်ဒေါက်တာအောင်ဆန်းစုကြည်

မြသဲ ( 17082011 )June 20, 20121min12822

 

ဂုဏ်ယူပါတယ်အမေ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်အမေက အခုအခါမှာတော့ ကမ္ဘာ့အလည်မှာ မြန်မာတို့ရဲ့ ဂုဏ်ကိုထပ်ဆောင်လိုက်ပြန်ပြီ။ Honorary Doctor of Civil Law Dr. Aung San Suu Kyi ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးကြီးကို အင်္ဂလန်နိုင်ငံရဲ့ နာမည်ကျော် Oxford University ကြီးရဲ့ ချီးမြှင့်ခြင်းကို ခန်းခန်းနားသိုက်မြိုက်စွာလက်ခံရရှိခဲ့ပါပြီ။ အမေ့ရဲ့ကျေးဇူးတင်စကားပြောအပြီးမှာတော့ နိုဘယ်ဆုပေးပွဲတုန်းကလိုပဲ လက်ခုတ်သံတွေကို တော်တော်နဲ့မစဲနိုင် ဘူးဖြစ်ခဲ့ရပါတယ်။ ဘွဲ့လက်ခံယူအပြီးမှာလဲ ဓာတ်ပုံအရိုက်ခံတဲ့အခါမှာလဲ မပြီးနိုင်မစီးနိုင်ပုံပေါင်းများစွာကို ဟိုဘက်လှည့်ပါအုံး၊ ဒီဘက်တိုးပါအုံးနဲ့ရိုက်နေကြတဲ့မြင် ကွင်းကမျက်ရည်တောင်ဝဲခဲ့ရပါတယ်။ ထပ်ဆင့်ဂုဏ်ယူပါတယ်အမေ။

22 comments

  • မောင်ပေ

    June 20, 2012 at 7:31 pm

    “Honorary Doctor of Civil Law Dr. Aung San Suu Kyi ”
    မြန်မာနိုင်ငံ၏ရှေ ့ရေးအတွက် အကောင်းဆုံးလမ်းပြဦးဆောင်မည့်သူ အမေစု အတွက် ဂုဏ်ယူပါသည်။

  • စိန်ဗိုက်ဗိုက်

    June 20, 2012 at 7:40 pm

    အန်တီသဲနှင့် ထပ်တူပါပဲခင်ဗျား..
    ဂုဏ်ပြုပါတယ်အမေ
    မြန်မာဆိုတာ ကမ္ဘာမှာပြလို့ရပါပြီ

  • htet way

    June 20, 2012 at 7:46 pm

    ကျွန်တော်လည်း ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်လို့
    မျက်ရည်များတောင်လည်ရှာပါတယ် ခင်ဗျား

  • အလင်းဆက်

    June 20, 2012 at 7:50 pm

    အမေ..ရေ. ကျွန်တော်တို ့..ချစ်သော အမေ….ဂုဏ်ယူစရာ.မြန်မာ အမျိုးသမီး..အမေစု…

    သတင်းလေးအတွက် ကျေးဇူးပါ ..။

  • aye.kk

    June 20, 2012 at 8:29 pm

    သဲနုရေ…
    ကျေးဇူးတင် ပါ၏။
    အမေဒေါက်တာဒါ်အောင်ဆန်းကြည်အားဂုဏ်ယူပါ၏….
    အမေ့လိုမျိုးမွေးထုတ်ပေးနိုင်မယ့်ဇာနည်မိခင်များများပေါ်ထွန်းပါစေ။

  • ahnyartamar

    June 20, 2012 at 8:58 pm

    မသဲနုရေ…
    ကျေးဇူးတင်အများကြီးတင်ပါတယ်။
    ဒေါ်စုအတွက်…ဝမ်းသာပီတိများနဲ့အတူ၊ ပြောမပြတတ်အောင် ဂုဏ်ယူမိပါတယ်။

  • the best

    June 20, 2012 at 9:49 pm

    အနှိုင်းမဲ့ မြန်မာ့ဂုဏ်ဆောင် ဒေါက်တာ အောင်ဆန်းစုကြည်ကို
    အတိုင်းအဆမရှိ ဝမ်းမြောက်ဂုဏ်ပြုမိပါတယ်။

    တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘဝကို စာနာစွာ ရင်ဖွင့်ပေးတဲ့ အတွက်
    အခြေမခိုင်တဲ့ ပညာရေး ကို အနာဂတ်မဲ့စွာ သင်ကြားရတဲ့
    ကျောင်းသားတွေရဲ့ ဘဝကို ရင်ထဲဆို ့နင့်အောင် ခံစားရမိပါတယ်။

    ကျောင်းသားတွေကို မြိုင်ရပ်နှင်ပြီး အကျဉ်းတက္ကသိုလ်မှာ ဘဝသေအောင် သတ်ခဲ့ပါတယ်။
    မြန်မာကျောင်းသားလူငယ်တွေ အစုလိုက်အပုံလိုက် ဘဝစတေးခံနေရပါတယ်။
    ပညာရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်မြောက်ကြပါစေ။

  • ကြောင်ဝတုတ်

    June 20, 2012 at 11:50 pm

    ဂီဂီရေ…
    အမေစု အင်္ဂလန်ရောက်နေတာသေချာပြီဟေ့….

    • အရီး Khin Latt

      June 21, 2012 at 1:40 am

      မင်းက ဘောလုံးပွဲတွေ နဲ့ ယူကရိန်း နဲ့ ပိုလန် ကို ရောက်နေတာကိုး.။
      မနေ့ ကထဲ က မင်းတို့ ကြီးမေ ယူကေ ကို ရောက်နေတာ။ 🙂

      • ကြောင်ဝတုတ်

        June 21, 2012 at 9:33 am

        အရီးလတ်ကလဲ…ခက်ပါလား….

        အမေစု အိုင်ယာလန်ရောက်တော့ အိုင်ယာလန်အသင်းသားတွေက အမေစုကိုတွေ့ချင်လို့ ယူရိုပွဲကနေ အမြန်အိမ်ပြန်ကြတယ်လေ…

        အခု အမေစုက အင်္ဂလန်ရောက်နေပြန်ပြီလေ…
        အင်္ဂလန်အသင်းသားတွေလဲ အမေစုကိုတွေ့ချင်နေရှာမှာ…
        အမြန်အိမ်ပြန်ဖို့ ပြင်ဆင်နေကြပြီထင်တယ်…အရီးလတ်ရဲ့…

        လစ်ပြီး…ဝှီး…………….
        ကြောင်ဝတုတ်

        • Azzurri

          June 21, 2012 at 9:38 am

          အဟိ…
          ပီးရင် ဒို့ကြီးမေ
          ဂျာမနီနဲ့ စပိန်ကို သွားလည်ပါစေတော်…
          😀

  • အရီး Khin Latt

    June 21, 2012 at 1:36 am

    ဒီဘွဲ့ က သူ့ကို ပေးပြီးသားလို့ ခေါ်လို့ရပါတယ်။
    ဒီတော့ ဒေါက်တာ လို့ တပ်ချင်ရင် လွန်ခဲ့တဲ့ ၁၉နှစ် ကထဲ က တပ်လို့ ရပြီးသားပါ သဲလေး ရေ့ 😉
    (မူရင်း – မောင်ပေ)
    မတပ်ချင်လို့ ကို မတပ်တာပါ။

    သူ့ကို ဒီလို မြင်ရလေ ဒီလို လူတစ်ယောက်ဟာ မြန်မာ မှာတင်မက ကမ္ဘာမှာပါ ခေါင်းဆောင်ကောင်း ဖြစ်မှာ ဆိုတဲ့ အတွေးရတယ်။
    မဖြစ်နိုင်ခဲ့တာကို ပြန် လှည့်ပြီး မတမ်းတ သင့်ပေမဲ့ ကုန်ခဲ့တဲ့ အချိန် တွေ ကို နှမြောလိုက်တာ။

    အနှစ် နှစ်ဆယ် ကျော် ဆိုတာ မြန်မာပြည်လို အခြေခံ ရှိပြီး တိုင်းပြည် အတွက် အရှိန်ကောင်းကောင်း နဲ့ ထိုးတက်သွားနိုင်တာ။
    အခုတော့ နောက်ကြောင်းပြန်မလှည့် ဖို့ ကိုဘဲ ဝိုင်းပြီး သတိရှိကြရမှာဘဲ။

  • htoosan

    June 21, 2012 at 7:25 am

    ပိုက်ပိုက်နဲ့ ဝယ်ထားတဲ့ ဟိုလူကြီးတွေ ကြည့်ထား ။။ဒါမှ အမှန်အကန် ဆိုတာ..
    ဒေါက်တာ တပ်ခွင့်ရတာတောင် မတပ်ဘဲနေတာ ..

  • PaLote Tote

    June 21, 2012 at 9:42 am

    တကယ်ကို ထိုက်ထိုက်တန်တန် နဲ့ရခဲ့တဲ့ ဒေါက်တာဘွဲ့ကြီးပါတော် ။ အမေစု အတွက် ရော မြန်မာ နိုင်ငံအတွက်ပါ ဂုဏ်ယူစရာကြီး ။ အမေစုကြောင့် မြန်မာကို ကမ္ဘာက သိပြီး လေးစားရတယ် ။ ( ဟိုလူကြီး ကတော့ရှက်စရာကြီး)

    • ဘဲဥ

      June 21, 2012 at 10:51 am

      ဟဲ့ဟဲ့ ဘယ်လူဂျီးလဲဟဲ့ ရှင်းအောင်ပြောစမ်းပါအေ
      ဒို့မေမေစုအတွက် အရမ်းကို ဝမ်းသာပီတိ ဂွမ်းဆီထိရပါတယ်ဗျားးးးး

  • PaLote Tote

    June 21, 2012 at 10:55 am

    ညီးကလဲ အေ ဟိုလူကြီးပါဆို (လယ်သမားတွေဆီက မြေတွေကို မလိမ့်တပတ်သိမ်းပြီး စက်မှူဇုံလုပ်ထားတာတယ်) ။

  • ဆူး

    June 21, 2012 at 10:57 am

    ဒေါက်တာ ဘွဲ့ကြီး နှင့် နိုဗယ်ဆု ကတော့ မြန်မာကို ကမာ္ဘက သေချာ သိမြင်လာပြီလို့ ထင်တယ်။
    မြန်မာဝတ်စုံရဲ့ ဂုဏ်ယူဝင့်ကြွားမှုကိုလည်း အခမ်းအနားတိုင်းမှာ ပြသခဲ့တဲ့ အတွက် မြန်မာမလေးတွေရဲ့ မြန်မာဝတ်စုံကို နောက်ဆို စိတ်ဝင်စားမှု ပိုရှိလာလိမ့်မယ်လို့ ထင်ပါတယ်။
    အခု ငယ်ရွယ်တဲ့ မြန်မာမတွေကတော့ ကိုရီးယားဝတ်စုံနောက်ကို လိုက်နေကြတယ်။
    ကမာ္ဘမှာ မြန်မာလူမျိုး တွေရဲ့ ဂုဏ်ယူစရာ ကိစ္စတွေကို အများကြီး ဖန်တီးပေးတဲ့ ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် အား လေးစားပါတယ် ဂုဏ်ယူပါတယ်။
    ဒီလို ဆုကြီးတွေ ရတဲ့ မြန်မာလူမျိုးတွေလည်း ထပ်ပြီးတော့ နောက်ထပ် နောက်ထပ် ရှိလာပါစေလို့ မျှော်လင့်ပါတယ်။
    ဒေါ်စု သွားတဲ့ လမ်းတလျှောက် အရမ်းကိုကြိုဆိုကြတာ သတင်းတွေမှာ တွေ့တယ်။ တကယ်ကို ဝမ်းသာ ပီတိ ဖြစ်ဖို့လည်း ကောင်းတယ်။
    တချို့သော ငြိမ်းချမ်းရေး နိုဗယ်ဆု ယူတဲ့ သူတွေ သွားယူတဲ့ အချိန်အခါမှာ ဆန္ဒပြတာတို့ စိတ်အနှောက်အယှက်ပေးတာတို့ ရှိတာတွေ တွေ့ဖူးတယ်။ အရမ်းကို အေးချမ်းစွာနဲ့ အများပြည်သူ ချစ်ခင်ခြင်း ခံရတဲ့ အတွက် မြန်မာ လူမျိုး များ အနေနဲ့လည်း အရမ်းကို ဂုဏ်တက်တယ်လို့ ထင်ပါတယ်။

    ဒေါ်စု ရဲ့ မိန့်ခွန်းတိုင်းမှာ သတိထားမိတာ တခုတော့ ရှိတယ်။ မိန်းခွန်းပြောတဲ့ လူ တယောက် အနေနဲ့ အတည်အတံ့ ပြောရင်းနဲ့ နားထောင်တဲ့ လူကို ဆွဲဆောင်မှု ဖြစ်စေတဲ့ ပြုံးရည်စေတဲ့ စကားလေးတွေ ညှပ်ပြီး ပြောတာလေးတွေ တွေ့မိတယ်။ မြန်မာလိုပြောတာပဲ ဖြစ်ဖြစ် အင်္ဂလိပ်လို ပြောတဲ့ အခါမှ ပဲ ဖြစ်ဖြစ် ဟာသဉာဏ်လည်း ထက်တယ် ထင်တယ်။
    အားလုံး အာရုံစိုက်ပြီး ငြိမ်နားထောင်နေရာကနေပြီးတော့ ရုတ်တရက် အားလုံးကို ထ ရယ်အောင် လုပ်နိုင်တယ်။
    အခြားသော မိန့်ခွန်းပြောတဲ့ သူတွေနဲ့ မတူတဲ့ အမူအရာလေးတွေမို့ သတိထားမိတာလေးပါ။

  • tra

    June 21, 2012 at 10:58 am

    ဘယ့်နှယ် ဘယ့်နှယ် ………..
    တို့အမေကို ဟိုလူကြီးတွေနဲ့ နှိုင်းစရာလား းးးးးးးးးး

  • etone

    June 21, 2012 at 11:41 am

    အစ်မသဲနုအေးရေ .. မြင်ရတာ အရမ်းကို ကျက်သရေ ရှိတဲ့ ပုံတွေပါပဲ … ။
    ညီမလည်း ဒီနေ့မနက်ဖေ့စ်ဘွခ်ထဲဝင်ကြည့်ရင်း ….. ကြက်သီးမွှေးညှင်းထတဲ့ အထိ … ဂုဏ်ယူဝမ်းသာမိပါတယ် ။ ကမာ္ဘမှာတောင် လူတော်စာရင်းဝင်တဲ့ အမေစုရဲ့ ကျော်ကြားမှုကတော့ …. တကယ့်ကို အံ့မခန်းပါပဲ …. ။ ပြန်တင်ပေးတာ ကျေးဇူးပါ အစ်မရေ ။

  • mihninlay

    June 21, 2012 at 12:24 pm

    အရမ်းဂုဏ်ယူစရာကောင်းတဲ့အမေစုပါပဲ
    မြန်မာဖြစ်ရတာကိုအစကတည်းကဂုဏ်ယူတယ်
    ခုဆိုပိုလို ့တောင်မှဂုဏ်တက်သွားပါပြီ

  • shwe kyi

    June 21, 2012 at 2:16 pm

    အန်တီရဲ့ အရည်အချင်းတွေလေ ပတ္တမြားမှန်ရင်နွံမနစ်ပါဘူး။
    ပတ္တမြားဂူကို အရောင်မှိန်အောင်ဝက်တွေ ရွှံနဲ့သုတ်လေ ပိုတောက်လေပဲ။

  • snow white

    July 10, 2012 at 1:05 pm

    ဝမ်းသာဂုဏ်ယူမိပါတယ်

Leave a Reply