မြန်မာ – ဘင်္ဂလားဒေ့ရှ် မော်တော်ကား လမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းကို တရုတ် အစိုးရက သဘောတူ လိုက်ပြီ

khinmintatthuJune 25, 20101min784

မြန်မာနိုင်ငံ မှ တစ်ဆင့် ဖြတ်သန်း၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဖောက်လုပ်မည့် ဘင်္ဂ လားဒေ့ရှ် အစိုးရ ၏ လမ်း ဆက်သွယ် ဖောက် လုပ်ရေး အဆိုပြုလွှာ ကို တရုတ် အစိုးရက သဘော တူညီ လိုက်ပြီ ဖြစ်ကြောင်း ဇွန် ၁၉ ရက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ လမ်းဖောက်လုပ်ရေး လုပ်ငန်း ကြီးကို ဘင်္ဂလားဒေ့ရှ် အစိုးရက ငွေကြေး စိုက်ထုတ် တည်ဆောက် မည်ဖြစ်ပြီး ယခု အခါ စီမံကိန်း အတွက် အပြီးသတ် ဒီဇိုင်း ရေးဆွဲမှုများ ပြုလုပ် လျက်ရှိကြောင်း  ဘင်္ဂ လားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ပါလီမန်သို့ ပြောကြား သည်။ ထိုလမ်း ဖောက် လုပ်ရေး လုပ်ငန်း စီမံကိန်း ကို အပိုင်း နှစ်ပိုင်း ခွဲခြား တည်ဆောက် မည်ဖြစ်ကာ ပထမ အပိုင်း မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ရာမူးမြို့ မှ ဂူဒမ်မြို့ သို့ ဖောက်လုပ် မည်ဖြစ်ကြောင်း၊ ကီလိုမီတာ ၂၃ မိုင် ရှည်လျား သည့် ဒုတိယ လမ်းပိုင်း ကို မြန်မာနိုင်င ံပိုင်နက် အတွင်း၌ တည်ဆောက် မည်ဖြစ်ပြီး ကျောက်တော်မြို့မှ ဘိုလီ ဘာဇာ သို့ ဖောက်လုပ် မည်ဖြစ်ကြောင်း၊ လမ်းဖောက် လုပ်ရေး၏ ဒုတိယ လမ်းပိုင်း ကို မြန်မာနိုင်ငံ က စီစဉ် ဖောက်လုပ် မည်ဖြစ်ကြောင်း၊ ဆောက် လုပ်ရေး လုပ်ငန်း အပြီးသတ် ဆောင်ရွက် ရန် ဘောတူညီချက် ကို တရုတ် အစိုးရက တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ဒုတိယ သမ္မတ Xi Jinping ၏ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်ပြီး ဆုံးပြီးနောက် သဘော တူညီ လိုက်ခြင်း ဖြစ် ကြောင်း သိရသည်။

“အဆိုပြု ထားတဲ့ စီမံကိန်း တွေအားလုံး ကို အောင်မြင်စွာ အကောင်အထည် ဖော် နိုင်ရင် အကျိုး ဖြစ်ထွန်း မှုတွေ ဖြစ်ပေါ်လာ မယ်။ မော်တော်ကား လမ်းတွေနဲ့ ရထားလမ်း ပိုင်းဆိုင်ရာ ဆက်သွယ်ရေး ကွန်ရက်တွေ လည်း အာဆီယံ အဖွဲ့ဝင် နိုင်ငံများ ကြားမှာ ကျယ်ပြန့်စွာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောကြား သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေဖြင့် Sheikh Hasina ဝန်ကြီးချုပ် ဖြစ်လာချိန်မှ စတင်ကာ အိန္ဒိယ၊ တရုတ်နှင့် အခြားတောင် အာရှ နိုင်ငံ များဖြစ်သော နီပေါ၊ ဘူတန် စသည့် နိုင်ငံ များနှင့် ကုန်သွယ်ရေး လုပ်ငန်းများ ကောင်းမွန်စွာ ပူးပေါင်း ဆောင်ရွက်ရန် မော် တော်ကား လမ်းနှင့် ရထားလမ်း များ ပိုမိုချိတ် ဆက်ဖောက် လုပ်ရေး ကို အလေးထား ကြိုး ပမ်း လျက်ရှိသည်။ တရုတ် နိုင်ငံ အပြင် အခြား အရှေ့တောင် အာရှ နိုင်ငံ များနှင့် ပူးပေါင်း၍  နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး နှင့် ယဉ် ကျေးမှု ဆိုင်ရာ လုပ်ငန်းများ ၌ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု များမြှင့်တင်ရန် ဘင်္ဂ လားဒေ့ရှ် အစိုးရက စီစဉ် လျက်ရှိသည်။

မြန်မာနိုင်ငံ ကိုဖြတ်သန်း ဖောက်လုပ် မည့် အဆိုပါ မော်တော်ကား လမ်းသစ် ပြီးစီးပါက  ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံ တို့သည် မြန်မာနိုင်ငံ မှ တစ်ဆင့် ကုန်သွယ်မှု ပိုမို မြှင့်တင် နိုင်မည်ဖြစ်ပြီး မြန်မာ နိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကူမင်း မြို့အကြား လမ်းပန်း ဆက်သွယ် မှုပိုမို ဖြစ်ထွန်းကာ စီးပွားရေး ပူး ပေါင်းမှု များ မြှင့်တင် နိုင်မည် ဖြစ်ကြောင်း သိ ရသည်။

မှတ်ချက်။       ။ မြန်မာပို့စ်သတင်းဂျာနယ်မှ တစ်ဆင့်ပြန်လည်ဖော်ပြလိုက်သည်။

4 comments

  • snow

    June 25, 2010 at 4:25 am

    လမ်းတွေဖေါက်တံတားတွေဆောက် စိးပွားရေးတွေလုပ်
    တော်တော်တော့များလာပြီ
    ကုန်သွယ်တာတွေလဲ
    ဒါပေမဲ့တိုင်းပြည်နေပြည်သူတွေပိုဆင်းရဲနေတယ်
    ဘယ်သူတွေအတွက် ဘာတွေလုပ်နေတာလဲ

  • ghost

    June 25, 2010 at 5:04 am

    ဒါ တရုတ် နဲ ကုလား ပေါင်းပြီ မြန်မာ ကို ပါကင် ဖွင့်တာ

  • Shwemannmay

    June 26, 2010 at 4:06 am

    ဘာဘူကြီးနဲ ့ အာဖျံကွီးကြားမှာ အဘတော့ညပ်တော့မှာပဲ

  • chitsayar

    June 26, 2010 at 8:03 pm

    ဟုန်ဘူးလေ မြန်မာ ဘင်္ဂလားဒေ့ရှ် မော်တော်ကား လမ်းသစ် ဖောက်လုပ်တာကို တရုတ် အစိုးရက သဘောမတူရင် မရဘူးလား?

Leave a Reply