@…ရှင်မ..သို ့…@

maung khinminJune 21, 20121min1038

ဒီည…ပေါ့

ငိုမရ  ရယ်မရနဲ ့…..ရှင်မ ရေ

ရင်ဝမှာ ဆို ့နေတဲ့…အတ္တ

အထင်ကရ  ကျန်ခဲ့တာက

ဝေဒနာ…..ဆိုတာ

သေ ချာ ခဲ့ပြီ  ပ………..

 

မြင်သမျှ  အရာရာဟာ..

စိတ်အလွှာ ကို

လိပ်ပြာ မလုံ  စေတော့…

ကြိတ်ခံ ရုံ ပ……..

ဘ ဝဆိုတာ..

အချို သကာ ဆမ်းပြီး..

မာ ယာ နဲ ့ထောင်ဖမ်း…

အိမ်မပြန်ချင်လောက် အောင်…

လွမ်း စရာ ကောင်းလွန်း နေခဲ့ပြီ တဲ့လား…

 

အိပ်ပျက် ညများမှာဆို

ရှင်မ  ရေ…………

လိုအပ် ချက် များစွာနဲ ့..

ပြိုပျက် အက် လို ့

ငါ့  အခက်အခဲ တွေ…

ည လက်သည်းတွေ နဲ ့…

အကုတ်အခြစ်ခံ….

ဝင်သက် ထွက်သက် တွေ

မူ မမှန် ချင်တော့ဘူး………

 

ရှင်မ  ရေ..

ရင် တမမ နဲ ့…မျှော်လင့်ချက်

အကြင်နာ တရားရဲ့…အစွန်းတစ်ဘက်မှာ

နင်  ရပ်မနေပါ နဲ ့ တော့…

ရွှေရောင် မလက် တဲ့…ဘဝမှာ

နေ အရောင် ဟပ်တယ် ဆိုရုံ နဲ ့..လုံခြံ

တစ်ကယ်တော့….အိမ်ထောင်ဖက် ဆိုတာ…

ရှင်မ  ရေ…………

ငါ ရေးနေတဲ့….ကဗျာတစ်ပုဒ်ထက်…

ပို မို လေးနက် တယ် ထင်ရဲ့…။။။။

 

8 comments

  • မောင်ပေ

    June 21, 2012 at 12:14 pm

    “ရွှေရောင် မလက် တဲ့…ဘဝမှာ
    နေ အရောင် ဟပ်တယ် ဆိုရုံ နဲ ့..လုံခြုံ
    တစ်ကယ်တော့….အိမ်ထောင်ဖက် ဆိုတာ…
    ရှင်မ ရေ…………
    ငါ ရေးနေတဲ့….ကဗျာတစ်ပုဒ်ထက်…
    ပို မို လေးနက် တယ် ထင်ရဲ့…။။။။ ” …..
    ကာရန်လေးတွေနဲ ့အားအင်ပြည့်ဝနေတာ ကို ခံစားရတယ်ဗျာ ။

  • maung khinmin

    June 21, 2012 at 12:19 pm

    ကျေးဇူး အထူးပါ ဆြာပေ…တစ်ကယ်တော့ကာရံစနစ်ဆိုတာ…ရင်ထဲကိုနစ်ကျန်စေတတ်တယ်ဆိုတာ
    ရှေးကကဗျာဆရာကြီးတွေရဲ့…ကဗျာတွေကသက်သေပဲလေ…..
    နှစ်ပေါင်းရာချီကြာလဲ….မမေ့နိုင်ကြပါဘူး….ကာရံရဲ့ကျေးဇူးလို့ထင်ရဲ့ဗျားးးးးးးးးး

  • htet way

    June 21, 2012 at 12:19 pm

    ဟေး ..မောင်ခိုင်မာ ပြန်ထလာတယ် ထင်ပ
    ရှင်မရယ်
    ဆင်ဗိုက်ကို ခြင်ကိုက်သလောက်ပဲရှိပါတယ်။

    • maung khinmin

      June 21, 2012 at 12:22 pm

      ဆင်ဗိုက်ကို ခြင်ကိုက်ရင်….အဲဒါမျိုးမစစ်တဲ့ခြင်ပဲခင်ဗျ………..
      ဆြာ…..htet way

  • mamanoyar

    June 21, 2012 at 1:04 pm

    “ရွှေရောင် မလက် တဲ့…ဘဝမှာ

    နေ အရောင် ဟပ်တယ် ဆိုရုံ နဲ ့..လုံခြုံ”
    သဘောကျမိပါတယ်

    • maung khinmin

      June 21, 2012 at 1:09 pm

      ကျုပ်လဲ….သဘောကျနေပါတယ်ဗျားးးးး

  • sugar sugar

    June 22, 2012 at 4:10 pm

    အားပေးသွားပါတယ် ဗျာ

  • နွေဦး

    June 22, 2012 at 5:08 pm

    ခံစားရတာလေး..တမျိုးဘဲဗျာ…..
    တခုခုများပြောချင်သလားလို့…

Leave a Reply