တောသားတိုင်း ကြိုက်တဲ့သီချင်း

king zawgyiJune 21, 20121min25924

ဒီသီချင်းလေးကတော့ ကျွှန်တော်တို့လို့ တောမှာ မွေးပြီး
မြို့တက် လူလည်းလုပ်နေတဲ့သူတွေ အရမ်းကြိုက်တဲ့သီချင်းလေးပေါ့ဗျာ…

တိုက်ဆိုင်တဲ့သူတိုင်းလည်း ကြိုက်မယ်ထင်ပါတယ်

မကြိုက်တဲ့ မမ မြို့သူတွေလည်း သီချင်းလေးကို ခံစားတတ်အောင်
တောသားမြို့တက် တစ်ယောက်လောက် ချစ်သူထားကြည့်ပေါ့ 🙂

အချိန်ဆိုတဲ့ နံရံကြီးက မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ကြားထဲမှာ
တံတိုင်းတစ်ခုလို အထပ်ထပ်ချပြီး အတိတ်တွေကို ဝေးကွားစေခဲ့တယ်
သတိယစရာတွေ၊ လွမ်းဆွတ်စရာတွေ၊ ရန်သူဖြစ်နေရင်တောင်မှ အမြဲသတိယနေတတ်တာ
အဲဒီ အတိတ် ဆိုတဲ့အရာတွေပေါ့ဗျာ..
ဒီသီချင်းလေးက အဲဒီအရာ အားလုံးကို ထင်ဟပ်ပြစေတာပေါ့…

… မြို့ကြီး ပြကြီး မနီးတဲ့ တောရပ်ရွာတွင် တောရပ်ဌာနေမှ
အဲဒီကအစ လူဖြစ်ရတဲ့ ကို့ဘဝအခြေအနေ……..

… အဖော်တွေများနဲ့ ကစားခဲ့ကြခုံခုံမင်.. မမေ့နိုင်ဘူးအစဉ် ကိုယ့်ဇာတိမြေ မွေးရပ်ရွာကိုပင်……
… တစ်စစနဲ့ ကို့ဘဝမှာပင် အရွယ်ရောက်လို့ လာပြန်တော့.
တောရွာမှာ ပျော်ပေမဲ့လည်း.. တော်ရာမှာမနေ…ပျော်ရာမှာ နေရမယ်လို့

ဆိုရိုးစကားတွေ ရှိခဲ့တာကြောင့်… မြို့ကြီးကိုပင်ရောက်ခဲ့ပေမဲ့…

တောမှ အဖော်တွေများကို တစ်နေ့တစ်ရက်မှ မမေ့နိုင်ပါအစဉ် မမေ့နိုင်ပါအစဉ်.
ကိုယ်အခွင့်သာခဲ့ရင် တစ်ခေါက်တစ်ခါ အရောက်လာဖို့သာ……..

သီချင်းလေးကို တော့ အကုန်ရေးမပြတော့ဘူးဗျာ…
ဒီသီချင်းလေးက အရမ်းခံစားရတယ်
မိဘကိုလွမ်းစေတယ်
ရည်စားကိုလည်းလွမ်းစေတယ်

ငယ်ချစ်ကိုလည်းလွမ်းစေတယ်
သူငယ်ချင်းကိုလည်းလွမ်းစေတယ်

လွမ်းစေတာတွေ ဗလပွ နဲ့ပေါ့ဗျာ…

ကိုယ့်ရပ်ဌာနေ

24 comments

  • မောင်ပေ

    June 21, 2012 at 1:25 pm

    ကျုပ်လို မြို ့မှာမွေးတဲ့ လူမျိုးကြ တောသူမြို ့တက် တစ်ယောက်ကို ချစ်သူထားကြည့်ရမှာပေါ့နော်… ဟီဟိ

    • king zawgyi

      June 21, 2012 at 1:29 pm

      တောသူမြိ့တက် ကိုစိတ်ဝင်စားတယ်ပေါ့ အကိုက
      ဟိုနေရမှာ တောသူမြို့တက်တွေ အများကြီးလို့ပြောတယ်ဗျ… 🙂

  • မဂွတ် ထော်

    June 21, 2012 at 1:30 pm

    လွမ်းတောင်လွမ်းတယ်ဗျို့ အိမ်ကိုပြောတာပါဗျာ

    • king zawgyi

      June 21, 2012 at 1:52 pm

      အားလုံးထက် နွေးထွေးလုံခြုံတဲ့ နေရာဟာ
      အမေ့စောင်ပဲလို့ သိလိုက်ရတဲ့အချိန်မှာ
      ကျွန်တော်က ဟိုးအဝေကြီးမှာ
      ပုဆိုးခြုံကွေးနေရပြီလေ…….
      ကျေးလက်က အမေ့အိမ်လေးအကြောင်းတွေးမိနေလို့…..
      တစ်ခါတစ်လေပြန်လည်တွေးရင်
      ရင်မှာပိုကျေကွဲ……

  • ko khin kha

    June 21, 2012 at 1:31 pm

    အဲဒီသီချင်းက မြို့သားတွေကောမကြိုက်ရဘူးလား။
    တောသားတိုင်း ကြိုက်တဲ့သီချင်းဆိုတော့—-။

    • king zawgyi

      June 21, 2012 at 1:38 pm

      အဲလို မဆိုလိုပါဘူးအကိုရာ
      သီချင်းလေးက တောကို အခြေခံထားလို့ ကျွန်တော်လို တောသားအဖို့
      ကြိုက်ကြမယ်ထင်လို့ တင်စားထားတာပါ

  • မမ အညာသူ

    June 21, 2012 at 1:37 pm

    ဒီသီးချင်းလေးကိုကြားရတော့
    အညာကသူငယ်ချင်းတွေကိုသတိရမိပါတယ်

    • king zawgyi

      June 21, 2012 at 1:43 pm

      မမ အညာသူရေ
      အညာမြေနဲ့ ပတ်သက်တဲ့သီချင်းလေး နောက်နေ့တင်ပေးမယ်ဗျာ
      ခုတော့ စိုင်းထီးဆိုင်သီချင်းကို ကိုယ်တိုင်ပဲဆိုပြတော့မယ်
      … အညာကိုပြန်ချင်တယ် မြို့ကြီးရဲ့ ပျော်နည်းများ လက်ဖျားတော့ခါလောက်ရဲ့
      မထိုက်လို့လား ကိုယ်အကုန် မဝင်ဆံ့တယ်..
      အခက ပဲဆို.. မယက ပဲဆို.. ကြင်သူဆွေ တစ်ယောက်တည်း….. 🙂

  • အရင့်ရောင်

    June 21, 2012 at 1:44 pm

    တောမှာ ဆွေမျိုးသားချင်း
    လယ်ဆင်းကြတဲ့သူတွေပင်.
    တောသူလုံမေ တစ်သင်း…..
    2013-2014 MNL မှာ တစ်သင်းဝင်မှာဖြစ်ပါတယ်…..
    TawthulonemayFC ဟိဟိ

    • king zawgyi

      June 21, 2012 at 1:49 pm

      အဲဒါဆိုခက်ကုန်ပြီအကို
      ဘောလုံးဘယ်ဟာလည်း ဆိုတာ မနဲရှာရတော့မယ်
      တောသူတွေက ထွားတယ်နော်.. အရပ်…… 🙂

  • Mon Kit

    June 21, 2012 at 2:10 pm

    ဪ……….. သီချင်းလေးကို ခံစားရင်း တောသူမြို့တက် မြို့သူ တဖြစ်လဲ မွန်ကစ်တော့ ရွာမှာ ကျန်ခဲ့တဲ့ စာဥ တို့ သာအေးတို့ကို သတိယလိုက်တာတော်….

    • king zawgyi

      June 21, 2012 at 2:16 pm

      ဟိတ် အမ
      ကျုပ်သာအေးလေဗျာ မမှတ်မိတော့ဘူးလား…
      အမလည်ပင်းမှာ ဆွဲထားတာ ကျွန်တော်ပေးထားတဲ့ ဆွဲကြိုးလေးလေ… 🙂
      ခင်လို့ နောက်သွားတယ် အမရေ…

      • Mon Kit

        June 21, 2012 at 4:37 pm

        ဟင်… ယူက သာအေးလား.. ဟုတ်ရဲ့လားဟယ်… ရွာမှာတုန်းက ပုံစံနဲ့ တခြားဆီဖြစ်နေတယ်…
        နားက နားပေါက်က ၃ခု… ဘောင်းဘီဖင်ကြပ်နဲ့… တောသားလူလည်ပုံပေါက်နေပီ.. ဟိ.. နောက်ထှာနော်… 🙂

        • king zawgyi

          June 22, 2012 at 10:18 am

          ဟုတ်တယ်အမ
          သာအေးရွာကိုလာတဲ့ဇတ်အဖွဲနဲ့ လိုက်လာတာလေ
          ခုသာအေး ဟောလိဝုဒ်မှာ ဂျိုးလီ နဲ့ ရုပ်ရှင်ရိုက်မလို့ဗျ.
          အမ commet ပေးသံကြားလို့ အိမ်မက်က လန့်နိုးလာတာ…
          မင်းသမီးကို ဖက်ခါနီးမှဗျာ… 🙂

  • ရှင်းသန့် နွယ်

    June 21, 2012 at 2:16 pm

    ဒီသီချင်းစာသားလေးကိုဖတ်လိုက်ရတော့
    ရွာကိုအရမ်းလွမ်းမိလိုက်တာ
    အရင်တုန်းကလဲဒီသီချင်းသံလေးကြားမိပြီဆို
    မျက်ရည်ဝဲလာတယ်……….

    • king zawgyi

      June 21, 2012 at 2:20 pm

      ဟုတ်တယ် အမရာ
      ရွာမှာ ဖရီးကြိတ်ရတဲ့ ကောက်ညင်းပေါင်းကိုလည်း သတိယတယ်ဗျ

  • ဒိုးစနစ်

    June 21, 2012 at 3:05 pm

    မသိပါဘူးဗျာ သီချင်းဆိုလို့ ..အော်..ရယ်…အဟင်..
    ဆလိုင်းဖွာထောင်း ထင်လို့..
    အော်…ရယ်…

  • (အဖော်တွေများနဲ့ ကစားခဲ့ကြခုံခုံမင်.. မမေ့နိုင်ဘူးအစဉ် ကိုယ့်ဇာတိမြေ မွေးရပ်ရွာကိုပင်……)
    ကိုယ့်လူ စာသားမှားနေလို့ ပြင်ပေးပါမယ်.။
    အဖော်တွေများနဲ့ကစားခဲ့ကြပျော်ပျော်ရွှင်………………………….ဒီစာသားက အမှန်ပါ
    သီချင်းအမည် ကိုယ့်ရပ်ဌာနေ ဆိုသူ စန္ဒယားထွန်းညွန့် တေးရေး စန္ဒယားလှထွဋ်
    သီချင်းစာသားလို့ချင်ရင်ပေးပါမယ်။
    ူသီချင်းနားထောင်ချင်ရင်လဲတင်ပေးပါမယ်။

  • ba gyi

    June 21, 2012 at 4:07 pm

    အင်း အဲဒါမှ ဂွကျ၊
    ကြိုက်တယ်ပြောရင်တောသားကဖြစ်အုန်းတော့မှာ–
    ဟေ့ လူရ ခေါင်းစဉ်ပြန်ပြင်ပေး၊ ကျုပ်မြို့သားစစ်စစ်ကြီးလည်းကြိုက်ပါ့သဗျား။
    အဲဒါ တောသူလေးနဲ့မညားခင်ကတည်းကကြိုက်တာနော်–
    ကျုပ်သားအငယ်ကောင်လေးဆို ရင်ခွင်ပိုက်ကတည်းက၊အဲသည်သီချင်းဆိုပြီး သိပ်ရင်၊ ရှိုက် ရှီုက်တောင် ငိုသေး၊ ဒါတော့ အဖေရောအမေရောသွေးပါလို့နေမှာဗျား။
    တစ်ကယ်က လူ့သဘာဝနှင့်တစ်ထပ်တည်းကျအောင်ကိုရေးတတ်၊ဖန်တည်းတတ်တဲ့ အနုပညာရဲ့တန်ဘိုး
    ခေတ်အဆက်ဆက် ဘယ်တော့မှ မရိုးနိုင်၊မအီနိုင်၊မပျောက်နိုင်ပါဗျား။

  • water-melon

    June 21, 2012 at 5:46 pm

    အကြိုက်ချင်းတော့ တူနေပြီ
    တားတားလဲ ရှမ်းမလေးတွေကို ရေလည်နှစ်သက်ပါကြောင်း
    အသားနီစပ်စပ်လေးကို မြတ်နိုးပါကြောင်း
    အဟီ

    • king zawgyi

      June 22, 2012 at 10:23 am

      မင်းနဲ့ငါနဲ့ လုံးဝအကြံတူ
      အပေါင်းအသင်းတွေလည်း
      အခုတော့ရန်သူ…

      အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးနော်
      နိုင်ရင် ဘုရင် ရှုံးရင် သုံ့ပန်းပဲ…. 🙂

      ပန်းသီးကိုပဲတူတူခွဲစားမယ်ဗျ…
      နန်းသူဇာလေးနဲ့ နန်းဆုရတီစိုးလေးကိုတော့ ခွဲမစားနိုင်ဘူးဗျာ အကို
      ဟဟ စတာနော်… 🙂

  • snow white

    July 10, 2012 at 11:45 am

    အဲ့သီချင်းကို ဟသာင်္တထွန်းရီ လားအဆိုတော်နာမည်တော့သေချာမသိဘူး စနိုးမေမေတို့အဲ့သီချင်းကိုတအားနားထောင်တယ် စနိုးကသရုပ်ဆောင်တာကို သဘောကျတယ် ထင်ပေါ်ရယ် ကျော်ထူးရယ် ချောရတနာရယ်သရုပ်ဆောင်တာ တအားကောင်းတယ်….

Leave a Reply