” LUCK “

TTNUJune 21, 20123min1969

LUCK

ကျမတို့ နေ့စဉ်သုံးစကားများတွင် “ကံ” ကို မကြာခဏ ထည့်သွင်းပြောဆိုကြပါတယ်။

“ ကံလိုက်တယ်” …
“ ကံ မလိုက်ဘူး” …
“ ကံနိမ့်နေတယ်” …
“ ကံတက်လာပြီ”….
“ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာတယ်” …. စုံလို့ပါပဲ။ ဒါက မိခင်ဘာသာစကားမှာနော်။

အင်္ဂလိပ်စာမှာလည်း ကံကိုညွှန်းပြပြောဆိုတဲ့စကားလေးတွေ လေ့လာတွေ့ရှိရပါတယ်။

(1) You’re in luck!
(2) Your luck’s in!

ဒီဝါကျနှစ်ခုလုံးကို မိတ်ဆွေတစ်ယောက်ယောက် စာမေးပွဲအောင်၊ ရာထူးတိုး၊ စသဖြင့်
ကောင်းသတင်းပေးတဲ့ အခါမှာသုံးပါတယ်။

အောင်မြင်ပါစေ၊ ချောချောမောမောဖြစ်ပါစေ၊ ကံကောင်းပါစေ လို့ ဆုတောင်းပေးတဲ့အခါမှာ

(3) Good luck!
(4) Best of luck!
(5) I wish you luck!

ဒီလိုတွေ ပြောတတ်ကြပါတယ်။

မိမိ သို့မဟုတ် မိတ်ဆွေ မအောင်မြင်တဲ့အခါ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရတဲ့အခါ ကံကိုသာ ရိုးမယ်ဖွဲ့ပြီး ပြောတတ်ကြပါသေးတယ်၊ ဆုံးရှုံးခြင်းအတွက် သနားတာ၊ ကရုဏာဖြစ်တာ
တို့ကိုပြချင်လို့ ပြောဆိုသုံးနှုန်းကြပါတယ်။

(6) Rotten luck!
(7) Bad luck!
(8) Hard lines! / Hard luck!
(9) Your luck was out. / You’re out of luck.

အခြားသူတွေတော့ ကံအလိုက်သားနော်၊ ငါ့ကျမှ ကံကလည်းခေပါ့။ မိမိ ကံကောင်းချင်လို့
ငြီးတွားသံဖြင့် ဒီလို ပြောကြပါတယ်။

(10) What a stroke of luck!
(11) There’s a lucky break for you.
(12) Some people have all the luck!
(13) You can thank your lucky stars, nobody saw you. ( တစ်ယောက်ယောက်
လုပ်မိတာကအမှား၊ မအပ်မစပ်၊ ဒါပေမဲ့ ဆိုးကျိုးမရတဲ့အခါ သုံး)
(14) He’s got the luck of the devil. ( မထိုက်တန်ဘဲနဲ့ အထူးကံကောင်းနေသူ)

ကံအကြောင်းမလှသူ မိတ်ဆွေကို အားပေးဖို့ ဒီလိုပြောကြပါတယ်။

(15) Better luck next time!

တစ်ခါတစ်လေ ကံအလျဉ်းသင့်ချင်တော့ အဆင်ပြေလိုက်တာလို့ပြောတတ်ကြပါတယ်။

(16) As luck would have it,
(17) It’s more by luck than judgment.

အောက်ပါဝါကျတွေထဲမှာ Luck ဆိုတဲ့ စကားကို ဘယ်လိုသုံးထားတယ်ဆိုတာ လေ့လာကြည့်
ကြပါစို့။

(1) By a stroke of luck I came across it in a local bookshop.
ကံကောင်းလို့ ကျမ ဒီဟာလေးကို မြို ့ထဲကဆိုင်မှာပဲရလိုက်တယ်။

(2) By ill luck, my flight had been cancelled.
ကံဆိုးချင်တော့ ကျမစီးမဲ့ လေယာဉ် ခရီးစဉ်ပျက်သွားခဲ့တယ်။

(3) By sheer luck we managed to get out in time.
ကံကောင်းစွာနဲ့ ကျမတို့ အချိန်မီ ထွက်လာနိုင်ခဲ့တယ်။

(4) Don’t push your luck!
အတင့်မရဲပါနဲ့။

(5) He couldn’t believe his luck when the other candidate for the job withdrew.
အလုပ်အတွက် သူ့ပြိုင်ဘက် နှုတ်ထွက်သွားတာ သူ့မှာ အံ့ဩောကျေနပ်နေပါတော့တယ်။

(6) He went on gambling, sure his luck was about to change.
ကံအလှည့်အပြောင်းရှိမယ်ထင်ပြီး သူဟာ လောင်းကစားဆက်တိုက်လုပ်နေပါတယ်။

(7) I always carry it with me, just for luck.
ကံကောင်းဖို့ အဆောင်အနေနဲ့ ကျွန်တော် ဒါလေးဆောင်ထားတယ်။

(8) I decided to try my luck at the roulette wheel.
သုံးဆယ့်ခြောက်ကောင်ဆုံလည်ခွက်လောင်းကစားတဲ့နေရာမှာ ကံစမ်းကြည့်ဖို့ ငါဆုံးဖြတ်ခဲ့တယ်။

(9) I don’t know why I did so well—it must be beginner’s luck.
ဒီလောက်ကောင်းကောင်းလုပ်နိုင်မယ်ထင်မထားဘူး။ ကြက်ကန် ဆန်အိုးတိုးသလိုပါပဲ။

(10) I had hoped there would be another train, but I was out of luck.
နောက်ရထားတစ်စီးရှိဦးမယ်မှတ်တာ၊ လွဲပါပြီ။

(11) I haven’t had much luck recently.
အခုတစ်လော ကိုယ် ကံသိပ်မကောင်းလှဘူး။

(12) I thought I was going to miss the train but luck was on my side.
ရထားမမှီတော့ဘူး မှတ်တာ၊ ကံသီလို့။

(13)I wished her luck for the future.
သူမနောင်ရေး ကံအကြောင်းလှပါစေလို့ ဆန္ဒပြုခဲ့ပါတယ်။

(14) If our luck holds, we should win.
အခြေအနေပေးရင်တော့ ငါတို့ နိုင်မှာပဲ။

(15) If you didn’t win a prize, better luck next time.
မင်းဆုမရခဲ့ရင်တော့ နောက်တစ်ချီမှာ ကံကောင်းပါစေ။

(16) It looks as though our luck’s finally run out.
ကြည့်ရတာ တို့တွေ ကံဇာတာနိမ့်နေပြီ။

(17) It was rotten luck to be ill on the day of the interview.
အင်တာဗျူးဖြေရမဲ့နေ့မှာမှ လာဖျားရတာ ကံ ဆိုးပါ့။

(18) It was sheer luck that we met like that.
ငါတို့ ဒီလိုဆုံဆည်းခွင့်ရတာ ကံအကြောင်းဆုံလို့ပါ။

(19) Just my luck to get the broken chair!
ငါကိုက ခုံကျိုးရဖို့ ကံပါလေရဲ ့။

(20) More bad luck struck last week.
အရင်တစ်ပတ်က ကံဆိုးချက်ကတော့။

(21) This ring has always brought me good luck.
ဒီလက်စွပ်က ကံကောင်းခြင်းတွေ ဖြစ်စေတယ်။

(22) We rode our luck towards the end of the game.
ပွဲပြီးတဲ့အထိ တို့တွေကို ကံ ကူသွားတာဟေ့။

(23) With luck, we’ll get there before it closes.
ကံအကြောင်းလှရင်တော့ ငါတို့ အဲဒီကို မပိတ်ခင်ရောက်မှာပဲ။

(24) You make your own luck in business.
စီးပွားရေးလုပ်ဖို့ ခင်ဗျားမှာလည်း ခင်ဗျား ကံပါမှာပါ။

(25) You’re in luck—there are just two tickets left.
ခင်ဗျား ကံကောင်းတယ်ဗျ၊ လက်မှတ်နှစ်စောင်တည်း ကျန်တော့တာ။

(26) It was his hard luck that he wasn’t chosen.
အရွေးမခံရတာ သူ ကံညံ့နေလို့ပဲ။

(27) It’s not something I would care to try myself but if she wants to,
good luck to her.
ကျွန်တော် ကိုယ်တိုင်အားထုတ်ကြည့်ဖို့တော့ စိတ်မကူးပါဘူး။ ဒါပေမဲ့ သူမ လုပ်ကြည့်ချင်တယ်ဆိုရင် ကံကောင်းပါစေ လို့ ပြောမှာပါ။
(28) My grandparents emigrated to Canada to try their luck there.
ကျွန်တော့် ဘိုးဘွားတွေ သူတို့ ဘဝကြမ္မာ အပြောင်းအလဲအတွက် ကနေဒါကို ပြောင်း
ရွှေ ့နေထိုင်ခဲ့ကြတယ်။

(29) Never mind— better luck next time.
ကိစ္စမရှိပါဘူး။ နောက်တစ်ခါ ဒီထက်ပိုအဆင်ပြေမှာပါ။

(30) To a large extent the life you have depends on who your parents were;
it’s just the luck of the biological draw.
အတိုင်းအတာ တော်တော်များများအထိ မင်းရဲ ့ ဘဝဟာ မင်းမိဘတွေ ဘယ်သူဖြစ်ခဲ့တယ်
ဆိုတဲ့ အချက်ပေါ်မှာတည်နေတယ်။ ဒါကလည်း သဘာဝ ဇီဝမျိုးဆိုင်ရာ ကံ စမ်းမဲ သဘောပါပဲ။

9 comments

  • Crystalline

    June 21, 2012 at 1:31 pm

    “More bad luck struck last week” ကတော့ ကိုယ့်နဲ့ကွက်တိဖြစ်နေပါတယ်တီချယ်ရယ်.. ကော်ပီကူးသွားတယ်ရှင့်..

  • Crystalline

    June 21, 2012 at 1:32 pm

    “More bad luck struck last week” ကတော့ ကိုယ့်နဲ့ကွက်တိဖြစ်နေပါတယ်တီချယ်ရယ်.. ဦးနှောက်ထဲကိုတော့တခါထဲထည့်လို့အဆင်မပြေလို့ ကွန်ပြူတာထဲကိုအရင် ကော်ပီကူးသွားတယ်ရှင့်..

  • မဂွတ် ထော်

    June 21, 2012 at 1:36 pm

    ကျေးဇူးတင်ပါတယ် TTNU ရေ
    မှတ်သားသွားပါတယ်နော်

  • pooch

    June 21, 2012 at 2:28 pm

    beginner’s luck ကို တခါလောက်တော့ကြုံဖူးချင်တယ် တီချယ်။ အလကားဆိုရင် ရေတောင်ကောင်းကောင်းသောက်ရမဲ့ ကံမပါခဲ့လို့ပါ။

  • မောင်ပေ

    June 21, 2012 at 2:38 pm

    ဆရာမရေ သေချာ ဖတ်ရှုမှတ်သားသွားပါတယ် ခင်ဗျ။

  • mamanoyar

    June 21, 2012 at 2:40 pm

    ကျေးဇူးတင်ပါတယ်ရှင်
    အခုလိုမျှဝေပေးတာ

  • Yin Nyine Nway

    June 21, 2012 at 2:42 pm

    It was sheer luck that we met like that.
    တီချယ်နဲ့ ဒီလိုဆုံဆည်းခွင့်ရတာ ကံအကြောင်းဆုံလို့ပါ။ အဲဒါကြောင့် အခု မသိတာတွေ သိခါင့်ရလိုက်တယ်
    ကျေးကျေး တီချယ် မှတ်သားသွားတယ်နော်

  • TTNU

    June 21, 2012 at 4:59 pm

    Crystalline ရေ…
    ပထမဆုံး လာရောက်ဖတ်ရှုသူအဖြစ်ကျေးဇူးတင်ပါရစေ။
    ဟုတ်ပါတယ်။ ဖတ်ရမှတ်ရတာ ချက်ချင်းရဖို့ အဆင်မပြေနိုင်ပါဘူး။
    ကူးပြီးခဏခဏပြန်ဖတ်မယ်ဆိုရင်တော့ Exposure များများရပြီး မှတ်မိလာမှာပါ။ 😛

    ရပါတယ်မဂွတ်ထော်ရယ်။

    မPooch ရေ…
    (အလကားဆိုရင် ရေတောင်ကောင်းကောင်းသောက်ရမဲ့ ကံမပါခဲ့လို့ပါ။)
    အဲဒါကံကောင်းတာပါ။ ဘာမှ အလကားမယူခဲ့တဲ့အတွက်
    ဘာမှပြန်ပေးစရာမလိုတော့ဘူးပေါ့။ 😆

    မောင်ပေရေ…
    ကျေးဇူးပါ။ ဖတ်ရှုမှတ်သားသွားတာကို သေချာစွာလုပ်သွားပေးလို့ပါ။ 😀

    ရပါတယ် mamanoyar ရေ။

    ရင်ငြိမ်းနွေရေ…
    အတိတ်ကံအကြောင်းတွေကြောင့် ပစ္စုပ္ပန်အကျိုးတရားပေါ်လာပြီး တီချာတို့
    မိတ်ဆွေတွေဖြစ်ရတာ စိတ်ချမ်းသာမိပါတယ်။ 🙂

    မေတ္တာဖြင့်
    တီချာနု

  • ကြောင်ကြီး

    June 23, 2012 at 12:03 pm

    အနော်ဂဒေါ့ ကြေးမုံးဂျီးလက် ကိုက်ချင်ဒယ်…။

Leave a Reply