ငါ

maung khinminJune 21, 20121min13812

ငါ

 

 

ဘဝဆိုတာ

မိုးနဲ ့မြေကြား

လှုပ်ရှားရုန်းကန်

ဝမ်းတစ်ထွာတွက်

သေမယ့်ရက်ကို

လက်ချိုးရေစောင့်

အလှည့်ရောက်ရင်

အထုပ်ပြင်လို ့

သံယောဇဉ်ဖြတ်

အတ္တဖက်ပြီး

ခရီးသံသရာ

ဝင်္ကပါထဲ

ကံဆွဲချရာ

သတ္တဝါတိုင်း

အနတ္တလှိုင်းစီး

ဒုက္ခမီးလောင်

သံသရာထောင်တွင်း

ရှောင်ကွင်းမရ

တစ်နေ ့ကျလျှင်

သေမင်းအစာ

သည် ခန္ဓာသည်

အို နာ သေ မြဲ

ငါ စွဲစွဲလျှက်

နှုတ်ဆက်နောက်ဆုံး

ပြည်ဖုံးကားချ

လူ ့ဘဝမှာ

အတ္တဆိုတာ

သံသရာရဟတ်

ခန္ဓာဆက်စေတဲ့

လောင်စာတစ်မျိုး   ပါတကား။။။

12 comments

  • မောင်ပေ

    June 21, 2012 at 11:33 am

    ကောင်းပါတယ်ဗျာ…
    သေပြီးနောက် ဆက်ကြုံတွေ ့ရမယ့် သံသရာတွေအတွက်
    ကျုပ်တို ့ဘာတွေသယ်သွားနိုင်မလဲ… ရှာဖွေအားထုတ်ရဦးမယ်။

    • maung khinmin

      June 21, 2012 at 11:35 am

      ဆရာပေက…ဘာတွေများသယ်သွားချင်သတုန်းဗျာ……

      • မောင်ပေ

        June 22, 2012 at 8:47 am

        လောလောဆယ် ဒါနတော့ တတ်နိုင်သမျှလုပ်နေတာပေါ့
        သီလ နဲ့ဘာဝနာ ကတော့ သိပ်မရသေးဘူးရယ်။

  • mamanoyar

    June 21, 2012 at 2:53 pm

    လူ ့ဘဝမှာ

    အတ္တဆိုတာ

    သံသရာရဟတ်

    ခန္ဓာဆက်စေတဲ့

    လောင်စာတစ်မျိုး ပါတကား။။။

  • မွန်မွန်

    June 21, 2012 at 3:35 pm

    ဘဝ
    လာလမ်းမသိ
    သွားလမ်းမသိ
    လက်ရှိဘဝ
    တခဏမို့
    သံသရာပြတ်အောင် ဖြတ်ရမည်။

  • နွေဦး

    June 21, 2012 at 3:49 pm

    ဟာသလေးတခု သတိရသွားတယ်..
    သေခါနီးလူမမာကို သူငယ်ချင်းက အားပေးစကားပြောပါတယ် ။
    “အားတင်းထားပါ သူငယ်ချင်းရယ် “တဲ့ ။
    ဒီတော့ လူမမာသူငယ်ချင်းက ပြန်ပြောရှာပါတယ် ။
    ” ဒီစကားက ငါက မင်းကို မှာခဲ့ရမှာပါကွာ…မင်းက အသက်ရှင်ကျန်ခဲ့ရမှာလေ ” တဲ့ ။

    ဒီတော့….အားတင်းထားကြပါ.။

  • marblecommet

    June 22, 2012 at 4:47 am

    ငါ
    ဆိုတဲ့
    အတ္တကို
    ကဗျာနဲ့
    ရှင်းပြသွားပါလား
    ……
    ဗရာဗို….

    • maung khinmin

      June 22, 2012 at 10:51 am

      ဆြာ…လောက်တော့နိမိတ်ပုုံတွေ…မကောင်းပါဘူးဗျာ….

  • pan pan

    June 22, 2012 at 8:36 am

    ငယ်ငယ်က ကာတွန်းသိပ်ကြိုက်တယ်
    အဲ့မှာ ဆရာငွေကြည်ရဲ့ ကာတွန်းကွက်လေးခုထိအမှတ်ရတုန်း
    တစ်ကွက်ကာတွန်းလေး
    လူနှစ်ယောက်မှာ တစ်ယောက်ကပြောနေတာ
    “ငါ..ငါနဲ့၊ ငါမစွဲနဲ့။ ငါ့လို ငါစွဲကင်းအောင်နေ” 😆

  • ရှင်းသန့် နွယ်

    June 22, 2012 at 11:09 am

    သိပ်ကောင်းပါတယ်
    သိသင့်တဲ့စာသားလေးတွေပါ…….

    • maung khinmin

      June 22, 2012 at 11:14 am

      ကျေးဇူး…အထူးပါခင်ဗျ

Leave a Reply