ဆယ်စုနှစ်ကျော် ရပ်တည်ခဲ့ပြီး ဖြစ်သည့် အထင်ကရဈေးကြီးများ …

khinmintatthuJune 25, 20101min1054

Tower

ဥပါတသန္တိစေတီတော်၊ လွှတ်တော်အပါအဝင် နေပြည်တော်ရှိ အထင်ကရ အဆောက်အအုံများကို ကြည့်ရှုနိုင်မည့် ပေ၄ဝအမြင့်ရှိ အထပ်လေးထပ်ပါ မျှော်စင်တစ်ခုကို မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အဦးဌာနမှ သတင်းရရှိပါသည်။

အဆိုပါမျှော်စင်ကို နေပြည်တော် ရေပန်းဥယျာဉ်အဆင့် (၃) တည်ဆောက်ရေးစီမံကိန်း မြေနေရာတွင် တည်ဆောက်လျက်ရှိသည်။

“မျှော်စင်ကို မကြာခင်ဖွင့်လှစ်သွားမှာပါ။ မျှော်စင်ပေါ်မှာ ဆောင်းဘောက်စ်တွေတပ်ဆင်ပြီး သဘာဝရနံ့ကို အမှန်တကယ်ရရှိအောင် ကျေးငှက်သာရကာ အသံတွေ၊ တောရိုင်းတိရစ္ဆာန် အသံတွေ၊ စမ်းရေစီးသံ စတာတွေကို အသံလွှင့်ထုတ်ပေး တာပါ”ဟု နေပြည်တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ ဌာနမှူး ဦးသန်းဦးက ပြောကြားသည်။

ရေပန်းဥယျာဉ် (နေပြည်တော်) အမှတ် (၁) သည် ၆၅ ဧက၊အမှတ် (၂) သည် ၂၅ ဧက၊အမှတ် (၃) သည် ဧက ၆ဝ ကျယ်ဝန်းကြောင်း သိရသည်။

Eleven Media မှတစ်ဆင့်ပြန်လည် ဖော်ပြခြင်းဖြစ်သည်။

4 comments

  • snow

    June 25, 2010 at 3:37 am

    ဘယ်လောက်ပဲတီထွင်ဖန်တိးပြီးလုပ်လုပ် ကျေးရွာနေပြည်သူအတွက်ကတော့
    ကြားပဲကြားဖူးတဲ့နေရာတွေပါ ဘယ်လောက်ပဲလမ်းတွေဖောက်ဖောက်
    ပြည်သူတွေကအားအားနေမသွားနိုင်ကြပါဘူး
    ခရီးစရိတ်ကလဲကြီး စားစရိတ်ကလဲကြီးတဲ့နေရာကို
    ဘယ်ဆင်းရဲသားပြည်သူမှမသွားနိုင်ပါဘူး
    ဘယ်သူ ့အတွက်လုပ်နေတာလဲ…?

  • khinmintatthu

    June 25, 2010 at 3:46 am

    အဲဒီမေးခွန်းကြီးကို မဖြေပေးနိုင်တာတော့ စိတ်မကောင်းပါဘူး စနိုး…..

  • chitsayar

    June 26, 2010 at 7:46 pm

    ရေပန်းဥယျာဉ် (နေပြည်တော်) အမှတ် (၁) သည် ၆၅ ဧက၊အမှတ် (၂) သည် ၂၅ ဧက၊အမှတ် (၃) သည် ဧက ၆ဝ ကျယ်ဝန်းကြောင်း သိရသည်။ ဘယ်သူ ့ခြံတွေ ပါသွားပါလိမ့်?

  • winne

    August 12, 2010 at 12:10 pm

    မြေလွတ် မြေရိုင်းတောကြီး မျက်မဲ မှာ လုပ်ထားတာပါ။ လွန်ခဲ့သော အနှစ်၂ဝ ခန့်က ပျဉ်းမနား လက်လုပ်တောင်တောရ ကျောင်းမှာ မှာ သတင်းသုံးသွားသော ဆရာတော် တပါးက ယခု မြို့လည်ခေါင် အဝိုင်းပတ်နေရာမှာ ရပ်ပြီး ဒီနေရာမှာ မြို့ဖြစ်အုန်းမယ် လို့ ပြောဘူးတယ် တောကြီးခေါင်ခေါင် လူမရှိတဲ့ နေရာမှာ ဒီလိုပြောလို့ လူတွေကတော့ မဖြစ်နိုင်ဘူးဆိုပြီး အညင်းပွားခဲ့ကြဘူးတယ်။ ကြားမိတာကို ပြောပြတာပါ။ အဲဒီ အချိန်တုန်းကတော့ အဲဒီ တောရကျောင်းလေးကို သွားလာရ တော်တော် ခက်ခဲခဲ့ပုံရတယ်။

Leave a Reply