ငါ

 

 

ဘ၀ဆိုတာ

မိုးနဲ့ မြေကြား

လှုပ်ရှားရုန်းကန်

ဝမ်းတစ်ထွာတွက်

သေမယ့်ရက်ကို

လက်ချိုးရေစောင့်

အလှည့်ရောက်ရင်

အထုပ်ပြင်လို့ 

သံယောဇဉ်ဖြတ်

အတ္တဖက်ပြီး

ခရီးသံသရာ

ဝင်္ကပါထဲ

ကံဆွဲချရာ

သတ္တ၀ါတိုင်း

အနတ္တလှိုင်းစီး

ဒုက္ခမီးလောင်

သံသရာထောင်တွင်း

ရှောင်ကွင်းမရ

တစ်နေ့ ကျလျှင်

သေမင်းအစာ

သည် ခန္ဓာသည်

အို နာ သေ မြဲ

ငါ စွဲစွဲလျှက်

နှုတ်ဆက်နောက်ဆုံး

ပြည်ဖုံးကားချ

လူ့ ဘ၀မှာ

အတ္တဆိုတာ

သံသရာရဟတ်

ခန္ဓာဆက်စေတဲ့

လောင်စာတစ်မျိုး   ပါတကား။။။

About maung khinmin

maung khinmin has written 85 post in this Website..