနှစ်ကစလို့ ရာသီသိမ်း အပြောင်းအရွှေ ့မှ စပြီး သတိထားခဲ့မိတာပါ။
မနှစ်က ဖာဘရီဂက်စ်ကို ကောင်းကောင်းဒေါက်တိုင်သဖွယ် အသုံးချပြီး အာဆင်နယ်ကို နာမည် အပျက်မခံခဲ့ပါဘူး။
အဲဒါကြောင့် ဒီနှစ် အာဆင်နယ်ကို စောင့်ကြီးပြီး အဓိက ကစားသမားက ဘယ်သူဖြစ်မလဲလို့ သတိထားတော့
ရော်ဘင် ဗင်ပါစီ ဖြစ်နေတာကို တွေ ့ခဲ့ရတယ်။
အာစင်ဝင်းဂါးက ပထမဆုံး ရော်ဘင် ဗင်ပါစီကို အသင်းခေါင်းဆောင် ခန့်အပ်ခဲ့တယ်။
ဒုတိယ တစ်သင်းလုံးရဲ ့ အသက်ဖြစ်အောင် ကွင်းတွင်း ကွင်းပြင် ဩဇာရှိအောင် ကူညီလုပ်ဆောင်ပေးခဲ့တာကို တွေ ့ရပါတယ်။ထို့နောက် တစ်ရာသီလုံး တစ်သင်းလုံးက ပွဲတိုင်း ရော်ဘင် ဗင်ပါစီ ဂိုးသွင်းနိုင်အောင် ဝိုင်းပြီး ပံပိုးပေးခဲ့တယ်။အာစင်ဝင်းဂါး ခန့်မှန်းထားတဲ့အတိုင်း သူ့တပည့်ကျော်ကလည်း လုပ်ဆောင်ပေးနိုင်ခဲ့လို့ ဒီရာသီရဲ ့ ဂိုးသွင်း ဘုရင်ဆုကိုလည်း ရရှိခဲ့တယ်။
ရာသီလဲပြီးလို့ အပြောင်းအရွှေ ့မှာ သူ့တပည့်ကျော်ကို အသင်းအားလုံးက စိတ်ဝင်စားနေမှန်းသိတော့ ပြောင်းရွှေ ့ကြေး သန်း၃ဝ အထိဈေးခေါ်ခဲ့တယ်။
မနှစ်ကလည်း ဖာဘရီဂက်စ်ပါ။ အပြောင်းအရွှေ ့ကောလဟာလနဲ့ နောက်ဆုံး ထိုက်တန်တဲ့ ဈေးတခုနဲ့ ဘာစီလိုနာကို ပြန်ရောက်သွားခဲ့တာပါပဲ။ယခုနှစ်ကိုလည်း ရော်ဘင် ဗင်ပါစီကို အာစင်ဝင်းဂါးရဲ ့သာမက အာဆင်နယ်ရဲ ့ တန်ဖိုးရှိကစားသမားဖြစ်ဖို့ ယူရို ၂၀၁၂ မှာခြေစွမ်းပြဖို့ အာစင်ဝင်းဂါးက
ခန့်မှန်းခဲ့တယ်။ သို့ပေမယ့်လည်း ဗင်ပါစီရဲ ့ နယ်သာလန်အသင်းက ယူရို၂၀၁၂မှာ အုပ်စုကလှည့်ပြန်ခဲ့ရတယ်။
အဲဒီအတွက် ပရီးမီးယားလိဂ် ပူပူနွေးနွေးချန်ပီယံက ဗင်ပါစီရဲ ့ဈေးက သန်း၃ဝ မတန်ပါဘူးဆိုပဲ။ ၁၅သန်းပဲ ပေးမယ်လို့ ဈေးဦးချိုးခဲ့တယ်။
အာစင်ဝင်းဂါးကလည်း ဗင်ပါစီအတွက် ဈေးပိုရအောင် စာချုပ်ပဲ ဆက်ချုပ်မလို။ မချုပ်တော့မလိုနဲ့ ဈေးကိုဆွဲတင်နေတုန်းပါပဲ။
စီးရီးအေက ဂျူဗင်တပ်ကတော့ သန်း၃ဝမက တန်တယ်ဆိုပြီး အသင်းကို ခေါ်ဖို့ ပြင်ဆင်ဆွေးနွေးနေတုန်းပါ။
ဒါကြောင့် ယခုနှစ် အာဆင်နယ်ရဲ ့ ဗင်ပါစီပြီးသွားရင် နောက်နှစ်မှာ ဝဲလ်ကော့ ဖြစ်မလား။ ချိန်ဘာလိန်းဖြစ်မလား
အာရွန်ရမ်ဆေးဖြစ်မလား ရိုဆစ်စကီးဖြစ်မလား ဆိုတာကိုလည်း လာမယ့်ရာသီမှာ ခန့်မှန်းနိုင်ဦးမှာပါ။
နိဂုံးချုပ်အားဖြင့် ဗင်ပါစီရဲ ့ အပြောင်းအရွှေ ့ကတော့ ဒီနှစ်မှာ ဘယ်ဈေး ဘယ်အသင်းဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

(မည်သည့်နေရာကမှ မကိုးကားပါ။ စာရေးသူ အမြင်သက်သက်ပါ။ကျေးဇူးတင်ပါသည်။)

3 comments

  • နွေဦး

    June 20, 2012 at 10:35 am

    တို့တိုင်းပြည်က လိဂ် တွေ.. အက် ဖ စီ တွေ ကိုလဲ သုံးသပ်ပေးပါဦး ။

    • Doe sanic

      June 20, 2012 at 10:44 am

      ဟုတ်ကဲ့။ ကြိုးစားပါ့မယ်

  • မောင်ပေ

    June 20, 2012 at 1:16 pm

    ကျုပ်သိရသလောက်ကတော့
    တစ်ကမ္ဘာလုံးရှိသမျှ ဘောလုံးကလပ်တွေအထဲမှာ
    “ အာဆင်နယ် ” အသင်းဟာ လုပ်အစားဆုံး ပါဘဲ ။
    အတိအကျ လက်တွေ ့ရေးပြစရာခက်ပေမယ့် ၊ လူရောင်းစား ၊ အမှတ်ရောင်းစား ၊ ဖလားရောင်းစား သလို အပေါက်မျိုးချိုးနေတာကတော့ သံသယဖြစ်စရာအကောင်းဆုံး ဘဲဗျို ့။

Leave a Reply