လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏လန်ဒန်မြို့ခရီးစဉ်….

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အောက်ဖိုဒ့်တက္ကသိုလ်သို့ရောက်ရှိလာစဉ်…
လန်ဒန်မြို့ရှိပြည်သူများကလည်းဤသို့ကြိုဆိုကြပါသည်…။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်သူ၏ကျောင်းနေဖတ်သူငယ်ချင်းများနှင့်အမှတ်တရ…
(၂၄)နှစ်တာကာလအတွင်းပြန်လည်ဆုံစည်းခွင့်ရသောမိတ်ဆွေများနှင့်…
ဂေဇက်ကရွာသူတွေများပါလေသလားလို့…
ဖခင်ဓါတ်ပုံအားကိုင်ဆောင်ထားသောလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်…
မေးခွန်းများကိုပြန်လည်ဖြေကြားပေးနေသောဒေါ်အောင်ဆန်းစုကြည်…

BBC World service တွင်အသံသွင်းယူနေစဉ်…

မြန်မာလူမျိုးများအတွက်အထူးဂုဏ်ယူဝမ်းမြောက်စေပါတယ်…ကမ္ဘာအလည်မှာ မျက်နှာငယ်နေရတဲ့ မြန်မာလူမျိုးတွေကို အဖတ်ဆယ်ဖို့အချိန်ရောက်လာပါပြီလို့ယူဆမိပါတယ်..။တချိန်က Burma Rice ဆိုတာ ကမ္ဘာကသိတယ်..။

တစ်ချိန်က အားကစားဆိုရင် ချန်ပီယံ ဗာမားဆိုတာ ကမ္ဘာကသိတယ်…တစ်ချိန်က အာရှမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တက္ကသိုလ်ကြီးရှိခဲ့တယ်…တစ်ချိန်က ကမ္ဘာ့ လူသန်းပေါင်းများစွာရဲ့ အသက်ကိုကယ်ခဲ့ ဘူးတဲ့သူ မွေးဖွားခဲ့တယ်…

အဖိုးတန် သံယံဇာတပေါ်ကြွယ်ဝတဲ့ ရွှေနိုင်ငံကြီးဆိုတာ ကမ္ဘာကသိတယ်…

တရုပ်ကဆွဲ..ကုလားကဖဲ့…နဲ့ ခေါင်းငုံနေရတဲ့ မြန်မာတွေ…နိူးထ ကြတော့…နိူးကြားကြပါတော့…အသိစိတ်တွေနဲ့…သွေးစည်းညီညွတ်ကြပါတော့….

ဓါတ်ပုံ….http://www.demowaiyan.org မှ ပြန်လည်မျှဝေပါသည်။

အစဉ်အမြဲလေးစားခင်မင်တတ်သော…

အညတရ(မောင်သုည)

11 comments

  • အရီး Khin Latt

    June 21, 2012 at 2:07 am

    ဘယ်အချိန်ကြည့်ကြည့် ကျက်သရေရှိလွန်း တဲ့ ပုံတွေမို့ စုပေးတာ ကျေးဇူးပါ ကို0။ 🙂
    ကျွန်မတို့ ကို အမှန်ဂုဏ်မြင့် စေတဲ့ ပုံရိပ်တွေပါဘဲ။
    ဒီတော့ ကိုယ်က ပိုပြီး ကြိုးစားဖို့ အားပိုရှိလာပါတယ်။

  • ကိုရင်မောင်

    June 21, 2012 at 2:21 am

    ဝမ်းသာစရာပါ….ဓါတ်ပုံတွေကူးထားလိုက်ပါတယ်
    တို့ရွာသူပါတယ်ဆိုလို့ သိယင်ပြောကြပါအုံး …..

    • အရီး Khin Latt

      June 21, 2012 at 2:40 am

      တို့ရွာသူက ဒေါ်အောင်ဆန်းစုကြည် များလား။ 😀

      • htoosan

        June 21, 2012 at 7:30 am

        အရီးလတ်ကြီးပါနေလို့ လမ်းကြောင်းလွှဲနေပါတယ် ဗျို့ .. 😀

        • Thel Nu Aye

          June 21, 2012 at 9:37 am

          ဖြစ်နိုင်ပါတယ်ဗျို့။ ဝါဝါလေးလား။ ပန်းပန်းလေးလား။ ပြာပြာလေးလားအရီးလတ်ရယ်။

  • YE YINT HLAING

    June 21, 2012 at 3:02 am

    ကျေးဇူးပါ ကိုသုည ရေ၊ နောက်ထပ်လည်း တင်ပေးပါဦး !

  • Thel Nu Aye

    June 21, 2012 at 9:39 am

    ကိုသုညရေကျေးဇူးပါ။ မနက်မှာဖွင့်လိုက်တာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံသွားပါတယ်။

  • maung khinmin

    June 21, 2012 at 12:12 pm

    ကျက်သရေ ရှိလှတဲ့အမေ့ရုပ်လွှာ…အမေ့အပြုံး…လေးနက်မှုတွေနဲ ့…ဖုံးလွှမ်းနေရဲ့..

  • မောင်ပေ

    June 21, 2012 at 12:38 pm

    ဘယ်အချိန်ကြည့်ကြည့် ကျက်သရေရှိလွန်းတဲ့ အမေစု ပုံလေးတွေကို ပြန်ရှဲပေးလို ့ ကျေးဇူးတင်ပါတယ် ခင်ဗျား။

  • မောင်သုည

    June 22, 2012 at 11:28 pm

    အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား..ကျနော်လည်းအချိန်ရရင်ရသလိုတင်ပေးပါမယ့်…ကျနော်တို့ရဲ့ အရီးခင်လတ်ကတော့ လက်ခုတ်တီးပြီးကြိုဆိုနေတာလို့ထင်တာပါပဲ…
    အမှန်ပါပဲကိုပေရေ…ဘယ်အချိန်ကြည့်ကြည့် ကျက်သရေတစ်ကယ်ရှိတာပါ…ဘယ်လောက်ကျက်သရေရှိလည်းဆိုရင် သူအနစ်နာခံခဲ့တာတွေ၊ပေးဆပ်ခဲ့ရတာတွေကို ပုံကြီးချဲ့မနေချင်ပါဘူးလို့ ဆိုပါတယ်…သူရဲ့ပြည်သူတွေအပေါ်ထားရှိတဲ့ မေတ္တာတရားဟာဘယ်လောက်ကြီးမားတယ်ဆိုတာထင်ရှားစေပါတယ်။

  • padonmar

    June 23, 2012 at 6:48 pm

    ကျေးကျေးပါ။
    ဒေါ်စုပုံတွေစုပြီး စာအုပ်ထုတ်ရင်ကောင်းမှာပဲ။

Leave a Reply