“ဆုံစည်းပါရစေ” အပိုင်း(၄)

aung nainglinJune 20, 20121min813

အနက်ရောင်ဆွယ်တာလေးကို   ဂျင်းဘောင်းဘီ   အပြာနုရောင်လေးနဲ ့တွဲဝတ်ထားတဲ ့ကောင်မလေးရေ…ရိုးရိုးရှင်းရှင်းလေးဝတ်ထားပေမဲ ့     မင်းရဲ ့အလှတွေ   သိပ်ကိုပေါ်လွင်နေတယ်ဆိုတာကိုရော    မင်းကိုယ်မင်းရော   သိရဲ ့လားကောင်မလေးရေ…..ဘဝရဲ ့    ဆုတောင်းကောင်းခဲ ့လို ့     အရမ်းပဲ  လှနေတာလား     ဒါမှမဟုတ်     ငါကပဲ   တောင်းဆုမပြည် ့ခဲ ့လို ့      သိပ်လှတဲ ့ကောင်မလေးနဲ ့   အခုမှဆုံတွေ ့ခွင် ့ရခဲ ့တာလားဆိုတာ   ငါကိုယ်တိုင်တောင်မသိတော့ဘူး   ကောင်မလေးရယ်……..ကောင်မလေးရယ်   မင်းနဲ ့ငါ   နောက်တစ်ကြိမ်ပြန်ဆုံပြန်ပြီနော်………………………………………..

“ကိုထွန်း ……စောင့်နေရတာ   မောသွားပြီလား…..”

“စောင့်ရတာ    ဘာမှတော့   မဖြစ်ပါဘူး…..မဖြစ်ဘူးဆိုပေမဲ ့     တစ်ခုတော့ဖြစ်တယ်…….”

“ဘာဖြစ်တာလဲ  ကိုသက်ပိုင်……ပြောပြပါလားဟင်…..”

“ ဘာဖြစ်ရမှာလဲ      လည်ပင်းကိုကြည် ့လိုက်ပါလား…..”

“လည်ပင်း  ကဘာဖြစ်လို ့လဲ…..ကိုသက်ပိုင်…………..”

“ညေုာင်ရေအိုးဖြစ်နေပြီ………”

“ဟင်…………”

“ဟာ……………..”

“ကိုသက်ပိုင်ကလ ဲ       သဲနုက  အကောင်းမှတ်လို ့နားထောင်နေတာ…….အတည်ပေါက်ကြီးနဲ ့  နောက်နေတာပဲ……..”

“အင်းလေ      သွန်း        တောင်လန် ့သွားတယ်……”

“ဘာသောက်မလဲ  ………… သဲ     မှာလေ…..သွန်းရော    ဘာစားမလဲ…..”

“ခဏနေအုံး      ပြီးမှ  မှာမယ်              အခုတော့   သီချင်းဖွင် ့ပြမလို ့    နားထောင်မှာလား……..”

“အင်း……ဖွင် ့ပြလေ…………….”

“ဟဲ့      သွန်း      နင် ့ဖုန်းခဏပေးပါလား ………..”

“ဘာလုပ်ဖို ့လဲ……..နင် ့ဖုန်းကကော    ဘယ်ရောက်သွားလို ့လဲ…….”

“အားကုန်သွားပြီ…….”

“ကို ့ဆီမှာပါတယ်လေ….”

“ရတယ်ကိုထွန်း……….”

“ရော့……………………..”

“အသံချဲ  ့လိုက်မယ်နော်           ”

“ကောင်းတာပေါ့      အကုန်လုံး   နားထောင်ရတာပေါ့…………….”

“ok      ကောင်းပြီ……………….”

 

သီချင်းသံစဉ်လေးတွေထွက်ပေါ်လာတော့       ထွန်းဇော်က    သူ ့ဘက်ကိုလှည် ့ကြည် ့လေသည်။         ဘာဖြစ်လို ့လဲဆိုတော့     သူ   ကိုယ်တိုင်  သီဆိုထားတဲ ့ပထမစီးရီးခွေထဲက    သီချင်းလေးတစ်ပုဒ်ဖြစ်နေလို ့ပါပဲ။           ပြောင်စပ်စပ်    မျက်နှာပေးနဲ ့   လုပ်လာတဲ ့     ထွန်းဇော်ကို     လက်သီးဆုတ်ပြလိုက်လေသည်။      ဒီလိုမှမလုပ်ရင်   ထွန်းဇော်ဆိုတဲ ့ကောင်က     လွယ်တာမဟုတ်ဘူး  ပြောချင်ပြောလိုက်မှာလေ      သူ ့စိတ်ကူးကိုတော့   အပြတ်မခံန်ုိင်ပါ။သီချင်းသံလေး     ပြီးဆုံးချိန်မှာတော့……………….

 

“အဲ ့ဒီအဆိုတော်ကိုသိတယ်မှတ်လား……ကိုထွန်း”

“သိတာပေါ့      သဲရဲ  ့…….ဘာဖြစ်လို ့လဲ….”

“ဘာဖြစ်ရမှာလဲ        အသံကောင်းသလောက်     စိတ်ကပုတ်သေးတယ်………….”

“ဟာ……………ဘာဖြစ်လို ့…….”

“သူဓါတ်ပုံကြတော့   မပါဘူးလေ…..တော်တော်မာနကြီးမဲ ့လူ……”

“အဲ ့ဒီလိုလဲမဟုတ်ဘူးထင်ပါတယ်……..သူ ့မှာအကြောင်းရှိလို ့နေမှာပေါ့……………..”

“သဲနုပြောလဲပြောချင်စရာပဲ     ကိုထွန်းဇော်ရဲ  ့………တစ်ကယ်ဆို    ဓါတ်ပုံလေးတစ်ပုံလောက်  တော့  ထည် ့ပေးသင့်တယ်မဟုတ်ဘူးလား…………..”

“အော်…………..သွန်းဖြူသင်းရယ်……သူ ့မှာ   အကြောင်းရှိလို ့နေမှာပါ……..”

“ဟုတ်ပါတယ်…….ဒါပေမဲ့    သူ ့သီချင်းတွေက     ခံစားချက်တွေရှိနေတော့     သွန်းတို ့က       သူဟာ    ဘယ်လိုလူမျိုးလဲဆိုတာသိချင်မိတာပါ…….”

“သူနာမည်ကြီးလာရင်တော့     သိရမှာပါ…….နာမည်မကြီးသေးလို ့နေမှာပေါ့…………..မဟုတ်ဘူးလား  သက်ပိုင်……”

“ဟင်……အင်း    ဟုတ်တာပေါ့……”

“ဟဲ ့…..သဲနု    ငါဟိုနားခဏသွားလိုက်အုံးမယ်……….”

“မိသွန်း    တို ့ကတော့လုပ်ပြီ……သွားမြန်မြန်ပြန်လာခဲ ့…..”

“အင်းပါ……………”

“သဲ……….”

“ပြောလေ  ကိုထွန်း…………”

“သဲရဲ ့    သူငယ်ချင်းမှာ   ချစ်သူရှိလား…….”

“ကိုထွန်းက     ဘာလုပ်မလို ့လဲ……..”

“ကိုက     ဘာမှမလုပ်ပါဘူးကွာ…….ဒီကောင်ကြီးလေ   သက်ပိုင်အတွက်ပေါ့…….”

“ဟာ………..သွန်းကို      ကိုသက်ပိုင်က     စိတ်ဝင်စာနေတာ………..”

“အဲ့ဒီလိုပဲပြောရတော့မှာပေါ့သဲနုရယ်      ကို       သွန်းကို   ချစ်နေမိပြီ…………”

“ဒါဆိုရင်တော့………..”

“ဘာဖြစ်လို ့လဲဟင်          သူ ့မှာ   ချစ်သူရှိနေလို ့လား……..”

“မဟုတ်ပါဘူး………………”

“ဟာကွာ………….သဲနုက     နောက်တာပဲ…………….”

“သိပ်လဲပျှော်မသွားနဲ ့အုံး    ကိုသက်ပိုင်ရေ…………သူက   ယောက်ျားတွေရဲ ့      အချစ်ကိုမယုံဘူးတဲ ့….အဲ ့ဒါကြောင့်    သူ   တစ်ယောက်တည်းဖြစ်နေတာပေါ့………”

“တစ်ကယ်ပဲလား     သဲနုရယ်……..”

“တစ်ကယ်ပေါ့…………..”

“ဘယ်လိုလုပ်ရမယ်ဆိုတာ       အကြံညဏ်လေးပါလေးပေးပါအုံး     သဲနုရယ်………………..”

“ပြန်လာရင်ပြောပေးမယ်လေ…….ဖြစ်တယ်မလား………….”

“ဘာတွေပြောမှာလဲ…..သဲနုရဲ  ့………….”

“ဒီလိုသွန်းရဲ  ့     ကိုသက်ပိုင်က ……..နင် ့ကို………”

“ဘာမှမဟုတ်ပါဘူး………ကိုက     သွန်းရဲ ့ဖုန်းထဲက    သီချင်းလေးတွေကောင်းတယ်လို ့ပြောမလို ့ပါ………”

“အင်း…………ကျေးဇူးပါ……..”

ကောင်မလေးရေ     တစ်ကယ်လို ့များ    မင်းကို    ချစ်တယ်လို ့ဖွင် ့ပြောလိုက်ရင်     ကို ့ဘက်ကို    ဘယ်လိုတုံ ့ပြန်မှာလဲ  ဆိုတာ    ကြိုသိခွင် ့ရှိခဲ ့မယ်ဆိုရင်………………….

 

 

 

ရှေ ့သို ့ဆက်ပါအုံးမည်…………………..ခင်မင်လေးစားလျှက်…………………………။…………………………..

 

 

 

3 comments

  • မောင်ပေ

    June 20, 2012 at 10:01 pm

    “ကောင်မလေးရေ တစ်ကယ်လို ့များ မင်းကို ချစ်တယ်လို ့ဖွင် ့ပြောလိုက်ရင် ကို ့ဘက်ကို ဘယ်လိုတုံ ့ပြန်မှာလဲ ဆိုတာ ကြိုသိခွင် ့ရှိခဲ ့မယ်ဆိုရင်………………….”
    အဲဒါဘဲဗျို ့၊ ကျုပ် လဲ အဲဒီအဖြေ ကို အရမ်းသိချင်မိတယ်ဗျာ ။ နည်းလမ်းကောင်းလေး သိရင် မစပေးပါနော။

  • shwe kyi

    June 21, 2012 at 10:28 am

    ကြိုသိကြရရင် ဘယ်ရင်ခုန်စရာကောင်းတော့မလဲ အဟဲ..။ 😀
    ဆက်ပါဦးရှင်။

  • mamanoyar

    June 21, 2012 at 11:46 am

    ဆက်ပါဦးနော် အားပေးနေမယ်

Leave a Reply