ရန်ကုန်မြစ် သုံးဆိုင် အတွင်း နစ်မြုပ်နေသာ ဓမ္မစေတီမင်း ခေါင်းလောင်း တော်ကြီး၏ တည်နေရာနှင့် ပုံရိပ်ကို ဖမ်းယူ နိုင်ပြီ

khinmintatthuJune 25, 20101min500

ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်း မြစ်သုံးဆိုင် အတွင်း နစ်မြုပ် နေသော ဓမ္မစေတီမင်း ခေါင်းလောင်း တော်ကြီးကို အဖွဲ့အသီးသီး က နှစ်ရှည်လများ အကြိမ် ပေါင်းများစွာ ရှာဖွေ သော်လည်း ရလဒ် ပီပီ ပြင်ပြင် မရရှိ ခဲ့ကြောင်းသိရသည်။ ဩစတြေး လျနိုင်ငံ အခြေစိုက် ANIMAX Films က History Maker များအနေဖြင့် Documentary Film ထုတ်လုပ်ရေး အတွက် ခေတ်မီ ပစ္စည်း ကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ နစ်မြုပ် နေသည့် ခေါင်းလောင်း တော်ကြီး၏ ပုံရိပ်ဟု ယူဆ ရသော နေရာ နှစ် နေရာကို ဖမ်းယူ ရရှိ ခဲ့ကြောင်း၊ သို့သော် သေချာစွာ အတည်ပြု ပေးနိုင်ရေး အတွက် ကိုယ်တိုင် ကိုယ်ကျ ရေငုပ် စမ်းသပ် အတည် ပြုရန် လိုအပ်ကြောင်း သိရသည်။

ခေါင်းလောင်းတော်ရှာဖွေသည့် ANIMAX Films

ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီး ရှာဖွေ နေသည့် ANIMAX Films အဖွဲ့တွင် ဒါရိုက်တာ မစ္စတာ ဒမ်မီယန်လေး၊ Sonar Technician မစ္စတာဂျရမီရိုက်စ်၊ Commercial Diver မစ္စတာ မာ့ခ်အိဗ်တို့ ပါဝင် သည်။ အဆိုပါ အဖွဲ့သည် ၁၉၃၅ခုနှစ်က မွန်ပြည်နယ်၊ ရေးမြို့နယ် အေးကျွန်း အနီး ပျက်ကျ ခဲ့သည့် နှစ်ယောက်စီး လေယာဉ်ကို ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံ သို့ အဓိက ရောက်ရှိ လာခြင်း ဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်း တော်ကြီး ရှာဖွေမှုတွင် ကူညီ ဆောင်ရွက်ခြင်း ဖြစ်သည်။

ခေါင်းလောင်းတော်ကြီး၏ သမိုင်းအကျဉ်း

ဓမ္မစေတီမင်း၏ ကောင်းမှု ဖြစ်သော ဓမ္မစေတီမင်း ခေါင်းလောင်းကြီးကို မြန်မာ သက္ကရာဇ် ၈၃ရ ခုနှစ်က သွန်းလုပ် ခဲ့ကာ ၈၃၈ ခုနှစ်တွင် ရွှေတိဂုံ စေတီတော်ကြီးတွင် တင်လှူ ပူဇော်ခဲ့ပြီး ၉၇၄ ခုနှစ်၌ မြစ်ထဲတွင် နစ်မြုပ် သွားခြင်းဖြစ်သည်။ ခေါင်းလောင်း တော်ကြီး၏ အမြင့်မှာ ၁၈ ပေ ရှိပြီး အဝ အကျယ်မှာ ၁၂ ပေရှိသည်။ အလေးချိန် အားဖြင့် တန်ချိန် ၃၀ဝ ခန့် (ပိဿာချိန် အားဖြင့် ၁,၈၀,၀၀၀) ခန့် ရှိသည်။

ခေတ်မီနည်းပညာများသုံး၍ ရှာဖွေခဲ့

ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီး ကို ယခု ရှာဖွေ ရာတွင် Sonar System နှစ် မျိုးဖြစ်သည့် Lowrance HDS 7 Structrue Scan နှင့် Starfish Side Scan စနစ်တို့ကို အသုံးပြု ခဲ့သည်ဟု သိရသည်။ ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရထံ တင်ပြကာ ခွင့်ပြုချက် ရယူပြီးမှ လုပ်ငန်း ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကာ လုပ်ငန်း ဆောင်ရွက်မှု ပထမအကြိမ် အဖြစ် ဧပြီ ၂ ရက်မှ ၅ ရက်အထိ လေးရက် ကြာဆောင် ရွက်ခဲ့ပြီး ဧပြီ ၁၃ရက်တွင် ရှာဖွေရေး လုပ်ငန်း ကို ထပ်မံ ဆောင်ရွက် ခဲ့သည်ဟု သိရသည်။

ရှာဖွေရေးလုပ်ငန်းစဉ်

0001ရှာဖွေရေး လုပ်ငန်း၏ ပထမအဆင့် အဖြစ် လျာထားနေရာ ဖြစ်သည့် ပဲခူးမြစ်မှ စတင်ပြီး ဖောင်တော် လှုပ်ရှား သွားလာ နိုင် သည့် မြစ်သုံးဆိုင် နေရာ တစ်ဝိုက်ကို ဂြိုဟ်တု ပုံရိပ် အရ ရေကြောင်း ရွေ့လျား မှုနှင့် သဲနုန်း အနည်ထိုင်မှု အပေါ် အခြေခံလျက် ရှာဖွေ ရေး နယ်နိမိတ် သတ်မှတ် ဆောင်ရွက်ခဲ့သည်။ စိတ်ဝင်စားဖွယ်ရာ ပစ်မှတ်များ လည်း တွေ့ရှိ ခဲ့ သည်ဟု သိရသည်။ ခေါင်းလောင်းတော် ကြီး အနီးတွင် ရေယာဉ်ပျက်များ၊ သစ်ဖောင် ပျက်များ ဟု ယူဆ ရသော အစိတ်အပိုင်း များ၊ သစ်တုံးများ၊ အခြား စိတ်ဝင်စားဖွယ် ရာ ပစ္စည်းများ ကိုလည်း တွေ့ရှိခဲ့သည်။ ရှာဖွေမှု မှ တွေ့ရှိချက် များကို လည်း စနစ်တကျ စီမံ ဆောင်ရွက် ထားရှိ ခဲ့သည်။

ယခင်က အဆိုပါ ခေါင်းလောင်းတော် ကြီး ရှာဖွေရေး ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြပ်မတ် ခဲ့သည်ဟု သိရသည်။ အဖွဲ့ အစည်း အသီးသီးမှ ဝင်ရောက်ရှာဖွေ ရေး လုပ်ငန်းများ လုပ်ဆောင် ခဲ့ကြ သော်လည်း နည်းပညာပိုင်း အားနည်း မှုကြောင့် ရလဒ် တိတိကျကျ မပေါ် ပေါက်ခဲ့ပေ။

အချက်အလက်များ စုဆောင်း

သို့သော် ယနေ့ အထိ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ရှာဖွေခဲ့ သောအဖွဲ့မှ ရေငုပ် ခေါင်းဆောင် ဦးကြိုင် ဆိုသူမှာ ခေါင်း လောင်းတော်ကြီးအား စမ်းမိ ထိတွေ့ ခဲ့သည် ဟု ရေးသား ဖော်ပြဆဲ ဖြစ်ပါသည်။ ANIMAX အဖွဲ့ ခေါင်းလောင်းတော် ရှာဖွေရေး လုပ်ငန်း အတွက် သတင်း အချက်အလက် စုဆောင်း ပြင်ဆင်ရာ၌ အထက် ဖော်ပြပါ ဦးကြိုင်အား အစည်းအဝေး တွင် ဖိတ်ကြား ဆွေးနွေး ဖူးပါ သည်။ ဦးကြိုင်က သူ့အနေဖြင့် ပထမ အကြိမ်နှင့် ဒုတိယအကြိမ် ရှာဖွေရေး လုပ်ငန်း တွင် ရေငုပ ်ခဲ့ပါကြောင်း၊ တစ်ကြိမ် တစ်ခါမျှ ခေါင်းလောင်း တော်အား ထိတွေ့ စမ်းသပ် နိုင်ခဲ့ခြင်း မရှိဖူးကြောင်း သိရသည်။

Applied Geology Department မှ ကထိက ဦးစိုးသိန်း နှင့်အဖွဲ့ တင်သွင်း ခဲ့သော သမိုင်းဝင် မြေမြုပ် နေသော ကြေးခေါင်း လောင်းတော်ကြီး (၂၉-၅-၁၉၉၇၊ ၉-၆-၁၉၉၇) မှာ Geophysical Method , Geochemical Method အရ ခွဲခြမ်းစိတ် ဖြာ၍ Sampling Areas တည်နေရာပါ GPS စနစ် အသုံးပြု ဖော်ပြ ထားသဖြင့် ရှာ ဖွေရေး အတွက် အထူး အထောက်အကူ ပြု သော စာတမ်းတစ်စောင် အဖြစ် မှီငြမ်း အသုံးပြု ခဲ့ကြောင်း ခေါင်းလောင်းတော်ကြီး ရှာဖွေရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။ ယခု လုပ်ငန်းသည် ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီး ရှာဖွေမှု အတွက် ပထမအဆင့် လုပ်ငန်း ဖြစ်ကြောင်း၊ ရှေ့ ဆက် လုပ်မည့် အစီအစဉ်များကို လတ်တ လောတွင် ညှိနှိုင်း ဆောင်ရွက် နေဆဲ ဖြစ် ကြောင်း၊ တည်နေရာ အမှန် ရရှိပြီး အထောက်  အထား ခိုင်လုံမှု ရရှိသည့် အထိ ဆောင်ရွက် သွားရန် အစီအစဉ် ရှိကြောင်း  သိရသည်။

မြစ်ကြမ်းပြင်တွင် နစ်မြုပ်နေသော ခေါင်းလောင်းတော်ကြီး အား ဖမ်းယူ  ရရှိသော ပုံရိပ်

ခေါင်းလောင်းတော်ကြီး ယခင်ရှာဖွေရေးလုပ်ငန်းများ

၁၉၈ရ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၉ရက်အထိ ဦးကြိုင် ခေါင်း ဆောင်၍ ဦးတင်ရွှေ၊ ဦးစိုးလွင်တို့ သုံးဦး သည် ခေါင်းလောင်းတော်ကြီးကို ရေငုပ် ရှာဖွေမှု ပြုလုပ်ခဲ့ကြသည်။ ဒုတိယအကြိမ် အဖြစ် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်မှ ၂၇  ရက်အထိ ထပ်မံ ရှာဖွေ ခဲ့ကြောင်း သိရသည်။

၁၉၉ဝ ပြည့်နှစ်နှင့် ၁၉၉၂ ခုနှစ်တို့တွင် ပုဂ္ဂလိက အဖွဲ့များက ခေါင်းလောင်းတော် ကြီးကို လာရောက် ရှာဖွေမှု ပြုလုပ် ခဲ့သေး သည်။ အမေ ရိကန် ရေငုပ်သမား ဂျင်ဘရန့် ဆိုသူကလည်း ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာတွင် တစ်ကြိမ်၊ ၁၉၉ရ ခုနှစ် မတ် ၂၉ရက်မှ ဇွန်လအထိ တစ်ကြိမ် စုစု ပေါင်း နှစ်ကြိမ် တိုင်တိုင် ရေငုပ် ရှာဖွေမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ ၁၉၉ရ ခုနှစ်အတွင်း ခေါင်း လောင်းတော် ရှာဖွေရေး ကော်မတီမှ တာဝန် ပေးခဲ့သည့် ကထိက ဦးစိုးသိန်းမှ တိုင်းတာ မှုများ ပြုလုပ်စဉ် ရေငုပ်သမား ဂျင်ဘရန်က နှစ်ကြိမ်တိုင် ရေငုပ်ရှာဖွေ ကူညီ ခဲ့ရာတွင် ခေါင်းလောင်းတော်ကြီးမှာ မြေကြီး အောက် ၁၂ ပေခန့် မြုပ်နေသောကြောင့် သံပိုက်လုံး ဖြင့်ထိုးပြီး စမ်းသပ် ရှာဖွေ ခဲ့သည်ဟု သိရသည်။

ထို့ပြင် ဦးစံလင်း ဆိုသူကလည်း ၁၉၉ရ ခုနှစ် ဇူလိုင်မ ှစတင်၍ ခေါင်းလောင်းတော် ကြီးကို အကြိမ်ကြိမ် ရှာဖွေမှု များ ဆောင် ရွက် နေကြောင်း သိရသည်။

အချုပ်အားဖြင့် သုံးသပ်သော် ခေါင်း လောင်းတော်ကြီး ကို ရှေးယခင် ခေတ်အ ဆက်ဆက် က ပါရမီရှင် များမှ ကြိုးပမ်းရှာ ဖွေ ခဲ့သော်လည်း လက်တွေ့အထောက် အထားဖြင့် တင်ပြနိုင်မှု အတိအကျ မရှိခဲ့ သေးဟု ဆိုရပါမည်။ သို့သော် ယခု ANIMAX အဖွဲ့၏ ကြိုးပမ်းမှုတွင် တိကျသော ပုံရိပ်နှင့် တည်နေရာ များ ဖော်ပြ နိုင်ခဲ့သဖြင့် နောက်အဆင့်ဆင့် ဆက်လက ်ဆောင်ရွက် မည့်သူများ အတွက် များစွာ အထောက်အကူ ပြုစေမည် ဖြစ်ကြောင်း သိရသည်။

မြန်မာပို့စ်မှ တစ်ဆင့်ပြန်လည်ဖော်ပြလိုက်သည်။