အဆိပ်မိနေတဲ့…စိတ်

maung khinminJune 20, 20121min15610

စိတ်ကို..အဆိတ်ခံရပေါင်းများတော့

အာရုံတွေက….ထုံပေပေနဲ ့……….

အနာဂတ်နောက်ကိုလိုက်ရင်း…

တောမှောက်ခံနေရ….

 

ဂါထာမန ္တရားတွေ…ရွတ်ဖတ်ရုံနဲ ့…

လုံခြုံမှု   ရှိရင်   အကောင်းသား

ကောင်းကင်နဲ ့မြေလွှာကြားမှာ….

သီဆိုမိတဲ့….တေးသွားတိုင်း…

ကောလဟာလ   ဖြစ်ဖြစ်သွားကြ….

 

အမှန်ခြစ်လိုက်တိုင်း….ကြက်ခြေခတ်(×) ခံရ…

အဲလို……မလှမပနဲ ့…..

ဘဝ ဟာ…ပါးလျလာလိုက်တာ…

နောက်ဆုံး….

“သုည” ကို  ဂတုံးတုံးပြီး..

ငါ  ဟာ….ဝလုံးတစ်လုံး….

ဖြစ်လို ့ ဖြစ်မှန်းမသိ…..

စိတ်  မှာ….အဆိပ်မိနေ လေရဲ့..။။။

 

 

 

10 comments

  • ahnyartamar

    June 20, 2012 at 9:13 pm

    တကယ်တော့”၀” ဆိုတာလည်း တန်ဖိုးနဲ့ပါ။ “၀” မရှိရင် “ဝိ” မှလုပ်လို့မရတာ။

    • maung khinmin

      June 20, 2012 at 9:27 pm

      ခုမှ…တန်ဖိုးတတ်လာပြီ…ထင်ရဲ့..

  • မောင်ပေ

    June 20, 2012 at 9:41 pm

    ဆရာမောင်ခင်မင်ရေ…
    စိတ်တွေ အဆိပ်တက်ခဲ့ချိန် နဲ ့ကြုံခဲ့ရရင်
    လေ ကို အားရပါးရ ခပ်ပြင်းပြင်းလေး ရှူသွင်းလိုက်ပြီးမှ ဖူးကနဲ ပြန်မှုတ်ထုတ်လိုက်ဗျာ ။
    အဆိပ်သင့်နေတဲ့ စိတ်ကလေး နေသာထိုင်သာ ရှိသွားပါလိမ့်မယ်ဗျာ..
    ခင်မင်စွာဖြင့်
    မောင်ပေ

  • မြတ်ကျော်သူ

    June 20, 2012 at 10:41 pm

    ဒီကဗျာကို ဖတ်ရတာ ဘာလိုနေမှန်းမသိဘူး…
    တစ်ခုခု လိုနေသလိုပဲ…
    အသေအချာ ချက်မထားတဲ့ ဟင်းတစ်ခွက်ကို…
    ဇွန်းမပါဘဲ လက်နဲ့ စားရသလိုပဲ…

    • maung khinmin

      June 22, 2012 at 11:01 am

      ဟုတ်ကဲ့…ဆြာ
      အချက်မတတ်လို့…ပါးစပ်ပျက်သွားရင်လဲ…
      တောင်းပန်ပါတယ်…ဆြာ

      ခုမှ..ဟင်းချက်နည်းသင်နေရတော့….
      ဖြည့်စွက်..စာသုံးစေချင်ပါတယ်

  • မမ အညာသူ

    June 21, 2012 at 10:18 am

    အဆိတ်အခတ်ခံရရင်ဖြေဆေးတော့ရှိရမှာပေါ့နော်……

  • ba gyi

    June 21, 2012 at 1:41 pm

    လူတိုင်းနီးပါး စိတ်မှာ အဆိပ်ဖြစ်တာကြုံရမှာပါပဲ ။
    Immune မဖြစ်ဘို့တော့လိုတာပ၊ နို့မဟုတ်လျှင်တော့ ရှော့ခ် ရိုက်ခံရရင်မလွယ်ပါဗျား။
    စိတ်ထဲမှ အဆိပ်ကို ၊ စိတ်နှင့်သာဖြေလျှော့ပျောက်စေနိုင်ပါတယ် —
    သတိနှင့်အမြဲယှဉ်ပြီးဉာဏ်နှင့်င်ဆင်ခြင်လို့၊ မေတ္တာ၊ဂရုဏာ၊မုဒိတာ၊ဥပေက္ခာ ဆိုတာရွေးထုတ်၊ အဲသည်အထဲမှ တန်ရာတန်ရာပြန်ပေး အဲဒါ စိတ်ထဲမှအဆိပ်ကို ချေတဲ့ဆေး။
    ပြောသာပြောရ ကိုယ်တိုင်ကို တော်တော်ကျင့်လို့၊ အလုံးစုံမရနိုင်သေး၊
    တစ်ခဏကလေးတော့ ၊ ဆင်ခြင်မှုပေါ့တဲ့အခါ
    ဝလုံးကလေး ဝိုင်းဝိုင်းရေးမိတယ်။

    • maung khinmin

      June 22, 2012 at 10:58 am

      ဝလုံးလေးဝိုင်းအောင်..ရေးဖို့ဆိုတာတောင်
      မလွယ်ဘူးနော…ဆြာ

  • ကြောင်ကြီး

    June 22, 2012 at 9:52 am

    ဆိတ်ခတ်ခံရရင်
    ပိုင်ရှင်ဆီမှာ
    အလျော်တောင်း
    ပိုင်ရှင်မဲ့ဆို
    ဖမ်းပီးရောင်းစား..
    အဆိပ်ခတ်ခံရလား
    အောက်လမ်းမယ်ဒေါ်
    ကြေးမုံဂျီးဆီသွား
    တရုတ်နာမည်
    မေချောက်ဖုံဒဲ့..
    စိတ်ဝယ်
    ဆိတ်ရယ်
    အဆိပ်သယ်၊
    ကိတ်ရယ်
    ဆိမ့်ဒယ်
    လှိမ့်တွယ်..။

    • maung khinmin

      June 22, 2012 at 10:57 am

      လမ်းညွှန်ပေးတာ….ကျေးဇူးပါ..ကိုကြောင်ကြီး..ရေ့

Leave a Reply