Census 2010 နှင့် Asian များ၏ Hispanic နှင့် White များထက်သာလွန်လာသော ဖြစ်ပေါ်တိုးတက်လာမှုများကို Pew Research မှ လေ့လာတွေ့ရှိချက် အစီရင်ခံစာ

maungmoenyoJune 20, 20121min1198

http://www.pewsocialtrends.org/2012/06/19/the-rise-of-asian-americans/

အမေရိကရဲ့ ၂၀၁ဝ သန်းခေါင်စာရင်းက အာရှသားအားလုံးအတွက်အားတက်ဖွယ် ဆန်းစစ်လေ့လာချက်တခုကိ နာမည်ကျော် Pew Research ကနေဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

(၁) အမေရိကရဲ့နိုင်ငံတကာမှ ပြောင်းရွှေ့အခြေချနေထိုင်သူဦးရေဟာ သမိုင်းမှာပထမဦးဆုံအကြိမ် အဖြစ်၊ ရှိရင်းစွဲ Hispanic ကျော်လွန်သွာေးကြာင်းတွေ့ရပါတယ်။ (Hispanic immigrant 31% နှင့် Asian 36%)

(၂) ပြောင်းရွှေ့လာသူအားလုံးရဲ့ (၆၁%) သော Asian များဟာ အခြေခံဘွဲ့ဒီကရီ တခုအနဲဆုံးရရှိထားပြီးသူများဖြစ်ပါတယ်။ (white -31% နှင့် Hispanic 13% တဲ့)

(၃) Asian တစ်ဦးရဲ့ ပျမ်းမျှ တနှစ်ပါတ်လုံးဝင်ငွေ က ($66,000) ရှိချိန်မှာ white တွေက $44,000 နဲ့ Hispanic တွေက $ 33,000 ဘဲရကြပါတယ်။

(၄)Asian ဥိးရေ စုစုပေါင်း က တနိုင်ငံလုံးလူဦးရေစုစုပေါင်း ရဲ့ (၅.၈%) ရှိချိန်မှာ white က (63%) နဲ့ Hispanic က (12%) ရှိနေပါတယ်။

(၅) လက်ရှိအမရေိကရဲ့နိုင်ငံရေးစနစ် ဥိးတည်ရာလမ်းကြောင်း အပေါ် Asian တွေက အခြားလူမျိုးခြားတွေထက်အကောင်းမြင်ပိုရှိကြသလို၊ လက်ရှိရောက်နေတဲ့ မိသားစုနေထိုင်မှု၊ လုံခြုံမှုကိုပိုမိုနှစ်သက်ကြပါတယ်တဲ့။

(၅) (54%) သော Asian တွေက တအိမ်ထောင်စနစ်ကိုခိုင်မြဲတည်ငြိမ်တဲ့ အိမ်ထောင်ရေးအဖြစ်သတ်မှတ်သလို၊ မိဘရဲ့ သွန်သင်မှုဟာ အခရာကျကြောင်း (67%)သော Asian တွေက ထောက်ခံကြပါသတဲ့။

(၆) (93%) ရာနှုန်းသော Asian များက မိမိတို့ဟာ အလုပ်ကြိုးစားကြတဲ့ ပင်ကိုယ်စိတ်ဓါတ်အရင်းခံရှြိ့သူတွေဆိုတဲ့အယူအဆကို ထောက်ခံကြပါတယ်။

(၇) (39%) သော Asian များဟာ မိမိသားသမီးများကို ထိန်းကျောင်းရာမှာ၊ ပညာရေးနဲ့ စည်းကမ်းပိုင်းမှာ အခြားလူမျိုးခြားများထက်ပိုမို ဖိအားပေးကြောင်းဝန်ခံကြပါတယ်။ ဒါကိုလည်းကောင်းတဲ့ အကျင့်လ ို့ ယူဆကြပါတယ်တဲ့။

အံ့ဩစရာကောင်းတဲ့တွေ့ရှိချက်တခုကတော့ Asian သား(၁၂%) ကလက်ရှိဖြစ်ပေါ်တိုးတက်လာတဲ့မိမိနိုင်ငံ တွေရဲ့တိုးတက်မှုတွေကိုကြည့်ပြီးမိမိနေရင်းဇာတိကိုစွန့်ခွာပြီးထွက်လာတာဟာမှားယွင်းသော ဆုံးဖြတ်ချက်ဖြစ်တဲ့အကြောင်း ဖွင့်ဟသွားကြတယ်ဆိုဘဲ..။

(Pew Research တွင်ပါဝင်ပါတ်သက်ခွင့်ရခဲ့သော မောင်မိုးညို မှတင်ပြပါသည်။)

8 comments

  • စိန်ဗိုက်ဗိုက်

    June 20, 2012 at 12:00 pm

    အေးရှန်းဖြစ်ရတာ ဂုဏ်ယူမိသွားပါပြီ အူးမိုးရေ
    တစ်ခါတလေ အကောင်းသတင်းလေးလဲ ကြားချင်မိပါရဲ့..
    ခစ်..ခစ်..ဗျစ်..

  • မောင်ပေ

    June 20, 2012 at 1:37 pm

    ဗဟုသုတကောင်းများစွာ ရမိပါတယ် ၊ မသိမကြားဖူးသော အကြောင်းအရများကို လဲ လေ့လာဖတ်ခွင့်ရပါတယ် ။ လေးစားကျေးဇူးတင်ပါတယ် ဆရာမိုးညို

  • kai

    June 20, 2012 at 2:48 pm

    အံ့ဩစရာကောင်းတဲ့တွေ့ရှိချက်တခုကတော့ Asian သား(၁၂%) ကလက်ရှိဖြစ်ပေါ်တိုးတက်လာတဲ့မိမိနိုင်ငံ တွေရဲ့တိုးတက်မှုတွေကိုကြည့်ပြီးမိမိနေရင်းဇာတိကိုစွန့်ခွာပြီးထွက်လာတာဟာမှားယွင်းသော ဆုံးဖြတ်ချက်ဖြစ်တဲ့အကြောင်း ဖွင့်ဟသွားကြတယ်ဆိုဘဲ..။

    အဲဒါကြောင့်ထင်တယ်..
    ချိုင်းနီးစ်-အမေရိကန်တွေ.. တော်တော်လေးကို.. ပြည်တော်ပြန်နေကြတယ်တွေ့ရတယ်..
    တပြိုင်ထဲ.. ယူအက်စ်က.. ပြည်ဝင်ခွင့်ဗီဇာ.. လုံထုံးလျှော့ပေးထားပုံပေါက်တာမို့.. လည်လည်လာသူတွေလည်း.. သိသိသာသာတက်လာတာပဲ..

    • pooch

      June 20, 2012 at 5:26 pm

      အစထဲက Asian တွေက သမိုင်းတလျှောက် တော်တဲ့အထဲမှာ ပါပြီးသားပါ သူကြီးရယ်။
      ခေတ်တွေ စနစ်တွေ ကြောင့်ပါ။ 🙁

      ချိုင်းနီးစ် တွေကို ပြည်တော်ပြန်အောင် သူတို့ မူရင်းဇာတိက မက်လုံးတွေ ပေးတယ်။ အခွင့်အလမ်းတွေ ရှိတယ်လေ။

      ဒီကတော့ ကိုယ့်အတွင်းထဲတောင် မနည်းဟဲနေရသေးတယ်။ နောက်ဆိုရင်တော့ ဒီလိုပြန်လာမယ် မျှော်လင့်ရတာပဲ။
      ဆရာကြီး ဒေါက်တာအောင်ထွန်းသက်လို ကိုယ်သိသမျှတွေ ဝေမျှလက်ဆင့်ကမ်းနေတဲ့ ပြည်တော်ပြန်တွေ တွေ့ရင် စိတ်ထဲ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရတယ်။

  • နွေဦး

    June 20, 2012 at 2:52 pm

    ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်များကို မှတ်သားခွင့်ရအောင် တင်ပြပေးလို့ ကျေးဇူးတင်ပါသည် ။

  • mocho

    June 20, 2012 at 3:19 pm

    ဆရာ ေ၇
    အေးရှန်းတယောက် အနေ နဲ့က ဂုဏ်ယူ စရာပါ။ အမေရိက ကို ခြေချဖို့ ကြိုးစားတဲ့ အာရှသားတွေ (နိုင်ငံ ရေး ခို လှုံ သူတွေနဲ့ ဒီဗီ ပေါက် သူတွေ မပါ) ဟာ အများအားဖြင့် မိမိနိုင် ငံမှာ တစုံ တခု သော အတိုင်းအတာ ထိ (ပညာရေး၊ စီးပွားရေး) ပြည့် စုံ ပြီး ကြ ပြီး မိမိ တို့ မျိုး ဆက် တွေ ကို ကမ္ဘာ့ အင်အားကြီး နိုင်ငံ မှာ ကြီးပြင်းစေလိုတဲ့ ရည်ရွယ်ချက် ပြင်းပြ တယ်။ဒါကြောင့် အခြေ ချဖို့ လာတဲ့ အေးရှန်းတွေဟာ ကွာ ခြားတဲ့ လူမှု ပတ်ဝန်းကျင် ကို ရင် ဆိုင် ဖို့ အနည်း ဆုံး တော့ ပညာ ရယ် ၊ဗဟုသုတ ရယ် ၊ စိတ် ဓါတ်ခိုင်မာ မှု ရယ် မှာတော့ သူများထက် သာ နေ နိုင် တယ် လို့ ယူဆပါတယ်။ စလုံးက သူဌေး တွေ ဆိုရင် စီးပွားရေး သာ ဒီမှာ လုပ်နေ ပေမယ့် သူတို့ မိသားစုတွေ ကို အနောက် နိုင် ငံ တွေ မှာ အခြေ ချထားကြတာများတယ်။

  • maungmoenyo

    June 23, 2012 at 8:35 am

    အမေရိက နိုင်ငံရဲ့ immigration charter မှာ diversity ကိုဦးစားပေးအလေးထားရတဲ့အကြောင်းရှိပါတယ်။ လူမျိုးသွေးနှောသူများဟာ မနုဿဗေဒရှုဒေါင့်ကကြည့်ရင် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ မျိုးစေ့လို တန်ဘိုးအလွန်ရှိတယ်ဆိုတဲ့အချက်ပါဘဲ။ သိပ္ပံပညာရှုဒေါင့်ကကြည့်ရင်လည်းဒီအဆိုမှန်ကန်ကြောင်းအဖြေထွက်ပါတယ်။ သွေးမျိုးစပ်သူတွေက ပညာရေး။စီးပွားရေး၊ လူမှုရေးနယ်ပယ်မှာ ထူးချွန်ထက်မြက်ကြသူတွေဖြစ်လာကြတာကိုတွေ့ရပါတယ်။ ဒါကြောင့်အမေရိကမှာ သွေးနှောကြတာကို ဂုဏ်ယူပြီးတောင်ပြောကြ၊ သတ်မှတ်ကြပါသေးတယ်။
    ဒီလိုအချိန်မှာ..ဒေါ်အောင်ဆန်းစုကြည် က အင်္ဂလိပ်လူမျိုးကိုယူတော့ ကုလားဖြူကိုယူတဲ့မိန်းမလို့ ပစ်တင်ကြတဲ့ ရှေးရိုးစွဲ တွေတော်တော်ရှိခဲ့ဘူးပါတယ်။
    မှတ်မှတ်ရရ…၁၉၈၈ စစ်အစိုးရတက်ခါစက အဲ့ဒီအထဲ ထိပ်ပိုင်းလောက်ကပါခဲ့ဘူးတဲ့ ဗိုလ်ချုပ်တယောက်ပြောတဲ့စကားသွားအမှတ်ရမိပါတယ် (တီးတိုးစကားပြောတာပါ)။ ဘာတဲ့ – “Oxford လိုတက္ကသိုလ်က ပါရဂူဘွဲ့ရပါမောက်္ခကို ယူတာ၊ ကျုပ်သမီးဆို လက်ခမောင်းခတ်သဘောတူမှာပေါ့ဗျာ”…တဲ့။ ကိုင်း……

  • ကြောင်ကြီး

    June 23, 2012 at 11:15 am

    သဂျီးဂဒေါ့ သူ့ကိုယ်သူ ကမာ္ဘလူမျိုးလို့ ကြွေးကျော်ဗူးဒယ်၊ အဂုမှ အေးရှန်းလို့ လာပေါရင် ဝိုင်းရိုက်ထုတ်ကြဗာ။ 😀
    အာရှကြောင်
    လာဂဖြောင်
    နှာပွမောင်
    ဟာသဆောင်..။

Leave a Reply