ကြောင်ဝတုတ်ရေ ..

ကျွန်တော်တို့ရဲ့ ရခိုင် သွေးချင်းများ ပြန်လည်ထူထောင်ရေး လက်ဆောင် ဆိုပြီး ဇွန်လ ၁၁ ရက်နေ့ ကစလို့ အလှုငွေ ကောက်ခံလာခဲ့တာ အခုဆိုရင် နောက်ဆုံးကောက်ခံမဲ့ ရက် ရောက်ဖို့ ၁ဝ ရက်သာ လိုတော့တယ် နော် ။
ယခုထိ ကျွန်တော် ဒီစာရေးနေတဲ့ ၂ဝ ရက်နေ့ ည ၉း၄ဝ ထိ လက်ဝယ် ပိုင်ပိုင် ရောက်ရှိခဲ့ပြီး တာ ၂၃၂၅၃၀ဝ ကျပ် ( ကျပ် နှစ်ဆယ်သုံးသိန်းနှစ်သောင်း ငါးထောင့်သုံးရာကျပ် ) တိတိ ရ ရှိခဲ့ပါပြီ ။

ကြောင်ဝတုတ်ရေ .. ၁ဝ ရက်သာ လိုတော့တယ် ဆိုတော့ ဘယ်မှာ ဘယ်သူ့ကို လှုမလဲဆိုတာ ဆုံးဖြတ်ရမဲ့ အချိန်လည်း ရောက်လာပြီလေ ။ ဘယ်မှာ လှုမှာလဲဆိုတာ သိချင်နေကြမှာ လည်း အမှန်ပါဘဲ ။

ဒါကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ဦးဦးပါလေရာ ၊ မဆူး ၊ ဘဘ ဘလက်ချော၊ ကိုအမတ်မင်း၊ ကိုရွှေတိုက်စိုး နဲ့ ကျွန်တော်တို့ဆုံဖြစ်ကြပါတယ် ။ အန်တီပဒုမ္မာ ၊ မမ ၊ နဲ့ မetone ၊ ကျွန်တော်တို့ရွာ ရန်ကုန်သားဓါတ်ပုံဆရာလေးတို့ ကတော့ မအားလို့ လာရောက်နိုင်ခြင်းမရှိခဲ့ပါဘူး ။ ရှိတဲ့ သူနဲ့ဘဲ အကောင်းဆုံးဖြစ်မယ်ထင်တာလေး ဆုံးဖြတ်ခဲ့ကြပါသည် ။

ကြောင်ဝတုတ်ရေ .. ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ ရခိုင်ဒေသထိ သွားမလှုနိုင်ဘူးဆိုတော့ ပထမ အစိုးရ ၊ မီးသတ်ဌာန မှတစ်ဆင့် လှုဖို့ စဉ်းစားခဲ့ကြပါတယ် ။ ဒါပေမဲ့ အစိုးရ မှ တဆင့် ဝိုင်းလှုကြသော အများသူငါ ပြည်သူ ပြည်သားများ နဲ့ အထူးသဖြင့် လုပ်ငန်းရှင်ကြီးများ ရှိပြီး ဖြစ်လို့ မီးသတ်မှ တစ်ဆင့် (သို့) အစိုးရ မှတစ်ဆင့် မလှုတော့ ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါသည်။

ဒါနဲ့ ဦးကြောင်ကြီး အဆိုပြုထားသည့် ၈၈ ကျောင်းသားများ အဖွဲ့အစည်းကို လှုလျင်ကောင်းလား တွေးကြပါသည် ။ ကျွန်တော်တို့ အစိုးရ ကို မလှုဟု ဆုံးဖြတ်ပြီးမှတော့ ပါတီ နိုင်ငံရေး ကင်းရှင်းကြရအောင် ဆိုကာ ၈၈ ကျောင်းသား အဖွဲ့ သို့ မလူတော့ဟု ဆုံးဖြတ်ကြပြန်ပါသည် ။

သို့နှင့် ကျန် သော ဘုန်းကြီး ဦးဆောင်သော အဖွဲ့နှင့် ရခိုင်ဒေသ ကိုယ်စားပြု အလူကောက်ခံနေကြသော အသင်းအဖွဲ့များမှ တစ်သင်းသင်းတို့ လှုကြလျှင် ကောင်းမလား တွေးကြပြန်ပါသည် ။ ဘုန်းကြီးဦးဆောင် ပါလျှင်လဲ ဘာသာရေး ရောထွေးသည် အပြောခံရဘွယ်ရှိသည် ဟု ယူဆကြသောကြောင့် နောက်ဆုံး ရခိုင် ဒေသ အခြေပြု အဖွဲ့တစ်ဖွဲ့ကိုသာ ပေးလှုရန် ဆုံးဖြတ်ကြပါသည် ။

ကြောင်ဝတုတ်ရေ .. ဒါနဲ့ ကျွန်တော်တို့လည်း ရခိုင် အသင်း တစ်ခုအားရှာဖွေ ခဲ့ကြပါတယ် ။ အဲ့ဒီလို ရှာဖွေရာမှာ အခု မှဒီ အရေးအခင်းကြမှ မိုးကျရွှေကိုယ် ဖွဲ့စည်းတဲ့ အသင်း မဟုတ်တဲ့ အသင်းကို အဓိကထား ရှာခဲ့ပါတယ် ။

အဲ့ဒီမှာ အခု ရခိုင်သဟာယ အသင်း ကို တွေ့ရှိခဲ့ပါတယ် ။

ရခိုင် သဟာယ အသင်း အကြောင်းနဲနဲ ပြောရရင်တော့ ဒီ အသင်းဟာ ၁၉၆၁ ခုနှစ်ကတည်း က တည်ထောင်ခဲ့သော အသင်းပါ ။ အသင်းရဲ့ ဆောင်ပုဒ်လေးကတော့ ကိုယ်ကျိုးမပါ အများကောင်းကျိုးရှာ တဲ့။ မူလ အစကတော့ ရန်ကုန်မြို့ရှိ ရခိုင်လူမျိုးများ တွေ့ဆုံပေါင်းသင်းဆက်ဆံရေး ၊ အချင်းချင်းရိုင်းပင်းကူညီရေးစသော လူမှုရေး လုပ်ငန်းများကို အခြေခံခဲ့ ပေမဲ့ ၁၉၈၁ ကစပြီး ပညာရေးလုပ်ငန်းစဉ်များ ကို ဦးစားပေး လုပ်ကိုင်ခဲ့တဲ့ အသင်းဖြစ်ပါသည် ။ နာဂစ်မုန်တိုင်း ၊ ဂီရိမုန်တိုင်း ဒဏ်သင့်ဒေသများကိုလည်းသွားရောက်လုပ်ဆာင်ခဲ့ကြပါသည်။ ဘုန်တော်ကြီးသင် ပညာရေး ဆရာ၊ဆရာမ များ စွမ်းရည်မြှင့်တင်ရေး စီမံချက် တို့ကို လည်း ဖော်ဆောင်လုပ်ကိုင်နေပြီး ၁ရ မြို့နယ်မှာ ကိုယ်စားလှယ်များရှိနေပါသည်။ ကျောင်းသူကျောင်းသားများကို ပညာသင်စားရီတ်ထောက်ပံ့ခြင်းစသည်တိုု့ကို ရခိုင်ပညာရေးဖောင်ဒေးရှုင်း(စကာင်္ပူ) ၊ ရခိုင်လူမှုရေးအသင်း (ဂျပန်) ၊ရခိုင်ယဉ်ကျေးမှုနှင့် လူမှုရေးအသင်း (ဆစ်ဒနီမြို့) တို့နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ အဖွဲ့ဖြစ်ပါသည်။
နောက် အချို့ကို ကောက်နုတ်ဖော်ပြရရင် ..ဂီရိလွန်ကာလ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်း နေသားတစ်ကျဖြစ်ရေး အတွက် လယ် ၃၁၈၅ ဧက အား ရေငံတားနိုင်မည့် တာရိုးတည်ဆောက်ခြင်း ၊ မျိုးစပါး နှင့် မြေဩဇာတို့ ပံ့ပိုးပေးခြင်း၊ ငါးဖမ်းလှေ ၊ငါးဖမ်းပိုက်များ ထောက်ပံ့ပေးခြင်း စသည်တို့ကိုလည်း နိင်ငံတစ်ကာ NGO ဖြစ်သည့် Mercy Corps နှင့် ပူးပေါင်း အကောင်အထည်ဖော်ခြင်း တို့လုပ်ဆောင်နေတဲ့ အသင်းဖြစ်ပါသည် ။

ယခုလည်း မောင်တော၊ ဘူးသီးတောင် သို့ ဆန်နှင့် စားသောက်ဖွယ်ရာများ သိန်း ၁၁ဝ ဖိုးတင်ပို့ပြီးဖြစ်ပါသည်။
ရခိုင်ဒေသ ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး ကော်မတီ (ရန်ကုန်) ဆိုပြီး အလူငွေများကောက်ခံလျက်ရှိပါသည်။ စုစုပေါင်း ၁၉-၆-၂၀၁၂ ထိ လည်း ကျပ် ၆၉၁၆၃၁၀ဝ ကျပ် ရရှိပြီး ကြောင်းနှင့် ယခု အခါ စခန်းတွေမှာ ဝမ်းရောဂါ ကျရောက်နေသည့် အတွက် အိမ်သာများဆောက်လုပ်ပေးနိုင်ရန် စိုင်းပြင်းလျှက်ရှိကြောင်းသိခဲ့ရပါတယ် ကြောင်ဝတုတ်ရေ။

ကြောင်ဝတုတ်ရေ ..သူ့ရုံးခန်းလိပ်စာကတော့

ရခိုင်သဟာယအသင်း (ရန်ကုန်)
အမှတ် (၄၈၁) ဒုထပ် -ကျိုက္ကဆံလမ်း
တာမွေ အခွန်လွတ်ဈေးအနီးး
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြိုနယ် .
ဖုံး . ဝ၁-၄၃၀၁၇၂
e-mail : rta.program@gmail.com

https://www.facebook.com/rakhine.thahaya?sk=wall

သွားလှုမဲ့ ရက်ကိုတော့ ဘယ်သူတွေ သွားလှုချင်ကြလည်း ဘယ်နေ့ သွားနိုင်မလဲပေါ်မူတည်ပြီးဆုံးဖြတ်ကြရအောင်ပါ။
ကျွန်တော် စဉ်းစားမိတာတော့

ဇူလိုင်လ ၈ ရက် တနင်္ဂနွေနေ့ ၁ဝ နာရီလောက် သွားလှုကြရင်ကောင်းမယ်လို့ အကြံပြုမယ်စိတ်ကူးထားပါသည်။

ကြောင်ဝတုတ်ရေ ..

ကြောင်ဝတုတ်ကို တိုင်တည်လိုက်တာကတော့ ကြောင်ဝတုတ်စိုးရိမ်ပူပန်တဲ့ ချစ်သော ဂေဇက်ရွာ ဘက်ယိမ်းသွားမှာလဲဆိုပြီးစိုးရိမ်ပူပန်တဲ့ အကြောင်းလေး ပြောချင်လို့ပါ ။ ကြောင်ဝတုတ်ရဲ့ စိုးရိမ်ပူပန် သော ချစ်သော စိတ်ကို အပြည့်အဝ ခံစားရပါတယ် ။ဒါပေမဲ့ ကြောင်ဝတုတ် ချစ်သော ဂေဇက်ရွာက တော့ သူကြီးဦးခိုင်ပဲ့ကိုင်နေချိန်မှာတော့ ဘက်ယိမ်းတယ် ဆိုတာရှိမှာ မဟုတ်ဘူးလို့ထင်ပါတယ် ။

ဒါပေမဲ့ ရွာထဲနေ ကျွန်တော်တို့ ရွာသူားတွေတော့ ယိမ်းကြမှာပေါ့နော် ။ အမေရိကန်ဆိုတဲ့ ဒီမိုကရေစီနိင်ငံတော်ကြီးဟာ ဒီမိုကရေစီ နိုင်ငံတော် ကြီး အဖြစ်ရပ်တည်နေပေမဲ့ နေထိုင်သူများမှာတော့ လက်ဝဲ လက်ယာ အလယ်လူ လူစုံအောင် နေကြတာဘဲပေါ့ ။ ပြီးတော့ ချစ်ချစ်ခင်ခင် ငြင်းခုန်ခြင်းအနုပညာ များနဲ့ လက်တွဲ တူယှဉ်နေကြသလို ကျွန်တော်တို့လည်း မန္တလေး ဂေဇက်ကြီးမှာ ကိုယ်နှစ်သက်ရာဘက်ယိမ်းကြသူများရှိသလို ကြောင်ဝတုတ်လို ဘယ်ဘက်မှ မယိမ်း ခိုင်ခိုင်မာမာ ရပ်တည်ချင် သူများလည်း ရှိမှာပေါ့နော်။ ပြီး ကျွန်တော်တို့လည်း အင်တာမဲကြီးထဲက မန္တလေး ဂေဇက် ဒီမိုရွာကြီးမှာ ပျော်ရွှင်မူးနောက်စွာ ငြင်းခုန်ခြင်းအနုပညာ များနဲ့ ငြင်းခုန် အနိုင်လုကြပေမဲ့ လက်တွေ့ လူ့လောကကြီးမှာတော့ အခင်မင်မပျက်ရှိကြပါတယ် ဆိုတာ ဒါ့ပုံဆြာ မောင်မောင်ဘလက်ရဲ့ ပုံနဲ့ သက်သေပြခဲ့ပြီးဆိုပေမဲံ့ ထပ်ပြီး သက်သေပြတဲ့ အနေနဲ့ ကြောင်ဝတုတ်လည်း ရွာ့ရဲ့ ဒီ လှုပ်ရှားမှု့လေးမှာ တစ်တပ်တစ်အားပါဝင်ပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်။ :grin:

ဂေဇက်ရွာကြီးကတော့ မယိမ်းမယိုင် တည့်တည့်နေပေမဲ့ အတ္တမကင်းနိုင်သေးတဲ့ ကျွန်တော်တို့ရွာသူားတွေကတော့ ယိမ်းတဲ့ အခါယိမ်း ၊ အတတ်နိုင်ဆုံး အလယ်မှာ ရပ်နိုင်အောင်ကြိုးစားနဲ့ ရှိနေကြဦးမှာပါလို့ ပြောချင်လို့ပါ ကြောင်ဝတုတ်ရေ။

နိဂုံးချုပ်ရရင်တော့ ကြောင်ဝတုတ်ရေ .. ကျွန်တော်တို့ လှုမယ်ဆိုတဲ့နေရာဟာ ရွာသူားများ ဖြစ်စေချင်တဲ့ ဆန္ဒ နဲ့ ကိုက်ညီလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း ရွာသူားများကိုပြောပြပေးပါနော် ..

ကျွန်တော်တို့ပေးလိုက်သော ရခိုင်ဒေသနေ သွေးချင်းတို့အတွက် လက်ဆောင်ဟာ မကြာမီမှာ
– ခင်းစရာ အခင်းမရှိဘဲ မိုးအေးအေးမှာ တမံတစ်လင်းကြမ်းပြင်မှာ အိပ်နေရတဲ့ဘုန်းကြီးကျောင်း ဒုက္ခသည် စခန်းရောက် ကလေးငယ်အချို့ အတွက် နွေးထွေးတဲ့ ညလေးတွေဖြစ်သွားစေမှာ ၊
-ဆာလောင်နေမဲ့ အဖိုးအဖွားတို့ အတွက် တစ်ရက် တစ်မနက် အသက်ဆက်စရာ ဆန်ပြုတ်တစ်ခွက် ၊
– ဘဝသစ်ပြန်စဖို့ အားခဲထားတဲ့ ညီရင်းအကို မောင်နှမတို့အတွက် အားဆေးလေးတစ်လုံး တော့ ဖြစ်သွားမှာ မလွဲပါဘူးလို့။

ကြောင်ဝတုတ်ရေ ..လှုချင်သူများရှိသေးရင်လည်း နဲများမဆို အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်လှုဒါန်းနိုင်ပါကြောင်း ပြောပြပေးပါဦးနော်..

ရန်ကုန် ကိုရွှေတိုက်စိုး .. ဝ၉ ၄၉၃ဝ ၃၀၄၅ ကို အမတ်မင်း .. ဝ၉ ၄၂၁၁၁ ၈၆၈၅
မန္တလေး ကိုပေါက် 09-680-5396
နေပြည်တော် ကိုရွာစားကျော် ဝ၉ ၄၃ဝ ၁၇ဝ ၆၉

လိုက်ပါလှုဒါန်းလိုသူများ စာရင်းပေးပါလို့ ။

ခင်မင်လေးစားစွာဖြင့်
ယိုင်တိုင်တိုင် ထူးဆန်း

About ကထူးဆန္း

has written 107 post in this Website..