လူမဟုတ်သော..ရောဂါ

“…လူမဟုတ်သော..ရောဂါ….”

မျက်နှာသစ်တုန်းက…လူ

မျက်နှာသုတ်တော့…လောဘ။

အင်္ကျီပြင်တော့…လူ

အပြင်ထွက်တော့..ဒေါသ..။

တစ်ယောက်ထဲနေတုန်းက..လူ

တစ်စိတ်ထဲထားတော့..ပေါင်းမရ၊ သင်းမရ…ဂွကျ…။

မပတ်သက်ခင်တုန်းက..လူ

ဆက်ဆံလိုက်တော့…ပေါက်ကရ

အဲဒါ..မောဟ…။

နဂိုလူအတိုင်းကို

စိုးပိုင်ခွင့်မရခြင်းဟာ…

လူဖြစ်ရိုင်းတဲ့ ရောဂါဆိုရင်…

လူယဉ်ကျေးတာဟာ..

ရောဂါကင်းတာပေါ့…။

ခုက…

ပါးစပ်ဆော့ပြီးပြောတာမဟုတ်..

လုပ်ကြံပြောတာမပါ…။

ငါသာလျှင်တတ်..ငါသာမြတ်

မှတ်ကြမာနငါ..နဲ့

ကဝိတစ်ဆူထင်ပြီး..

ကြုံလို့..

ဟစ်တိုင်တက်တာမျိုးထင်လည်း…

ကဲ..တတ်နိုင်ဘု…။

ကောင်းတာက..လူ

ရူးတာက..ရောဂါ..

လူကလူ…

ရောဂါက…ရောဂါ..။

ရောဂါကုန်ရင်တော့...

လူတော့…ကျန်သင့်တာပေါ့နော်…။

ခု…တရားတွေက….ဟူး…………..။

22 comments

  • myanmarcitizen

    June 21, 2012 at 2:36 pm

    ရက်ပါတွေလိုဆိုရမှာလား။ အဲ့လိုဆိုရင်ပိုမိုက်မယ်ထင်တယ် 🙂

  • Phaung Phaung

    June 21, 2012 at 2:59 pm

    မော်ဒန်တရားထင်တယ်နော်။ မိုက်တော့မိုက်တယ်။

  • mamanoyar

    June 21, 2012 at 3:11 pm

    ဖတ်သွားတယ်နော်

  • etone

    June 21, 2012 at 3:17 pm

    စာသားတွေက အရမ်းမိုက်တယ် …. ။
    တရားပြလျှင် ခေတ်နဲ့ လျှော်ညီတဲ့ စာသားတွေပဲ ဟီး :mrgreen:

  • kai

    June 21, 2012 at 3:19 pm

    ခုနှစ်ပိုင်း.. ကွန်ပြူတာတွေက..အရမ်းကောင်းလာတာ လူနဲ့နီးစပ်လာတာ. သတိထားမိတယ်..
    မကြာခင်လူလို( ကွန်ပြူတာ)စက်ရုပ်ထွက်လာတော့မယ်ပေါ့..

    ကွန်ပြူတာအတွင်းကျကျ.. ဒစ်ဂျစ်ဘိုင်နရီအထိကြည့်ရင်လည်း.. လူနဲ့..ကွန်ပြူတာဟာ.. တော်တော်နီးစပ်တူတာတွေ့ရပါတယ်..
    ဥပမာ. ကွန်ပြူတာက.. 0နဲ့ 1.. ဘိုင်နရီတွေ..။ လော့ဂျစ်မှာဆို.. ဖွင့်ပိတ်..01 ပဲလေ..

    လူက.. ဥပါဒ်ဌီဘင် (ဖြစ်ရပ်ပျက်)..
    ဆိုတော့.. -1 0 +1 ဖြစ်နိုင်တာပဲ..။
    ဆိုတော့.. ပိုရှုပ်ထွေးသွားတယ်ပေါ့…

    ပြောချင်တာက…
    ကွန်ပြူတာစက်ကြီးထဲက.. မီမိုရီဖြစ်တဲ့.. ဟဒ်ဒစ်ထဲ.. ဘာမှဓါတ်အားမသွင်းထားရင်.. အထဲမှာ.. သံလိုက်မှုံလေးတွေကပ်ထားတဲ့..အပြားကလေးပဲဖြစ်တာပါ..။
    အဲဒါကိုလျှပ်စစ်ဓါတ်သွင်း.. တမိနစ်အပါတ်ရေ ၁၀၀၀ဝလောက်နဲ့..လည်ခိုင်းလိုက်ပြီး.. လိုတာလေးတွေ..အစီအရီဆွဲထုတ်တော့.. OS ကြီးအသက်ဝင်..အဲဒီကနေမှ.. အင်တာနက်တွေနဲ့.. ဒစ်ဂျစ်တယ်ဓာတ်ပုံတွေနဲ့..Visual ကမ္ဘာကြီးဖြစ်လို့လာပါတယ်..။ အကုန်လုံးက.. ဘိုင်နရီ 0 1 လေးတွေနဲ့.. လုပ်ထားတာပါပဲ..

    ကွန်ပျူတာစက်ကြီးကို.. လျှပ်စစ်ဖယ်နှုတ်လိုက်ရင်.. Visual ကမ္ဘာကြီးပျောက်သွားတော့တာပေါ့..

    ဆိုတော့..
    ကွန်ပျူတာကကွန်ပျူတာ..
    လျှပ်စစ်ကလျှပ်စစ်..
    လျှပ်စစ်နှုတ်ရင်.. ရုပ်ပဲကျန်တယ်.. :mrgreen:

    • manawphyulay

      June 21, 2012 at 3:44 pm

      သူကြီးရေ… ကွန်ပြူတာ မဟုတ်ဘူးလေ… ကွန်ပျူတာမှ စာလုံးပေါင်း အမှန်ဖြစ်ရမယ်လေ… သူကြီးနော် သူကြီး….
      ဟွန်း ပြောချင်ဘူး။
      သူကိုယ်တိုင် မှားနေပြန်ပါပြီ…. အောက်မှတော့ အမှန်ရေးပြီး အပေါ်က ဘာလို့ ပြူတာ ပေါင်းထားတာလဲလို့… ဂယ်ပဲ လူကြီးဖစ်ပြီးတော့… 😛

  • သူကြီးရေ
    စက်ရုပ်ကတော့ ခိုင်းတဲ့အတိုင်းလုပ်သလို ခို်င်းတာထက်လဲပိုမလုပ်တတ်ပြန်ဘူး၊
    လူကတော့ ခို်င်းတာကို လုပ်ချင်မှလုပ်သလို မခိုင်းပေမယ့်လဲ လုပ်သင့်တာကို လုပ်သွားနိုင်ပါတယ်။
    ခြားနားချက်ကတော့ ဒါပါဘဲ။

    • mggwa

      June 21, 2012 at 4:39 pm

      တကယ်ကတော့ လူလဲ ခိုင်းတာကိုပဲ လုပ်နေရတာပါ။
      ကိုပေါက်(မန္တလေး)ကို ဘယ်သူက ခိုင်းနေလဲ ပြန်ကြည့် . . . ။
      ကြည့်မှန်တစ်ချပ် ပို့ပေးလိုက်မယ်။ စောင့် . . . ။

    • kai

      June 22, 2012 at 12:19 am

      ကိုပေါက်ကျန်ရစ်ခဲ့ပြီ.. အေအိုင်နဲ့အလုပ်လုပ်တဲ့.. ရောက်စီနဲ့တွေ့ပေးလိုက်မှနဲ့တူတယ်..။ 🙂

      Sex robots are not just the future, they’re already here
      By Tyler Rudick
      04.22.12 | 05:25 pm

      If we’re to believe Steven Spielberg’s 2001 sci-fi flick AI: Artificial Intelligence, sex robots aren’t supposed to happen until at least the 22nd century . . . But two researchers in New Zealand now think otherwise, offering up the possibility of a hypothetical red light district filled with android prostitutes in less than four decades.

      Imagine it’s 2050.

      “The Yub-Yum is Amsterdam’s top sex club for business travelers located beside a 17th century canal house on the Singel,” writes futurist Ian Yeoman and sexologist Michelle Mars in an article for the scholarly journal Futures. “It is modern and gleaming with about 100 scantily clad blonde and brunettes parading around in exotic G-strings and lingerie. Entry costs €10,000 for an all inclusive service.
      http://austin.culturemap.com/newsdetail/04-22-12-sex-robots-are-not-just-the-future-theyre-already/

  • အရင့်ရောင်

    June 21, 2012 at 3:57 pm

    မျက်နှာသစ်တုန်းက…လူ

    မျက်နှာသုတ်တော့…လောဘ။

    အင်္ကျီပြင်တော့…လူ

    အပြင်ထွက်တော့..ဒေါသ..။

    တစ်ယောက်ထဲနေတုန်းက..လူ

    တစ်စိတ်ထဲထားတော့..ပေါင်းမရ၊ သင်းမရ…ဂွကျ…။

    မပတ်သက်ခင်တုန်းက..လူ

    ဆက်ဆံလိုက်တော့…ပေါက်ကရ

    အဲဒါ..မောဟ…။

    နဂိုလူအတိုင်းကို

    စိုးပိုင်ခွင့်မရခြင်းဟာ…
    စိတ် ပဲ ဖြစ်ပါတယ်
    စိတ်အလိုလိုက်
    ဘဝင်မကျရင် မကျသလို ပေါ့
    ဘယ်သူမပြုမိမိမှုပါပဲဗျာ…….
    အဲဒီ အဖြေဟာ = စိတ် ဖြစ်ပါဂျောင်း

    • မိုးချမ်းမြေ့

      June 22, 2012 at 10:51 am

      စိုးပိုင်ခွင့်မရတာဟာ…ရူးနေတာပါဆိုတာကိုတော့..ပထမပြောချင်ပါတယ်။
      ဒါပေမယ့်…ရွာသာကြီးက အရူးကိုပြောတာမဟုတ်ပဲ…”ဥမ္မတက” အရူးကိုဆိုလိုတာပါ။
      စိတ်တစ်ခုတည်းကိုရည်ညွှန်းတာလည်းမဟုတ်ပါဘူး…
      ကိုယ့်ရဲ့ရပ်တည်ချက်ဖြစ်တဲ့ ကာယကံမှု..ဝစီကံမှု…မနောကံမှုဆိုတဲ့…”ကံ”တွေကို..
      အမှားအမှန်(ဝိဇ္ဇာ/အဝိဇ္ဇာ)မဝေခွဲနိုင်ပဲ…နေစဉ်တိုင်းလူမှုဆက်ဆံရေးတောထဲမှာ…
      ဖြတ်သန်းနေထိုင်သူများကိုသာ ဆိုလိုတာပါ။ အဲဒီလိုမျိုးအမှားအမှန်ကို ပိုင်းခြားပြီး…
      ကိုယ့်ရဲ့ တွေးခေါ်ချက်၊ ပြောဆိုချက်၊ နေထိုင်ချက်တွေဟာ ပရန်းပတာနိုင်နေမယ်ဆိုရင်…
      ထိုသူဟာ…ကိုယ့်ကံတွေကို ကိုယ်မပိုင်ခြင်းကြောင့် လူကို အစိုးရမှာမဟုတ်ပဲ…
      ပိုင်စိုးနိုင်မှာမဟုတ်ပဲ…စိတ်ဖေါက်ပြန်..ရုပ်ဖေါက်ပြန်နေတတ်တာမို့…ထိုလူဟာ…အရူးဖြစ်ပြီး..
      ရှင်လျက်နဲ့ ရောဂါရနေသူဖြစ်တယ်လို့…ဆိုလိုခြင်းဖြစ်ပါတယ်။

      • မိုးချမ်းမြေ့

        June 22, 2012 at 11:05 am

        (အဲဒီလိုမျိုးအမှားအမှန်ကို ပိုင်းခြားပြီး…(မဟုတ်ပါပဲ)
        ကိုယ့်ရဲ့ တွေးခေါ်ချက်၊ ပြောဆိုချက်၊ နေထိုင်ချက်တွေဟာ ပရန်းပတာနိုင်နေမယ်ဆိုရင်…)
        စာကြောင်းရေ (၆)ကြောင်းမြောက်မှာ…(အဲဒီလိုမျိုးအမှားအမှန်ကို ပိုင်းခြားပြီး…မဟုတ်ပါပဲ)
        ဟု…ဖြည့်စွက်ဖတ်ပေးနိုင်ပါရန်…တောင်းပန်အပ်ပါသည်။

  • Ko out of...

    June 21, 2012 at 4:48 pm

    ရောဂါတိုက်ပါတယ်ဆိုမှ

    လူတွေ လူတွေ သေကြေကြ

    အံ့ဩလိုက်ရ လူ့လောက..

  • cum min

    June 21, 2012 at 8:17 pm

    အလား….ကောင်းချက်ကထောင်…ထောင်းချက်ထားတဲအတိုင်းပဲ…… 🙂

  • နွေဦး

    June 21, 2012 at 9:02 pm

    နဲနဲမြင့်တယ်…
    မှီအောင်လိုက်ကြ..
    ရှေးတရားကို ခေတ် စကားနဲ့ ဆိုကြပြီ..
    ကြုံတော့မှ ခန ္တာနဲ့ ကွန်ပျူတာ တွဲပြပါ့မယ်…

      • နွေဦး

        June 22, 2012 at 12:18 pm

        အိုး…တရားအကြောင်းပြောနေပါတယ်ဆို…
        လူကို ရင်ခုန်အောင် လုပ်နဲ့လေ…. း)

  • မောင်ပေ

    June 21, 2012 at 9:23 pm

    လ နှစ်ချောင်းငင် လူ
    ပူ နှစ်ချောင်းငင် ပူ
    မူ နှစ်ချောင်းငင် ဝက်စိနှလုံးပေါက် မူး
    လူ ၊ ပူ ၊ မူး

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 22, 2012 at 9:41 am

    လူနဲ့ ကွန်ပူတာ ဘယ်လိုလုပ်တူမှာဒုံး
    လူက ချီးပါတယ် သေးပေါက်တယ်
    ကွန်ပူတာ ချီးပါတာ ဘယ်သူတွေ့ဘူးလို့လဲ

    • နွေဦး

      June 22, 2012 at 12:17 pm

      ဟုတ်ပါရဲ့ Recycle Bin က
      အမှိုက်ပုံးပုံ မဟုတ်ဘဲ
      အိမ်သာ ကမုတ်ပုံ ဖြစ်သင့်တာပေါ့ ။

  • မိုးချမ်းမြေ့

    June 22, 2012 at 10:39 am

    မိုက်ကယ်ကတော့ လုပ်ချလိုက်ပြန်ပြီ…ထပ်တူပြုတဲ့ဥပမာဆိုတာကိုပဲ….
    သိရဲ့သားနဲ့….တစ်ခုထဲဖြစ်အောင်စွဲသွင်းလိုက်တယ်ပေါ့…

Leave a Reply