ဗူဗူဇီလာ ဘယ်ကစ

khinmintatthuJune 25, 20101min652

၂၀၁ဝ ကမ္ဘာ့ဖလားမှ ပုစဉ်းရင်ကွဲ အော်သံကဲ့သို့ တစီစီ ပေါ်ထွက်နေသည့် အာဖရိက
ရိုးရာ ဗူဗူဇီလာ နှဲသံများကြောင့် စိတ်အနှောင့် အယှက် ဖြစ်ရသူများ၊
အိပ်ရေး ပျက်ရသူများ အများအပြား ရှိနေပါတယ်။

ဗူဗူဇီလာမှုတ်၍ အားပေးမည့် ပရိသတ်တစု (ဓာတ်ပုံ – Getty Images)

ကမ္ဘာ့ ဖလားပွဲ လာရောက် ကြည့်ရှုတဲ့ ပရိသတ် တွေက ဗူဗူဇီလာ နှဲတွေကို ဆူညံစွာ
မှုတ်နေတဲ့ အတွက် စိတ်အနှောင့် အယှက် ဖြစ်ရသူ များကို နှဲလုပ်သူလို့
ပြောလာတဲ့ တောင်အာဖရိကသား နီးလ် ဗန် ရှော့လ်ဗစ်ခ် (Neil Van Schalkwyk) က
မကြာသေးမီက သတင်းစာ ရှင်းလင်းပွဲ တခုပြုလုပ်ကာ တောင်းပန် လိုက်ကြောင်း
သိရပါတယ်။

ဒီနှဲကို ထုတ်လုပ်ဖို့ သူအကြံ ရခဲ့တာ ကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က တောင်အာဖရိက နိုင်ငံမှာ ဆန်တို့စ် ကိပ်တောင်း ဘောလုံး အသင်းနဲ့
ဘက်စ်ဝုဒ် အသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့တဲ့ပွဲမှာပါ၊ အဲဒီပွဲမှာ ပရိသတ်က
လက်လုပ် နှဲရှည်တွေနဲ့ မှုတ်ပြီး ပျော်ရွင်စွာ အားပေးခဲ့တာကို
တွေ့ရှိခဲ့ပြီး ထုတ်ခဲ့တာ ဖြစ်တယ်လို့ ရှော့လ်ဗစ်ခ်က ဆိုပါတယ်။

ပထမဆုံး နှဲအလက် ၅၀ဝ ကို စပြီး သူထုတ်ပါတယ်၊ နောင် တနှစ်လောက်အကြာမှာတော့
ဒေသခံကုမ္ပဏီတခုဆီက နှဲ အလက် ၂၀၀၀ဝ ဝယ်ယူမယ်ဆိုတဲ့ အမှာစာကို ရရှိခဲ့ပါတယ်။

နှဲတွေကို အာဖရိကသားတွေ အကြိုက်တွေ့ပြီးတဲ့ နောက်မှာတော့ ရှော့လ်ဗစ်ခ် က သူ့ကိုယ်သူ
“နှဲခေတ် ပြန်လည် ဆန်းသစ်သူ”လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။

တကွင်းလုံးမှုတ်နေသည့် ဗူဗူဇီလာနှဲတွေရဲ့ ဆူညံမှုကြောင့် ကွင်းပြင်မှာရှိတဲ့ နည်းပြများက
ကွင်းအတွင်းမှာကစားနေတဲ့ မိမိတို့ရဲ့ကစားသမားများကို အော်ဟစ်အမိန့်ပေးရန်
ခက်ခဲလာပြီး အားပေးသူ ပရိသတ်တွေရဲ့သီချင်းသံတွေကိုလည်း
မကြားရတော့တာကြောင့် ဘောလုံးသမားတွေက ဗူဗူဇီလာတွေကို ဝေဖန်မှုတွေ
လုပ်ခဲ့ပါတယ်။

ဗူဗူဇီလာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြရတဲ့ ကစားသမားတွေနဲ့ ပရိသတ်တချို့ကတော့ ပြိုင်ပွဲအတွင်း ဗူဗူဇီလာ မှုတ်ခြင်းကို
ပိတ်ပင်ပေးရန် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA)သို့ တောင်းဆိုခဲ့ပေမယ့်
ဖီဖာဥက္ကဌ ဆပ် ဘလတ္တာကတော့ ဒီ ဗူဗူဇီလာနှဲမှုတ်ခြင်းဟာ အာဖရိက ယဉ်ကျေးမှု
ဖြစ်တဲ့အတွက် ပိတ်ပင်လို့ မရနိုင်ကြောင်း ပြန်ဖြေကြားခဲ့တယ်လို့ သိရပါ တယ်။

အခုအချိန်မှာ ဒေါသထွက်နေတဲ့ ပျားပိတုန်းအသံတွေအလား ဘောလုံးကွင်းအတွင်းက ထွက်ပေါ်နေတဲ့
ဗူဗူဇီလာနှဲသံ တွေကြောင့် နားကြပ်တွေလည်း ရောင်းအားတက်လာတယ်လို့ သိရပါတယ်။

ဘယ်လိုပဲ ကန့်ကွက်သူတွေများပေမယ့်လည်း ဗူဗူဇီလာနှဲကို ပါးစပ်တွေ့သူတွေ ပိုမိုတိုးလာမှာပါလို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

“ကမ္ဘာ့ဖလား ပြီးရင်တော့ ဗူဗူဇီလာဈေးကွက် အခုထက် ကျယ်ပြန့်လာမယ်လို့ ယုံကြည်တယ်၊
တခြားနိုင်ငံကသူတွေလဲ ဗူဗူဇီလာကို နှစ်သက်မှာပါ”လို့ တရုတ်နိုင်ငံ
နှဲထုတ်လုပ်တဲ့ စက်ရုံက တာဝန်ခံ တရုတ်အမျိုးသမီး “ကွား”က ဆိုပါတယ်။

တောင်အာဖရိက ကမ္ဘာ့ဖလားမှာ ရောင်းချနေတဲ့ ဗူဗူဇီလာတွေရဲ့ ၉ဝ ရာခိုင်နှုန်းလောက်ဟာ
တရုတ်နိုင်ငံက တင်သွင်း တာ ဖြစ်တယ်လို့ AP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ ဗူဗူဇီလာ တသန်း လောက်ကို တောင်အာဖရိကနိုင်ငံကို တင်ပို့ခဲ့ပြီး
လက်ရှိမှာလည်း တနေ့ကို နှဲ အလက် ၂၀၀၀ဝ လောက်ထုတ်လုပ်နေပါတယ်။

ဗူဗူဇီလာနှဲ တလက် ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ ၂.၅ ယွမ် (အမေရိကန်ဒေါ်လာ ၃၆ ဆင့်)
ရှိပြီး  ပြည်ပကိုတင်ပို့တဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၀
ဒေါ်လာဖြစ်တယ်လို့ စက်ရုံတာဝန်ခံ “ကွား”က ရှင်းပြပါတယ်။

တရုတ်နိုင်ငံမှာတော့ ဗူဗူဇီလာစက်ရုံတွေကို ဇီကျန်းပြည်နယ်နဲ့ တောင်ပိုင်းရှိ ကွမ်တုန်ဒေသတွေမှာ အဓိက တည်ဆောက် ထားပါတယ်။

“ဇန်” အမည်ရှိတဲ့ အရောင်းမန်နေဂျာ တစ်ဦးက“ဈေးကွက် ဝယ်လိုမှုတွေ
ရှိနေသေးသရွေ့တော့ ဒီ ဗူဗူဇီလာတွေကို ဆက်လက် ထုတ်လုပ်သွားဖို့ အစီအစဉ်
ရှိပါတယ်”လို့ AFPသတင်းဌာနကို ဒီနေ့ ပြောကြားလိုက်တယ်။

ဗူဗူဇီလာနှဲ အရှည်မှာ ၂ ပေလောက်ရှိပြီး ထွက်ပေါ်လာတဲ့ အသံနှုန်းကတော့ ၁၂၇
ဒက်စီဘယ်လ်ရှိပြီး လူတဦးရဲ့အသံနဲ့ ပတ်သက်လို့ ခံနိုင်တဲ့ စွမ်းရည်ကတေ့
၁၂၂ ဒက်စီဘယ်လ်သာ ရှိပါတယ်။

ခင်ဗျားအနေနဲ့ ဆိုရင် ဗူဗူဇီလာနှဲတလက် လက်ထဲရောက်လာရင် ဘယ်လိုလုပ်မလဲ၊ တဂေါ်ဂေါ်နဲ့ မှုတ်မှာလား နားငြီး တယ်ဆိုပြီး လွှင့်ပစ်မှာလား။

Ref: Irrawaddy

2 comments

  • kokogyi

    June 25, 2010 at 6:43 am

    ဗူဗူဇီလာနှဲ ကို မှုတ်တက်ချင်တယ် မန်းလေးမှာ မရောင်းကြသေးဘူး စီးပွားရေးသမားတွေ မသိသေးလို့ထင်တယ်….

  • chitsayar

    June 26, 2010 at 8:00 pm

    ဒို ့ ကတော့မှုတ်တဲ့နေရာမှာ express

Leave a Reply