ရော်ရွက်တွေလည်း ဆုံဆည်းခဲ့တဲ့
ဇာတ်လမ်းအစမှာလေ…..
ငှက်ငယ်လေးတွေလည်းလေ
သံသာသံချို ညည်းကာဆိုလို့
ချစ်ခွန်းဖွဲ့သီကျူးလို့နေ………
ကို …တို့နဲ့ချစ်ခြင်းပြိုင်ကာနေ။
အကြင်နာဟူသမျှ
အတူတူ မျှခံစားဝေ
တစ်ယောက်လက်တစ်ယောက်တွဲကာ
ပျော်မဆုံးခဲ့ပေ………
အသက်နှင့်ထပ်တူညီတူ
ပမာယူကာ
ချစ်ခဲ့ပေမယ့်……..
ကို….က ရော်ရွက် ဘ၀ ပါ
ဒါကို……
ငှက်ငယ်လေးတွေ သိပါတယ်
ဒါကိုတော့ဖြင့်……
ကို့…ရဲ့ ချစ်သူ သိပါစေ…
တောင်းဆုချွေသော်လည်း
ကို့……ရင်ထဲမှာ
အလွမ်းမျက်ရည်တွေ
ဝန်းရံလို့နေပြီလေ………
တစ်သက်လုံး အတွက် ချစ်နေမယ့်
ကို

About အရင့်ရောင်

အရင့်ရောင် အရင့်ရောင် has written 56 post in this Website..