စရှိနောက်နောင်

မောင် ပေJune 20, 20121min60858

မြန်မာစကားမှာ လူတွေပြောလေ့ရှိတဲ့ စကားတစ်ခုရှိပါတယ်….
“ စရှိနောက်နောင် ” … တဲ့
စ = အစ
ရှိ = ရှိသည်
နောက်နောင် = နောက်ပိုင်းအချိန် ၊ နောင်အခါ
အဲ့လို မီးနင်းပြန်ကြည့်ရအောင် ။
ဥမပါ အနေနဲ ့ဆိုရင်
မန်းဂေဇက် ပိုင်ရှင်သဂျီး အူးကိုင် ကို ပြရမှာဘဲ.. စာလုံးပေါင်းမှားသွားတယ်ဗျာ ၊ ဥပမာ လို ့ပြင်ဖတ်ပေးကြပါနော…
ဒီလို..
စ = လက်ရှိရခိုင်အရေးအခင်းနဲ ့ပတ်သက်ပြီး မငြိမ်သက်သေးတဲ့အချိန်မှာ ၊ ပိုပြီးပွဲဆူနိုင်မယ့် ပို ့စ်မျိုးကို အောင်လ တို ့အေးဝတီကြီးတို ့ကို ပေးတင်တယ်
ရှိ = အဆဲကွန်မင့်တွေ ၊ မြန်မာတွေကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ကိုပါ စော်ကားလာတဲ့ ကွန်မင့်မျိုးတွေ ပါလာပေမယ့် မဖျက်ဘဲပစ်ထားတော့ ၊ ရှိနေတုန်း
နောက်နောင် = ဆိုက်ပိုင်ရှင်ကတောင် မစီစစ်ဘူး ၊ ခွင့်ပြုတဲ့ပုံမျိုးဖြစ်နေတော့ ၊ စာလာဖတ်ကြတဲ့ မြန်မာအားလုံး နဲ ့မြန်မာနိုင်ငံသား မြန်မာတွေကို ပိုးစိုးပက်စက်စော်ကားထားတဲ့ ပို ့စ်တွေ ထပ်တင်လာတယ် ။
“စရှိနောက်နောင်” အဲဒါပြီးတော့ ၊ ဂေဇက်ကို စာဖတ်ချင်လို ့လာတဲ့လူတွေလဲ စိတ်ညစ် ဒေါသဖြစ်ရ ၊ စာရေးဖို ့လာတဲ့လူတွေမှာလဲ စိတ်ညစ်ပြီး စာရေးချင်စိတ်ပျောက် ။
ကျုပ်ကတော့ အဲ့ပို ့စ်တွေကို ဘာများပါလိမ့်ဆိုပြီး ဝင်ဝင်ဖတ်ဖြစ်တယ် ။ ပြီးရင်ဒေါသဖြစ်ရရော ၊ ကျုပ်ဂေဇက်ကို စာရေးဖို ့လာခဲ့တာဖြစ်ပေမယ့် ရေးချင်စိတ်ပျောက်ရတယ် ။ ဒါဟာ သက်သက်မဲ့ သွေးဆူအောင် ၊ ဂေဇက်ဆိုက်ထဲမှာတင် မက အပြင်မှာပါ ပြဿနာမဖြစ်ဖြစ်အောင် သွေးထိုးနေတဲ့ ပို ့စ်တွေပါဘဲ ။
ဆိုတော့ဗျာ… ဂေဇက်က ခင်မင်လေးစားရတဲ့ ညီအစ်ကိုမောင်နှမတွေ ကို တစ်ခု မေတ္တာရပ်ခံချင်ပါတယ်ဗျာ ။
အဲဒီလိုပို ့စ်တွေဆိုရင် ဖတ်ရုံဘဲ ဖတ်ကြပါ ။ ကွန်မင့်မပေးကြပါနဲ ့လို ့.. လေးစားစွာဖြင့် ပြောခွင့်ပြုပါနော ။
ဟိုးတုန်းက မန်းဂေဇက်မှာ ကွန်မင့်မရှိတဲ့ ပို ့စ်ဆိုရင် အော်တို ဖျက်မယ်လို ့သိခဲ့ရဘူးတယ် ။ ဘာကွန်မင့်မှ မပေးဘဲနေလိုက်ရင် ပျက်သွားမယ် ထင်ပါတယ် ။ နောက်ပြီး ကွန်မင့်မရှိတဲ့ ပို ့စ် ဆိုရင် ၊ စာဖတ်သူကလဲ စိတ်ဝင်စားမှု နဲပါတယ် ။
(အမှန်က ဒီလို အရမ်းတိုလွန်းတဲ့ စာမျိုးက ဖိုရမ်မှာဘဲ တင်သင့်တာပါ ၊ ဂေဇက်ဝင်တွေရဲ ့သဘောထားကို သိချင်မိလို ့ပို ့စ်အဖြစ်တင်လိုက်တာကို နားလည်ပေးတော်မူကြပါခင်ဗျား)
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

58 comments

  • အရီး Khin Latt

    June 21, 2012 at 2:15 am

    မှန်လိုက်တဲ့ မောင်ပေ။
    တော်လိုက်တဲ့ မောင်ပေ။
    အမှန်တကယ်ကြီး ကို တကယ်အဟုတ် မှန်ကြောင်း အမှန်တကယ် နဲ့ အဟုတ်အမှန် ကြီးကို ထောက်ခံပါတယ်။
    ရော့ ၂ကျပ်၊ ပေး တစ်ဆယ်။

    ဒါထက် ဘိုလိုဖစ်ပြီး မင်းက သန်းခေါင်ကျော်တောင် မအိပ်သေးတာလဲ။
    ဒီနေ့ ဘောပွဲ လဲ မရှိ။ 🙄

  • ရဲစည်

    June 21, 2012 at 7:43 am

    အဆိုပါ ကိစ္စရပ်များနှင့် ပတ်သတ်၍ အကျွန်ုပ်လဲ အတော်ချဉ်နေသည်မှာ ကြာပေ၏၊ ယခုဆြာပေမှ ယင်းသို့ ထုတ်ဖေါ်ပြောဆိုလာသဖြင့် ကျွန်ုပ်နှင့် လွန်စွာ စိ်တ်သဘောထားခြင်း တိုက်ဆိုင်ပေသည်။ ထို့ကြောင့် ဆြာပေအား သီရိသုဓမ္မသိင်္ဂ ီဘွဲ့နှင့်အတူ ၂ကျပ်ပါ ထပ်ဆင့်ချီးမြှင့်လိုက်၏….(မူးမူးနဲ့ဝင်ဖတ်ပီး လျှောက်ပြောမိတာ ဆောရီး) 🙂

    လေးဆားဒဲ့
    သတိုးပျံချီ ဖော်လံဖားစည် လူမူးထူးချွန်(ပထမဆင့်)

  • ဆူး

    June 21, 2012 at 9:39 am

    ကိုးနတ်ရှင် မျက်လှည့်ပြလိုက်ပြီ.. မောင်ပေ ပိုစ်ကို မန်းတာ အပေါ်တက်သွားတယ်။ နေရာလွဲသွားပြီ။

  • kyeemite

    June 21, 2012 at 9:47 am

    ထောက်ခံပါတယ်..ကျုပ်ဖြင့် အဲသလိုနေလာတာကြာပေါ့..
    ဘရားဗိုးပါဆြာပေ..

  • မမ အညာသူ

    June 21, 2012 at 10:06 am

    ဦးပေပြောတာမှန်ပါတယ်……..
    ညာလဲလက်ခံပါတယ်………

    • ဘဲဥ

      June 21, 2012 at 11:14 am

      အုပေရေ့ ညာညာလေးက လက်ခံတယ်တဲ့ အဟီးးး 😆

      • မောင်ပေ

        June 21, 2012 at 11:56 am

        အိမ်းးး
        ညာလေးရယ်
        အလှသွေးကြွယ်
        အဘမေးမယ်
        လာကလေးရယ်

  • mical chan

    June 21, 2012 at 1:05 pm

    လူများမဆဲတောကိုယ်အဆဲမခံရတောဘူးပေါ့ဗျာ၊နဂိုတုန်းကတော့မောင်ပေအဆဲကောင်းတယ်ဆို၊
    လူများတွေစော်ကားရင်ကိုယ်လဲအစော်ကားခံရမှာပါဘဲ၊အခုလိုလိမ္မာလာတာကောင်းပါတယ်၊
    နိုင်ငံကြီးသားပီသချင်ရင်ကိုယ်နူတ်နှလုံးသုံးပါးယဉ်ကျေးရပါတယ်။အဓိကနူတ်ပေါဗျာ၊နူတ်ကြောင့်
    ကြေလက်ကြောင့်သေဆိုတာသိထားပေါ့ဗျာ. .

  • ကြောင်ကြီး

    June 22, 2012 at 10:27 am

    တရုတ်သူလျှို ကြေးမုံဂျီးဂိုရောဗဲလား…။ ချကွာ….ဖမ်းချုပ်ပီးငါ့ဆီပို့..။ 😡

Leave a Reply