မုန်း စ ရာ ကောင်း သည့် ဦး- အ ပိုင်း (၉)

aye.kkJune 21, 20121min14510

ထို ည က စဉ်း စား ယင်း တော် တော် နှင့် ပင် ၊ အိပ် မ ပျော် ပါ ။ ဦး နှင့် အစ် မ ကြီး ကျယ် တို ့ အ ကြား ၌ ၊ ကျ မ အား ကြား ခံ အ ဖြစ် အ သုံး ချ ပြီး အောင် သွယ် တော် နှင့် ညား သွား နိုင် သည် ။ နင့် ကို ပြော တာ ဟု ဆို သည့် စ ကား တို ့ အား လည် ပြန် လည် ကြား ယောင် မိ ပါ သည် ။

ထို စဉ် က ပြော ဘူး သော စ ကား နှင့် ပတ် သက် ၍ ၊ ညီ အစ် မ ခြင်း ပြော ဘူး ရာ တွင် ၊ ဦး ၏ လ က္ခ ဏာ တွင် နှ လုံး လမ်း ကြောင်း အ ရံ တ ခု က ထပ် ပါ သည် ။ လူ တစ် ကို ယ် ချစ် စိတ် နှစ် မျိုး ဖြစ် ပေါ် နေ ၍ နင် နဲ ့ က သွား တာ လာ တာ ၊ နေ ထိုင် တာ အ တော် နီး စပ် လွန်း လှ သည် ။
သူ ့ တွင် ချစ် စိတ် နှစ် မျိုး ဖြစ် ထွန်း ပေါ် ပေါက် လာ နိုင် သည် ။ နောက် ထပ် ထပ် မံ ဖြစ် ပေါ် နိုင် သည့် ချစ် စိတ် မျိုး ရှိ နေ သ ဖြင့် ၊ ငါ က သူ ့ ကို အောင် သွယ် တော် နှင့် လည်း ညား သွား နိုင် သည် ဆို ပြီး စ လျှင် ၊ ရှက် ပြီး မျက် နှာ ကြီး နီ ရဲ တက် သွား တာ နင် လက် တွေ ့ပဲ မ ဟုတ် လား ဟု ဆို ခါ ပြော သည့် စ ကား များ ပင် ဖြစ် ပါ သည် ။

နောက် ပြီး သူ က သင်္ဘော သား အ လုပ် လုပ် တာ လေ ။ ငါ က ချမ်း သာ တာ ဆင်း ရဲ တာ အ ကြောင်း မ ထား တဲ့ သူ ။ တစ် မျက် နှာ ပဲ အ မြဲ ချစ် တဲ့ အ ချစ် မျိုး ကို ပဲ အ လို ရှိ တယ် ။ မုန် ့ဝေ ခွဲ စား တဲ့ အ ချစ် မျိုး ကို လည်း ငါ က အ လို မ ရှိ ဘူး ။ ငါ့ ကို လည်း သေ အောင် ကြိုက် သေး တယ် ။ နောက် တ ယောက် ကို လည်း အ လား တူ စွာ ၊ ငါ့ လောက် မ ဟုတ် ရင် တောင် ငါ့ ထက် နီး ပါး မ က ချစ် နိုင် မယ့် ၊ ကိ စ္စ မျိုး ထပ် မံ ၊ ပေါ် ပေါက် လာ နိုင် တာ ကို ငါ က ကြို မြင် ထား တယ် ။ အ ရံ လမ်း ကြောင်း တ ခု ထပ် ပြီး ပါ ရှိ နေ လို ့လေ ဟု ဆို ပြီး ၊ ညီ အစ် မ ချင်း အ ကြောင်း ယင်း တိုက် ဆိုင် သည့် အ ခါ မျိုး တို ့ တွင် ပြော ပြ ဘူး ပါ သည် ။

အစ် မ ကြီး ကျယ် ၏ ကိုင် ရို လ က္ခ ဏာ ပ ညာ လိုက် စား ရာ မှု က ၊ တ ဖက် ကမ်း ခတ် ကျွမ်း ကျင် သည့် အ ပြင် ၊ ရှေ့ ဖြစ် လာ မည် ့ ကိ စ္စ များ ကို ပါ ကြို မြင် ဟော ကိန်း ထုတ် နိုင် သူ တ ယောက် အ နေ ဖြင့် ၊ ကျ မ မှ အစ် မ ကြီး ကျယ် ကို အ ထင် ကြီး လေး စား မိ ပါ သည် ။ ထို အ ကြောင်း များ ကို ကြား ယောင် နေ မိ ရင်း , စဉ်း စား ပြီး အ တွေး နယ် ချဲ ့ ကာ ၊ အိပ် မ ပျော် နိုင် ဖြစ် ခဲ့ ရ သူ က ကျ မ သာ လျှင် ဖြစ် ပါ သည် ။
သ င်္ဘော တက် မည့် နောက် ဆုံး တ ရက် အ လို ၌ ၊ ကောင် လေး နှင့် ပေး တွေ ့ ရန် တွေ ့ကို တွေ ့ ရ မှ ဖြစ် မယ် ဆို သည့် စ ကား များ က ၊ ကျ မ ကို အ ကြပ် အ တည်း ရိုက် သွား စေ ခဲ့ ပါ သည် ။ အ ဖေ ထံ စာ ရေး ဆက် သွယ် ထား သည့် ကိ စ္စ ၊ လ က္ခ ဏာ ကြည့် ပြီး မှ မုန်း စ ရာ ကောင်း သည့် ဦး အ ပေါ် တွင် ၊ စာ နာ နား လည် သွား မိ ခဲ့ ပြီး ၊ စိတ် ထဲ မှာ နာ ကျင် ခံ စား ရ သည့် ဝေ ဒ နာ နှင့် အ တူ ၊ စိတ် မ ကောင်း ဖြစ် ရ မှု များ က လည်း ရင် ထဲ ဝင် ရောက် လာ ပါ သည် ။ ။ ကျ မ ကိုယ် ၌ က ဝေ ခွဲ မ ရ ၊ ဆုံး ဖြတ် မ ရ နှင့် အ ခက် တွေ ့ နေ ပါ သည် ။

ကျ မ ကို ငယ် ငယ် လေး ထဲ က တွေ ့ မြင် ပြီး ချစ် ခဲ့ ရ သူ ။

ကျ မ နှင့် ပတ် သက် သည့် (၁၀) နှစ် ကြာ တိုင် အောင် ရေး သား မှတ် တမ်း

တင် ထား နိုင် ခဲ့ သည် ဒိုင် ယာ ယီ စာ အုပ် ။

ထို ဒိုင် ယာ ယီ စာ အုပ် ကို ဖတ် ထား မိ သည့် ကျ မ ၏ နှ လုံး သား ဒု က္ခ

ဆင်း ရဲ မှု။

ထို ဒိုင် ယာ ယီ စာ အုပ် က နေ ၊ ကျ မ ၏ နှ လုံး သား ကို လှုပ် နိုး ခံ ခဲ့ ရ

သည့် ၊ အ မျိုး အ မည် မ သိ ဝေ ဒ နာ များ ။

ဦး နှင့် ပြန် မ ဆုံ ဖြစ် ခင် ကာ လ အ တွင်း ၊ ပြန် လာ ခါ နီး အ လို ။

အစ် မ မ ကြီး ကျယ် က ၊ ဦး ရေး သား ဆက် သွယ် လာ သည့် စာ ပါ

အ ကြောင်း အ ရာ ကိ စ္စ များ အား ၊ ကြို တင် ဖွင့် ဟ ထား မှု မ ရှိ ခဲ့ ခြင်း များ ။

အ လာ ကောင်း ပြီး ၊ အ ခါ နှောင်း သည့် ဖြစ် ရပ် ။

ကု တင် ပေါ် တွင် လဲ လျောင်း ရင်း စဉ်း စား နေ မိ သည့် ကျ မ ။

မျက် နှာ ကျက် အ မိုး များ က မျက် ဝန်း ထဲ မှာ ကြည့် နေ ရင်း ပင် ချာ ချာ လည် ကုန် သွား ပါ သည် ။

ဦး အား လူ ကိုယ် တိုင် ခေါ် တွေ ့ မ ပြ သ နိုင် သည့် စိတ် ကုန် စ ရာ ကောင်း လွန်း လှ သည့် ကျ မ အ ဖြစ် များ ။

ဒိုင် ယာ ယီ စာ အုပ် ကို နောက် တစ် ခေါက် ကြိုး စား အား ယူ ကာ ၊ ပြန် ဖတ် ရင်း အ ဖြေ တ ခု ထွက် လာ ပါ သည် ။  ဦး အား အ ကျိုး အ ကြောင်း ရှင်း ပြ ပြီး ဒီ တ ခေါက် သ င်္ဘော တက် ပါ က သ င်္ဘော ပေါ် တွင် ဖတ် ကြည့် မိ စေ ရန် ပေး လိုက် မည် ဟု ဆုံး ဖြတ် ချက် ချ မိ ခဲ့ ပါ သည်။

10 comments

  • ဆူး

    June 21, 2012 at 10:19 am

    ဒိုင်ယာရီ ဖတ်ပြီး ဟတ်ထိတော့မယ် ထင်တယ်။
    ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ။

  • aye.kk

    June 21, 2012 at 10:53 am

    ဆူး…….
    ကြောက်စရာကောင်းလောက်သည့်အချစ်ဒုက္ခဝေဒနာများ…
    စိတ်ထိခိုက်မှုအကြီးအကျယ်ဖြစ်ပေါ်ခံစားသွားခဲ့ရကြောင်းပြန်ပြောပြခဲ့ပါတယ်။

  • etone

    June 21, 2012 at 11:01 am

    အန်တီအေးရေ … ဖတ်ရတာ .. သိချင်စိတ်တွေ ပြင်းပြနေပါပြီ ..
    တရက်ကို နှစ်ပုဒ်နှုန်းမို ့… ခွဲတင်နေရတော့ …. နောက်တစ်ရက်စောင့်ရပြန်ပြီပေါ့ …

    ဗျို့ သဂျီး ကျွန်မရဲ့ ့ ကိုယ်တာ နှစ်ပုဒ်ပါ ပေါင်းပြီး လေးပုဒ်တင်လို့ မရဘူးလား ဟင်… :mrgreen:

  • Shwe Ei

    June 21, 2012 at 11:05 am

    အိုက်ဒီယာ ဂွဒ်သွားတယ်ဗျာ။ မဟုတ်ရင် ဟိုအူးလေးကို ဘယ်လိုမှခွာချလို့ရမှာမဟုတ်တော့ဝူး။
    ကောင်းအိ 🙂

  • mihninlay

    June 21, 2012 at 11:52 am

    အဟင့် ကိုရီးယားကားကကောင်းနေတာခုထိအပိုင်းမတက်လို ့ချိတ်ညစ်နေတာ
    ခုမမအေးအကြောင်းကလဲတစ်ရက်မှ၂ပိုဒ်တည်း ချိတ်ကြီးရယ်ညစ်လှပါပြီဟယ်
    ကြည့်ရတာဖတ်ရတာအားကိုမရဘူး မြန်မြန်တင်ပါနော်

  • MaMa

    June 21, 2012 at 1:38 pm

    ဒိုင်ယာရီကြီးပါ ထည့်ပေးလိုက်တော့မှာလား။
    မလုပ်သင့်ဘူး ထင်တယ်နော်။
    သနားပါတယ် :mrgreen:

  • aye.kk

    June 21, 2012 at 3:10 pm

    မမရေ…
    ရက်စက်သလိုဖြစ်သွားတာဝန်ခံပါတယ်။
    ကျမရဲ ့အစ်မက…..
    တစ်ခါ,တစ်ခါကျမကိုပေါ့နော်…
    အစ်မကြီးကျယ်ကနင်ဟာအင်မတန်ရက်စက်တတ်တဲ့…
    ကွန်မြူနစ်မဆိုပြီးတင်စားပြောဆိုဘူးတာပေါ့နော်….
    ကျမရဲ ့ဉာဏ်လမ်းကြောင်းဖြောင့်ပြီးအင်္ဂါအမလွင်ပြင်အစပ်မှာအဆုံးသတ်ထားလို့လေ။

    • etone

      June 21, 2012 at 3:54 pm

      ဒါဆို… အန်တီအေးရဲ့ ဇာတ်လမ်း အစစ်ပေါ့နော် … ။
      မှားတာရှိလျှင် ဝန္ဒာမိပါ ။ 🙁

  • aye.kk

    June 22, 2012 at 9:27 am

    အိတုံ…
    မ မှား ပါ ဘူး။
    ဘ ဝ တ ခု ရဲ ့ အ ချစ် နဲ ့ပတ် သက် တဲ့ အ တွေ ့ အ ကြုံ ပါ။

Leave a Reply