@…မှုန်နေတဲ့…အလင်း…@

maung khinminJune 20, 20121min1027

အို…အလင်းရဲ့..အရှင်

အမိုက်ကိုခွင်း…လှည့်

အဆင်းမဲ့လောကကို…လမ်းပြ

မှိုတတ်နေတဲ့….ရှင်သန်မှုတွေကို….တိုက်ချွတ်ပြီး…..

       အမြင်သန်စေငဲ့………………………………………..

 

       တောင်ကမ်းပါးယံ…အစွန်းမှာရပ်

ကိုယ့်အသက်ကို…ကိုယ်………

အာမခံချက်မရှိတာ…သဘာဝကျသလား….?

       အမှောင်ထဲက….ည…များ….

       အားနာပါးနာနဲ ့…..ခါးပြီးရင်းခါးလို ့…

       မိုးသောက်ယံကို….လည်တံဆန် ့ဆန ့်ပြရင်း…

လူ ့အဖြစ်ကို….ရခဲ့ကြ…………………..

 

ဆူးခင်းလမ်းပေါ်…ချော်လဲရောထိုင်ဖို ့အတွက်…

       ယုံကြည်ချက်ကို…ခြောက်ခမ်းပစ်လိုက်….ရဲ့

ဘာဖြစ်လဲ……

ရေမရှိလို ့….ငါးတွေမပျော်တာ

ဖားအော်ရင်….မိုးရွာတယ်ဆိုပေမယ့်…..

        လူတွေအော်တိုင်း…………….

        မြူမှိုင်းတတ်လွန်းတော့….

        မျှော်လင်းခြင်းဆိုတာ…အမှောင်နဲ ့…စီးချင်းထိုး

ရင်ဘတ်ထဲက….အသံ..တွေ……..

ခေါက်ရိုးဘယ်နှစ်ခါ…..ကျိုးခဲ့ပြီလဲ……………..?။။။

7 comments

  • မောင်ပေ

    June 20, 2012 at 1:37 pm

    ကျုပ်လဲ နည်းပြလုပ်မယ်ဗျို ့။
    ကိုယ့်ဆြာ မောင်ခင်မင် ရေ..
    ဆြာရဲ ့အခု ပို ့စ်ဟာဆိုရင် copy/paste ဖြစ်နေတာကို တွေ ့ရလိမ့်မယ် ။ အဲဒီလို မဖြစ်ဖို ့ဆိုရင်
    နောက်တစ်ပို ့စ်တင်မယ်ဆိုရင် ၊ စာရိုက်တဲ့ ဘောက်စ် ရဲ ့ညာဘက်အောက်နားမှာ
    Categories ဆိုတာလေးနဲ ့သူ ့အောက်မှာ ရွေးစရာ အကြောင်းအရာလေးတွေ ကို အမှန်ခြစ်လေးပေးလိုက်ပြီး ရွေးလို ့ရပါတယ် ။
    ကတ်တီဂိုရီစ် ရဲ ့အောက်မှာ ရှိတဲ့ “creative writing ” ကို အမှန်ခြစ်ပြီး ၊ ဆြာက ကဗျာတင်မယ်ဆိုရင် “ပိုရမ်” လို ့ရွေးလိုက်ရင် ၊ ကော်ပီ/ပေ့စ် ဆိုတာ ဖြစ်တော့မှာ မဟုတ်တဲ့အကြောင်း ၊ ခင်မင်စွာနဲ ့နည်းပေးခဲ့ပါတယ် ဗျို ့။

    • maung khinmin

      June 20, 2012 at 8:52 pm

      ကျေးဇူးအထူးပါ….ဆြာမောင်ပေ
      နောင်..မသိနားမလည်တာရှိရင်လည်း…ခုလိုစိတ်ရှည်လက်ရှည်ရှင်းပြပေးစေချင်ပါတယ်…..
      ခင်ဗျ….။

  • mamanoyar

    June 20, 2012 at 2:04 pm

    အားပေးသွားပါတယ်ရှင်

  • hein latt

    June 20, 2012 at 2:33 pm

    နှစ်ဆယ့်နှစ်ခါ …ကျိုးခဲ့ပါပီခည…..။

  • သားဦး၊မြေးဦး

    June 20, 2012 at 2:46 pm

    မျှော်လင့်ခြင်းVsအမှောင်

    မျှော်လင့်ခြင်းက ဂိုးပြတ်နိုင်ပါစေကြောင်း။

  • နွေဦး

    June 20, 2012 at 3:29 pm

    ခံစားမိပါ၏ ။
    အသစ်မို့ ကြိုဆိုပါ၏ ။

  • အလင်းဆက်

    June 20, 2012 at 7:42 pm

    ရင်ဘတ်ထဲက….အသံ..တွေ……..

    ခေါက်ရိုးဘယ်နှစ်ခါ…..ကျိုးခဲ့ပြီလဲ……………..?။။။ တဲ ့..။

    တယ်ဆိုတဲ ့စာပါလား။
    အဲဒီလို ကဗျာလေးတွေ မြင်ရင် ဆရာတာရာမင်းဝေကြီးကို သတိတွေရတယ်ဗျာ.။

Leave a Reply