Samsung Galaxy S3 အစနိဒါန်းအပျိုးလေး

Wai PhyoeJune 20, 20121min36348

အားလုံးမျှော်လင့်စောင့်စားနေတဲ့ Samsung Galaxy S3 ကတော့ iPhone4 ကိုကျော်တက်ပြီး NO.1 Smart Phone နေရာကိုလှလှပပလေးသိမ်းယူနိင်ခဲ့ပြန်ပါပြီ။ ဖုန်းကလဲ ဒီဇိုင်းနဲ့ဈေးနှန်းနဲ့တင်လူရှိန်လောက်ပါတယ် ဒါပေမဲ့လည်း အားနည်းချက် အားသာချက်ကတော့အမြဲလိုပါလာစမြဲပါ။လူငယ်တွေပါးစပ်ဖြားမှာတော့ Ferrari of SmartPhone ဆိုပဲ ။ ပာုတ်မှာပါ ဒီဇိုင်းကလန်းသကိုဗျာ။အရင်ဆုံးဒီဇိုင်းပိုင်းလေးကိုကြည့်ကြအောင်

အရှေ့ဘက်အခြမ်း
နောက်ဘက်ခြမ်း

 Samsung S3 ရဲ့လုံးဝခွဲထွက်လိုက်တဲ့အချက်ကတော့ S2 တို့အရင်ဖုန်းတုန်းကတို့လို လေးထောင့်မပာုတ်ပဲအနားသတ်တွေကိုလုံးဝလုံးချလိုက်ပါတယ်။နောက်ထပ်အားသားချက်တစ်ခုကတော့ ဒီဇိုင်းက အမျိုးသားကော အမျိုးသမီးကောကိုင်ဖို့အဆင်ပြေတာပါပဲ။ဒါ့အပြင်ဖုန်းဇောင်းတွေအကုန်လုံးအနားလုံးထားပါ တယ်။အဲ့တော့ပုံစံကပိုပြားသယောင်ယောင်ဖြစ်သွားပါတယ်။ Weight ကတော့ ၁၃၃g ပဲဆိုတော့တော်တော်လေးကိုပေါ့ပါးပါတယ်။ အလျား*အနံကတော့       136.6 x 70.6 x 8.6 mm ဆိုတော့ Touch ကြီးကြီးသုံးချင်သူတွေအတွက်အလွန်ပဲအဆင်ပြေစေပါတယ်။                                                                   

Camera

Galaxy S3 ရဲ့ Camera ကတုမရှိလို့မဆိုနိင်ပေမဲ့ မရှိမဖြစ်လို့တော့ဆိုနိင်တယ်ဗျာ။ S2တို့ Note တို့လို 8Mpပါပဲ ။ နောက်တစ်ခုကတော့ HTC One X မှာလို့ Videoရိုက်ကူးနေတုန်း ဓါတ်ပုံတွေကိုရိုက်နေနိင်တာပါပဲ ။ Shutter ကတော့ Super Fast ပါပဲ မြန်ဆို (Instant Shutter)ကိုဗျ။ နောက်ထပ်အားသာချက် တစ်ခု ကတော့ အပြင်မှာရိုက်ရိုက်အထဲမှာရိုက်ရိုက်ပုံထွက်တော်တော်ကောင်းပါတယ်။တခြားSmart Phone တွေထက်အားသာချက်ကပြပါဆိုရင်တော့ အနီးကပ်ရိုက်  ချက်တွေပါပဲ …………..ကဲ ဝေဖြိုးအပိုပြောတယ်ထင်ရင် S3 နဲ့ရိုက်ထားတဲ့ပုံတွေကြည့်လိုက်ကြပါဗျာ။

ကဲအနီးကပ်ရိုက်ချက်

48 comments

  • မောင်ပေ

    June 20, 2012 at 1:24 pm

    အားပါး လန်ထွက်နေတာပါကလား..
    ဈေးနှုန်းလေးကော ပြောပေးဦး
    ကျုပ်လက်ရှိဟန်းဆက်က စုတ်နေပြီ ၊ အသစ်ဝယ်ဖို ့ကေစုနေတာလဲကြာပြီ ။
    အိုင်ဖုန်း က အင်တာနက်သုံးရင်အကောင်းဆုံးလို ့ကြားနေရတယ် ။
    အခု ဆမ်ဆောင်းအက်စ်3 ကရော ၊ အင်တာနက်သုံးရင် အိုင်ဖုန်းကို မှီပမလား ဆိုတာလေးရော နဲနဲရှင်းပြပေးပါဦး ၊ ကျုပ်က ပိန်းတိန်းတိန်းမို ့ပါ။

    • water-melon

      June 20, 2012 at 1:28 pm

      ဈေးကတော့ ဟိုတလောက ၆၈ လို့ကြားတာဘဲ
      အင်တာနက်ကတော့ ကောင်းပါတယ်ဗျ
      ကိုပေကြည့်ချင်ရင်ပြောလေ
      လာပြမယ်

  • water-melon

    June 20, 2012 at 1:27 pm

    အပိုတွေလဲ မပြောပါဘူးကွယ်
    sensor နဲ့ပက်သက်တဲ့ function တွေကတော့ ရေရေလည်လည်မိုက်တယ်ဗျ
    ကင်မလားလည်းတော်တော်မိုက်တယ်
    ပြီးတော့ အရင် S2 တွေဆို ဂိမ်းဆော့ရင် တော်တော်ပူတယ် ဘက်ထရီလည်းစားတယ်
    အခု S3 က ဂိမ်းဆော့လဲမပူ ဘက်ထရီလဲမစား
    တော်တော်ကြိုက်နေတယ် အဟီ

  • Azzurri

    June 20, 2012 at 1:36 pm

    ပန်းသီးအမာခံ မစ်ချတာ ဖက်တီးကတ် လာရင်
    ဘာပြောမယ် မသိ ..ခိခိ…
    စောင့်ကြည့်နေပါတယ်…
    ပြန်လာခဲ့ပါ့မယ်..

    အန်းဒွိုက် အိုအက်စ် ဘယ်လောက် တို့
    အမြစ်တူး လို့ ရမရတို့ ..တော့
    သိချင်သား…

    • water-melon

      June 20, 2012 at 1:43 pm

      S3 က root လုပ်စရာမလိုတော့ပါဘူး
      ဆမ်ဆောင်းတော်တော်များများပေါ့
      root လုပ်တာနဲ့CPU ပါလစ်ရော
      ဖတ်ကတ် အဆီချနေလို့ မလာလောက်သေးဘူး အဟီ

    • water-melon

      June 20, 2012 at 1:45 pm

      အိုင်ဖုန်းတွေကို ကြိုက်တာက
      firmware ဘယ်လောက်ရိုက်ရိုက်မပျက်တာကိုတော့ သဘောကျပါကြောင်း
      အဟီ

  • သားဦး၊မြေးဦး

    June 20, 2012 at 2:19 pm

    ကိုဂီ့ အညွှန်းကလဲ လန်းပေသားဗျာ။
    အင်တာနက်သုံးဖို ့အတွက် အိုင်ဖုန်းက
    ပိုမကောင်းဘူးလား။အင်းဒရိုတ်က သုံး
    ရခက်သလားလို ့။

  • Wai Phyoe

    June 20, 2012 at 2:26 pm

    ကွန်နာရှင်အစုတ်ပြတ်ကြောင့် သုံးပုံတစ်ပုံပဲတင်လိုက်ရတာတင်းတယ်ဗျာ

  • Thel Nu Aye

    June 20, 2012 at 2:49 pm

    အောင်မယ်လေး အခုမှ s2 တောင်ဖတ်သီဖတ်သီနဲ့ အနိုင်နိုင်ဝယ်နေကြတုန်းကို s3 တဲ့။ တော်ဘီဘာမှမဝယ်တော့ဘူး။

  • hein latt

    June 20, 2012 at 3:05 pm

    အဲ့ဟာဂ မှာရင် ၅ သိန်းဝန်းကျင် ရောက်မှဝယ်ရင် ရ သိန်နဲ. ၈ သိန်းကြားလို.တော့ကြားတာပဲ….။

  • thar ag

    June 20, 2012 at 3:22 pm

    မဝယ် တော့ဘူးဗျာ ရှိတာလေးဘဲသုံးတော့မယ်

  • ကြောင်ဝတုတ်

    June 20, 2012 at 3:32 pm

    အရင်ဆုံး Samsung SIII နဲ့ iPhone4S ရဲ့ ထုတ်လုပ်ချိန်ကွာခြားမှုလေးကို ပြောရအောင်နော်…
    Apple သမားမို့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာမဟုတ်ပါဘူး…

    မနှစ်အောက်တိုဘာက ထုတ်ရောင်းခဲ့တဲ့ iPhone4S ကို မနေ့တနေ့ကမှ ရောင်းတဲ့ Galaxy SIII နဲ့ယှဉ်ရင်တော့ဖြင့်
    မျှတမှုလေးများမရှိဘူးလို့မထင်မိဘူးလား…
    နည်းပညာဆိုတာ အချိန်တိုင်းပြောင်းလဲနေတာမို့ အကြံတူရင်တော့ဖြင့် နောက်လူသာစမြဲပေါ့…

    ကဲ…
    နည်းပညာအကြောင်းကိုပြောပါ့မယ်…
    Galaxy Screen Resolution က ပိုပြီးများတာမှန်ပါတယ်… ပိုကြီးတာလဲမှန်ပါတယ်…
    တကယ်တန်းကျတော့ Pixel Density ကျတော့ iPhone4S က ၇% လောက်ပိုများနေတာကိုတွေ့ရပါတယ်…
    နောက်တစ်ခုက Application Software ပြသနာပါ…
    Android Play Store Application တွေအားလုံး SIII မှာ တင်သုံးလို့မရပါဘူး…
    ဒါပေမယ့် iTune Store က Application တွေအားလုံး iPhone4S မှာတင်သုံးလို့ရပါတယ်…
    အဲဒီတော့ ဘယ်သူက ပိုပြီး Application နဲ့ ဂိမ်းပိုပေါမယ်ဆိုတာ စဉ်းစားကြည့်ရအောင်နော်…

    ကျွန်တော်တို့လို အလကား Crack Application သုံးတဲ့လူတွေအနေနဲ့ ပြန်စဉ်းစားကြည့်ရင်
    iPhone အတွက် ဂိမ်းတွေကအလွယ်တကူရနိုင်လောက်အောင် ပေါများပေမယ့် Android အတွက်ဂိမ်းတွေကထင်သလောက် မများပါဘူး…
    နောက်တစ်ခု Android ရဲ့ပြသနာပါ… ဂိမ်းအကြီးကြီးတွေကို APK နဲ့ Install လုပ်လို့ရပေမယ့် တကယ်တန်းကစားတော့မှာ အွန်လိုင်းတောင်းပြီး 1GB လောက် Download ဆွဲဖို့ကြိုးစားတဲ့ပြသနာပါ… မြန်မာနိုင်ငံကော်နတ်ချင်နဲ့ တော်တော်အဆင်မပြေတဲ့ အချက်တစ်ချက်ပါ… တခြားနည်းလမ်းရှိပေမယ့် စိတ်သွားတိုင်းကိုယ်မပါတာတော့ အမှန်ပါပဲ…
    ဒါကလဲ Samsung ရဲ့ ပြသနာမဟုတ်ပဲ သူသုံးထားတဲ့ Android ရဲ့ပြသနာပါနော်…

    နောက်တစ်ခုက Battery ပါ… SIII က 2,100 mAh သုံးထားပြီး Talk time ၈နာရီရတယ်လို့ဆိုပါတယ်…
    iPhone4S က 1,400 mAh သုံးထားပြီး 3G ပေါ်မှာ ၈နာရီသုံးလို့ရပြီး၊ ရိုးရိုး 2G ပေါ်မှာ ၁၄ နာရီအထိဆက်တိုက်ဖုန်းပြောလို့ရတယ်လို့ဆိုထားပါတယ်…
    Stand by time ကိုတော့ SIII က ၂၄ နာရီရပြီး၊ iPhone4S က နာရီ၂၀ဝထားလို့ရတယ်လို့ဆိုတဲ့ Site တွေရှိပါတယ်…
    (ကျွန်တော်ကိုယ်တိုင်စမ်းသပ်ထားတာတော့မဟုတ်ဘူးနော်…)

    Bluetooth နည်းပညာမှာ iPhone4S က Version 4.0 သုံးထားနှင့်ပြီး SIII ကတော့ အခုထက်အထိ Version 3.0 နဲ့ပဲကျန်နေခဲ့ပါသေးတယ်…

    အဲဒီတော့ကာ
    လွန်ခဲ့တဲ့ (၈)လလောက်ကထုတ်ခဲ့တဲ့ iPhone4S ကို Samsung Galaxy SIII နဲ့ယှဉ်တာတောင် သူမသာကိုယ်မသာဖြစ်ပေမယ့်…
    နောက်ထပ် အသစ်ထွက်လာမယ့် iPhone 5 ကျမှ SIII ကိုယှဉ်ကြည့်ချင်ပါသေးတယ်…အခုတော့အကြွေးမှတ်ထားလိုက်နော်…

    ပန်းသီးပရိတ်သတ်အစစ်-
    ကြောင်ဝတုတ်

    • Azzurri

      June 20, 2012 at 3:40 pm

      S-3 ဒစ်စပလေး ပိုင်းက Two pixels share one subpixel တဲ့ခည …
      အဲ့ဒါလေး ….

      တကယ်တော့ ………… သာအကောင်းဆုံး
      :mrgreen:

      😀

      • ကြောင်ဝတုတ်

        June 20, 2012 at 3:43 pm

        နင်ဆိုလိုချင်တာက ရှိတဲ့ပစ်ဇယ်ကြီးကို ၂နဲ့စားခိုင်းလိုက်ရမှာလား….

        • Azzurri

          June 20, 2012 at 3:55 pm

          ဟတ်ဟတ်….ချိုးးးးးးးးးးးးးးးး
          Credit to သဂျီး

    • ရဲစည်

      June 21, 2012 at 7:53 am

      ဟေ့လူကြီး ကျုပ်က ပန်းသီးခရေဇီ မဟုတ်သလို ချဉ်လဲမချဉ်ပါဘူး…….။
      ဒီနေရာမှာ ကျုပ်ပြောချင်တာက one OS+ one product with many developer (ပန်းသီး)
      many sub OS+ many different product with many developer (အန်းဒရွိုက်) ဒါလေးတော့ နားလည်ပေးစေချင်တယ်။
      စကားမစပ် တခါလာလဲ ဒီပန်းသီး တခါလာလဲ ဒီအန်းဒရွိုက်
      ခင်ဗျားတို့ဒွေ အချိန်ရရင် window 7 phone အကြောင်းလေးတော့ လေ့လာဂျဘာ ဆွေးနွေးဂျဘာ…..ဒါဗြဲ

      ဝင်းဒိုးခွန်ဖုံးကိုင်၍ သဒ်ကွာတားတွင် ဝင်းဒိုးရှစ်ကို မျှော်နေသူ

      • ကြောင်ဝတုတ်

        June 21, 2012 at 9:12 am

        ဒီမယ်…ဒီမယ်… ကိုရဲချီ…

        ခင်ဗျားစမ်းစေချင်ရင် ဝယ်ပြီးတစ်လုံးပို့လိုက် ဒါဗြဲ…
        ကျုပ်လဲ စမ်းချင်နေတာ…ဟိ

        စမ်းချင်နေသူ-
        ကြောင်ဝတုတ်

        • Azzurri

          June 21, 2012 at 9:16 am

          ကျုပ်ဆီလည်း ၁လုံးဗျို့ ….
          ရီဗာ့စ် အင်ဂျင်နျားရင်း လုပ်ပီး ပြန်ပို့ပေးပါ့မယ်…
          :mrgreen:

  • water-melon

    June 20, 2012 at 4:24 pm

    ရော့ရော့

    Hardware design

    ကျွန်တော်တို ့ အားလုံးဟာ ဒီဇိုင်း လှလှပပ နဲ ့ ဖုန်းကိုပဲ ကိုင်ချင်ကြသူတွေဖြစ်လို ့ အလူမီနီယံ ဘော်ဒီလေးနဲ ့ တောက်ပတဲ့ ဖန်သားမျက်နှာပြင် တို ့ကြောင့် လူအုပ်ကြားထဲ သွားရင် ထင်သာမြင်သာ ရှိစေတဲ့ iPhone 4S ကို ရွေးချယ် ဖြစ်ကြတတ်ပါတယ်။

    Galaxy S3 မှာတော့ ထောင့်လေးတွေမှာ လုံးကွေးလေးတွေ ဖြစ်သွားတာက လွဲရင် S2 နဲ ့ ဘာမှ သိပ်မကွာပဲ သူ ့ရဲ ့ ပလပ်စတစ် ကိုယ်ထည်ကြောင့် ကိုင်ဆောင်သူတွေကို premium feel မခံစားစေပါဘူး၊ ဒါပေမယ့် သူလိုကိုယ်လို ဒီဇိုင်း ရိုးရိုးလေး တွေကို နှစ်သက်သူများ အတွက်တော့ ထောင့်ကွေးလေးတွေကြောင့် ကိုင်ရတာ ပိုပြီး သက်တောင့်သက်သာ ဖြစ်စေပါတယ်။

    Screen

    ဤဖုန်းနှစ်လုံးရဲ ့ ကြားမှာ အဓိက ကွဲပြားချက် ကတော့ “Screen” ပါပဲ။ ဒီနေရာမှာ အသာစီးရသူကတော့ Samsung ဖြစ်ပါတယ်။ Galaxy S3 ရဲ ့ Super AMOLED screen ဟာ ထင်ထင်ရှားရှား ဖော်ပြနိုင်ပြီး power စားလဲ သက်သာစေပါတယ်။ 4.8 inch HD screen ဟာ game ကစားဖို ့နဲ ့ ရုပ်ရှင်ကြည့်ရာမှာ အားသာချက်တစ်ခု ဖြစ်စေပါတယ်။

    iPhone ရဲ ့ “Retina Display” screen ကလည်း ကြည်လင် ပြတ်သားလှ ပေမယ့် အနည်းငယ် ခေတ်နောက်ကျသွားပြီလို ့ ခံစားမိပါတယ်။ အထူးသဖြင့် အခုလို 4 inch ထက်ကြီးတဲ့ screen တွေပေါ်လာချိန်မှာ 3.5 inch screen ကလည်း အနည်းငယ် ကျဉ်းတယ်လို ့ လူအချို ့ ခံစားမိလာကြပါတယ်။

    Operating system

    iPhone ကတော့ ကုမ္ပဏီရဲ ့ ကိုယ်ပိုင် Operating System ဖြစ်တဲ့ iOS ပေါ်မှာ လည်ပတ်ပါတယ်။ System တစ်ခုလုံး ချောချောမွေ ့မွေ ့ လည်ပတ်နိုင်ပြီး user friendliness မှာတော့ ထိပ်ဆုံးအဆင့် ကနေ ရပ်တည်လျှက်ရှိပါတယ်။
    အသုံးပြုရလွယ်အောင် icon တွေနဲ ့ ဖန်တီးထားပြီး Apple ဟာ App တွေကို ကနဦး စတင်ထားခဲ့တာကြောင့် အခုချိန်မှာဆိုရင် App store မှာ App တွေ အမြာက်အမြား ရှိထားပါပြီ။

    တစ်ခုရှိတာကတော့ iOS ရဲ ့ အသွင်အပြင်ဟာ ထူးထူးခြားခြား အပြောင်းအလဲ မရှိတာကြောင့် အနည်းငယ်များ ပျင်းစရာ ဖြစ်နေသလားပဲ…

    Galaxy S3’s Android ကတော့ စွယ်စုံရတဲ့ သဘောမျိုးရှိပါတယ် ဥပမာ Internet ရဲ ့ Live information တွေ junkies တွေကို ဖော်ပြနိုင်တဲ့ widgets တွေကို စိတ်ကြိုက် ဖန်တီးနိုင်အောင် ဖွင့်ပေးထားပါတယ်။

    Google service တွေဖြစ်တဲ့ Gmail, Google map အစရှိသော App တွေကို အသုံးများသူတွေကတော့ သူတို ့နဲ ့ သဟဇာတ ဖြစ်တဲ့ Android ကို ပိုမို နှစ်သက်ကြပါတယ်။

    အခြား Android များနဲ ့ မတူတဲ့ Samsung ရဲ ့ ကိုယ်ပိုင် software တစ်ခုကို S3 မှာ ထည့်သွင်းထားပါသေးတယ်။ အဲဒါကတော့ “S voice” ပါ၊ iPhone 4S ရဲ ့ “Siri” လိုမျိုး digital voice assistant အနေနဲ ့ အလုပ် လုပ်ဆောင်ပါလိမ့်မယ်။

    Camera

    ကင်မရာ အနေနဲ ့ iPhone 4S ရော Galaxy S3 မှာပါ 8 megapixel camera တပ်ဆင်ပါရှိပါတယ်။ Apple က ပုံရိပ် ကွာလတီ အကောင်းဆုံးရအောင် ကြိုးစားသလို Samsung ကလည်း S3 မှာ camera function တွေဖြစ်တဲ့ burst shooting, face detection, best shot detection အစရှိသည်တို ့ကို ထည့်သွင်းထားပါတယ်။

    အဆုံးအဖြတ်

    iPhone 4S, Galaxy S3 တို ့ smart phone နှစ်မျိုးစလုံးဟာ အင်မတန်ကို စွမ်းဆောင်ရည် ကောင်းမွန်သလို အားသာချက်၊ အားနည်းချက်များလည်း ကိုယ်စီရှိကြတာမို ့ ဘယ်ဟာကဖြင့် အကောင်းဆုံးဆိုပြီး လက်ညိုးညွှန်ပြဖို ့ ခက်ခဲလှပါတယ်။

    “တစ်ဦးတစ်ယောက် အတွက် ‘အစာ’ ဟာ၊ တစ်ဦးတစ်ယောက် အတွက်တော့ ‘အဆိပ်’ လည်းဖြစ်နိုင်ပါတယ်” ဆိုတဲ့ စကားအရ မိမိနဲ ့ သင့်လျှော်မယ့် ဖုန်းတစ်လုံးကို မှန်မှန်ကန်ကန် ရွေးချယ် ဆုံးဖြတ်နိုင်ကြပါစေ….။

    အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန် ့မှန်းလို ့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်….

    မိုးသိကြား

    • ကြောင်ဝတုတ်

      June 20, 2012 at 4:53 pm

      Retina Display ကို ခေတ်နောက်ကျတယ်လို့ပြောတာကတော့ဖြင့်…

      Azzurri says:
      S-3 ဒစ်စပလေး ပိုင်းက Two pixels share one subpixel တဲ့ခည …
      အဲ့ဒါလေး ….
      အဲဒါကိုကြည့်ခြင်းအားဖြင့် ခေတ်နောက်ကျတာမဟုတ်ပါ… Retina Display လိုမျိုးခေတ်ကိုမရောက်နိုင်သေးတာပါ…

      Resolution နဲ့ Screen Size က တကယ်ဆိုရင် ဘာမှမဆိုင်တဲ့ကိစ္စနှစ်ခုပါ…
      Screen Size ကြီးတိုင်း Resolution မကောင်းပါဘူး… ဒါလေးကိုတော့ဖြင့် သတိချပ်စေချင်ပါတယ်…
      ဖုန်းတစ်လုံးအနေနဲ့ Screen Size ကြီးရင် ဖုန်းကိုလိုက်ကြီးရပါတယ်…
      အဲဒီအချိန်မှာ ကိုင်တွယ်အသုံးပြုရတာအဆင်မပြေတဲ့ကိစ္စမျိုးဖြစ်လာနိုင်ပါတယ်…
      Phone ဟာ Phone ပါပဲ… ဖုန်းကို Tablet နဲ့စပ်ကျတဲ့အနေအထားမျိုးဖြစ်လာရင်တော့ဖြင့်
      ကိုင်လို့အဆင်မပြေတဲ့ဖုန်းဟာ ဘယ်တော့မှကောင်းတဲ့ဖုန်းတစ်လုံးဖြစ်မလာနိုင်ပါဘူး…
      Samsung ကိုမကြိုက်တဲ့အဓိကအချက်က… အဲဒါပဲ… Galaxy Note ဟာ သာမာန်ဖုန်းတစ်လုံးရှိသင့်တာထက်ပိုပြီးကြီးပါတယ်… အဲဒီကြားထဲရှိသင့်တဲ့အထူမရှိတဲ့
      အတွက်ကိုင်တွယ်တဲ့နေရာမှာ အခက်အခဲအနည်းငယ်ဖြစ်စေပါတယ်…

      အော်…ကြုံလို့ပြောဦးမယ်နော်… နောက်ပိုင်းကိုနဲနဲလေးခုံးထားပြီး ဒေါင့်လေးတွေလုံးထားတဲ့ ဒီဇိုင်းကို Apple က iPhone3G ကတည်းက လုပ်ထားပြီးသားဒီဇိုင်းပါနော်…

      အော်… ကင်မရာကိစ္စပြောရဦးမယ်… SIII ရဲ့ကင်မရာဟာ Digital Zoom မပါဘူးလို့ ကြားနေရပါတယ်… ဟုတ်မဟုတ်တော့အတည်မပြုနိုင်သေးပါဘူး…
      တကယ်လို့များ Digital Zoom မပါခဲ့ရင်ဖြင့် ဘာလို့များ Function အစုံထည့်ပေးသည် လို့ပြောပြီး Basic Function လေးကိုမှ မေ့ထားခဲ့ပါသလဲလို့တောင် ပြန်မေးရမလိုဖြစ်နေ
      ပါပြီနော်….

      နောက်တစ်ခုပေါ့နော်…
      S-Voice က လွန်ခဲ့တဲ့ ၈လလောက်က ထုတ်ခဲ့တဲ့ Siri ကိုလုံလောက်အောင် ယှဉ်ပြိုင်နိုင်တယ် ဆိုတာတော့ လက်မခံနိုင်သေးပါဘူး…
      Siri ဟာအရမ်းကောင်းမွန်တဲ့အဆင့်မရောက်သေးပေမယ့် လောလောဆယ် Voice Control ထဲမှာ သူ့ကိုမီအောင်လုပ်မပေးနိုင်သေးပါဘူး…
      ရိုးရိုး Voice Control အဆင့်လောက်နဲ့တော့ Siri ကို ပခုံးချင်းမယှဉ်စေလိုဘူးနော်…

      နောက်တစ်ခုက Interface ပါ…
      အရမ်းရှုပ်ထွေးပြီး Standard မဖြစ်တဲ့ Android ရဲ့ Interface ကိုယ်တိုင်က Smart Phone သုံးတဲ့လူတွေကို စိတ်အနှောက်အယှက်ဖြစ်စေတယ်လို့ပြောရင် ဝိုင်းဆဲမလားဗျာ…
      အရိုးသားဆုံးဟာ ဘယ်တော့မှမရိုးတဲ့ Interface ပါ…
      ကျွန်တော့် iPhone မှာ Winterboard တောင်မတင်ပဲ Default Interface လေးကို အမြတ်တနိုးသုံးလာတာဖြင့် iPhone သုံးဆက်တိုင်ခဲ့ပါပြီ…

      အော်အော်…မေ့နေလို့…
      အခုထက်အထိ Samsung Galaxy ရဲ့ Android Proxy Setting ဟာ Software တိုင်းမှာ အလုပ်လုပ်မပေးနိုင်သေးဘူးဆိုတာ ဝန်ခံပါ… အဲဒါဟာ Samsung ရဲ့အားနည်းချက်မဟုတ် ပါဘူး… Android ရဲ့အားနည်းချက်ပါ… Proxy Setting ဟာဖြင့် မလိုအပ်ဘူးလို့မဆိုပါနဲ့… Enterprise ရဲ့ Behind Firewall ရောက်တဲ့အခါ Android သမားတွေ အဆက်အသွယ်ပြတ်သွားမှဖြင့် ဘာလို့များ ရုံးလုပ်ငန်းတွေလုပ်လို့ရတဲ့ Smart Phone လို့ခေါ်နေရဦးမလဲဗျာ…

      Smart Phone ဆိုတာ ဒါတွေပါရမယ်လို့အရင်ဆုံးချပြခဲ့တာ Apple ဆိုတာမမေ့ပါနဲ့…

      ပန်းသီးတစ်ခြမ်းကိုက်လေးကိုပဲ မြတ်နိုးနေသူ
      ကြောင်ဝတုတ်

  • water-melon

    June 20, 2012 at 4:25 pm

    ဘာလာလာဟေ့
    ဘာလာလာဟေ့
    ကောင်းတယ်
    ကောင်းတယ်

  • ကြောင်ဝတုတ်

    June 20, 2012 at 4:57 pm

    အော်…ပြောဖို့ကျန်ခဲ့လို့….
    ဖွင့်ပေးထားတာများရင် Stable ဖြစ်မှုနဲ့ Security ကောင်းမှုကို ထိခိုက်နိုင်တယ်…
    iPhone အတွက် Antivirus မရှိပေမယ့် Android အတွက် Antivirus ရှိနေပြီးသားဆိုတာ ငြင်းလို့မရပါဘူးနော်…

    ပန်းသီးစားသူ
    ကြောင်ဝတုတ်

  • ကြောင်ဝတုတ်

    June 20, 2012 at 4:59 pm

    အော်…မေ့လို့….

    အင်တာနက်ကော်နတ်ရှင်ကမကောင်းတော့လေ…
    အပေါ်ဆုံးပုံတက်လာလာခြင်းကြည့်လိုက်တာ ပြောတော့ SIII ဆိုပြီး ဘာလို့ iPod Touch ကြီး တင်ပေးပါလိမ့်ပေါ့… နောက်မှ တကယ် SIII ဖြစ်နေတာ…ဟိ…

  • chancellor

    June 20, 2012 at 4:59 pm

    SII နှင့် CDMA 800 Mhz သုံးလို ့ရမလား သိချင်ပါတယ်ခင်ဗျာ
    ကျေးဇူးပြုပြီးဖြေပေးကြပါ

    • water-melon

      June 20, 2012 at 5:01 pm

      ရဘူးတော့ GSM ဘဲရတာ

  • water-melon

    June 20, 2012 at 5:00 pm

    ဟဲ့ ညည်းပြောထား
    တွေ့မယ် I ဖတ်မ
    i phone ရဲ့ ဟာကွက်လာရှာအုန်းမယ်

    • Azzurri

      June 20, 2012 at 5:31 pm

      ပိုကြာကြာခံအောင်လို့ လို့တော့ပြောတာပါပဲ sub pixel ကိစ္စက

      Screen သိပ်မတောက်ပြောင်ဘူး နည်းနည်းမှိန်တယ် ပေါ့

      လက်ရှိမိုဘိုင်းလောက၏ resolution အမြင့်ဆုံး device ပေါ်မှ မန့်သည်

      အာဟိ

      • ရဲစည်

        June 21, 2012 at 8:12 am

        အနှီ အင်ဂီအား
        ကွက်ကိုး ပရော်ဆက်ဆာ
        အကောင်းဆုံး ရမ်
        ကမာ္ဘ့အကောင်းဆုံး ရီဆူလူးရှင်း
        ကင်းကောင်မှန်
        ဆူပါ အိုင်ပီအက်စ် အလင်းရောင် တို့ဖြင့် ဖွဲ့စည်းထားသော အုစား အပြားဖြင့် ပြန်ပွတ်သည်…..။

        ပရစ် ပရစ်…..ပီ

        • Azzurri

          June 21, 2012 at 12:22 pm

          စကားမစပ် ဒဏ္ဍာရီလာ
          ဒဲလ် လိုက်တနင်း ကို သံယောဇဉ်မပျက်ချင်ဘူးဗျာ..

          အော်.. ဒါပေသိ ..နောက်ဆုံးတော့လည်း
          ရည်းစားအူးပဲ ကောင်းပါတယ်..

          i ဂီ့
          😀

  • Wai Phyoe

    June 20, 2012 at 5:08 pm

    ပာရို့ Android Robot ကိုတော့ ပန်းသီးတွေနဲ့ပေါက်ကုန်ကျပြီဗျို့

    • ကြောင်ဝတုတ်

      June 20, 2012 at 8:42 pm

      မပေါက်ကွဲပါဘူးကိုဝေဖြိုးရေ

      SIII ဝယ်ချင်နေတဲ့သူတွေကို iPhone 4S နဲ့ ယှဉ်ပြတာပါ
      ဈေးပိုသက်သာပြီး ပိုအဆင်ပြေမယ့် ဖုန်းတစ်လုံးကိုညွှန်ပြတာပါ
      iPhone 5 ထွက်ရင်လဲ ဒီလိုပဲပြန်ငြင်းကြဦးမယ်လေ

      ဒါထက် iPhone 4S က CDMA သုံးလို့ရမယ်လို့ ထင်ပါတယ်
      သို့ပေမယ့် ကျွန်တော်တို့နိုင်ငံမှာသုံးနေတဲ့ ကဒ်စနစ်နဲ့ ဟုတ်မဟုတ်မသေချာပါ
      လေ့လာပါဦးမယ်
      အော်ဒါထက် အခု ကော်မန့်ကို iPhone 4 လေးနဲ့မန့်နေတာနော်
      တကယ်လို့များ SIII က root လုပ်မရရင် မြန်မာစာကို ဘယ်လိုများဖတ်မလဲဟင်

      အိုင်ဖုန်းပိုင်ရှင်
      ကြောင်ဝတုတ်

      • kai

        June 21, 2012 at 11:04 am

        root မလုပ်ပဲ.. http://www.1stmm.net/ နဲ့မြန်မာလိုဖတ်လို့ ရတယ်ဗျ..
        ကျုပ် htc evo ထဲတော့ထည့်ထားတာပဲ..
        ဖြောင့်လို့..

        အဲဒီ http://www.1stmm.net/ လုပ်တဲ့သူကို.. ခရက်ဒစ်ပေးပါတယ်..။
        မောင်မင်းကြီးသား.. ကျမ်းမာချမ်းသာစေဗျာ..။

  • ရဲစည်

    June 21, 2012 at 8:02 am

    ဖုံးတလုံးကို root လုပ်ပီးမှ ကိုင်ရတာ သိပ်သဘာဝမကျဘူး
    သူများတွေဆီမှာ အဲလိုလုပ်ရင် ဝန်ရန်တီဆီးတွေနဲ့ အခမဲ့ဆားဗစ်စ်တွေကို ထိခိုက်တယ်လို့ ကြားဖူးတယ်။

    စဂါးမဆပ်
    အခု အန်းဒရွိုက်အတွက် ဖော်ဇန်ကီးဘုတ်ထွက်လာပီ တရုတ်ဖုံးတွေတော့ မရဘူး Huawei, Zte, Miui (ချွင်းချက် ဥရောပသွားတဲ့ Zte မပါ)

    ဒီတခါဆုံရင် ပန်းသီးနဲ့ ပြတင်းပေါက် ချချင်ရဲ့ 🙂
    အာဟိ…….လစ်ပီ ပလစ် ပလစ် ကျွီ.. (ပြတင်းတံခါးအား မာတီတက်ချ် လက်ဆယ်ချောင်းဖြင့် တွန်းဖွင့်သံ)

  • cum min

    June 21, 2012 at 8:45 am

    i like that but i have nomeny. please give me tha gyi.

    • laypai

      June 21, 2012 at 11:59 am

      ွှtha gyi ကို လိုချင်ရင် သူကြီးကတော် ဆီမှာ တောင်းလေ။

  • hein latt

    June 21, 2012 at 10:02 am

    အဲတစ်ခု…အိုင်ဖုန်းမှာ….ဂျေးဘလိလုပ်ရင်ဝရမ်တီဂယ်ပျက်လားဟင်….

    ပန်းသီးပရိတ်သတ်
    iဟိန်းလတ်….

  • ကြောင်ဝတုတ်

    June 21, 2012 at 11:06 am

    ကိုဟိန်းလတ်ရေ…
    ထောင်ဖောက်တဲ့ကိစ္စကို ရှင်းအောင်ပြောချင်ပါတယ်နော်….
    iDevice တွေအားလုံးကို စိတ်ကြိုက်ထင်တိုင်းကြဲနိုင်ဖို့ ထောင်ဖောက်ရပါတယ်…
    ဒါပေမယ့် တရားဝင်အဆိုတွေအရကတော့ iPhone ကလွဲရင် တခြား iDevice (iPad, iPod, iTV)တွေကို
    ထောင်ဖောက်တာဟာ ဥပဒေကြောင်းအရ ငြိစွန်းခြင်းမရှိဘူးလို့ဆိုပါတယ်…
    iPhone ကိုထောင်ဖောက်ခြင်းအားဖြင့် Unlock လုပ်နိုင်တဲ့အတွက် အဲဒီကိစ္စကိုတော့ဖြင့် ဥပဒေကြောင်းနဲ့ငြိနေလို့ Warranty အားဖြင့် ပျက်ပြယ်တယ်လို့ဆိုသပေါ့ဗျာ…

    ကဲ… ဒါဆိုရင် ထောင်ဖောက်တာနဲ့ Warranty ပျက်ရောလား…
    အဲဒီမှာ ရှင်းရှင်းလင်းလင်းသိဖို့တစ်ခုပြောပါ့မယ်… ထောင်ဖောက် (Jailbreak) လုပ်တာနဲ့ Unlock လုပ်တာကိုကွဲပြားစွာ သိဖို့အရင်ဆုံးပြောပါ့မယ်…

    ဥပမာ… သဂျီးတို့ အမေဒစ်ကန်နိုင်ငံက AT&T ဆိုတဲ့ တယ်လီကွန်းကုမ္ပဏီကြီးကနေ နှစ်နှစ်စာချုပ်နဲ့ iPhone4S တွေကို ဒေါ်လာ၂၀ဝ လောက်နဲ့ချရောင်းပါတယ်… အဲဒီလိုချရောင်းတဲ့ iPhone တွေဟာ AT&T က SIM Card နဲ့ပဲသုံးလို့ရအောင် Lock လုပ်ထားပါတယ်… အဲဒီအတွက် မြန်မာနိုင်ငံက SIM ကို ထည့်လိုက်တဲ့အခါ လိုင်းမမိပဲသုံးမရဖြစ်တတ်ပါတယ်…
    အဲဒါကို သုံးရအောင်လုပ်တဲ့နည်းတွေရှိသလို ကန့်သတ်ချက်တွေလဲရှိသပေါ့…
    တကယ်လို့ အဲဒီလို Lock ဖုန်းတွေကို Unlock လုပ်ခဲ့ရင် Warranty ပျက်တယ်လို့ဆိုကြပါတယ်…
    ထပ်ပြီးရှင်းအောင်ပြောပါ့မယ်…

    အိုင်ဖုန်းမှာ Firmware (၂) မျိုးရှိပါတယ်… တစ်မျိုးကတော့ iOS လို့ပြောနေတဲ့ Operation System ပါ…
    နောက်တစ်ခုက ဖုန်းလိုင်းမိအောင်လုပ်ပေးနေတဲ့ Moderm Firmware ပါ… Baseband လို့လဲခေါ်ပါတယ်…

    iOS 5.1.1 နောက်ဆုံးထွက် Version ကိုတင်ထားတဲ့ iPhone4 တစ်လုံးအနေနဲ့ Baseband Version 04.12.01 ရှိသင့်ပါတယ်… ဒါပေမယ့် အဲဒီ Baseband Version 04.12.01 ဟာ လောလောဆယ်မှာ Unlock လုပ်သုံးလို့မရတဲ့ Baseband ပါ… တကယ်လို့ Lock iPhone4 ကိုင်ထားတဲ့သူတွေအနေနဲ့…
    iOS 5.1.1 ကိုလဲသုံးချင်တယ်… Lock ဖြစ်သွားမှာကိုလဲ စိုးရိမ်တယ်ဆိုရင်… iOS Version ကိုပဲ Upgrade လုပ်ပြီး Baseband ကို Update မလုပ်ဘဲချန်ထားလို့ရပါတယ်… ဘာဖြစ်လို့အဲဒီလိုလုပ်ရလဲဆိုရင် Baseband က Upgrade လုပ်ပြီးသွားရင် ဘယ်တော့မှာ ပြန်ပြီး Downgrade လုပ်လို့မရတော့လို့ပါ…
    iOS က လိုအပ်တဲ့အရာတွေရှိနေမယ်ဆိုရင် Downgrade လုပ်လို့ရနိုင်ပါသေးတယ်…

    အဲဒီတော့ အဲဒီလို iOS 5.1.1 နဲ့ Baseband အဟောင်းနဲ့ဖုန်းတစ်လုံးက ပြုတ်ကျလို့ပျက်ပါပြီဆိုရင်… Apple ဆီပြန်ပို့တဲ့အခါ Apple က Warranty ပေးမှာမဟုတ်ပါဘူး….
    အဲဒီတော့ iPhone တစ်လုံးကို Warranty ပြန်ပို့မယ်လို့ဆုံးဖြတ်ရင် iOS ကို Jailbreak မလုပ်ထားတဲ့ အတိုင်းပြန်တင်ပြီးပို့နိုင်ရင် Warranty မပျက်ပြယ်ပါဘူးဗျာ…
    ခက်တာက iOS ကို Restore လုပ်ဖို့အခွင့်အရေးရှိဦးမှပေါ့နော်…

    အဲဒီတော့ Jailbreak လုပ်လို့ Warranty ပျက်တယ်ဆိုတာကို မှန်လားမှားလားမေးရင်ဖြင့် ၇၀% လောက်မှန်ပြီး ၃၀% လောက်မှားပါတယ်လို့ဖြေရမှာပါ…
    အဲဒီတော့ ဖြစ်နိုင်ရင် ချမ်းသာရင်…ဟိ… Unlock နဲ့ ပိုက်ဆံပေးပြီးသုံးပါနော်…
    ဒါပေမယ့်… ဂိမ်းတစ်ခု (၄)ဒေါ်လာ … Application တစ်ခုကို (၂)ဒေါ်လာလောက်သာပေးသုံးရရင်ဖြင့် ကျွန်တော်တို့လို ငမွဲတိုင်းပြည်က ငမွဲလေးတွေဘဝဟာ…

    ထောင်ဖောက်ထားသော iPhone လေးနှင့်
    ကြောင်ဝတုတ်

  • KoNyeinChan

    June 21, 2012 at 11:18 am

    ဒီ ကွာလာလမ်ပူ samsung စင်တာမှာ တရားဝင်ရောင်းဈေးက RM 2199 (2199x 264= 580536 ကျပ်) ဖြစ်ပါတယ်.. အဖြူနဲ ့ အပြာ နှစ်မျိုးရှိပါတယ်.. တစ်ရက် သူများလူကြုံဝယ်ခိုင်းလို ့တစ်ရောင်တစ်မျိုးစီသွားဝယ်ပေးတာ ကုန်နေလို ့ နောက်နှစ်ရက်ထပ်စောင့်တာတောင် အဖြူဘဲရခဲ့တယ်.. အပြာကိုတောင်မနေ ့ကမှ ရတာ.. ရောက် ကုန် လိုဖြစ်နေတယ်.. ပေါ်ဦးပေါ်ဖျားဆိုတော့ ဘာချို ့ယွင်းချက်ရှိလဲ မသိသေးပါဘူး.. SII ကတော့ ပူတယ်လို ့ပြောကြတယ်…

  • weiwei

    June 21, 2012 at 11:24 am

    ဒီပို့စ်ကို s2 နဲ့ဖတ်ပြီး မန့်လိုက်ပါတယ် ။

  • awra-cho

    June 21, 2012 at 11:26 am

    လိုချင်တာက တော့ နှစ်ခုလုံး ပဲ ။ ငြင်းကြ လေ။ အဆံကလည်း တို့တွေအတွက်က နင့်နေတာမဟုတ်လား၊ အင်တာနက် သုံးဖို့ဝယ်ချင်နေတာ မဒမ်ကိုကြောက်လို့ ငြိမ်နေရတယ်၊လိုချင်တာက ၈ မက် ကင်မလာ၊ ကွပ်ကိုး၊ ကက်ပစီတစ် တပ်၊ လောက်မှဆိုတော့ ငြိမ်နေရတယ်၊ အင်တာနက် ဂျာနယ်တို့ မဖတ်ရဲဘူး လိုချင်တာတွေ များလွန်းလို့။ ပေါချောင်ကောင်းလေး တွေ့ရင်တော့ မဆိုးပါဘူး ဘာပဲပြောပြော ဗဟုသုတ ရတာပေါ့၊ အားပေး ကြောင်းပါ။ ဆက်ချ အဲလေ ဆွေးနွေး ကြပါဗျာ။

  • weiwei

    June 21, 2012 at 11:26 am

    s2 နဲ့ဖတ်ပြီး မန့်ကြည့်တာ

  • စိန်ဗိုက်ဗိုက်

    June 21, 2012 at 11:29 am

    ပန်းသီးလဲ လိုချင်ဒယ်..အက်စ်သရီးလဲ လိုချင်တယ်..ဂစ်ထ်
    ဘူ ့ဆီက ခိုးရင်ကောင်းမလဲ သိဘူး..

  • Azzurri

    June 21, 2012 at 12:19 pm

    ဗျို့ ကကြောင်ဝတုတ်…
    ပန်းသီး ဖိုက်ဂျီဖုန်း ..(ဂျီးပုန်းမဟုတ်ပါ)
    အနံ့ ရတယ်…ခုတလော အနံ့ပိုပြင်းလာတယ်

    မပြင်း ခံနိုင်ရိုးလားဗျာ…. ကိုရဲစည် လည်း စောစောက
    ချက်ထဲ လာပြသွားတယ် … ပြတင်းပေါက်ဖုန်း-၈ ကနှစ်ကုန် ထွက်မယ်..
    စမာဒ့် ကစ်ဒီလေး အက်စ်သရီး ကို ၃လလောက် လည်း ကစားခွင့်ပေးပြီးပြီ
    ကျုပ်တော့ စက်တင်ဘာ လို့ မှန်းတာပဲဗျ..

    ကဲ ဘယ်လိုလဲ ….

    နိနင်းခေဲးယခု နဲ့ ဝယ်ထားတယ်ဆိုတဲ့ အကျိရေ
    အမျှ အမျှ အမျှ

    စည်းနဲ့ကမ်းနဲ့ မာလထီ ပလက်ဖောင်း လစ်ဘရယ်
    စမာတ် ယောက်ျား
    i ဂီ့ (၂၀၁၂အတွင်းသာ)

  • ပေစိ

    June 21, 2012 at 2:36 pm

    ကဲ ဒီတစ်ပါတ် စနေနေ့ချိန်းလိုက်ရအောင် ကိုစိန်ဗိုက် ယုဇနပလာဇာသွားပြီး ခိုးရအောင် အိုင်ဖုန်းရော ဂလက်ဇီရော

    • စိန်ဗိုက်ဗိုက်

      June 21, 2012 at 2:44 pm

      ဝုတ်ကဲ့..
      ရဲသားဂျီး အူးလှရွှေနဲ ့အတူ လာခဲ့ပါမယ်..
      😀

Leave a Reply