Idea Request for LED Lighting (DIY-2)

evolutionJune 21, 20121min20114

ကဲလူစုံအတက်ပညာစုံတဲ့ ရွာသူရွာသားများခင်ဗျား
Electrical ပိုင်းနဲ့ပက်သက်ပြီး အကူအညီတောင်းချင်လို့ပါ။ အပြင်မှာလိုက်ဝယ်ရင် ရနိုင်ပေမယ့် ကိုယ်တိုင်လုပ် DIY လေးအဖြစ်ရော ဖတ်မိတဲ့သူတွေအတွက် နည်းပညာဗဟုသုတလဲရအောင်လို့ပါ။
ဒီလိုပါ….
ကျတော့်ငါးကန်မှာ လိုက်တင်အလှဆင်ဘို့အတွက် LED ရောင်စုံမီးသီးလေးတွေကို Seriesတွဲချင်လို့ပါ။ Aquarium Lighting Lamp တွေကိုဆိုင်တွေမှာ တင်ရောင်းတာရှိပါတယ်။ ဒါပေမယ့် ကိုယ့်ကန်နဲ့ မကိုက်တာရယ်၊ အရောင်ရွေးစရာများများမရှိတာရယ်၊ ဈေးကြီးတာရယ်၊ အထူးသဖြင့် စိတ်ဝင်စားသူအားလုံး သူများနိုင်ငံကလုပ်ရောင်းတာကိုမဝယ်ပဲနဲ့ကိုယ်တိုင် လုပ်သုံးတက်အောင်လို့ပါ။
လုပ်ချုင်တာက…..
a- LED (ပုံမှန်) အလုံး ၂ဝ လောက်ကို Series တွဲချင်ပါတယ်
b- AC Power သုံးချင်ပါတယ်
(မှတ်ချက်။ ပုံမှန် ဓါတ်မီးသုံး ဆိုင်ကယ်သုံး LED တွေက DC လို့သိထားပါတယ်)

သိချင်တာက……
အစအဆုံး.:D..အထူးသဖြင့်
၁- LED voltage ဘယ်လောက်အတွက် ကြားခံပစ္စည်း မည်သည့်အရာ(များ)ကို မည့်သို့တွက်ချက် ထည့်သွင်းရမလဲ
၂- ချိတ်ဆတ်ပုံ ချိတ်ဆတ်နည်း
၃- တစ်ခြားလိုအပ်ချက်များ….

ဆိုင်တွေမှာတင်ရောင်းတဲ့ Adaptor တော့ဝယ်မသုံးချင်ပါ။ မိမိသုံးလိုသည့် LED အရေအတွက်နှင့်ကိုက်မည့်မဟုတ်။ နည်းပညာမသိရတဲ့အတွက်ပျက်လျှင် အသစ်ထပ်ဝယ် သံသရာထည်းမှာပဲလည်နေရပါလိမ့်မယ်။

ကဲ…
ဆရာကြီးများ…
အချိန်ရလို့ အားရင် စိတ်ပါရင်
ကျေးဇူးပြုပြီး ပညာတွေ ဝေမျှပေးဦးပါနော် 😀

14 comments

  • shwe kyi

    June 21, 2012 at 3:30 pm

    အမ် မီးသိဘူးနော်။ သူများတွေရေးတာစောင့်ဖတ်ဦးမယ်။

  • kai

    June 21, 2012 at 3:56 pm

    LED ရဲ့..အော်ရီဂျင်နယ် ဗီဇကိုက.. ဒီစီဟာကို.. အေစီသုံးချင်တယ်ဆိုတော့.. တော်တော်မလွယ်ဘူးထင်မိတယ်..

    မီတာခသက်သာအောင်.. ဒီစီပဲသုံးသင့်တယ်ထင်တယ်..။
    ကြာကြာလည်းခံမှာပေါ့..

    • evolution

      June 21, 2012 at 5:37 pm

      ဒါပေါ့ဗျာ
      ဒီစီက လုပ်ရတာလွယ်ပေမယ့် သုံးရတာ အလုပ်ရှုပ်တယ်လေ။
      အေစီ၊ ဒီစီပြောင်းတဲ့ နည်းတွေတော့ရှိပါတယ်…
      နည်းသိတဲ့သူတွေ ပေးမယ့်နည်းကို စောင့်ဖတ်ကြည့်လိုက်လေ။
      ကိုယ့်အတွက်လဲ အသိပညာတိုးတာပေါ့ 😀

      • မောင်ပေ

        June 21, 2012 at 9:26 pm

        ဟုတ်တယ် အူးကိုင်
        ခင်ဗျားနှယ် အလိုက်ကို မသိဘူး
        သူပြောတာနားထောင်
        သူပြောသလိုလုပ်
        ဒါဗြဲ
        ဟီဟိ

  • laypai

    June 21, 2012 at 5:24 pm

    ဘာမှတော့ မခက်ပါဘူး။
    Light Emitting Diode လေ AC တိုက်ရိုက် သုံးချင် သပ ဆို Resister ခံ သုံးပါ အလင်း အား နည်း မယ်။
    Adapter Ampere ကောင်းကောင်း နဲ့ သုံးရင် တော့ အလင်းအား ကောင်းမယ်။ ကြာရှည် ခံ မယ်။
    စိတ်အား ထက်သန်နေတာ ပဲ။ ဈေးကွက်ထဲ မှာ ဝယ် ပြီး စမ်းသပ် ကြည့် ပေါ့။
    LED , Resister တွေ တလုံး ကို တစ်ရာ အောက်မှာ ဘဲ ရှိတယ်။

    • evolution

      June 21, 2012 at 5:40 pm

      ကျေးဇူတင်ပါတယ်ဗျ
      ဖြစ်နိုင်ရင် Resister ခံနည်းလေးကို ဒိထက်ပိုရှင်းပြပါလား။
      လိုက်လုပ်ပြီး စမ်းသပ်သုံးကြည့်ချင်လို့ပါ။

  • water-melon

    June 21, 2012 at 6:04 pm

    LED က 1.5V ထိရပါတယ် ကျော်ရင်တော့ လောင်ပြီးပျက်ရော
    AC ကနေ DC ပြောင်းချင်သပ ဆိုရင်တော့ Diode ခံရမယ်ချင့်
    bridge rectifier လုပ်ပါ

    http://talkingelectronics.com/projects/30%20LED%20Projects/30%20LED%20Projects.html
    ကြည့်ကြည့်ပါ သူငယ်ချင်း
    လုပ်တော့လုပ်တတ်တယ်ဗျ
    မပြောတတ်လို့ခက်နေတာ အဆင်မပြေရင်ပြန်ပြောပါအုန်း

    • evolution

      June 22, 2012 at 9:15 am

      ကူညီတဲ့အတွက်ကော၊ ပေးထားတဲ့လင့်အတွက်ပါကျေးဇူးတင်ပါတယ်ဗျ။
      နောက်လဲကူညီပါဦးနော့
      ခုတော့ လိုက်ဖက်ပြီး စမ်းကြည့်လိုက်ဦးမယ် 😀

  • စိန်ဗိုက်ဗိုက်

    June 21, 2012 at 7:12 pm

    စိတ်ဝင်စားတယ်ဗျို ့..
    အဆင်ပြေရင် ကိုယ်ပို်င်တီထွင်ရောင်းစားမို ့..
    လို ့..
    မဆိုလိုပါဘူး.
    😀

  • Atom

    June 21, 2012 at 9:29 pm

    လွယ်ပါတယ် ဒါကတော့ ၊
    LED တွေက DC ဗို ့အား ကိုပဲ သုံးရမယ်ဆိုတော့ rectifier diode တစ်လုံး အနည်းဆုံးလို မှာပေါ့။
    အိမ်မီး ၂၂ဝ ဗို ့ကို DC ဖြစ်အောင် rectify လုပ်ပြီး 22 Kilo Ohm, resistor ခံလိုက်ရင် 1.5 V ( 15 Mili Watt/ 10 Mili ampere) LED diode ကို ထွန်းလို ့ရပြီ။ ဘယ်လို ဆက်လုပ် မယ်ဆို တဲ့အပိုင်းတော့ အန္တရာယ် ရှိတယ်။ အခြေခံ ရှိတဲ့သူ ဆိုရင်တော့ သဘောပေါက် လောက်ပါပြီ။

  • awra-cho

    February 20, 2013 at 1:24 pm

    ကြားထဲက ဝင်ကူးသွားတယ်ဗျို့၊ ဒရုန်းလွှတ်လိုက်မယ်နော ၊

Leave a Reply