http://www.pewsocialtrends.org/2012/06/19/the-rise-of-asian-americans/

အမေရိကရဲ့ ၂၀၁ဝ သန်းခေါင်စာရင်းက အာရှသားအားလုံးအတွက်အားတက်ဖွယ် ဆန်းစစ်လေ့လာချက်တခုကိ နာမည်ကျော် Pew Research ကနေဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

(၁) အမေရိကရဲ့နိုင်ငံတကာမှ ပြောင်းရွှေ့အခြေချနေထိုင်သူဦးရေဟာ သမိုင်းမှာပထမဦးဆုံအကြိမ် အဖြစ်၊ ရှိရင်းစွဲ Hispanic ကျော်လွန်သွာေးကြာင်းတွေ့ရပါတယ်။ (Hispanic immigrant 31% နှင့် Asian 36%)

(၂) ပြောင်းရွှေ့လာသူအားလုံးရဲ့ (၆၁%) သော Asian များဟာ အခြေခံဘွဲ့ဒီကရီ တခုအနဲဆုံးရရှိထားပြီးသူများဖြစ်ပါတယ်။ (white -31% နှင့် Hispanic 13% တဲ့)

(၃) Asian တစ်ဦးရဲ့ ပျမ်းမျှ တနှစ်ပါတ်လုံးဝင်ငွေ က ($66,000) ရှိချိန်မှာ white တွေက $44,000 နဲ့ Hispanic တွေက $ 33,000 ဘဲရကြပါတယ်။

(၄)Asian ဥိးရေ စုစုပေါင်း က တနိုင်ငံလုံးလူဦးရေစုစုပေါင်း ရဲ့ (၅.၈%) ရှိချိန်မှာ white က (63%) နဲ့ Hispanic က (12%) ရှိနေပါတယ်။

(၅) လက်ရှိအမရေိကရဲ့နိုင်ငံရေးစနစ် ဥိးတည်ရာလမ်းကြောင်း အပေါ် Asian တွေက အခြားလူမျိုးခြားတွေထက်အကောင်းမြင်ပိုရှိကြသလို၊ လက်ရှိရောက်နေတဲ့ မိသားစုနေထိုင်မှု၊ လုံခြုံမှုကိုပိုမိုနှစ်သက်ကြပါတယ်တဲ့။

(၅) (54%) သော Asian တွေက တအိမ်ထောင်စနစ်ကိုခိုင်မြဲတည်ငြိမ်တဲ့ အိမ်ထောင်ရေးအဖြစ်သတ်မှတ်သလို၊ မိဘရဲ့ သွန်သင်မှုဟာ အခရာကျကြောင်း (67%)သော Asian တွေက ထောက်ခံကြပါသတဲ့။

(၆) (93%) ရာနှုန်းသော Asian များက မိမိတို့ဟာ အလုပ်ကြိုးစားကြတဲ့ ပင်ကိုယ်စိတ်ဓါတ်အရင်းခံရှြိ့သူတွေဆိုတဲ့အယူအဆကို ထောက်ခံကြပါတယ်။

(၇) (39%) သော Asian များဟာ မိမိသားသမီးများကို ထိန်းကျောင်းရာမှာ၊ ပညာရေးနဲ့ စည်းကမ်းပိုင်းမှာ အခြားလူမျိုးခြားများထက်ပိုမို ဖိအားပေးကြောင်းဝန်ခံကြပါတယ်။ ဒါကိုလည်းကောင်းတဲ့ အကျင့်လ ို့ ယူဆကြပါတယ်တဲ့။

အံ့ဩစရာကောင်းတဲ့တွေ့ရှိချက်တခုကတော့ Asian သား(၁၂%) ကလက်ရှိဖြစ်ပေါ်တိုးတက်လာတဲ့မိမိနိုင်ငံ တွေရဲ့တိုးတက်မှုတွေကိုကြည့်ပြီးမိမိနေရင်းဇာတိကိုစွန့်ခွာပြီးထွက်လာတာဟာမှားယွင်းသော ဆုံးဖြတ်ချက်ဖြစ်တဲ့အကြောင်း ဖွင့်ဟသွားကြတယ်ဆိုဘဲ..။

(Pew Research တွင်ပါဝင်ပါတ်သက်ခွင့်ရခဲ့သော မောင်မိုးညို မှတင်ပြပါသည်။)

About maungmoenyo

ေမာင္မိုးညိဳ has written 57 post in this Website..