ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်သည့်အခမ်းအနားကို Sky Net မှ Delay ပြပေးခဲ.

ကို သာJune 21, 20121min804

အောက်စဖို့ဒ်တက္ကသိုလ်က Honorary Doctor of Civil Law ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်သည့်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-AFP)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲတွင် တရားဥပဒေစိုးမိုးမှုသည် မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံ၌ ဇွန်လ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်မြို့ရှိ London School of Economics and Political Science တက္ကသိုလ်၌ ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထူးခြားသည်မှာ ထိုအခမ်းအနားကို Sky Net မှ Delay ပြပေးခဲ.ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ်အားအစိုးရပိုင်မီဒီယာများနှင်. Sky Net တို.မှမဖော်ပြခြင်း အတွက် ဝေဖန်မှုများအား တုံ.ပြန်ခြင်းပင်ဖြစ်နိုင်ပါသည်။

4 comments

  • ကို သာ

    June 21, 2012 at 11:30 am

    ပထမဦးဆုံး Post မို.နားလည်ပေးကြပါ။ ကျေးဇူးပါ။

  • Thel Nu Aye

    June 21, 2012 at 4:04 pm

    ကိုယ့်နိုင်ငံသားကနိုင်ငံ့ဂုဏ်ကိုဆောင်တာကို သူတို့က မုဒိတာမပွားနိုင်ဘူးဆိုတာထင်ရှားပါတယ်။ မကောင်းတတ်လို့ delay ဖေါ်ပြတာ။ တကယ်ဆိုရင် ဂုဏ်ယူတဝင့်နဲ့ live တောင်လွှင့်ရမှာ။ ဒီသတင်းလေးပေးလို့ ကိုသာကိုကျေးဇူးပါ။

  • marblecommet

    June 22, 2012 at 4:50 am

    အခြားနိုင်ငံတစ်ခုခုကနိုင်ငံသား တစ်ယောက်သာ အခုလို
    ဂုဏ်ပြုချီးမြင့်ခံရရင် အဲဒီနိုင်ငံကလူတွေ ကျွက်ကျွက်ညံနေကြမှာပဲ
    …..
    ဘောလုံးအသင်းတစ်သင်းကွာတား တက်တာတောင်
    သက်ဆိုင်ရာမြို့တော်တွေမှာ ကကြခုန်ကြကားဟွန်းတွေသံပြိုင်တီးကြ
    ဆိုကြ…..တွေ့နေရတယ်…
    …..
    အော်ပြောတော့ဖြင့် အမျိုးသားရင်ကြားစေ့ရေး….
    ပြည်တွင်းငြိမ်းချမ်းရေးတို့….
    မုဒိတာကလေး တစ်ဆိတ်လောက်ပွားပြီး
    နေကြည့်ကြပါလားနော်….

Leave a Reply