ဒိုးစနစ်ရဲ ့ မိတ်ဆက်

ဒိုးစနစ္June 20, 20121min25122

အားလုံးပဲ မဂ်လာပါ
စာရေးချင်စိတ်ကြီးနေတာနဲ့ ပဲရွာထဲ ရောက်တာနဲ့ ကောက်ရေးလိုက်တာ ၂ခုတောင်ပြီးသွားတယ်
ပြီးတော့မှ ကျွန်တော်လို့ ရွာသားအသစ် နိကိုလပ် အဂရယ်ရဲ ့ စာကို ဖတ်ပြီးမှ
ဟ..ငါတော့ သေပြီ အားလုံးကို မနူတ်ဆက်မိဘူး    လို့ သတိရတယ်
ထို့အတွက် ရှေးဦးစွာ ရွာသူရွာသား အပေါင်းကို တောင်းပန်ပါရစေ။
တောင်းပန်ပြီတဲ့ နောက်ပိုင်းမှာ ကိုယ့်ကိုကိုယ် မိတ်ဆက်ပါမယ်။
နာမည်က ဒိုးစနစ်ပါ။
အသက်ကတော့ ငယ်တယ်ဗျ။ ၂၃ နှစ်ပါ။
အလုပ်အကိုင်က အိုင်တီနဲ့ ပတ်သတ်တာလုပ်ပြီး ရန်ကုန်မှာနေပါတယ်။
ဒီဂေဇက်ကို ဖတ်တာကတော့ ကြာပြီ
၂၀၁ဝလောက်တည်းကပေါ့။ ရေးမယ်ရေးမယ်ဆိုပြီး မရေးမိလေတော့..အခုမှ မထူးဘူးချကွာ လို့ ဆိုပြီး
ဝါသနာပါတဲ့ အားကစားအကြောင်းလေးတွေ
အိုင်တီပညာရပ်ကလေးတွေကို တတ်သလောက်မှတ်သလောက်ရေးသားသွားပါမယ်။
အမှားပါသွားရင်လည်း ခွင့်လွှတ်ပေးကြစေလိုပါသည်။
အားလုံးနဲ့လည်း ခင်မင်လိုပါသည်။
ရွာသားအသစ်မို့လို့ ဝိုင်းဝန်းဖေးမစွာနဲ့ နွေးထွေးစွာကူညီပေးကြပါလို့…..

22 comments

  • Azzurri

    June 20, 2012 at 3:28 pm

    အလဲ့ ..အိုင်တီသမား အသစ်တဲ့ …
    ဘောပိုစ့်တွေ ရေးမှာတဲ့ …
    ရေးဗျို့ အားပေးတယ်…
    လက်တလော ကွာတားတက်သွားတဲ့အသင်းတွေ အကြောင်းလေးလုပ်ပါဦး …
    ဒါမှ မဟုတ်လည်း ..
    မာစီဒီး တက်ကြိတ်သွားသော လိမ္မော်သီးလေးများ တို့ …
    ပင်လယ်ဓားပြ ခွဲစားလိုက်သော လိမ္မော်သီး တို့ ..
    လုပ်ပါဦး ..ခိခိ…
    တချို့ … ဂလက်ဆီဒွေ ဘာတွေ ကျကွဲတယ် ဆိုလို့ပါ….

    ခိခိ

    • ဒိုးစနစ်

      June 20, 2012 at 3:32 pm

      ဟုတ်ကဲ့ ကိုဂီ..
      ကျွန်တော်ကို ကြိုဆိုတဲ့ အတွက် ဝမ်းသာပါတယ်။
      ကျွန်တော်ကြိုးစားပြီး ရေးသားသွားပါ့မယ်။
      အားပေးကြပါ။

    • pan pan

      June 20, 2012 at 4:15 pm

      ဒိုးစနစ်ဆိုတဲ့အမည်သညာနဲ့လူကို ကိုရင်ဂီသိပါတယ်လေ
      ဒင်းက ဘောလုံးဆိုလို့ကတော့ လူတောင်ပေါင်မယ့်အစားထဲက
      အဲ…ပေါင်စရာမရှိလို့သာ 😆

  • ကြောင်ဝတုတ်

    June 20, 2012 at 3:40 pm

    ငြင်းစရာမရှိတာကြာပြီ… ငါနဲ့ ဂီဂီငြင်းတာများသွားလို့…
    နောက်ထပ်ငြင်းစရာရှာခဲ့ဦး…

    အားပေးနေသူ-
    ကြောင်ဝတုတ်

  • water-melon

    June 20, 2012 at 4:42 pm

    ရွာသားအသစ် နိကိုလပ် အဂရယ်ရဲ ့ စာကို ဖတ်ပြီးမှ
    ဟ..ငါတော့ သေပြီ အားလုံးကို မနူတ်ဆက်မိဘူး
    လည်းရပါတယ်
    တစ်ခါထဲ ဖဲရိုက်တာပေါ့ အဟီ

    ဟဲ့ ဝတုတ်မ နာနဲ့ဖင်ပိတ်ပြီးငြင်းမယ်
    လာခဲ့

  • Shwe Tike Soe

    June 20, 2012 at 4:54 pm

    အော် ဒိုးစနက်လား မသိပါဘူး ဒိုးနတ်လားလို. ဗိုက်ဆာနေတာနဲ. အတော်ပဲဆိုပြီးစားတော့မလို……ဟေဟေဟေ
    ပြီးမှ ဒိုးစနက်ဖြစ်နေတာကိုးးးးးးးးးးးးး
    ပို.စ်တင်ပြီးမှ မိတ်ဆက်တယ်ပေါ့နော်……အိမ်ထဲဝင်လာပီးမှ ပြန်ထွက် တံခါးခေါက်တယ်ပေါ့…..ရဘူး ချိတ်ချိုးတယ်…..
    စည်ဘီယာဖောင်တင်ရမယ်.. ရွာသူရွာသားအသစ်တွေ……..ဟေဟေဟေဟေ….

  • ဒိုးစနစ်

    June 20, 2012 at 4:59 pm

    ဟဲဟဲ..ကို ရွှေထိုက်စိုး..ဒိုးစနစ်ပါဗျ.. ဒိုးစနက်တဲ့..
    စည်ဘီယာဖောင်ဆိုတာ ပုံစံဘယ်လောက်လဲ..
    တွေ့ရတာ ဝမ်းသာပါတယ်ဗျာ

  • ဟိန်း ဝင်း (ထားဝယ်သား)

    June 20, 2012 at 5:08 pm

    ဝမ်းပမ်းတသာ ကြိုဆိုလျက်ပါ … အိုင်တီဆိုတော့ မသိတာရှိရင်မေးမယ်နော် ….

  • nicolus agral

    June 20, 2012 at 5:40 pm

    အရင်မိတ်ဆက်ထားရတာပေါ့ဗျာ မကြာခင်က
    ရွာထဲကို visit visa နဲ ့လာလာလည်တုံးက
    rohinja တွေ တာလီဘန်တွေ နဲ ့ ရွာထဲကရွာခံတွေစစ်ပွဲကရှိသေးတယ်ဗျ
    အခုတောင်တိုက်ပွဲတွေရှိနေသေး
    နို ့မို ့ဆို တာလီဘန်သူလျှိုထင်ခံနေအုံးမယ် ……:)

  • စိန်ဗိုက်ဗိုက်

    June 20, 2012 at 5:46 pm

    မတွေ ့တာကြာပြီနော်..
    တွေ ့တာလဲ မကြာသေးဘူး..
    ခမ်မလေးလားလို ့ ပြေးဝင်ကြည့်တာ ဘောတမားကြီးဖြစ်နေတယ်..
    ထော်ဘီ
    ပြန်လစ်ဒေါ့မယ်..
    ဗျစ်.ဗျစ်..

    • pan pan

      June 21, 2012 at 9:30 am

      ခမ်မလေးဟုတ်ဝူးနော့
      ခမ်လေး
      ဒါဗေမဲ့…ကပေါက်ဖော်၂ဆမကကြီးတယ်
      လူကောင်က 😛

  • သားဦး၊မြေးဦး

    June 20, 2012 at 6:20 pm

    ရေးသာရေးပါဗျာ အိုင်တီသမား၊အားကစားသမားဆိုလို ့ကိုဂီတို ့ကိုပေတို ့အဖော်ရပီပေါ့ဗျ။

  • ko win

    June 20, 2012 at 7:03 pm

    မင်္ဂလာပါ ဒိုးစနစ်ရေ။

  • Thel Nu Aye

    June 20, 2012 at 7:06 pm

    ကြိုဆိုပါတယ် ဒိုးစနစ်ရေ့။ အခုတလောရွာထဲမှာကြိုဆိုပွဲတွေများနေပါလား။ ဘာမှလဲမစားရဘူး။

  • မောင်ပေ

    June 20, 2012 at 9:31 pm

    ဘာဘဲရေးရေး အားပေးဖို ့ကျုပ်တာဝန်ထားပါ ။
    အိုင်တီအကြောင်းတွေ ဖတ်ရမယ် လို ့သိရတဲ့ အတွက် ဝမ်းသာမိပါအိ ။
    မင်္ဂလာပါ ။

  • ahnyartamar

    June 20, 2012 at 11:10 pm

    Warmly Welcome from Village

  • ဒိုးစနစ်

    June 21, 2012 at 9:19 am

    အခုလို နွေးထွေးစွာ ကြိုဆိုကြလို့ ဝမ်းသာပါတယ်။
    အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်ဗျာ။
    ကျေးဇူးတင်ပါတယ်။

  • ညလေး

    June 21, 2012 at 3:01 pm

    အိုင်ဒီရဲ…အမြူးကြွဆုံးဒိုးသံလေးညံတော့မယ်ပေါ့…
    ကြိုဆိုပါတယ်………ဒိုးစနစ်ရယ်…..

  • နွေဦး

    June 21, 2012 at 3:33 pm

    ကျုပ်မပြောလား…
    ရွာတော်ကြီး မို့လို့ လူတော်တွေ စုလာတယ်မလား..။
    လူတော် ဆို အကုန် လူကောင်းတော့ မဖြစ်ဘူပေါ့ ။
    လူကောင်းလူတော်တွေလဲ ရှိတယ် ။
    လူဆိုးလူတော်တွေလဲရှိတယ် ။
    ကျုပ်ကတော့ လူကောင်း လူတော်ကိုဘဲ ကြိုဆို ချင်ပါတယ်..။
    ဟို “ဝ ထ က လ သ “တွေကိုတော့ မကြိုဆိုပေါင်..။

  • မဂွတ် ထော်

    June 21, 2012 at 3:35 pm

    ဒို့လဲဝါသနာပါ ပါတယ် စာရေးတာကို အမှားအမှန်တော့သိဘူးရေးချင်တာပဲသိတယ်
    …………

  • ဒိုးစနစ် က ဘောစနစ်တွေရေးမယ်ဆိုတော့ ကဏ္ဍအသစ်တွေတိုးအုံးမှာပေါ့။
    ကြာကြာတော့နေ ဟုတ်လား

  • mamanoyar

    June 21, 2012 at 4:44 pm

    ဒိုးကလေးကို နိုင်တဲ့သူမပေါ်သေးး………..
    ဝေးဝေးကရှောင်ကြဟဲ့ ယောင်တောင်တောင်လေးးးးးးးးးး
    သီချင်းဆိုတာနော် ကိုဒိုးစနစ်
    ကြိုဆိုပါတယ်ရှင်

Leave a Reply