ကျွန်တော်သိတဲ့ သူတော်စင် စစ်စစ်

Passing ByJune 20, 20121min34566

လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ် နော် .. ဒါကြောင့် ..

ကျွန်တော်တို့ ၁ဝ တန်းမှာ သင်ရပါတယ်

သက်ရှိ သတ္တဝါတွေ ကို Membrane တစ်ခုပါတဲ့ Cell နဲ့ ပြုလုပ်ထားတယ်

သက်ရှိ သစ်ပင်တွေကို Membrane နှစ်ခုပါတဲ့ Cell နဲ့ ပြုလုပ်ထားတယ် .. မှန်ပါတယ်နော် ..

ဘယ် Organ ဘယ် Tissue မဆို အခြေခံက Cell ပါဘဲ

သက်ရှိတိုင်းရဲ့ အခြေခံက Alive Cell (အသက်ရှိတဲ့ ဆဲလ်) တွေလို့ အလွယ်မှတ်လို့ရတယ်ပေါ့နော ..

သစ်ပင်လည်း ငယ်ရာကကြီးတယ် .. သတ္တဝါလည်း ငယ်ရာကကြီးတယ် ..

သစ်ပင်လည်း လှုပ်ရှားတယ် (မသိမသာပေါ့) .. သတ္တဝါလည်း လှုပ်ရှားတယ် (သိသိသာသာ) ..

သစ်ပင်လည်း တနေ့ သေတယ်  .. သတ္တဝါလည်းတနေ့ သေတယ် ..

ဒါဆိုရင် သစ်ပင် မှာလည်း အသက်ရှိ တယ်လို့ကောက်ချက်ချလို့ရတာပေါ့ ..

သစ်ပင်က နေရောင်ခြည် နဲ့ မြေကြီးက အစာအာဟာရကို ရယူပါတယ် ..

သတ္တဝါတွေက သက်ရှိတွေကို စားသုံးပြီး အာဟာရ ယူပါတယ် ..

ဒါဆို ဘယ်သတ္တဝါမှ သက်မဲ့ပစ္စည်း တွေကိုစားသုံးပြီး အသက်မရှင်နိုင်ဘူး ပေါ့နော ..

လူသားတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ လည်း သူများအသက်တွေကို စတေးပြီး အသက်ရှင်နေတာလို့ အလွယ်ကောက်ချက်ချလို့ရ ပါတယ် ..

ဒီမှာ အရင်ကနားလည်ပြီး ယခုနားမလည်တော့ တာက .. သားသတ်လွတ်စားတယ် ဆိုတာကိုပါ ..

အရင်က အသက်ဆိုတာ သတ္တဝါမှာဘဲရှိတယ် .. လို့ယူစမိ ပါတယ် .. ဒါကြောင့် လက်ခံပါတယ် ..

အသက်ဆိုတာ သတ္တဝါမှာတင် မကပါဘူး သစ်ပင်ပန်းပင်၊ Virus၊ Bacteria တွေမှာလည်း အသက်ရှိတယ်ဆိုတာ သိလာရတဲ့နောက်ပိုင်း .. ယခု အချိန်ပေါ့ .. သားသတ်လွတ်စားတယ်ဆိုတာ .. ဘယ်လိုတုံးလို့ .. မေးမေးမိတယ် အဖြေကတော့ထွက်မလာပါဘူး .. !

သားသတ်လွတ်စားတဲ့သူတွေက သတ္တဝါ အသားကိုတော့ မစားသုံးကြပါဘူး .. ဒါပေမယ့် သက်ရှိဖြစ်တဲ့ သစ်ပင်ပန်းပင်လေးတွေရဲ့ အသားကိုတော့ စားသုံးနေကြပါတယ် ..

ဘာကြောင့်ပါလဲ .. ?

လူတွေက ဘာဖြစ်လို့ သတ္တဝါတွေရဲ့ အသက်ကို သတ်တာကို ငရဲကြီးတယ်လို့ ယူဆရတာပါလဲ .. ?

လူတွေက ဘာဖြစ်လို့ သစ်ပင်တွေရဲ့ အသက်ကို သတ်တာကို ငရဲမကြီးဘူးလို့ ယူဆရတာပါလဲ .. ?

ငရဲကြီး မကြီး ကို ဘယ်သူကများ သတ်မှတ်ထားတာပါလဲ .. (လူသား အပပေါ့ .. ) .. ?

ကောက်ချက်ချလို့ရတာ က ..
သတ္တဝါတိုင်းဟာ .. တနေ့တနေ့ သူများအသက်ကို သတ်သတ်ပြီး အသက်ရှင်နေရတဲ့ သူတွေပါ .. ဟိုး အူဝဲကစလို့ .. ဟိုး ဂူထဲရောက်သည်အထိ မသေမချင်း သူများအသက်တွေကို စတေးပြီး တနေ့တနေ့ အသက်ရှင်နေရတဲ့သူတွေ ပါ .. ဒီတော့ .. သတ္တဝါမှန်လျှင် (လူသား အပါအဝင်) သူတော်စင်မရှိပါဘူး  ..

တကယ့်သူတော်စင်တွေက .. သစ်ပင်ပန်းမန်တွေပါ …

ဒီတော့ သူတော်စင် စစ်စစ် တွေကို ကိုးကွယ်ချင်သပဆိုလျှင် ..  .. … . ! ! !

 

လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ် ” ..

66 comments

  • ဘဲဥ

    June 20, 2012 at 2:17 pm

    ယူအာ ဘာသာလက်စ် ဟုတ်တယ်မို့လား

    • Passing By

      June 20, 2012 at 3:38 pm

      ဘာသာ Less ဆိုတာ ကျွန်တော်လည်း မဖြစ်သေးပါဘူး .. အစွဲ ရှိနေတုန်းပါဘဲ .. သရဲကြောက်တတ်နေတုန်းပါဘဲ .. မူစလင်ဘာသာကို သိပ်ကြည့်မရဖြစ်နေတုန်းပါဘဲ .. ခရာစ်ယာန် ဘုရားနဲ့ ရန်ဖြစ်ချင်နေတုန်းပါဘဲ ..

  • ko khin kha

    June 20, 2012 at 2:33 pm

    တောထဲရောက်ရင် သစ်ပင်တွေအများကြီးမို့ သစ်ပင်သာသူတော်စင်လို့ သတ်မှတ်ရင်
    ရှစ်ခိုးလို့ကို ဆုံးမှာမဟုတ်တော့ဘူးနော်။ ကြည့်လည်းလုပ်ပါအုံး ကိုယ့်ဆရာရေ။

    • Passing By

      June 20, 2012 at 4:45 pm

      သစ်ပင်ကို သူတော်စင်မသတ်မှတ်ရင် သူတော်စင်သတ်မှတ်စရာ သက်ရှိ မရှိတော့ပါဘူးဗျာ ..

  • ညီလေးရေ တစ်ခုတော့ပြောချင်ပါတယ်။
    သားသတ်လွတ်စားရုံလောက်နဲ့တော့ သူတော်စင်ပါလို့ ဘယ်သူမှပြောမထားပါဘူး။
    အဲတော့ သူတော်စင် ဆိုတာရဲ့ အနက်အဓိပ္ပါယ် ဘယ်လိုဖွင့်ထားသလဲဆိုတာကို ပြန်ကြည့်လိုက်ပါအုံးနော်။

    • Passing By

      June 20, 2012 at 4:49 pm

      သူတော်စင်
      ၁။ သက်ရှိအသက် မသတ်ရ
      ၂။ စင်ကြယ်သော စိတ်ထားရှိရမည်
      ၃။ သက်ရှိများကို အကျိုးပြုရမည်
      ၄။ သည်းခံစိတ်ရှိရမည်
      ၅။ ဥပက္ခာပြုနိုင်စွမ်းရှိရမည်
      ၆။ လောက ကောင်းကျိုးကိုသယ်ပိုးနိုင်စွမ်းရှိရမည်
      .. နောက်ထပ်ရှိသေးရင် ထပ်ရေးပေးပါအုံး .. ဒါပေမယ့် ကျွန်တော်ပြောတဲ့ သူတော်စင်က ဒါတွေအားလုံးနဲ့တော့ ပြည့်စုံနေပါတယ် နော် ..

      • ဘဲဥ

        June 20, 2012 at 6:05 pm

        ဗျို့ အာစိ …. ညောင်ပင်ကလည်း သူအသက်ရှင်ဖို့ သူတစ်ပါးကိုဖျက်ဆီးတတ်တယ်နော်

  • hein latt

    June 20, 2012 at 2:49 pm

    သစ်ပင်သက်ရှိတယ်ဆိုတာ ဇီဝရုပ်သာရှိတာပါ နာမ်ရုပ်မရှိပါဘူး…
    သတ(တနှစ်လုံးမဆင့်တက်)လောကမှာကျင်လည်နေတဲ့သတဝါများဟာ အဲဒီရုပ်နှစ်ခုဒွန်တွဲနေပါတယ်
    သစ်ပင်ဟာသတလောကမှာမပါဝင်ပါဘူး ဩကာသလောကထဲမှာသာအကျုံးဝင်ပါတယ်။
    နာမ်မရှိတဲ.ဒြပ်ထုကိုစားသုံးခြင်းအားဖြင့် သားသတ်လွတ်ရာရောက်ပါတယ်….။
    ပြီးတော့ငရဲကြီးမကြီးကိုသတ်မှတ်တာကတော့ မိမိပြုခဲ့တဲ့အကုသိုလ်ပမာဏနှင့်သတ်မှတ်ပါတယ်….။
    ဒါနဲ.ပိုစ်ပိုင်ရှင်ကိုးကွယ်တဲယဘာသာလေးများသိချင်ပါတယ်…ရှိရင်ပေါ့…..။

    • Passing By

      June 20, 2012 at 3:32 pm

      အကိုပြောတဲ့ နာမ်ဆိုတာ .. စိတ် .. ကိုဆိုလိုတယ်လို့ ထင်ပါတယ် .. !
      အဟဲ .. အကိုစိတ်မဆိုးနဲ့နော် ..
      သစ်ပင်မှာ စိတ် .. မရှိဘူးလို့ သာမာန်အားဖြင့်ယူဆကြတယ် ..
      သူ့မှာ Brain မရှိ၊ Nervous System မရှိ ဒါကြောင့် Conscious Mind မရှိ .. အရင်ကပေါ့ .
      ဒါပေမယ့် အကို ယနေ့ သိပ္ပံပညာရှင်တွေက သစ်ပင်မှာ ခံစားချက်ရှိတယ်လို့ ပြောလာကြပြီ ..

      ပြီးတော့ ကိုးကွယ်တာနဲ့ ပတ်သက်လို့ ..
      ကျွန်တော့်ကို လာလှချည်လားလို့ တော့ မထင်စေချင်ပါဘူး .. ကျွန်တော်စားတဲ့ ဆန်က အကိုစားတဲ့ ဆားလောက် များမှာ မဟုတ်ပါဘူး .. အကို့ရင်ဘက်ထဲက ယုံကြည်မှုကို တိုက်ခိုက်မိတယ်ဆိုရင်လည်း .. တောင်းပန်ပါတယ် .. ခွင့်လွှတ်ပေးပါနော် .. !
      ကိုးကွယ်မှုနဲ့ပတ်သတ်ပြီး ဘာသာမကိုးကွယ်မှု ကိုစိတ်မဝင်စားမိသေးပါဘူး .. ဒါပေမယ့် စာရွက်ထဲက Religion ထဲမှာတော့ ဗုဒ္ဓလို့ဖြည့်ပါတယ် .. ဗုဒ္ဓဘုရားရှင် ကိုလေးစားလို့ပါ .. ဗုဒ္ဓ တရားက ကျွန်တော့်စိတ်ကို အကျိုးများစေလို့ပါ ..
      ကျွန်တော် ဗုဒ္ဓဘုရားရှင်ကို ရှိခိုးပါတယ် .. ဗုဒ္ဓတရားတော်တွေကို ဆန်းစစ်(တတ်နိုင်သလောက်ပေါ့ဗျာ ) ပြီးလိုက်နာပါတယ် ..
      ပြီးတော့ တရားထိုင်ဖို့ရည်ရွယ်ချက်ရှိပါတယ် .. အကြောင်းကတော့ ကျွန်တော့်စိတ်တွေက ငယ်ငယ်ရွယ်ရွယ်နဲ့မလိုက်အောင် ဗျာများတတ်လို့၊ လျှပ်ပြာလျှပ်ပြာ လုပ်တတ်လွန်းလို့ ပါ .. နိဗ္ဗာန်ရဖို့တော့ မတွေးမိသေးပါဘူး .. ကျွန်တော်က Game လည်းစော့တယ်လေ .. !

      • Mလုလင်

        June 20, 2012 at 3:57 pm

        ကျွန်တော်က Game လည်းစော့တယ်လေ .. !

        ဆိုတော့ .. အဲဒါလေး ပါ .. “စော့” အစား “ဆော့” လို့ရေး စေချင်ပါကြောင်း ..။

        • Passing By

          June 20, 2012 at 4:43 pm

          ခုလိုပြုပြင်ပြောကြားပေးတာ ကျေးဇူးပါဗျာ ..

      • nicolus agral

        June 20, 2012 at 7:48 pm

        (သူ့မှာ Brain မရှိ၊ Nervous System မရှိ ဒါကြောင့် Conscious Mind မရှိ .. အရင်ကပေါ့ .
        ဒါပေမယ့် အကို ယနေ့ သိပ္ပံပညာရှင်တွေက သစ်ပင်မှာ ခံစားချက်ရှိတယ်လို့ ပြောလာကြပြီ .. )
        ဒါပေမဲ့ အဲဒီအဆိုက မခိုင်မာသေးပါဘူး
        thesis ၁ခု ၂ခုနဲ ့တော့ အမှန်လို ့ယူလို ့မရသေးဘူးထင်တယ်
        လူတောင်မှ coma patient တွေ vegetative stage လို ့ပြောကြတယ်နော ့
        feeling နဲ ့sensation ကွာမယ့်သဘောပဲ
        by the way (သစ်ပင်သက်ရှိတယ်) ဒေဝဒတ်လဲ ဒီ idea ရှိမယ်နဲ ့တူတယ်

        • Passing By

          June 21, 2012 at 9:39 am

          ဟိုးတချိန်က လူသားတွေ၊ သိပ္ပံပညာရှင်တွေဟာ Intelligent ရှိဖို့ Nerve ကြောတွေ၊ Brain စတာတွေ ပါမှလို့ ယူဆခဲ့ကြပါတယ် .. ဒါကြောင့်လည်း သစ်ပင်ကို Intelligent မရှိဘူးလို့ ပြောဆိုခဲ့ပါတယ် ..
          ဒါပေမယ့် ယနေ့ခေတ် မှာတော့ Researcher တွေ၊ Philosopher တွေ က သစ်ပင်ဟာ Brain တွေ၊ Nervous System တွေ နဲ့မတည်ဆောက်ထားတဲ့ စိတ်(Conscious Mind ) ရှိနိုင် တယ်လို့ ပြောကြတယ် .. (Proof တော့ မရှိသေးပါဘူး .. Proof ထွက်လာရင် တော့ လူသားတွေ ဒုက္ခရောက်ကုန်တော့မှာ .. ဟီး .. )
          ဒါပေမယ့် သိပ္ပံပညာရှင်တွေ လေ့လာရေးအဖွဲ့တွေ က တွေ့ရှိထားတဲ့ အချက်တချို့ ရှိပါတယ် ..
          -သစ်ပင်က ဖြေးညင်းစွာလှုပ်ရှားကြတယ် ..
          -သစ်ပင်က သင်တို့ရဲ့ Feeling ကိုတုုံ့ပြန်နိုင်တယ် ..
          -သစ်ပင်က ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ (Adaptation) လုပ်နိုင်တယ်၊ နေရောင်ခြည် ကိုဘယ်လိုရှာရမလဲ၊ မာကြောနေတဲ့ မြေမျက်နှာ တွေကို ဘယ်လိုထိုးဖောက်မလဲ ဆိုတာ သိရှိကြတယ် ..
          -သစ်ပင်ရဲ့ အရွက်ဟာ အရွယ်အစားရော၊ ပုံစံရောပါ ပြောင်းလဲနိုင်တယ်
          ဒါတွေကို တွေ့ရှိလာ တဲ့ နောက်ပိုင်း
          သစ်ပင် .. အသိစိတ် (Conscious Mind) မရှိဘူးဆိုတာ ဟုတ်ရဲ့လား .. ?
          သစ်ပင် .. ခံစားချက် မရှိဘူးဆိုတာ ဟုတ်ရဲ့လား .. ?
          သစ်ပင် .. မနာကျင်တတ်ဘူးဆိုတာ ဟုတ်ရဲ့လား .. ?
          ဆိုတဲ့မေးခွန်းတွေပေါ်လာတယ် ..
          ဒါတွေအားလုံးအတွက် အဖြေတော့မရှိသေးပါဘူး ..
          ဒါပေမယ့် သစ်ပင်မှာ Conscious Mind ဆိုတာ ရှိနိုင်ပါတယ် (Percentage များပါတယ် ဒါပေမယ့် Absolute Proof တော့မဖြစ်သေးပါဘူး) .. အကို သိချင်သေးရင် Googling လုပ်ကြည့်ပါ အနော်လည်း Googling လုပ်ထားတာ ! (ဟီး)

          အကိုပြောတဲ့ Vegetative Stage လူဟာ သစ်ပင်နဲ့ နည်းနည်းမှ မတူပါဘူး ..
          ဘာဖြစ်လို့လည်းဆိုတော့ .. သစ်ပင်က ဘေး အစောင့်အရှောက်မပါဘဲ အသက်ရှင် နိုင်ပါတယ် .. အဲ .. VS လူသားကတော့ အစောင့်အရှောက်မထားရင် တခုခုတော့ဖြစ်သွားမှာပါ (ကပ် ပြီးတွေးကြည့်တာ .. ဟီး)

      • Mလုလင်

        June 20, 2012 at 11:49 pm

        ဒါပေမယ့် စာရွက်ထဲက Religion ထဲမှာတော့ ဗုဒ္ဓလို့ဖြည့်ပါတယ်

        ဆိုတော့ .. အဲဒါလေးပါ … “ဗုဒ္ဓ” အစား .. “ဗုဒ္ဓဘာသာ” လို့ များ .. ရေးရင် ပို အဆင်ပြေ သွားမလား လို့ပါ .. .. .မော……………………. တယ်။

        • Passing By

          June 21, 2012 at 9:10 am

          ကျေးဇူးပါဗျာ ..

  • thar ag

    June 20, 2012 at 3:18 pm

    သူ ပြောသလိုသာဆိုရင် တော့ အရှေ့အနောက် တောင် မြောက် အကုန် သာ ရှိခိုးပေတော့

    • Passing By

      June 20, 2012 at 3:36 pm

      သူတော်စင် ဆိုတာ ရှိခိုးဖို့ မဟုတ်ပါဘူး လေးစားဖို့ပါ .. ရှိခိုးချင်ရင် အရင်ဦးဆုံးရှိခိုးသင့်တာက .. မိဘနှစ်ပါး ဖြစ်မယ်ထင်ပါတယ် .. (မိဘတွေဟာ သူတော်စင် မဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ အကောင်းဆုံး ဘုရားတွေပါဘဲ .. လိုချင်တာ ဘုရားရှေ့ ဆုတောင်းရင် မရနိုင်ပါဘူး .. အဲ မိဘရှေ့ တော့ဆုတောင်းရင်ပြည့်နိုင်ပါတယ် . ဟီး )

  • kai

    June 20, 2012 at 3:42 pm

    http://myanmargazette.net/70687/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

    အဲဒီအပေါ်လင့်က.. ပို့စ်ရယ်..။ အောက်ကဆွေးနွေးထားတဲ့..ကွန်မန့်တွေရယ်..ဖတ်စေချင်မိပါတယ်..
    အချိန်ရရင်..ဖတ်ကြည့်ပါနော..

    ပြိးရင်.. ဆွေးနွေးတာပေါ့…။

    • Passing By

      June 20, 2012 at 4:42 pm

      သူရေးထားတာ အဆင့်မြင့်တယ်ဗျ .. ဟီး .. ကျွန်တော့် Post နဲ့ တော့ မနှိုင်းယှဉ်ကောင်းပါဘူး ..

      သက်ရှိတိုင်းရဲ့ ဦးတည်ချက်က Survival ပါဘဲ .. ဒါအတွက် ဘာဘဲလုပ်ရလုပ်ရ အခွင့်အရေးရှိရင် လုပ်မှာပါ ..

      သစ်ပင်ကို သူတော်စင်လို့ပြောတာ တခြားကြောင့်မဟုတ်ဘူးဗျ . သူတို့မှာ ကျွန်တော်တို့ ကို ကိုက်စားဖို့ ပါးစပ်မပါလို့၊ သူတို့မှာ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ လက်တွေ မပါလို့၊ သူတို့မှာ ကျွန်တော်တို့ကို တိုက်ခိုက်ချင်တဲ့ စိတ် မပါလို့ (ဉာဏ်မရှိတာမဟုတ်ဘူးနော်)၊ ကျွန်တော်တို့က သူတို့ကိုမှီပြီး ကြီးထွားရှင်သန်နေရလို့ .. ကျွန်တော်တို့အတွက် အသုံးအတည့်ဆုံး၊ သူရှိကိုရှိမှ ကျွန်တော်တို့ကရှိနိုင်မှာ ဖြစ်ပေမယ့် ကျွန်တော်တို့ မရှိလည်း သူတို့က ရပ်တည်လို့ရတယ် .. ဒါကြောင့် သူတို့ကို ချီးမြှောက်ပေးရခြင်း .. ဟီး .. !

      • မိုက်ကယ်ဂျော်နီအောင်ပု

        June 20, 2012 at 4:49 pm

        သစ်ပင်ဒေဂ သူဒေါ်ဂေါင်းဆိုရင် ကျုပ်ဂဘာဖြစ်သွားမဒုံး
        အရက် ဆိုဒါ သစ်ပင်ဂဟာဒေဂို အကြောင်းပြုပြီးဖြစ်လာဒါ
        ရှင်းပေးဘာ

        • Passing By

          June 20, 2012 at 4:58 pm

          ဒီလူ့ အသံ ကြားဖူးပါတယ်လို့ .. အော်အော် ကြယ်ပျောက် ဝိဇ္ဇာကြီးကို ( ဓာတ်ပုံအရ)
          အရက် ကိုမကောင်းဘူးလို့ ဘယ်စာထဲမှာမှ ရေးထားတာမတွေ့ရပါဘူး။
          အရက်များများသောက်ရင် အသဲနာကျမယ် ဆိုတာဘဲ ရှိပါတယ် .. အဟဲ ..
          ပြီးတော့ “သစ်ပင်က ငါ့ကိုအရက်လုပ်၊ ပြီးရင် မင်းသောက်၊ ပြီးရင် အသဲပျက်ပြီးသေစေ” လို့ လည်း မမိန့်မှာကြားထားပါဘူးဗျာ .. ပါးစပ်မှမရှိတာနော .. !
          ပြီးတော့ အရက်ဆိုတာ သစ်ပင်ကဖြစ်တာဆိုတော့ကား .. အရက်ကို သောက်တော့မယ်ဆိုရင် ဦးစွာ သစ်ပင်ကို ကျေးဇူးတင်ရမှာဗျ .. သစ်ပင်သာ မရှိခဲ့ရင် မိုက်ကယ်ဂျော်နီအောင်ဘုခေါ် ကြယ်ပျောက်ဝိဇ္ဇာကြီး အထီးကျန်တော့မှာပေ့ါ .. ! ဒါကြောင့် .. အရက်သောက်ခါနီးတိုင်း သစ်ပင်ကို သတိရနော် .. အဟဲ .. !

        • pooch

          June 20, 2012 at 5:13 pm

          ကာဗိုဟိုက်ဒြိတ်မှန်သမျှဟာ ယမကာစွမ်းရည်ကို ဖြစ်စေတဲ့ ကစော်ဓာတ်ကို ဖြစ်ပေါ်စေနိုင်တယ် ဆိုပါတယ်။ စပျစ်သီးထဲက သကြားဓာတ်ဟာ ဝိုင်ချက်နိုင်သလို ပြောင်း၊ ဘာလီ ၊ ဂျုံ ၊ ဆန် ၊ ငှက်ပျောသီး ၊ ပန်းသီး ၊ ချယ်ရီ ၊ အာလူး စတဲ့ အသီးအနှံတွေက သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒြိတ်ဓာတ်ကို ပေးတာမို့ အဲ့ဒီကနေ ထုတ်ထားတဲ့ ယမကာတွေ အများကြီး ရှိပါတယ်။

          ထန်းသီးနဲ့ အုန်းသီးတောင် သိုးသွားစေနိုင်တဲ့ ကစော်ဓာတ်ပါတယ်လေ။

          မက်ဆီကန် အရက် တက်ကီလာဆိုရင် Agave Tequilana ဆိုတဲ့ အပင်ရဲ့ ပင်စည်ပိုင်းအလယ်သားကို အရည်ညှစ်ပြီးချက်ထားတာပါတဲ့။

          ဒီက ရွှေတံဆိပ်ဆုရာ မြန်မာဘီယာရော ဘာနဲ့ချက်ထားတာလို့ ထင်လဲ ???? :mrgreen:

    • Passing By

      June 20, 2012 at 4:52 pm

      သူကြီးပြောသွားတဲ့ ..
      ကာမဆက်ဆံဖြစ်ရင်လည်း.. မိန်းမကိုယ်ထဲ.. အကုန်ကြာကြာမနေပါဘူး..။ သန်းနဲ့ချီသေပြိး.. လူဖြစ်မဲ့တကောင်၂ကောင်ပဲ..မမျိုးဥထဲရောက်သွားပြီး.. လူဖြစ်သွားတာပါ..ဒ
      ၂ကောင်ဝင်သွားရင်တော့.. လူ၂ယောက်(အမွှာ)ဖြစ်တတ်ပါတယ်..။
      ဒါတွေဟာ.. အသက် (ပါဏ)ဆိုတာ သက်ဝင်ရှင်သန်နေတဲ့ သဘောကို..လိင်ဆက်ဆံရင်ဖြစ်ဖြစ်/မဖြစ်ဖြစ်.. ဒီအတိုင်း ပျိုကြီးဖြစ်ဖြစ် .. ဖျက်စီး/ပျက်စီးစေနေကြတာပါ..။
      နဲ့ …………………..
      ငါဆိုတဲ့အတ္တကောင်အသက်ရှည်ပြီး.. ဟိုအကောင်တွေ..အသက်တွေ..အစုလိုက်အပြုံလိုက်..သေစေချင်တော့.. ဒီလိုပဲသည်းခံရတာပေါ့..။
      ဆိုတာ ဖတ်ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ် .. အော် .. လူဖြစ်ရလေခြင်းနော် .. လို့ .. !

  • we R one

    June 20, 2012 at 4:14 pm

    ကန္တာရထဲ မှာဆို ရင်တော့ ဒုက္ခပဲ…

    • Passing By

      June 20, 2012 at 5:00 pm

      အဟက် ကန္တာရထဲ ရောက်လေ သစ်ပင်တန်ဖိုး သိလေ .. အဲလေ ရေတန်ဖိုးသိလေ ပါ .. ဟီး ..! အရိပ်လို သစ်ပင်ခို .. !

  • ကျနော်ရုက္ခဗေဒတော့မကျွမ်းကျင်ပါဘူး။
    အသားစားသစ်ပင်တွေရှိတယ်လို့ ဖတ်ဖူးပါတယ်။
    ဟုတ်လားတော့ မသိဘူး။

    • Passing By

      June 20, 2012 at 5:02 pm

      ဟုတ်ပါ့ဗျာ .. ကျွန်တော် လည်းတွေ့ဖူးတယ် (အိပ်မက်လားတကယ်လားတော့မသိ) …
      စာထဲမှာလည်း သင်ဖူးတယ် .. (၁ဝ တန်း BIO သိပ်မကျက်ဘူးတော့ သိပ်မသေချာ) …
      ဒါပေသိ .. သူတော်စင်တွေမှာလည်း အထက်တန်ုးစားတွေ အောက်တန်းစားတွေ ရှိတာပဲကို ..
      နော .. !

  • water-melon

    June 20, 2012 at 4:53 pm

    …………..
    …………..
    …………..

  • water-melon

    June 20, 2012 at 5:16 pm

    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်

    • ဘဲဥ

      June 20, 2012 at 5:52 pm

      ဟုတ်တဲ့ဗျ ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ်ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ် ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      ကွဲပါတယ်
      အားရပါးရ စပါယ်ရှယ် ကွဲလွဲပလိုက်တယ်

      • နွေဦး

        June 22, 2012 at 4:43 pm

        ဘဲဥ ကွဲတယ်ဆို….
        ကွဲပြီပေါ့…
        အောင်မလေးဗျျျျျျျျျျ……

  • ဘဲဥ

    June 20, 2012 at 5:29 pm

    သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေး ကများလားဟ

    • Passing By

      June 21, 2012 at 9:40 am

      အမြင်တစ်မျိုး နဲ့ ပြောကြည့်တာပါ .. 🙂

  • စိန်ဗိုက်ဗိုက်

    June 20, 2012 at 5:41 pm

    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်ဆိုရင်
    အနှီ သူတော်စင် ဆိုသူမှာ အကျွန်ုပ်ပင် ဖြစ်ချေသည်တမုံ ့
    အဘယ်ကြောင့်ဆိုသော်..
    ငယ်ငယ်က ဖိုးသူတော်ဝတ်ခဲ့ပြီး ယခုအထိ အစင်လေးဖြစ်နေခြင်းကြောင့် သူတော်စင် ဟုခေါ်တွင်ကြသည်တမုံ ့
    တိန်..

    • ဘဲဥ

      June 20, 2012 at 5:56 pm

      အရက်ဆိုတာ သစ်ပင်ကဖြစ်တာဆိုတော့ကား .. အရက်ကို သောက်တော့မယ်ဆိုရင် ဦးစွာ သစ်ပင်ကို ကျေးဇူးတင်ရမှာဗျ .. ကဲဘိုက်ဘိုက်ရေ့ အားရပါးရဂျီး တင်ပလိုက်

  • သားဦး၊မြေးဦး

    June 20, 2012 at 6:46 pm

    အသားစားသစ်ပင်အချို ့မှာ အင်းဆက်တွေကိုစားတာပါ
    Insectivorous plants
    (1)Sundew နေနှင်းပေါက်
    (2)Venus fly trap နတ်သမီးထောင်ချောက်
    (3)pitcher plant ရေတကောင်း
    (4)bladder wort
    အပင်တွေက ရေကိုစုပ်နေသရွေ ့သက်သတ်မလွတ်ပါ။
    ရေထဲတွင် အလွန်သေးငယ်သော microorganism ့များက
    ပါဝင်နေလေ၏

    • Passing By

      June 21, 2012 at 9:44 am

      အကို ပြောတဲ့ အပင်အမြစ်က ရေကိုစုပ်ရင် Microorganism တွေပါလာတယ်ဆိုတော့ ..
      အကိုကြားဖူးလားမသိဘူး ..
      “အရွက်ကိုစားရင် နူးအောင်ချက်ပြီးမှစား ဒါမှ ရောဂါပိုးမကူးစက်မှာ” ..
      ဆိုတာ ..
      အနော်တော့ မကြားဖူးသေးဘူး .. ဟီး

  • မောင်ပေ

    June 20, 2012 at 9:52 pm

    ကဲကဲ ကြာပါတယ်
    စိတ်ပါခဲ့ရင်
    ကျုပ်ဆိုသလို လိုက်ဆို
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””
    “““ အားလုံးကို ကျေးဇူးတင်ပါတယ် ”””

  • ရဲစည်

    June 20, 2012 at 11:23 pm

    ပို့စ်တင်သူ ဆြာခင်ဗျ….
    ပို့စ်နောက်ကနေ ကွန်းမင့်ပြန်လိုက်တာကို ကြည့်ခြင်းအားဖြင့် အတော်လေးကို ကျွမ်းကျင်စွာ လေ့လာလိုက်စားထားမှန်း သိသာပါတယ်။
    ပြောချင်တဲ့ ဆိုလိုရင်းကို နည်းနည်းတော့ သဘောပေါက်သလိုဘဲ….. အစ်ကိုလဲ သိမှာပါ တခါတလေ ကို့ယ်အယူအဆကို လူတွေကြားထဲချပြတဲ့ အချိန် အရေးအသားလေးတော့ လိုတာပေါ့ …စေတနာပါ မစော်ကားပါဘူး ဘာပဲဖြစ်ဖြစ် ယုံကြည်မှုနဲ့ တင်ပြမှုကြားမှာ အရေးအသားကြောင့် မလွဲစေချင်ဘူး….အဲဒါလေးပါ။

    လေးစားတဲ့
    လူမိုက်ထောင်ထွက် ဘာသာless အစွန်းရောက်
    ဗလာဒီမာ ဇာကီရီယာ ရဲစည်

    • Passing By

      June 21, 2012 at 9:48 am

      အဟီး .. ယုံကြည်မှုဆိုတာ ယနေ့အတွက် ဘဲလို့ အနော် ယုံကြည်ထားပါတယ်ဗျ ..
      ယုံကြည်မှု က နယူတန် ရဲ့ နိယာမတွေလိုဘဲလေ တည်မြဲခြင်းမှမရှိတာ ..
      ကျွန်တော်က မတည်မြဲမှုကို ဘဲ နည်းနည်းပါးပါး ယုံကြည်ထားမိပါတယ် .. အဟဲ
      ပြီးတော့ ကျွန်တော့်ကို ချီးမြှောက် တာကျေးဇူးပါဗျာ .. လူဘဲ အချိုသကာတော့ လိုချင်မှာပေါ့ .. ဒါနဲ့ အကိုကြီးက HR ကမှတ်တယ် .. (သူများကိုချီးကျူးတတ်လို့လေ .. ) 🙂

  • YE YINT HLAING

    June 21, 2012 at 3:56 am

    ငါ့ညီရဲ့ ပို့ ( စ ) ဖတ်လို့ကောင်းသလို ကွန်မန့် တွေကလည်း ဗဟုသုတ တိုးပွါးစေပါတယ်၊ ပြီးတော့ ဦးဆောင် ဆွေးနွေးတဲ့ ပုံစံလည်းပေါက်တယ်၊ အသက် သိပ်မကြီးသေးဘူးလို့ ထင်ပါတယ်၊ လေ့လာလိုက် စားမှူ့ အားလည်း ကောင်းတယ်၊အားပေးပါတယ်၊ မှန်တာ မှားတာနောက်ထား ညီလေးလို လူငယ်တွေ ကို လေးစားတယ်၊ လွတ်လွတ် လပ်လပ် တွေးပါ၊ ဒါပေမဲ့ ဘာသာရေးနဲ့ သိပ်မဝေး ပါစေနဲ့၊ အတွေး အခေါ် တိုင်းရဲ့ အဆုံးမှာ အကို တို့ ဘုရားရှိတယ်၊ ဆရာ လုပ်တာ မဟုတ်ဘူး နော် ! လေးစား လို့ ပြောတာပါ၊

    • Passing By

      June 21, 2012 at 9:50 am

      အကို့ကို ကျေးဇူးတင်ပါတယ် ..
      ပြီးတော့ အကို့ ချီးကျူးတာတွေ အတွက်လည်း စိတ်ချမ်းမြေ့ရပါတယ်
      အကို့ရဲ့ အသုံးအနှုန်း တွေကလူတကိုယ်လုံးကို ပေါ့ပါးသွားစေတာဘဲ ..
      ကျေးဇူးပါအကို ..

  • ဇောက် ထိုး

    June 21, 2012 at 7:17 am

    ကျွန်တော်လဲ ဝင်ပြီးထင်မြင်ချက်လေးပြောချင်ပါတယ်။ စာရေးသူပြောချင်တာက သစ်ပင်ကို သူတော်စင်လို့ ပြောချင်တာဟုတ်ရဲ့လား။ သူများအသက်မသတ်ရ (ပါဏာတိပါတ)ဆိုတဲ့ စည်းကမ်းချက်မှာ အသက်မှန်သမျှ အကုန်ယူရင် သစ်ပင်တွေပါ မခုတ်ရ။ မခူးရ။ ဖြစ်ကုန်လိမ့်မယ်ဆိုတာကိုများ သိစေချင်တာ လား။
    နောက် သစ်ပင်တပင်ရဲ့ ဖြစ်ပေါ်လာမှု။ ကြီးထွားရှင်သန်မှု။ အဆုံးသတ်မှု။ နိဂုံး။ ဒါတွေနဲ့…
    လူတစ်ဦးရဲ့ ဖြစ်ပေါ်လာမှု။ ကြီးထွားရှင်သန်မှု။ အဆုံးသတ်မှု။ နိဂုံးတွေကို ဆက်စပ်ပြီး စဉ်းစားစေချင်တာလို့လဲ ထင်ပါတယ်။ နောက် ငရဲကြီးတယ်ဆိုတာကိုလဲ စဉ်းစားစေချင်တဲ့ သဘောတွေ ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။
    စာရေးသူက ပြောချင်တဲ့အရာကို တိုက်ရိုက်မပြောဘဲ..( မပြောဝံ့လို့လား) သွယ်ဝိုက်ပြီး စဉ်းစားခိုင်းတာ လို့ထင်ပါတယ်။
    ကျွန်တော်က တော့ စဉ်းစားစရာဆိုရင် သဘောကျပါတယ်။ ကျွန်တော်လန့်သွားစေတဲ့ စဉ်းစားမှုလေး တစ်ခုကို အမှတ်ရလို့ပြောခဲ့ချင်တယ်။ ကျွန်တော်နဲ့ လူချင်းမမြင်ဖူးတဲ့ သူတစ်ဦးက သူစဉ်းစားမှိတာ ဆိုပြီး စာရေးပြီး ပြောဖူးပါတယ်။
    သူက ဘုရားဟာ ဝမ်းလျှောသေရတာ လုပ်ကြံခံရတာလားမသိဘူးတဲ့။ ဘာကြောင့်လဲဆိုရင်.. သူ့ကိုဆွမ်းကပ် တဲ့သူက မိစ္ဆာဒိဋ္ဌိကနေ ပျောင်းလာသူဖြစ်လို့တဲ့။ နောက် ဆက်စပ်စဉ်းစားစရာတွေက ရှင်သာရိပုတ္တရာလဲ သွေးအန်းပြီး သေခဲ့ရတာတဲ့။ ရှင်မောဂ်ဂလာန်လဲ အရိုက်ခံပြီး သေခဲ့ရတယ်တဲ့။ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ်ဂလာန် သေရတာ ရက်ပိုင်းလေးပဲ ကွာတာတဲ့။ ဘုရားပရိနိဗာန်စံရတာနဲ့လဲ လပိုင်းလေးပဲ ကွာကြတာတဲ့။ နောက်ရှင်ရာဟုလာလဲ နတ်ပြည်တက်သေတယ်လို့ ဆိုသတဲ့။ သူ့အမြင်အရဆိုရင် ရှင်ရာဟုလာသေတာလဲ ပျောက်နေတယ်တဲ့။ သူစဉ်းစားမိတာကိုပြောတာပါဆိုပြီး စာပို့ဖူးပါတယ်။ ကျွန်တော်ကတော့ ကလေးတုန်းကစပြီး ဒါတွေဟာ ဝိပါက်တော်တွေလို့ သိခဲ့ပါတယ်။
    ဘုရားတို့မည်သည် သူများသတ်လို့ သေရိုးမရှိဆိုတာတွေလဲ ရနေ သိနေပါတယ်။ကျွန်တော် အစပထမ လန့်ကိုသွားပါတယ်။ နောက်တော့ ဗဟုသုတ တစ်ခုတော့ ရလိုက်တာပဲလို့.. သူ့ကို အပြစ်ရယ်လို့ မြင်မနေတော့ပါဘူး။
    အခုလဲ စဉ်းစားစရာတစ်ခုတော့ ရလိုက်ပါတယ်။

  • Ko out of...

    June 21, 2012 at 9:09 am

    အပင်တိုင်း သူတော်စင်မဟုတ်ဘူးဗျာ..

    အင်းဆက်ပိုးမွားတွေကိုစားတဲ့ (ဗွီးနတ်ဖလိုင်းထရပ်) လိုအပင်မျိုးက အသားစားတယ် ဆိုတာကို botany

    ဘာသာရပ်မှာ သင်ခဲ့ရဖူးတယ်… labး ခန်းမှာလည်း အပင်ရဲ့ cell/tissue/ protoplasm/ chromosone

    တွေ လုပ်ရှာပုံတွေကို အကောင်တွေရဲ့ cell/tissue/ protoplasm/ chromosone တွေနဲ့

    compare လုပ်ခဲ့ရဖူးတယ်..

    ဒါကြောင့် cell ဟာ အသက်လား? tissue ဟာ အသက်လား? သို့ Protoplasm,chromosone ဟာ အသက်လား?…

    passing by ပြောတဲ့…
    လူတွေက ဘာဖြစ်လို့ သတ္တဝါတွေရဲ့ အသက်ကို သတ်တာကို ငရဲကြီးတယ်လို့ ယူဆရတာပါလဲ .. ?

    လူတွေက ဘာဖြစ်လို့ သစ်ပင်တွေရဲ့ အသက်ကို သတ်တာကို ငရဲမကြီးဘူးလို့ ယူဆရတာပါလဲ .. ?

    ဆိုတဲ့မေးခွန်းကိုမေး သလို..

    ကျွန်တော်လည်းဘဲ ….
    အသားစားတဲ့(ဗွီးနတ်ဖလိုင်းထရပ်)လို အပင်မျိုးဆိုရင် ငရဲကျမယ်လို့ ယူဆပါသလား?…

    ဘုရားကတော့ ရဟန်းတွေအတွက် အကောင်ပလောင်သတ်တဲ့ အပြစ်နဲ့ အပင်တပင်ကိုသတ်တဲ့ အပြစ် ရဲ့ ဥပဒေ ပုဒ်မ ကအတူတူလို့သတ်မှတ်ခဲ့တာ အကြောင်းရှိမယ်ထင်တယ်?..

    http://myanmargazette.net/104987

  • ပေစိ

    June 21, 2012 at 9:54 am

    ဘဲဥကကွဲ ဖရဲကလွဲ စိန်ဗိုက်ဗိုက်က အစင် အားလုံးတွင် ကျွန်ုပ်သာလျှင်သူတော်စင်ဖြစ်သည်

    • ဘဲဥ

      June 21, 2012 at 10:47 am

      ကြည့်စမ်း ကပေစိ လှုပ်နေဘီပေါ့လေ 😆

  • Passing By

    June 21, 2012 at 10:07 am

    တကယ်တမ်းတော့ ပါဏာတိပါတ ကံကို လိုအပ်ရင်သုံး မလိုအပ်ရင်ဖြုတ် ထားသင့်ပါတယ် ..
    လူ တွေဟာ flexible ဖြစ်မှ အသက်ရှင် သန်နိုင်တာပါ .. ပြီးတော့ လူသားတိုင်းရဲ့ အကြီးမားဆုံး သော ရည်မှန်းချက်က Survival ဖြစ်ရေးပါဘဲ .. ဒါကြောင့် ဘုရားရှင်ဟောကြားခဲ့ပါတယ် .. သူများပြောတိုင်းမယုံနဲ့တဲ့ . အဲ ကျွန်တော်ပြောတာလည်း မယုံနဲ့အုံးနော် .. ဘုရားဟောထားတယ်လေ ..
    .. လူတွေ တစ်ဦးချင်းဆီအလိုက် တန်ဖိုးထားပုံချင်း လုံးဝ ကွာခြားကြပါတယ်
    တချို့ က ယုံကြည်မှုအတွက် အသက်စွန့်ကြတယ် တချို့က အလှအပအတွက် အသက်ကိုစတေးကြတယ်၊ တချို့ က Power ၊ တချို့ က ဂုဏ် ကြက်သရေ အတွက် ပေါ့ ဗျာ ..
    ဒါကြောင့် အရာရာဟာ သူ့အတွက်မှန် ကောင်းမှန်နေပေမယ့် ကိုယ့်အတွက်တော့ အလကားဖြစ်နေတတ်တယ် .. ကိုယ့်အသက်တောင်ရန်ရှာနိုင်ခြေရှိတယ် .. ဒါကြောင့် Flexible ဖြစ်နိုင်တာဟာ Survive ဖြစ်ဖို့ အကောင်းဆုံးပါပဲ ..
    သက်ရှိကို မသတ်ဖို့ တားမြစ်ရင် သစ်ပင်လည်း သတ်မရ၊ ဒါဆို လူသားတွေ ဘာနဲ့ စားမှာတုံး .. ?? ပြောခဲ့သလိုဘဲ ..
    “သတ္တဝါတိုင်းဟာ .. တနေ့တနေ့ သူများအသက်ကို သတ်သတ်ပြီး အသက်ရှင်နေရတဲ့ သူတွေပါ .. ဟိုး အူဝဲကစလို့ .. ဟိုး ဂူထဲရောက်သည်အထိ မသေမချင်း သူများအသက်တွေကို စတေးပြီး တနေ့တနေ့ အသက်ရှင်နေရတဲ့သူတွေ” .. အကိုလည်းပါတယ်နော် .. ဟီး .. !

    ဘယ်အရာမှ တရားသေသတ်မှတ်လို့မရပါဘူး .. သူ့ဟာနဲ့သူပေါ့ဗျာ .. ယခုလည်းမြန်မာနိုင်ငံ
    တချို့က Human Right တွေ ပြောနေကြတယ် တချို့က “သတ်၊ သတ်၊ သတ်” တဲ့ .. အနာဂာတ် မြန်မာနိုင်ငံတော်ကြီးအတွက် လိုအပ်ရင် Human right၊ လိုအပ်ရင် နောက်က စာလုံးသုံးလုံး ကိုသုံးမှာပေါ့ .. ဒါမှ မြန်မာနိုင်ငံ Survive ဖြစ်မှာ

    သူကြီးပြောသလို ပေါ့ ..
    “ကာမဆက်ဆံဖြစ်ရင်လည်း.. မိန်းမကိုယ်ထဲ.. အကုန်ကြာကြာမနေပါဘူး..။ သန်းနဲ့ချီသေပြိး.. လူဖြစ်မဲ့တကောင်၂ကောင်ပဲ..မမျိုးဥထဲရောက်သွားပြီး.. လူဖြစ်သွားတာပါ..ဒ
    ၂ကောင်ဝင်သွားရင်တော့.. လူ၂ယောက်(အမွှာ)ဖြစ်တတ်ပါတယ်..။
    ဒါတွေဟာ.. အသက် (ပါဏ)ဆိုတာ သက်ဝင်ရှင်သန်နေတဲ့ သဘောကို..လိင်ဆက်ဆံရင်ဖြစ်ဖြစ်/မဖြစ်ဖြစ်.. ဒီအတိုင်း ပျိုကြီးဖြစ်ဖြစ် .. ဖျက်စီး/ပျက်စီးစေနေကြတာပါ..”
    ဆိုတော့ .. ပါဏာတိပါတ ကို လက်ကိုင်ထားချင်ရင်တော့ .. အဟီး .. !

  • Ko out of...

    June 21, 2012 at 10:15 am

    လူတွေက ဘာဖြစ်လို့ သတ္တဝါတွေရဲ့ အသက်ကို သတ်တာကို ငရဲကြီးတယ်လို့ ယူဆရတာပါလဲ .. ?

    လူတွေက ဘာဖြစ်လို့ သစ်ပင်တွေရဲ့ အသက်ကို သတ်တာကို ငရဲမကြီးဘူးလို့ ယူဆရတာပါလဲ .. ?

    passing by လိုဘဲ..

    ကျွန်တော်လည်း botany ဘာသာရပ်မှာ… Vinesflytrap ဆိုတဲ့ အပင် တမျိုးက အင်းဆက်ပိုးမွား

    အကောင်တွေကို စားတာ သင်ရဖူးတယ်…

    ဒါဆို အဲဒီ အပင်တွေ သူများ အသက်ကိုစားတယ်..အဲဒီအပင်မျိုးရော ငရဲ မကြီဘူးလား?..

    အပင်နဲ့ အကောင်တွေရဲ့ cell, tissue, protoplasm, chromosone တွေကို Labး ခန်းမှာ ဘယ်လိုကွာ

    ခြားတယ်ဆိုတာ ကြည့်တော့ ဖွဲ့စည့်ပုံ လုပ်ဆောင်ချက်တွေ တအားကြီမကွာဘူး…

    ပြောချင်တာ ဒီ..cell, tissue, protoplasm, chromosone တွေဟာ အသက်လား?…ဘယ်ဟာကို

    အသက်လို့ခေါ်ရမလဲ?..

    ဘုရားကတော့ ရဟန်းတွေအတွက်.. အပင်တပင်သေတာနဲ့ အကောင်ပလောင်တွေသေတဲ့ အပြစ်က

    အတူတူဘဲလို ပညတ်ထားတယ်..ဘာလည်းကျွန်တော်လည်းသိပ်မသိဘူး..ပါစိတ်ဆိုလားဘဲ..

    ဒါအကြောင်းရှိတယ်…

    နောက်တခု ဘယ်နိုင်ငံဘဲ ဖြစ်ဖြစ်လူတွေစားသုံးဖို့ ကြက်ဝက်ဘဲစသည် လိုင်စဉ်ကို ထုတ်ပေးတယ်..

    လူတွေသတ်ဖို့ လိုင်စင်ကျတော့ ဘယ်နိုင်ငံကမှ မထုတ်ပေးဘူး?..

    ပထမ,ဒုတိယ ကမ္ဘာစစ်ဖြစ်တာ လူတွေကြောင့်လား? တခြားအကောင်တွေကြောင့်လား? အပင်တွေကြောင့်လား?

    ယနေ့သဘာပတ်ဝန်းကျင်တွေ ပျက်စီးနေတာ လူတွေကြောင့်လား?..

    http://myanmargazette.net/104987

    • Passing By

      June 21, 2012 at 3:43 pm

      ဟုတ်ပါ့ အကိုပြောမှ သတိရတယ်ဗျို့ အသားစားသစ်ပင်တွေ ဆိုတာလည်း ရှိတယ်နော ..
      တကယ်လို့ ငရဲသာ တကယ်ရှိခဲ့ရင် အဲ့သစ်ပင်တွေလည်း ငရဲကျရမှာပေါ့ ..
      သစ်ပင်မှာ ဝိ ဉာဉ် မရှိဘူးလို့ ယူဆထားရင် ဘယ်လိုငရဲကျအောင်လုပ် ရမလဲ .. ?
      (တွေးမိတာလေးပါ .. )

      လူသားတွေက တော်တော်ဆိုးတာနော ..

      ” ပထမ,ဒုတိယ ကမ္ဘာစစ်ဖြစ်တာ လူတွေကြောင့်လား? တခြားအကောင်တွေကြောင့်လား? အပင်တွေကြောင့်လား?
      ယနေ့သဘာပတ်ဝန်းကျင်တွေ ပျက်စီးနေတာ လူတွေကြောင့်လား?.. ”

      လူတွေကတော့ သူတို့ကိုယ်သူတို့ အဆင့်မြင့်တဲ့သူတွေလို့ သတ်မှတ်ထားကြတယ်လေ ..
      သူတို့ကိုယ် သူတို့ ကမာ္ဘလောကရဲ့ ကယ်တင်ရှင်တဲ့ ..
      ကြည့်လေ ..
      ငါတို့ကမာ္ဘကြီးတိုးတက်ဖို့ တိုက်တွေဆောက်နေတာတဲ့ ..
      ငါတို့ကမာ္ဘကြီး လေကောင်းလေသန့်ရဖို့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထုတ်တာရပ်သင့်တယ်တဲ့ ..
      ငါတို့ကမာ္ဘကြီး ဘယ်လောက်တိုးတက်လာသလဲဆိုရင် နယူ ကလီးယားတောင်ထုတ်နိုင်ပြီကွ တဲ့ ..
      တကယ်တမ်း စဉ်းစားကြည့် ရင် ကမာ္ဘကြီးတိုးတက် ဖို့လား . လူသားတွေ အကျိုးအတွက်လား .. ???
      အမှန်တော့ အသံကောင်းအောင် ဟစ်နေကြတာ .. ဒါပေမယ့် တိရစာ္ဆန်တွေ လည်း သတင်းမကြေငြာတတ်တော့ အလကားခံနေရတာပေါ့ ..
      ကျွန်တော် လည်း လူသားတစ်ဦဘဲဆိုတော့ အဲ့လို ဟစ်တာကို မသိမသိတော့ လက်ခုပ်တီးပေးနေပါတယ် အဟဲ ..

  • Ko out of...

    June 21, 2012 at 10:44 am

    passing by မေးခွန်းမေးသလို…

    လူတွေက ဘာဖြစ်လို့ သတ္တဝါတွေရဲ့ အသက်ကို သတ်တာကို ငရဲကြီးတယ်လို့ ယူဆရတာပါလဲ .. ?

    လူတွေက ဘာဖြစ်လို့ သစ်ပင်တွေရဲ့ အသက်ကို သတ်တာကို ငရဲမကြီးဘူးလို့ ယူဆရတာပါလဲ .. ?

    ကျွန်တော်သိတဲ့ btonay ဘာသာရပ်မှာတော့..

    Vinesflytraps ဆိုတဲ့ အပင်တမျိုးဟာ အင်းဆက်ပိုးမွားကိုစားတဲ့ အပင် တမျိုးပါ..

    အဲဒီ အသားစားတဲ့ အပင်မျိုး ငရဲကြီးလို့ ယူဆပါသလား?…

    – botany labး ခန်းမှာ အပင် နဲ့ အကောင်ပလောင်တွေရဲ့ cell, tissue, protoplasm, chromosone

    တွေကို မှန်ဘီလူးနဲ့ ကြည့်တော့ သူတို့ရဲ့ လှုပ်ရှားပုံ၊လုပ်ဆောင်ချက်တွေဟာ သိပ်မကွာပါဘူး

    ဒါကြောင့် ဒီ cell, tissue, protoplasm, chromosone တွေဟာ အသက်လား?..

  • laypai

    June 21, 2012 at 11:14 am

    ဒီပို့ က ရခိုင်မှာ ဆူပူ အကြမ်းဖက် လူ သတ်နေ ကြတာ ကို အားပေးတဲ့ ပို့ များ လား။
    အသက်သတ် တာအပြစ် မရှိ ဘူး လို့ အဓိပ္မါယ် ရောက် သွားသလား လို့ ပါ။

    • Ko out of...

      June 21, 2012 at 12:22 pm

      ူlaypai ရေ..

      ကမ္ဘာမှာ ဘယ်နိုင်ငံဖြစ်ဖြစ် လူတွေရဲ့ အခြေခံလိုအပ်ချက်( Basic Need) တခုဖြစ်တဲ့ စားရေးမှာ အစိုးရက…
      ကြက်၊ဝက်၊ဘဲ၊အမဲသားငါးကို သတ်ဖို့ လိုင်စင်ထုတ်ပေးတယ်…အေး ဒါပေမဲ့…ဘယ်နိုင်ငံ
      မှ လူသတ်ဖို့လိုင်စင်တော့ မထုတ်ပေးတာ တွေ့ရတယ်..

      – နောက် ဘုရားဟာ ရဟန်းတွေ အတွက် အပင် တပင်ကိုသတ်တာနဲ့ တခြား အကောင်ကို သတ်တဲ့ အပြစ်က (ပါစိတ်) ဆိုတဲ့ ဥပဒေပုဒ်မတူတယ်..

      ဒါပေမဲ့ လူကိုသတ်ရင်တော့ ပါရာစိက ကျတယ် ဆိုတာ စဉ်းစားဖို့လိုတယ်…

      • Ko out of...

        June 21, 2012 at 12:51 pm

        sorry နော်.. ကော်မန့် ကချက်ချင်း မပေါ်တော့ …ထပ်သွားပါတယ်..

    • Passing By

      June 21, 2012 at 4:16 pm

      အကိုကတော့ ကျွန်တော့်ကို ချောက်ချပြီ .. အသက်သက်တာ အပြစ်ရှိလား မရှိလား ..
      ကျွန်တော် တော့ မသိပါဘူး .. ဒါပေမယ့် အကို သတ္တဝါ တစ်ကောင် ၊ ခပ်ကြီးကြီး ကိုသတ်ဖူးလား ..
      သတ်ပြီးရင် ဘယ်လိုခံစားရလဲ … ?
      ဒါနဲ့ အများကြီးဆိုင်မယ်ထင်ပါတယ် ..
      အကို့စိတ်ကို သန့်သန့်ရှင်းရှင်း ထားချင်တယ်ဆိုရင်တော့ .. အသက်မသတ်တာ အကောင်းဆုံးပါဘဲ လို့ကျွန်တော်ထင်ပါတယ် .. !

      ကျွန်တော်ကတော့ ညည ခြင်တွေကို အဝီစိပို့ပို့နေတုန်း .. အဟီး ..

  • lynn lynn

    June 21, 2012 at 11:23 am

    ဟဲဟဲ ပို့စ်ပိုင်ရှင် ပြောသလိုဆိုရင် လမ်းသွားရင် လက်အုပ်လေးချီသွားရတော့မယ် ထင်တယ်။

  • ကိုရင်မောင်

    June 21, 2012 at 11:55 am

    တခါကြားဘူးတာတော့မိုးပြာဂိုဏ်း…..
    အခု သစ်ပင်တွေကိုသူတော်စင်လို့သတ်မှတ်တဲ့ဂိုဏ်းက
    ဘယ်လိုဂိုဏ်းခေါ်မလဲ..သစ်ပင်သူတော်စင်ဂိုဏ်းခေါ်မလား
    သူတော်စင်သစ်ပင်ဂိုဏ်း ခေါ်မလား…..
    ကျနော့အမြင်ပြောရယင် သက်ရှိသတ္တဝါ မျိုးစုံရှိတဲ့အထဲမှာ
    သစ်ပင်မပါ ပါဘူး …
    တကယ်လို့သက်ရှိထဲမှာသစ်ပင်ကိုထည့်မယ်ဆိုယင်လဲ
    အင်မတန်မှအဆင့်နိမ့်တဲ့သက်ရှိလို့ခေါ်မှာပါ..
    ဒီသက်ရှိသတ္တဝါတွေအားလုံးဖွဲစည်းပုံအခြေခံအားလုံးတူကြပါတယ်
    ကွဲလွဲတာက ဦီးနှောက်ဖွဲစည်းပုံပါ..
    လူဆိုတဲ့သတ္တဝါကသာ..အကောင်းအဆိုး ဆင်ခြင်တွေးတောဉာဏ်
    ဘဝရဲ့ နောက်ဆုံးပန်းတိုင်နိဗ္ဗာန်ထိသွားနိုင်တဲ့ဦးနှောက်ပိုင်ဆိုင်သူဖြစ်သလို
    အောက်ဆုံး ငရဲကြီး ၈ ထပ်ထိသွားနိုင်တဲ့ ဦးနှောက်ပိုင်ဆိုင်တဲ့သူတွေပါ…
    ဆရာတော်ကြီးတပါးဟောခဲ့ဘူးတဲ့တရားထဲမှာ လူ့ခန္ဒာကိုယ်ထဲက သေးငယ်တဲ့ ဆဲလ်
    ဆိုတဲ့ အကောင်းလေးတွေက သတ္တဝါအဆင့်တောင်မရှိဘူးလို့ဟောခဲ့ဘူးပါတယ်..
    ဒီလိုဘဲ..သစ်ပင်ဆိုတာလဲအင်မတန်အဆင့်နိမ့်တဲ့သက်ရှိလို့ဘဲသတ်မှတ်နိုင်ပါတယ်…
    မွေးထဲကခြေမရှိလက်မရှိ ဆွံ့အနာမကြားဖြစ်လာတဲ့လူဆိုယင်ရော သူတော်စင်လို့
    ခေါ်လို့ရပါ့မလား….

    • Passing By

      June 21, 2012 at 4:13 pm

      မိုးပြာဂိုဏ်းလိုမျိုး ဂိုဏ်းထောင်နိုင်တဲ့ အရည်အချင်းလည်း မရှိပါဘူး
      ရည်လည်း မရည်ရွယ်မိပါဘူး ခင်ဗျား ..
      ပြီးတော့ .. သူများယုံကြည်တာကို ဖျက်လိုဖျက်စီးလုပ်ဖို့ လည်း စိတ်မကူးမိပါဘူး ..
      ဘုရားရှင်တောင်မှ ကျွတ်တန်တဲ့သူတွေကို ဘဲ ချွတ်ပေးခဲ့တာပါ .. (ဘုရားရှင်နဲ့ မနှိုင်းဝံ့ပါဘူးခင်ဗျား .. ပေါ်လွင်စေရုံသက်သက်ပါ)
      ကျွန်တော်တွေးမိ၊ သိမိ၊ ခံစားမိတာလေး ကို ကျွန်တော်ချစ်လှသော GZ မှ မိတ်ဆွေများ၊ အကိုများ၊ အမများ(ကျွန်တော့်ထက်ငယ်တဲ့သူမရှိလောက်ဘူးထင်ပါတယ်) ကို ပြောပြ ဆွေးနွေးကြည့်ရခြင်းပါ ..
      အကိုပြောတဲ့ အဆင့်မြင့်လှတဲ့နိဗ္ဗာန် ကိုရောက်ဖို့လည်း ရည်ရွယ်ရင်းမရှိသေးပါဘူး ..
      ကျွန်တော့်ဦးနှောက်ဉာဏ်ရည်ကနိမ့်တော့ ငရဲကြီးရှစ်ထပ်ကို ခံစားမိနိုင်တဲ့ အရည်အချင်းလည်း မရှိသေးပါဘူး ..
      ပြီးတော့ အမှား၊ အမှန်ခွဲတဲ့ မျဉ်းကြောင်းလေး ကိုလည်း ကိုယ့်ဘက် ကိုယ်ယက်ပြီး တော့ ထားထားမိနေတုန်းပါ ..
      ထာဝရ အမှန်တရားတို့ ထာဝရ အမှားတရားတို့ဆိုတာလည်း မတွေ့မိသေးပါဘူး..
      ကျွန်တော့ရဲ့ တတ်သိလောက်၊ နားလည်သလောက်၊ ဉာဏ် ခရီးရောက်နိုင်သလောက် ဘဲသွားပြီး ကြည်၊ သိ၊ မှတ်မိ၊ နားလည်တာလေး ချပြခြင်းဖြစ်ပါတယ် ..
      အမှားပါရင်ခွင့်လွှတ် ပြီး ပြုပြင်ပေးပါလို့ ..
      ကျွန်တော့ဉာဏ်ရည်ရှိသလောက် ဆွေးနွေးပါ့မယ်နော် .. အမှားပါရင် ပြင်ပေးပါခင်ဗျား ..



      သစ်ပင်ဟာ အင်မတန် အဆင့်နိမ့်တဲ့သက်ရှိ လို့ သတ်မှတ်လို့ ရပါတယ် ..
      သတ္တဝါတွေက အသက်ရန်ရှာခံရရင် ချက်ချင်းတုန့်ပြန်နိုင်ကြတယ် လေ .. သစ်ပင်ကတော့ လည်စင်းပေးတာပေါ့ ..
      အိုင်းစတိုင်းရဲ့ Relativity Theory အတိုင်းပြောရရင် ဘာနဲ့ နှိုင်းလိုက်တာလဲ ဆိုတော့ .. Intelligence နဲ့၊ Speed နဲ့ နှိုင်းလိုက်တာပါ ..
      ဒါဆို လူသားတွေ က အဆင့်အမြင့်ဆုံးပေါ့နော ..
      ဒါပေမယ့် .. တကယ်လို့များ .. Survival တို့၊ အမှီအခို ဆိုင်ရာ အချက်တွေနဲ့ နှိုင်းမယ်ဆိုရင် ..
      အသားစား သတ္တဝါတွေက အောက်ဆုံးအဆင့်ရောက်သွားမှာ အမှန်ပါဘဲ ..
      ဒုတိယလိုက်တာကတော့ လူသားတွေပေ့ါ ..( အသားရော၊ အရွက်ရော စားလို့လေ)
      တတိယလိုက်တာကတော့ အရွက်စား သတ္တဝါတွေပါ
      နောက်ဆုံး နဲ့.. အဆင့်အမြင့်ဆုံးကတာ့ သစ်ပင် ပါဘဲ .. သစ်ပင်ဟာ လူသားတွေမရှိဘဲ နဲ့လည်း အသက်ရှင်လို့ရပါတယ် .. သစ်ပင်ဟာ သတ္တဝါ မရှိဘဲနဲ့လည်း အသက်ရှင်သန်နိုင်ပါတယ် .. သူလိုအပ်တာကလည်း သက်ရှိတွေ မဟုတ်ပါဘူး .. သက်မဲ့နေရောင်ခြည်နဲ့၊ သက်မဲ့ မြေဆီလွှာတွေပါ ..
      အဆင့်အတန်းဟာ အကို .. ဘာနဲ့နှိုင်းမလဲဆိုတဲ့အပေါ်ဘဲ မူတည်ပါတယ် ..

      ” ဆရာတော်ကြီးတပါးဟောခဲ့ဘူးတဲ့တရားထဲမှာ လူ့ခန္ဒာကိုယ်ထဲက သေးငယ်တဲ့ ဆဲလ်
      ဆိုတဲ့ အကောင်းလေးတွေက သတ္တဝါအဆင့်တောင်မရှိဘူးလို့ဟောခဲ့ဘူးပါတယ်.. ”

      ဆရာတော်ကြီး ဟောတာ အလွန်မှန်ကန်သင့်မြတ်ပါတယ် . သတ္တဝါ အဆင့်ထဲမှာ လူရယ် တိရစာ္ဆန်ဘဲပါတာပါ .. ဒါကြောင့် သစ်ပင်ဟာ သတ္တဝါ အဆင့်တောင်မရှိပါဘူး .. ဒါပေမယ့် အဆင့်နိမ့်တယ်လို့ပြောတာ မဟုတ်ပါဘူး ..
      ဥပမာ အမေရိကန်က အမေရိကတိုက်မှာနေပါတယ် .. ဒါကြောင့် သူက အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ အဆင့်တောင်မရှိပါဘူး ..

      “မွေးထဲကခြေမရှိလက်မရှိ ဆွံ့အနာမကြားဖြစ်လာတဲ့လူဆိုယင်ရော သူတော်စင်လို့
      ခေါ်လို့ရပါ့မလား”

      ဒါလည်း အကို ဘယ်မျက်စိနဲ့ကြည့်တယ် . ဘယ်ပေတံနဲ့ တိုင်းတယ်ဆိုတဲ့အပေါ်မှာ မူတည်နေပါလိမ့်မယ် ခင်ဗျား .. !

      ကျွန်တော့် အရေးအသားတွေ က အကို့အတွက် ရယ်စရာတွေဖြစ်ခဲ့ရင်တောင်းပန်ပါတယ်နော် .. !

  • Phaung Phaung

    June 21, 2012 at 5:26 pm

    ထားပါတော့ သစ်ပင်ကသူတော်စင်စစ်စစ်ဆိုရင် …..။ သူ့ကို ကိုးကွယ်ပါပြီတဲ့။ သစ်ပင်က လူသားတွေကို
    ဘယ်လိုလမ်းညွှန်မှုပေးမှာလည်း။ နိဗ္မာန်တရားတွေဘယ်လိုဟောပြောပေးမှာလည်း။ ဘဝမှာ ဘယ်လိုနေထိုင်
    ကျင့်ကြံရမလည်းဆိုတာ သစ်ပင်ကပြောပြပေးမှာလား။
    မောင်ရင်…ဒါလည်း နဲနဲတော့အစွန်းရောက်နေသလားလို့နော်။ တွေးရင်းနဲ့ ချော်နေသလိုပဲ။

  • R Ga

    June 21, 2012 at 5:40 pm

    ဝေ့ ခန္ဒာရှိနေသမျှတော့ အစားခံရမှာဘဲ..။ ခန္ဒာမရှိရင် အစားမခံရတော့ဝူး..။
    ကြက်၊ဝက်၊ဘဲ။ သစ်သီးသစ်ရွက် တွေကိုလူတွေကစားတယ်။ တရိစာ္ဆန်အချင်းချင်းလည်းစားတယ်။
    လူတွေကိုကြတော့ ခြင်၊တို့ ဂျပိုးတို့..သန်းတို့…။ အတွင်း သံကောင်တို့..ပိုးမွားတို့ ဒင်းတို့က စားတယ်။
    ဒီတော့ စားတယ်။စားတယ်။ စားတယ်။ ဦးနောက်စားတယ်။

    ကြီးကြီးကျယ်ကျယ်ပြောရရင် ခန္ဒာရှိရင် အစားခံရမယ်။ ဒီတော့ ခန္ဒာမရှိအောင် ငါစွဲမရှိအောင် ရှုမှတ်ကြလော့..။

    ဆြာအာဝါဒါးကြီး..

    အာဂ

    • Passing By

      June 21, 2012 at 6:31 pm

      သူတော်စင်ဆိုတာ .. ဂုဏ်ပုဒ် တစ်ခုပါ ..
      သူတော်စင်ဆို ကိုးကွယ်ရမယ်လို့ ကမာ္ဘကြီးက ဥပဒေမထုတ်ထားပါဘူးဗျာ ..
      မွေးလာရင် နဖူးစည်းမှာလည်း မရေးထားပါဘူး ..
      သူတော်စင်စစ်စစ် ဆိုတာ တကယ်တော့ နှိုင်းပြတာပါ ..
      အဲ မကိုးကွယ်ရဘူးလို့လည်း မဆိုလိုဘူးနော် .. ကိုယ့်စိတ်ကြိုက် ကိုးကွယ်လည်းရတယ် ..
      ခုတ်ထွင်းရှင်းလင်းပစ်လည်းရတယ် .. ဝါးစားလည်းရတယ် .. အဟီး ..

      • R Ga

        June 22, 2012 at 5:24 pm

        ရက်စ် ဆား…။ အနော်ကတော့ အနော်တို့ ဂေါတမ မြတ်စွာဘုရား အပါအဝင် ရတနာ သုံးပါးကို ပဲယုံကြည်စွာ ကိုးကွယ်ပါ၏။

  • ကြောင်ကြီး

    June 22, 2012 at 10:24 am

    ရေ မြေ လေ တော တောင် သဘာဝ တရားတွေက ပိုသူတော်စင် မထိုက်ဖူးလား..။ နေအုံးကွ သူတို့ကြောင့်လည်း မုန်တိုင်းဖြစ် ရေကြီး ငလျင်လှုပ်နဲ့ ဒုက္ခဖြစ်ရသေးဒယ်။ ကွန်ပြူတာဆိုရင် မကောင်းဘူးလား။ ဒါလည်း ဟိုဆိုက်တက် ဒီဆိုက်တက်နဲ့ဆိုဒေါ့ မင်မန်မိုရီကေ့ချ်ထဲမှာ ညစ်ညမ်းနေမှာဗဲ။ အင်တာနက်ကွန်နက်ရှင်ဆိုရင် မကောင်းလား၊ ဟိုက်စပိဒ်ထက်မြင့်တဲ့ တီဝမ်း တီတူး ကွန်နက်ရှင်လေကွာ…။
    ရွာသားအပေါင်းရေ မိုးပြားဂိုဏ်းဂဒေါ့ အောက်လမ်းနည်းပေါင်းစုံသုံးနေပီ၊ သဒိနဲ့သာ နေဂျဗေဒေါ့…။

    • Passing By

      June 22, 2012 at 1:29 pm

      အကိုကြောင်ကြီးက မိုးပြာဂိုဏ်း မကောင်းကြောင်းပြောရဲတာ မိုးပြာဂိုဏ်းအကြောင်းကောင်းကောင်းသိတယ်ထင်ပါတယ်။
      ကျွန်တော် လည်းမိုးပြာဂိုဏ်းအကြောင်းသိချင်နေတာ ကြာပါပြီ။ မိုးပြာဂိုဏ်း အကြောင်းသိထားမှ မိုးပြာဂိုဏ်းဘယ်လောက်ဆိုးတယ်ဆိုတာ သိမှလေနော .. ကျွန်တော်အင်တာနတ် စသုံးတတ်တဲ့အချိန်၊ မိုးပြာဂိုဏ်းဆိုတာ ဆိုးဝါးတဲ့ဂိုဏ်း၊ ဗုဒ္ဓဘာသာကိုနှိပ်ကွပ်တဲ့ဂိုဏ်း၊ အယူမှားရောက်အောင်ဆွယ်တဲ့ဂိုဏ်းလို့ တော့ကြားဖူးလိုက်တယ် .. ဒါပေမယ့် မိုးပြာဂိုဏ်းရဲ့ စာစောင်တွေ တစ်လုံးတလေမှ မဖတ်လိုက်ရဘူးခင်ဗျ .. ကိုကြောင်ကြီး ကသိတယ်ဆိုတော့ ပြောပြနိုင်မလား .. ? Link လေးတွေရှိရင်ပေးနိုင်မလားခင်ဗျား.. .. အဲ့ဂိုဏ်းဘယ်လောက်ဆိုး ကြောင်း ဖတ်ကြည့်ချင်ပါတယ်။ မြန်မာနိုင်ငံက သိက္ခာရှိတဲ့ဆရာတော်တွေတောင် မိုးပြာဂိုဏ်းကိုရှုတ်ချကြတာ၊ မိုးပြာဂိုဏ်းဆရာကို ထောင်ချတာ တရားတယ်လို့ပြောတာလည်း ကြားမိပါတယ်။ ပြီးတော့ မီးဆိုတာ ပူလားအေးလား လက်တွေ့ စမ်းကြည့်ချင်သေးတယ်ဗျ .. ။ ကိုကြောင်ကြီး ကူညီပါနော် ..

      • mggwa

        June 22, 2012 at 3:17 pm

        ကြောင်ကြီးက မိုးပြာ အကြောင်း မကောင်းရေးတဲ့ Link တွေပဲ ပေးရဲတာကွဲ့ Passing By ရဲ့၊
        သူက တစ်ဖက်လပ်လေ။ အဟဲ . . .
        (ကိုကြောင် နှစ်ဖက်လပ်ရင်တော့ တုတ်ကောက်သာဆောင် . . .။ )

        ကျုပ်က ကွန်မန့်တွေဖတ်ကြည့်ပြီး မနေနိုင်လို့ မိုးပြာ Link တွေ ညွှန်ရသေးတာပ။
        သေသေချာချာ မှတ်သားလော့။

        ပရမတ်သစ္စာမဟုတ် အရိယသစ္စာ ဗုဒ္ဓဘာသာလို့ပြောတာပဲ
        Link က
        http://www.ariyathitsa.org တဲ့။

        ပစ္စုပ္ပန္နကမ္မဒဿန အရိယသစ္စဓမ္မ ဆိုပြီး အဲဒီမှာလည်း ရှိသေး . . .။
        http://www.ariyathitsa.org/html/blogs.html

        မိုးပြာအကြောင်းသိချင်ရင် မိုးပြာဆိုက်ကို တိုက်ရိုက်လေ့လာမှ သိမှာပေါ့။
        ကြောင်ကြီးတို့လို့ မကောင်းပြောထားတဲ့ ဆိုက်တွေပဲလေ့လာပြီး ဟိုရေး ဒီရေးတွေ လျှောက်ရေးနေရင်တော့ တုတ်ကောက်နဲ့ သွားရတော့မှာပ။
        ကိုကြောင် တုတ်ကောက် ပို့လိုက်မယ်နော် . . . ။

        • Passing By

          June 22, 2012 at 4:01 pm

          ကျေးဇူးပါဗျာ .. ကျွန်တော် က ရှာလိုက်ရတာ ကြာလှပြီ .. ခုတော့ တွေ့ပြီ .. အဟီး ..
          ဘယ်လောက်ဆိုးလဲ ဆိုတာ .. ကြည့်ဦးမှ
          ဒါပေမယ့် ကျွန်တော် က သိက္ခာရှင်ဆရာတော်ကြီးတွေလောက် ဉာဏ်မမှီတော့၊ ပိဋကတ်သုံးပုံ ကိုအာဂုံလည်း မဆောင်ဖူး(ဖတ်တောင်မဖတ်ဘူးဘူး အဘယ့်ကြောင့်ဆိုသော် ဖတ်လည်းနားလည်မှာ မဟုတ်လို့) တော့၊
          အဟဲ ကျန်သေးတယ် .. ကျွန်တော့်မှာ ရှေးဘဝကို သိရှိနိုင်စွမ်းလည်းမရှိ၊ နောင်ဘဝကို ငေးမောနိုင်စွမ်းလည်းမရှိတော့၊
          ဒီဘဝ မှာကိုဘဲ တရုန်းရုန်း တကန်ကန်ဖြစ်နေရတယ်ဆိုတော့ ..
          မကောင်းတဲ့အချက်ရှာမယ်ဆိုရင် ဖြင့် .. ယုန်ဆိုတာ ဘာမှန်းမသိဘဲ ယုန်တစ်ကောင် သွားရှာတာနဲ့ တူနေတော့ .. အဟဲ .. ! ကောင်းမကောင်း ကိုကြောင်ကြီးကိုဘဲ ဝေဖန်ခိုင်းရဦးမယ် .. တနေ့ GZ မှာကူးတင်ပေးမယ်လေ .. ပြီးတော့ ပိုးစိုးပက်စက် ဝေဖန်ကြတာပေါ့ ..

  • နွေဦး

    June 22, 2012 at 4:52 pm

    ပဆင်းဘိုင် ရယ်..
    သစ်ပင်တွေကို ရှိခိုးတဲ့ ဘာသာ အယူရှိတဲ့ လူမျိုးတွေတော့ တွေ့ဖူးပါတယ်
    သူတို့ကတော့ သစ်ပင်ဟာ သူတော်စင်မို့လို့ ရှိခိုး တာတော့မဟုတ်ဘူးထင်ပါတယ် ။

    စကားမစပ် ပဆင်းဘိုင် က ပတေးဘိုင်ရဲ့ ညီလားဟင်..။

Leave a Reply