သူယောင်မယ်များနှင့်ပျော်ပါးခြင်း

king zawgyiJune 20, 20121min35526

ဇော်ဂျီတွေဟာ ဇော်ဂျီဖြစ်စေဖို့ နှစ်ပေါင်းများစွာ ဆေးမြစ်တွေတူး ၊ ဆေးတွေစပ် ၊ ဆေးတွေဖော်ပြီး နောက်ဆုံးမှာ သူတို့ ဖိုဝင်ကြတယ်။ ဖိုဝင်လို့ အောင်သွားရင် ဇော်ဂျီ ဖြစ်တော့တာပဲ။

ဇော်ဂျီဖြစ်တာနဲ့ ထိုတောထဲမှာ ရှိနေတဲ့ “ သူယောင်သီး ” ကို သူ့ရဲ့ တောင်ဝှေးနဲ့ ထိုးလိုက်ရင် ဒီအသီးဟာ ကြွေကျလာပြီး တကယ့်လူလို အသက်ဝင်လာတယ်။ ဒီအခါမှာ ဇော်ဂျီတွေဟာ ဒီသူယောင်မယ် လူအတုနဲ့ ပျော်ပါးနေထိုင်တယ်။ နောက်တော့ သူက အလိုမရှိတော့ဘူးဆိုရင် သူ့တောင်ဝှေးနဲ့ ပြန်ထိုးပြီး အသက်နုတ်လိုက်လေ့ရှိတယ်။

ဒီအသီးတွေဟာ အသက်မရှိပဲ မြေပေါ်ကို ပြူတ်ကျပြီး ပုပ်ရင် လူသေတစ်ယောက်လိုပဲ အနံ့ထွက်တယ်လို့ ဆိုတယ်။

ဒါကတော့ ကျွန်တော်တို့ ငယ်ငယ်က အဖွားပြောပြောနေတဲ့ ဒဏ္ဍာရီ ပုံပြင်လေးပါပဲ။ ဒီ သူယောင်မယ် အသီး ရှိလား မရှိဘူးလားဆိုတာလည်း ကျွန်တော်တို့ မမြင်ဖူးတော့ မသိဘူး။ ရှိချင်မှလည်း ရှိမယ်လို့ ထင်ခဲ့တယ်။
အခုတော့ ရှိတယ် ဆိုတာကို ရှာတွေခဲ့ပါပြီ။ အခု အောက်မှ တွေ့နေရတာကတော့ “ ထိုင်း ” နိုင်ငံထဲမှာ ပေါက်ရောက်နေတဲ့ သူယောင်မယ် အပင်မှ သူယောင်မယ် အသီးတွေပါပဲ။ အံ့ဩဖွယ်ကောင်းလောက်အောင် မိန်းမတစ်ယောက်ရဲ့ အလှအပများကို ထင်ရှားပေါ်လွင်စွာ မြင်ရပါတယ်။
ထိုင်းဘာသာစကားနဲ့ဆိုရင်တော့ ဒီအံ့ဩဖွယ်ရာ အပင်ကို Nareepol လို့ခေါ်ပါတယ် ။ Naree ဆိုတာက မိန်းက လေးကိုရည်ညွှန်းပြီး pol ဆိုတာကတော့ သစ်ပင် ၊ အပင်တွေကိုရည်ညွှန်းပါတယ် ။ မလေးလိုဆိုရင်တော့ Buah လို့ခေါ်တွင်ပါတယ် ။ရှမ်းပြည်အာသံပြည်တို ့တွင်လဲ ရှိပါတယ်။

 

ရွာသား လူပျိုကြီးတွေအတွက် အသစ်စက်စက်ပိုစ့်လေးနဲ့ စလိုက်တာပါဗျာ. 🙂

 

 

26 comments

  • water-melon

    June 20, 2012 at 10:59 am

    အပြင်မှာ မြင်ဘူးတယ်
    သူယောင်မယ်တွေကို
    ညဆိုသူတို့ကထွက်ပြီ
    ပြီးတော့လက်ကလေးပြပြီးတော့ ခေါ်သေးတယ်
    ဘာသူယောင်မယ်လဲတော့မသိ :mrgreen:

    • Shwe Tike Soe

      June 20, 2012 at 11:54 am

      ဖရဲသီးတို. လမ်းထိပ် ၈၄ မှာ ဆို သူယောင်မယ် တွေ ဆိုင်ကယ်စီးနေတာ အံ့ဩစရာကောင်းလောက်အောင်ကို မြင်ရတယ်………..ဟုတ်တယ်မလား ဖရဲမ……….ဟိဟိဟိ

      • water-melon

        June 20, 2012 at 11:59 am

        အဲသူယောင်မယ်တွေကို ညည်းလိုက်ခေါ်နေတာမလား
        နောက်တခါ မခေါ်ဘဲ မညှိနဲ့တဲ့
        အဟီ

        • etone

          June 20, 2012 at 4:22 pm

          ဟဲ့ ဖြဲသီး … အဲ့ဒါ ဘာလဲ အခုမှ မသိတော့ဘူးလား …. ။
          ရူရူးပေါက်တတ်တဲ့ ကြက်ဟဲ့ ……… ဟွန် ့ 🙄

  • ko khin kha

    June 20, 2012 at 11:07 am

    water-melon ပြောတဲ့သူယောင်မယ်က
    သစ်ပင်မှာနေတာလားဟင်။

    • water-melon

      June 20, 2012 at 11:15 am

      သစ်ပင်မှာနေတာလား
      ဘယ်မှာနေတာလားတော့မသိ
      အဲသူယောင်မယ်က ပိုက်ပိုက်တော့ပေးရတယ်
      အဟီ

  • king zawgyi

    June 20, 2012 at 11:08 am

    ကိုယ်တိုင်ရေးမဟုတ်ပါ
    ကော်ပီကူးတင်ထားခြင်းဖြစ်ပါသည်.
    ပုံပါတင်သော်လည်း ပုံမပေါ်ပါသဖြင့်
    သိသူသူငယ်ချင်းများ မည်သို့တင်ရမည်ကို ပြောပြပေးပါဗျာ….

    credit to : http://mindhammagroup.multiply.com/photos/album/15/15#

    • Mလုလင်

      June 20, 2012 at 11:53 am

      တာဝန်ကျေပါပေ့ ဗျာ .. လေးစားပါတယ် အူးဗိုက်ရေ … ကျွန်တော့မလဲ .. ခုတလော ကွန်နက်ရှင် ချုချာတာနဲ့ လိုက် မတူးဆွ နိုင်ဘူး ရယ် ..။

  • အလင်းဆက်

    June 20, 2012 at 12:04 pm

    ကိုယ်ကလည်း..လူကြိုကြီးဆိုပေမယ့်…
    အဲဒီ ဖရဲတို ့ပြောတဲ ့သူယောင်မယ်တော့ကြောက်တယ်ဗျ ။

    ဝင်ပြီး..ကြော်ငြာတာ.။

  • မောင်ပေ

    June 20, 2012 at 12:07 pm

    အဟမ်း
    အဘပေ မြင်ဖူးတာလေးကို ပြန်ရှဲရရင်တော့
    ခေါင်းမရှိတဲ့ သူယောင်မလေးတွေပေါ့ကွယ်
    လူအတိုင်းပါဘဲ အဖုအထစ်အဖောင်း အားလုံးနဲ ့ပြည့်စုံသကွဲ ့
    သူရို ့လေးတွေဟာ ၊ ညနေစောင်းမှာ အသက်ဝင်လာပြီး ကိုယ်ထင်ပြကြတော့တာဘဲ
    ကိုယ့်အနားခေါ်ထားချင်တယ်ဆိုရင်တော့ ဂါထာတိုတိုရွတ်ပြီး မန်းမှုတ်ရတယ်တဲ့
    အဲဒီ ဂါထာ ကို သိချင်သပ ဆိုရင်… မန်းဂေဇက် က
    “ ဝါးတားမယ်လွန် ” ဆိုတဲ့ ပြင်ညာရှိလေး ကို မေးမြန်းနိုင်တဲ့အကြောင်း ကွန်မင့်ခဲ့တယ်နော ။ အဟွတ်

    • water-melon

      June 20, 2012 at 2:42 pm

      အူးလေးဂျာ
      တားတားကို လူမိုက်ဌားခဲ့ပြန်ပြီ
      သူယောင်မယ်ခေါ်တဲ့ဂါထာက
      အင်း မေ့နေပြီဂျာ
      နောက်မှပြန်ပြောပြတော့မယ်
      😀

    • Thel Nu Aye

      June 20, 2012 at 2:57 pm

      အင်းအဘပေ အဘပေ ကိုယ့်အသက်ကလေးလဲကြည့်ပါအုံးကွယ်။ စိတ်လျော့ စိတ်လျော့။

      • မောင်ပေ

        June 20, 2012 at 9:58 pm

        သဲလေးရေ
        ဘပေ အတွက် လုံးဝ စိတ်မဘူပါနဲ ့ကွယ်
        ဘပေ က မြင်ခဲ့ဖူးကြောင်း ပြောပြတာဘာ
        လုံးဝ စိတ်ချလိုက်တော့နော..
        ဟီဟိ

  • Mon Kit

    June 20, 2012 at 12:15 pm

    အေးးတော့… ပုံထဲမှာ တကယ့်မိန်းမပျိုလေးတွေ အတိုင်းဘဲ…
    ထူးဆန်းလိုက်တာတော်…

  • Mon Kit

    June 20, 2012 at 12:18 pm

    အေးးတော့… ပုံထဲမှာ တကယ့်မိန်းမပျိုလေးတွေ အတိုင်းဘဲ…
    ထူးဆန်းလိုက်တာတော်…
    ခုမှဘဲ မြင်ဘူးတော့တယ်…

  • Mon Kit

    June 20, 2012 at 2:48 pm

    ဟဲ့.. အဲဒါ အင်ကြီးဆို…
    အင်ထုထားတာဆို…
    နောက်နဲ့နော်…

  • ahnyartamar

    June 20, 2012 at 2:55 pm

    ဟာ…မဖြစ်နိုင်တာ။ ဘယ်လဲဟ…သူယောင်မယ်။ ဖရဲသီးပြောတဲ့ သူယောင်မယ်တွေကတော့ ရန်ကုန်မှာလဲ အများကြီးပဲ။ သစ်ပင်မှာမနေ၊ ဟိုတယ်မှာနေ၏။

    • Thel Nu Aye

      June 20, 2012 at 3:02 pm

      လမ်းပေါ်မှာလဲရှိ၏။ ည ဆိုတလက်လက်နဲ့။ CD ပြားလေးတွေထောင်ထောင်ပြတာပြောပါတယ်။

      • Mလုလင်

        June 20, 2012 at 3:15 pm

        တစ်မျိုးပါလား .. တီတီ သဲနုအေး ရဲ့ … သိတာတော့ ဟေ့ .. ရွှတ်ရွှတ်… ဆိုပြီး လှမ်းခေါ်သလားလို့ … ဆရာစံ လမ်း ထောင့်မှာလေ ..။

  • သားဦး၊မြေးဦး

    June 20, 2012 at 3:06 pm

    မသဲနုအေးရေ. စီဒီပြားလေးတွေကို ရောင်ပြန်လုပ်ပြီာ
    ဖောက်သည်ခေါ်နေကြတာပေါ့။အင်းဗျ. ကိုဖရဲတို ့အူးပေ
    တို ့ဆီ ဆိုင်ကယ်တွေနဲ ့တောင် ခေတ်မှီနေပါပေါ့လားးးးးးး

  • etone

    June 20, 2012 at 4:27 pm

    အဲ့ဒီပုံတွေ …အင်တာနက်ထဲပြန့် နေခဲ့ပေမယ့် …. အင်တွေကြီးပဲ ဆို …
    တကယ့် သစ်ပင်က အသီးမဟုတ်ပါဘူး တဲ့ ……….. ။

  • ရဲစည်

    June 20, 2012 at 11:36 pm

    ဪ ….ဖိုတိုုရှော့…ဖိုတိုရှော့
    ဆြာဂီရေ ခင်ဗျားတို့တာလောက်တော့ ပျင်းတောင်ပျင်းသေးတယ်တဲ့….

  • snow white

    July 10, 2012 at 11:59 am

    ဘာပင်မှာဘာတွေသီးပြီးဘာအပင် မှာဘာ အပွင့်တွေပွင့်နေတာလည်း။။။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 10, 2012 at 1:00 pm

    သူယောင်မယ်လို့ကြား ဖူးတာပဲ…
    ရှိရင်လည်း ရှိမှာပေါ့…
    နည်းနည်းပါးပါးသဏ္ဍာန်တူတာပဲဖြစ်မှာပါ…။

  • min mg

    August 16, 2012 at 10:14 pm

    nareepol က thai မှာပဲ ပေါက်တာလား။

Leave a Reply